Posts

Showing posts from April, 2025

ပုဂံမင်း အနော်ရထာထက်စောသော မြန်မာစာ

ဘုန်းတင့်ကျော် ပုဂံမင်း အနော်ရထာထက်စောသော မြန်မာစာ  (၃) (ဗုဒ္ဓဂါယာ မဟာဗောဓိဘုရားဝင်းတွေ့  ကြေးခေါင်းလောင်းပါ  ၃၉၇ ခုနှစ် မြန်မာစာ၊  မူလထိုး )  ပုဂံ အင်ပါရာ ဧကရာဇ် မင်းကြီး အနော်ရထာထက်စောတဲ့  မူလထိုး  မြန်မာစာအရေးအသားတွေထဲက  တစ်ခုကတော့ မဇ္ဈိမဒေသကြီး အတွင်း ဗုဒ္ဓဂါယာနယ်မြေတွေ့  မဟာဗောဓိ ကြေးခေါင်းလောင်းစာ ဖြစ်ပါတယ်။ ကိုလိုနီခေတ် အိန္ဒိယရဲ့ ရှေးဟောင်းသုတေသနဌာန ပထမဆုံး ဌာနမှုူးနဲ့  ညွှန်ကြားရေးမှူးချုပ် (၁၈၆၁ - ၁၈၈၅ ) ဟာ    ထင်ရှားတဲ့ ရှေးဟောင်းသုတေသနပညာရှင်  ဆရာကြီး Sir Alexander Cunningham ဖြစ်ပါတယ်။  ဗုဒ္ဓဂါယာ မဟာဗောဓိဝင်းအတွင်း ကြေးခေါင်းလောင်းဟောင်းတစ်ခုကို  ဆရာကြီး အလက်ဇန္ဒား  သုတေသန တူးဖော်လေ့လာမှုပြုစဉ်  တွေ့ရှိခဲ့တာ  ဖြစ်ပါတယ်။ ဒီကြေးခေါင်းလောင်းမှာ ရှေးခေတ် မြန်မာဘာသာ မြန်မာစာနဲ့  စာတစ်ကြောင်း၊  မြောက်ပိုင်းနာဂရီ အက္ခရာနဲ့  စာတစ်ကြောင်း ရေးထိုးပါရှိတာ တွေ့ရှိရကြောင်း  ဆရာကြီး ဖော်ပြခဲ့ပါတယ်။   ရှေးခေတ်မြန်မာစာ အောက်က နာဂရီအက္ခရာ ရေးသားစာထဲမှာ  "၃၉၇ " ခုနှစ...