ဟန်လင်း
- ပညာရှင်ကြီးများက ဟန်လင်းပျူမြို့သည် သရေခေတ္တရာပျူမြို့ ပျက်ပြီးနောက်မှ ထွက်ပြေးလာကြသူများက တည်ထောင်သောမြို့ ဖြစ်သည်ဟု ပြောထားသောကြောင့် ဟန်လင်းတွင် ရှေးကျဖွယ်ရှိသော ပစ္စည်များ တူးဖော်တွေ့ရှိရသော်လည်း သရေခေတ္တရာထက်စောသည်ဟု မပြောရဲခဲ့ကြပေ။
- ရှေးယခင်ကတည်းကပင် ဟန်လင်းညောင်ကိုးပင်ကျောင်းဆရာတော် "ဘိုးနာဂ" စုဆောင်းထားခဲ့သော မြေပေါ်တွေ့ အထောက်အထားများကို ညောင်ကိုးပင်ပြတိုက် ၌ ပြသထားခဲ့ပြီး ရှိနေသည့်အပြင် မြန်မာ့မှတ်တမ်းတခုဖြစ်သော ဟန်လင်းမြို့သမိုင်းလင်္ကာ ၌လည်း ဟန်လင်းသည် အလွန်ရှေးကျသော ကာလကပင် တည်ရှိနေပြီဖြစ်ကြောင်း ဖော်ပြရေးသားထားခဲ့သည်။
- ဆရာကြီးဦးမောင်မောင်တင်နှင့် တပည့်များ၏ ဟန်လင်းသို့ အကြိမ်ကြိမ် ကွင်းဆင်းလေ့လာမှု့များအရလည်း ဟန်လင်းဒေသကြီးတဝိုက်တွင် တောင်ဘက်အရပ်ဖြစ်သော ဟန်လင်းအင်းအစပ်တွင် ကျောက်ခေတ်ယဉ်ကျေးမှု့၊ ထို့မြောက်ဘက်တွင် ကြေးခေတ်နှင့် သံခေတ်ယဉ်ကျေးမှု့၊ ဟန်လင်းမြို့ရိုးအတွင်းတွင် ပျူခေတ်နှင့် ပုဂံခေတ်ယဉ်ကျေးမှု့များ ဆက်ခါဆက်ခါ ထွန်းကားခဲ့ကြောင်း ကွင်းဆင်းလေ့လာဖော်ထုတ်နှိုင်ခဲ့သည်။ ဟန်လင်းပျူမြို့တော်ကြီး၏ အရပ်-၈-မျက်နှာ၌ ရှိခဲ့ကြသော အရံပျူခံတပ်မြို့ -၈-မြို့နှင့်တကွ "ဟန်လင်းကိုးမြို့" ကိုလည်း မြေပုံများနှင့်တကွ ပြန်လည်ဖော်ထုတ်နှိုင်ခဲ့သည်။
- ရှေးဟောင်းသုတေသနဌာနက 1999 နောက်ပိုင်း HL-38 အထိ ဆက်လက်တူးဖော်၍ ထွက်ပေါ်ခဲ့သောအစီရင်ခံစာမျာကလည်း ဆရာကြီးဦးမောင်မောင်တင်၏ အယူအဆရမှန်ကန်ကြောင်း သက်သေပြနေကြပြန်သည်။ HALIN ပျူမြို့ကြီးသည် သရေခေတ္တရာထက်၎င်း၊ ဗိဿနိုးထက်၎င်းစော၍ လူနေမှုမှာကျောက်ခေတ်မှ ပုဂံခေတ်တိုင်အောင် တဆက်တည်းရှိခဲ့ကြောင်း သမိုင်းသက်သေ အသစ်များကိုတွေ့နေပြီဖြစ်ပါတော့သည်
- မူရင်းလင့် ကြည့်ရန် = Click here
Late prehistoric and early historic chronology of Myanmar: a four-mille-
nnia sequence from Halin
Published online by Cambridge University Press: 16 January 2024
အထက်ပါဆောင်းပါးကို ဆရာတော် ဦးသုမန ဘာသာပြန်ထားသည်။
အပိုင်း (၁) = Click here ; အပိုင်း (၂) = Click here
အရှေ့တောင်အာရှကုန်းမကြီးနှင့်ပတ်သက်သည့် သမိုင်းမတင်မှီကာလ ရှေးသုတေသနကို MAFM (၂၀၁၄-၁၆ ပြင်သစ်-မြန်မာပူးတွဲ တူးဖေါ်မှု) က စတင်ခဲ့သည်မှာ ၂၀၀၁ ကပင် ဖြစ်၏။ ထိုကတည်းကပင် ဦးတည် သည်မှာ အသုဘချစနစ်ကို ဗဟိုပြုခြင်းပင် ဖြစ်၏။
"မည်မျှကြာကြာ တဆက်တည်း သုံးခဲ့သလဲ?" ဆိုသည့်အချက်သည် ဤဆောင်းပါး၏ ဦးတည်ချက်ဖြစ်သော သမိုင်းဖြစ်စဉ် သိရန်အတွက် အရေးပါပါသည်။
---
MAFMအဖွဲ့က ထုတ်ပြန်သော နှစ်အပိုင်းအခြားများသည် သမိုင်းမှတ်တမ်းများနှင့် ကိုက်ညီသလို အခြားပျူဒေသများကရသည့် ရေဒီယိုကာဘွန်နည်းအရ နှစ်ပိုင်းဖြတ်ထားသည်များနှင့်လည်းကိုက်ညီပါသည်။
--
ဟန်လင်းမှာ သက်သေခိုင်သော နှစ်၄၅၀၀ရှည်သည့်သမိုင်းစဉ်ရှိပါသည်။ သမိုင်းကို နောက်ပြန်ပြန်၍ ကြည့်လျင် ပျူဟန်လင်းဟု အခေါ်တွင်သော ဟန်လင်းတွင် ပုဂံခေတ်လက်ရာခြေရာများကို တွေ့ရခြင်းမှာ အံ့ဩစရာ
မဟုတ်ပါ။ HL19 သည် ရှေးကပင် သိထားခဲ့သော ပုဂံခေတ်ဘုရားတဆူ ဖြစ်၏။ ပျူခေတ်အကုန်တွင် ဟန်လင်းကို စွန်ပစ်ခဲ့သည်ဟု ဆိုရန်အကြောင်းမရှိပါ။
--
ဟန်လင်းတွေ့ သံခေတ်အထောက်အထားများသည် စမုန်မြစ်ဝှမ်းတွေ့ သင်္ချိုင်းးများမှ ရသော အချက်အလက်များနှင့်၎င်း၊ တောင်သမန်၊ သရေခေတ္တရာနှင့် ကန်ကြီးကုန်းတို့မှ ရသော သံခေတ်အထောက်အထားများနှင့်ပါ ကိုက်ညီပါသည်။
အရှေ့တောင်အာရှကုန်းမကြီးအတွက် သံခေတ်အဝင်ကာလကို BC၄ ရာစုဟု စံထားသတ်မှတ်သော်လည်း ကန်ကြီးကုန်းနှင့် အမှတ် HL17-2 မှ ရရှိသောအချက်အလက်များက မြန်မာအလယ်ပိုင်းနှင့် မြန်မာအလယ်ပိုင်း မြောက်ဖျားတို့၌ သံခေတ်အဝင်သည် BC၆ ရာစုကပင်ဖြစ်ကြောင်း ဆိုနိုင်စရာရှိသည်ဟု ပြောနေပါသည်။
ဟန်လင်းတွေ့ BC ၆ရာစုသံခေတ်သည် စံထားသောမူဖြစ်သည့် အရှေ့တောင်အာရှကုန်းမကြီးတွင် BC ၄ ရာစုမှ သံခေတ်စသည်ဆိုခြင်းထက် ပိုစောနေ၏။ ထိုအချက်ကို သံပညာလာရာဖြစ်သော တောင်အာရှနှင့် ပို၍နီးကပ်ခြင်းအရ ရှင်းပြနိုင်ပါသည်။
မိမိတို့ရထားသော သက်တမ်းဖြတ်ချက်များသည် ဟန်လင်းတွင် ပျူများနေထိုင်ကြသော AD ပဌမထောင်စုတစုလုံးကို ခြုံငုံမိပါသည်။ ထိုမျှမက ADဒုတိယထောင်စု ပုဂံခေတ်အထိပင် လူများဆက်လက်နေထိုင်ခဲ့ကြကြောင်းအတွက်လည်း အထောက်အထားဖြစ်၏။ သို့သော် ပျူခေတ်နှင့် သံခေတ်ကို ပိုမိုပီပြင်အောင် ရုပ်လုံးဖေါ်နိုင်ရန်အတွက် လိုနေသေးသောအချက်များအတွက် အထောက်အထားအတန်ငယ် ငုပ်နေသေး၏။
---
Austroasiatic ဘာသာစကားသည် အရှေ့တောင်အာရှကုန်းမကြီး အလယ်ပိုင်းတွင် ကျောက်ခေတ်သစ်က လူသုံးအများဆုံးသော ဘာသာစကားအစုအဖြစ် ဖေါ်ထုတ်၍ ရပါသည်။ ၎င်းတွင် ဗီယက်နန်မြောက်ပိုင်းတွေ့ Kra Dai စကားပါ၍ ယန်စီမြစ်ဝှမ်းဒေသမှ လာပုံရ၏။ အရှေ့တောင်အာရှကုန်းမကြီး၏ အနောက်ပိုင်းတွေ့ Tibeto-Burman ဘာသာစကားကိုကား မြစ်ဝါမြစ်ဝှမ်းဘက်က လာသည်ဟု ယူဆမိပါသည်။
---------------------------
Comments
Post a Comment