အနော်ရထာ / သာသနာဖြန့်ဝေသူ

မြန်မာ့သမိုင်းမှာ ပထမဆုံး recorded ဘုရင်ဆိုနိုင်တဲ့ အနော်ရထာဆိုတာ ပေါ့သေးသေးပုဂ္ဂိုလ် မဟုတ်ပါဘူး။ ထေရဝါဒဗုဒ္ဓသာသနာ သမိုင်းမှာ အသောကမင်းကြီးနောက် အရေးပါဆုံး သာသနာပြု မင်းတပါးလို့ ဆိုနိုင်သူပါ။ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှတခွင်မှာ ထေရဝါဒတဖန်ပြန့်ပွား ထွန်းကားရတာဟာ သူ့ကြောင့်လို့ ဆိုနိုင်ပါတယ်။

နှစ်တထောင်လောက်က မြန်မာတို့ရဲ့  အိမ်နီးနားချင်းတွေကပါ သိတဲ့  ဘုရင် ဖြစ်နေတာပါပဲ။ သူနဲ့နှိုင်းယှဉ်နိုင်တာ ဘုရင့်နောင်ပဲ ရှိပါမယ်။

အိမ်နီးချင်းတွေရဲ့မှတ်တမ်းတွေမှာ အနော်ရထာဟာ ပိဋကတ်စာပေတွေ လိုက်လုသူမဟုတ်ပါဘူး။ ဝေငှသူပါ။ ထေရဝါဒရဲ့ ပင်မဖြစ်တဲ့ သီဟိုဠ်ကတောင် သူတို့ဟာ အနော်ရထာပို့ပေးတဲ့ အကူအညီယူရတယ်လို့ မှတ်တမ်း တင်ပါတယ်။ ထိုင်းမြောက်ပိုင်းဒေသ နဲ့ အန်ကောဝတ်က ပုံပြင်တွေမှာလည်း အနော်ရထာဟာ သူတို့ဆီ ပိဋကတ်တွေ လာပေးသူလို့ ဆိုထားပါတယ်။

ပြည်ပမှာ သာသနာပြု သူရဲကောင်းကြီးဖြစ်သလောက် ပြည်တွင်းကျမှ အနော်ရထာဟာ ထိုးဇာတ်၊ လုပ်ဇာတ် ပေါင်းစုံရဲ့ဒဏ်ကို ခံရတော့တာပါပဲ။ လှည်းကျိုးထမ်းသူ၊ စာမတတ်သူ၊ ကျမ်းစာလုသူ၊ မနူဟာက အသွင်ပြောင်းသူ စတာကနေ မကြာမီကလွှတ်တော်အမတ်မတဦးက အရက်သမားဆိုပြီးစွပ်စွဲတာထိ အမျိုးမျိုး ပြောခံရပါတယ်။

သမိုင်းမှန်ကတော့ အနော်ရထာဟာ ပြည်ပနိုင်ငံတွေကတောင် အမှတ်တရ လေးစားရတဲ့ ကြီးမြတ်တဲ့ဘုရင်တပါး ဖြစ်ပါလိမ့်မယ်။ သူဟာ အသောကလိုပဲ သာသနာပြုမင်းတပါး၊ သာသနာကို မြေထောင်မြှောက်ပြီး ဖြန့်ဝေခဲ့သူ ဖြစ်ပါမယ်။ ပိဋကတ်တွေ လိုက်လုနေသူ မဟုတ်ပါဘူး။ ဖြန့်ဝေသူသာ ဖြစ်ပါမယ်။

ဆရာ Kyaw Myint Oo


  • https://www.facebook.com/groups/1047828759932520/posts/1163210131727715/

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ