Posts

Showing posts from May, 2025

ဝယ်ရန် စာအုပ်စာရင်း

တော်စိန်ခို ( ဘီစီ ၂ ရာစုနှင့် အေဒီ ၄ ရာစုကြား ရှေးတရုတ်တို့ သိခဲ့သော ပျူနိုင်ငံအမည်များ) တော်စိန်ခို (Burmese Sketches ) ဓညဝတီအရေးတော်ပုံကျမ်း ( ရခိုင်ဆရာတော်) ပျူခေတ်ရဟန္တာနှင့် သုတေသနစာတမ်းများ (ငြိမ်းကျော်) ပေါရာဏအဘိဓာန်ကျမ်း (ဆရာကြီးဦးသာမြတ်) ဗဒုံမင်းအမိန့်တော် အတိုမှတ် ( ဒေါက်တာတိုးလှ) တန်ဖိုး ။ ၂၀၀၀၀ ကျပ် ပုဂံမင်းဆက်ရာဇဝင်သစ် (တင်နိုင်တိုး) ရခိုင်မင်းသမီး ဧချင်း (ရခိုင်အမတ်ကြီး အဒူမင်းညို) ရည်စိန် (ဦး) ( တရုတ်မှတ်တမ်းပါ ရှေးဟောင်းမြန်မာနိုင်ငံ အမည်တစ်ခု) ရည်စိန် (ဦး) ( ရှင်ဒိသာပါမောက္ခ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ သုတေသနစာတမ်း) ရည်စိန် (ဦး) ( The Chinese Incription at Pagan) ရှေးဟောင်းအုတ်ခွက် ရုပ်ပွားဆင်းတုတော်များ (ဦးမြ) (အတွဲလိုက်ရှိ) လုစ် ( ဖူကန်တူလူ  (Fu-Kan-Tu-Lu စာတမ်း) လုစ် ( Note on the Peoples of Burma in the 12nd and 13rd Century A.D) လုစ် ( Old Kyaukse and Coming of Burmans) လုစ် ( The Tan and Ngai-Lao စာတမ်း) Aung-Thwin & Aung-Thwin. A History of Myanmar Since Ancient Times , 2013 India and Burma (၁၉၅၄) ကျမ်း by  W.S.Deisai  (ဒေဆိုင်း)  ရန်ကုန်တ...

အနော်ရထာ / သာသနာဖြန့်ဝေသူ

မြန်မာ့သမိုင်းမှာ ပထမဆုံး recorded ဘုရင်ဆိုနိုင်တဲ့ အနော်ရထာဆိုတာ ပေါ့သေးသေးပုဂ္ဂိုလ် မဟုတ်ပါဘူး။ ထေရဝါဒဗုဒ္ဓသာသနာ သမိုင်းမှာ အသောကမင်းကြီးနောက် အရေးပါဆုံး သာသနာပြု မင်းတပါးလို့ ဆိုနိုင်သူပါ။ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှတခွင်မှာ ထေရဝါဒတဖန်ပြန့်ပွား ထွန်းကားရတာဟာ သူ့ကြောင့်လို့ ဆိုနိုင်ပါတယ်။ နှစ်တထောင်လောက်က မြန်မာတို့ရဲ့  အိမ်နီးနားချင်းတွေကပါ သိတဲ့  ဘုရင် ဖြစ်နေတာပါပဲ။ သူနဲ့နှိုင်းယှဉ်နိုင်တာ ဘုရင့်နောင်ပဲ ရှိပါမယ်။ အိမ်နီးချင်းတွေရဲ့မှတ်တမ်းတွေမှာ အနော်ရထာဟာ ပိဋကတ်စာပေတွေ လိုက်လုသူမဟုတ်ပါဘူး။ ဝေငှသူပါ။ ထေရဝါဒရဲ့ ပင်မဖြစ်တဲ့ သီဟိုဠ်ကတောင် သူတို့ဟာ အနော်ရထာပို့ပေးတဲ့ အကူအညီယူရတယ်လို့ မှတ်တမ်း တင်ပါတယ်။ ထိုင်းမြောက်ပိုင်းဒေသ နဲ့ အန်ကောဝတ်က ပုံပြင်တွေမှာလည်း အနော်ရထာဟာ သူတို့ဆီ ပိဋကတ်တွေ လာပေးသူလို့ ဆိုထားပါတယ်။ ပြည်ပမှာ သာသနာပြု သူရဲကောင်းကြီးဖြစ်သလောက် ပြည်တွင်းကျမှ အနော်ရထာဟာ ထိုးဇာတ်၊ လုပ်ဇာတ် ပေါင်းစုံရဲ့ဒဏ်ကို ခံရတော့တာပါပဲ။ လှည်းကျိုးထမ်းသူ၊ စာမတတ်သူ၊ ကျမ်းစာလုသူ၊ မနူဟာက အသွင်ပြောင်းသူ စတာကနေ မကြာမီကလွှတ်တော်အမတ်မတဦးက အရက်သမားဆိုပြီးစွပ်စွဲတာထိ အမျိုးမျိုး ပြောခံရပါတယ...