ပျူနှင့် ဗမာ လူမျိုး တူ၊ မတူ (ဘုန်းတင့်ကျော်)

 ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၁)

..................................................................................................

  • မူရင်းဆောင်းပါး = Facebook (2014-11-27)
  • https://www.facebook.com/photo/?fbid=766170506785837&set=a.751110368291851


ပျူအကြောင်း ပျူသမိုင်းဟု ဆိုလျှင် ပြည်တွင်းရော ပြည်ပကပါ စိတ်ဝင်စားကြပါသည်။ 

"ပျူ ဟူသည် မည်သည့်လူမျိုးစုနည်း။ ပျူတို့တွင် ပျူဟူသော အမည်အပြင် အခြားမည်သည့်အမည်များ ရှိပါသနည်း။ ပျူဟူသောအမည်က မူလအမည် (original name) လော။ ပျူကိုပင် ခေါ်ဝေါ်သော အခြားအမည်က မူလအမည်လော။”

(ပျူမြန်မာအထောက်အထားများ)

ရှေးဗမာရာဇဝင်မှတ်တမ်းများက ပျူသည်အမည်ပွား၊ ဗြဟ္မာ (အသံထွက်-ဗရမ္မာ) သည် မူလအမည်ဟု မှတ်တမ်းတင်ဖော်ပြထားကြသည်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ ကိုလိုနီကျွန်နိုင်ငံအဖြစ် မကျူးကျော် မသိမ်းပိုက်ခင်ကတည်းက ဖြစ်ပါသည်။ 

*ဟန်လင်းရာဇဝင်၊ သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင်၊ ဇမ္ဗူ့ကွန်ချာကျမ်း၊ စေတိယကထာ ခေါ် ရာဇဝင်ချုပ်ကျမ်း* အစရှိသည့် ထင်ရှားသော ရှေး ဗမာ့ရာဇဝင်ကျမ်းများသည်  “ဗမာ ခေါ် မရမ္မာ” လူမျိုးတို့၏ ရှေးသမိုင်းဦး ကာလကို မှတ်တမ်းတင်ဖော်ပြခဲ့ကြရာတွင် “ဟံသာဝတီပြည် ခေါ် ဟန်လင်းပြည်ကြီး” ကို ရှေးဗမာ ခေါ် ဗရမ္မာလူမျိုးတို့ တည်ထောင်ထွန်းကားခဲ့ကြကြောင်း၊ ကာလကြာမြင့်သောအခါ “ဗရမ္မာ” ဟူသော အမည်မှ *ဗရုမ်မာ၊ ပရုမ်မာ၊ ပြုမာ၊ ပြု နှင့် မရမ္မာ မြန်မာ ဟူသော အမည်များ ရွေ့လျောပြောင်းလဲဖြစ်ပေါ်လာကြောင်း၊ ယင်းပြည်ကြီးများတွင် *တကောင်းပြည်၊ သရေခေတ္တရာပြည်၊ တောင်တွင်းပြည်၊ ပုဂံပြည်ကြီးများ ပါဝင်ကြောင်း မှတ်တမ်းတင်ခဲ့ကြပါသည်။

တက္ကသိုလ်များသုံး History ခေါ် သမိုင်းပညာသည် မည်သည့်လူမျိုး၏ ရာဇဝင်ဖြစ်စေ အထောက်အထား ရှိ/မရှိ စစ်ဆေးပါသည်။ ရှေးရာဇဝင်တို့ပါ မှတ်တမ်းတင်ချက်များကို *ဆိုင်ရာခေတ်၏ ခိုင်မာမှန်ကန်သော ခေတ်ပြိုင်အထောက်အထားများ* တွေ့ရှိရပါမှ “အမှန်သမိုင်း” ဟု လက်ခံသဘောတူပါသည်။ ရှေးရာဇဝင်တို့တွင် မည်မျှမည်သို့ ဖော်ပြထားစေကာမူ ရာဇဝင်ပါ အချက်တို့နှင့်ပက်သက်၍ ခေတ်ပြိုင်အထောက်အထား မတွေ့ရှိရလျှင် ယင်းရာဇဝင်ပါအချက်အလက်တို့ကို အမှန်သမိုင်းဟု လက်မခံ  သဘောမတူပါ။

ရှေးဗမာ့ရာဇဝင်များပါ မှတ်တမ်းတင်ချက်များကို ပြန်လည်စစ်ဆေးကြည့်ခြင်းသည် သမိုင်းပညာ၏ မလွဲမသွေလုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါသည်။ ထို့အပြင် လေ့လာစစ်ဆေး ရေးသားသောသူမှာ ဖြောင့်မှန်တည်ကြည်မှု (Honesty) ရှိဖို့ လိုပါသည်။  ဗမာရာဇဝင်တို့ပါ “ဗရမ္မာ၊ ပရမ္မာ၊ မရမ္မာ၊ မြန်မာ၊ ဗရုမ်မာ၊ ပရုမ်မာ၊ ပြုမာ၊ ပြု (ပြူ)” ဟူသော မှတ်တမ်းတင်ဖော်ပြချက်နှင့်ပက်သက်၍ လွန်ခဲ့သော နှစ်တစ်ထောင်၊ နှစ်နှစ်ထောင် အစရှိသော (ရှေး) ခေတ်ပြိုင်ကာလမှ ရှေးအထောက်အထားများ တွေ့ရှိလျှင် တွေ့ရှိသည်၊ မှန်သည်။ မတွေ့ရှိလျှင် မတွေ့ရှိ၊ မှန် မမှန် မပြောနိုင်ဟု လေ့လာစစ်ဆေး သုတေသနပြုလုပ်သောသူတို့ ဖြောင့်မှန်စွာ ပြောဖို့လိုပါသည်။ 

“ဗမာ-ဗရမ္မာ-မရမ္မာ-မြန်မာ-ပြုမာ” ဟူသော ရှေးရာဇဝင်မှတ်တမ်းတင်ချက်နှင့်ပက်သက်၍  ခေတ်ပြိုင်အထောက်အထား ရှိပါလျက်နှင့် မရှိဟု ပြောလျှင် ထိုသို့ထိန်ချန်ပြောသူသည် မည်သူပင်ဖြစ်စေကာမူ မဖြောင်မှန်သူ၊ တာဝန်မကြေသူ၊ သဘောထား ချွတ်ချော်သူမျိုးသာ ဖြစ်ပေလိမ့်မည်။ အမှန်ကို မထိန်ချန်၊ မဖျောက်ဖျက်၊ မလိမ်ညာပဲ အမှန်အတိုင်းပြောခြင်းသည် မိမိ၏ သမာဓိ၊ မိမိ၏ သိက္ခာကို စောင့်စည်းသူ ဖြစ်သကဲ့သို့ ဖြောင့်မှန်သော ပညာရှင်မျိုးဖြစ်ပါလိမ့်မည်။ ယနေ့ခေတ်သည် ပညာခေတ်ကြီးဖြစ်ပါသည်။ ပရိသတ်ကို ကြာကြာညာ၍ ဖုံးကွယ်၍ ရမည်မဟုတ်ပါ။

ရှေးဗမာရာဇဝင်တို့ပါ  ဗရမ္မာ- ပရမ္မာ-မရမ္မာ-မြန်မာ-ဗရုမ်မာ-ပရုမ်မာ-ပြုမာ ဟူသော မှတ်တမ်းတင်ချက် မှန်ကန်ကြောင်း ရှေးခေတ်ပြိုင်အထောက်အထားများ ရှိပါသလော။

သမိုင်းသုတေသန လုပ်ငန်းများမှ လက်တွေ့လေ့လာစူးစမ်း စစ်ဆေးခြင်းများအရ ဆိုရလျှင် အဆိုပါ ရှေးဗမာရာဇဝင်တို့ပါ မှတ်တမ်းတင်ချက်များမှာ မှန်ကန်ကြောင်းထောက်ခံနေသည့် ခေတ်ပြိုင်အထောက်အထားများ အထင်အရှားရှိနေပါသည်။

ဗမာ (ခေါ်) ဗြဟ္မာလူမျိုးကို ရှေးခေတ်က ဗရမ္မာ ဟုလည်းကောင်း၊ ပျူ ဟုလည်းကောင်း၊ မြန်မာ ဟုလည်းကောင်း၊ ပုဂံ ဟုလည်းကောင်း အမည် ၄ မျိုးဖြင့် ခေါ်ဝေါ်ခဲ့ကြကြောင်း ရှေးခေတ်ပြိုင်အထောက်အထားများ ထင်ရှားစွာ ကျန်ရှိနေပါသည်။


(၁) အိန္ဒိယအထောက်အထား

-------------------------------

(က) ၁၈၉၀ မှ ၁၉၁၀ ခုနှစ်အထိ ကိုလိုနီခေတ် မြန်မာကျောက်စာဝန် (ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူး ချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တရုတ်လူမျိုးဆရာကြီး တော်စိန်ခို ၏ Burmese Sketches ကျမ်း ပထမတွဲပါ ဗမာလူမျိုး၏ မူရင်းအစ (Origin of the Burmese race) သုတေသနဆောင်းပါးတွင် မြန်မာဟူသောအမည်သည် “ဗရမ္မာ-မရမ္မာ” “မြန်မာ” ဟု ဖြစ်ပေါ်လာကြောင်း။ သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ရှေးအိန္ဒိယသားတို့က ဗရမ္မာ-ဗရမာ ဟု သိရှိခေါ်ဝေါ်ကြကြောင်း။ ဘင်္ဂလားဒေ့ရှ်ပြည်သူတို့က ဗမာကို ဘရမိုဒက်ရှ် (ဝါ) ဗရမ္မာနိုင်ငံ ဟုခေါ်ဝေါ်ကြကြောင်း။  ၁၆-၁၇-၁၈ ရာစု ဥရောပသား စာရေးသူတို့က ဗမာနိုင်ငံကို “ဗရမ္မာ” ဟုသိရှိခေါ်ဆိုခဲ့ကြကြောင်း ဆရာကြီးတော်စိန်ခို ဖော်ပြထားပါသည်။

(ခ) ဆရာကြီးတော်စိန်ခိုအပြင် ၁၉၄၆-၄၇ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ သမိုင်းပါမောက္ခဖြစ်သူ အိန္ဒိယသား ဆရာကြီး   W.S.Deisai  (ဒေဆိုင်း) ကလည်း သူ၏ (India and Burma) (၁၉၅၄) ကျမ်းတွင်- “မြန်မာနိုင်ငံကို အိန္ဒိယသားတို့က အစဉ်အလာအားဖြင့် “ဗရမ္မာ ဒေရှ (ဝါ) ဗရမာဒေသ (ဝါ) ဗြဟ္မာဒေသ” ဟု ခေါ်ဝေါ်ခဲ့သည်။” ဟု (အိန္ဒိယ ရှေးမှတ်တမ်းတို့အရ) ဖော်ပြထားပါသည်။

(ဂ) သီပေါမင်းကို ရတနာဂီရိ (အိန္ဒိယ)သို့ အင်္ဂလိပ်တို့ ပို့ဆောင်သောအခါက ထိုခေတ် အိန္ဓိယသတင်းစာတွင် ဗမာ သီပေါမင်းကို ဗရမာဒေ့ရှ်မင်းဟု ဖော်ပြခဲ့ကြောင်း ပြန်လည်ကြားသိရပါသည်။

(ဃ) အိန္ဒိယတွင် (၁၁) နှစ်ခန့် နေထိုင်ပညာသင်ခဲ့သည့်အပြင် အိန္ဒိယသို့ အခါခါ သွားလာခဲ့သော စာရေးဆရာကြီး ပါရဂူကလည်း  အိန္ဒိယ စာပေသမားတို့သည် ဗမာလူမျိုးကို စကားလုံးအကောင်းစားဖြင့် ခေါ်ဝေါ်ကြောင်း၊ ယင်းအမည်စကားလုံးမှာ “ဗြဟ္မာ” ဖြစ်ကြောင်း၊ ဗမာကို ယခုခေတ်  အိန္ဒိယသားတို့သည် “ဗြဟ္မာ” (အသံထွက်-ဗရမ္မာ) ခေါ်ဝေါ်ကြောင်း ပြောပြ၍ သိရပါသည်။

(င) မြန်မာနိုင်ငံရောက် ဂေါ်ရခါးတပ်ဖွဲ့ဝင် ဂေါ်ရခါးတပ် ဗိုလ်/တပ်သားဟောင်းတို့သည် ဗမာလူမျိုးကို ယနေ့တိုင် ဗရမ္မာလူမျိုးဟု ခေါ်ဝေါ်လျှက်ရှိပါသည်။

(စ) ယနေ့ခေတ် အရှေ့အလယ်ပိုင်း ဒူဘိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာလူငယ်များနှင့် ယင်းနိုင်ငံမှ ဂေါ်ရခါးလူငယ်များ တွေ့ဆုံသိကျွမ်းကြသောအခါ ဂေါ်ရခါးလူငယ်များက မြန်မာ (ခေါ်) ဗမာလူငယ်များကို မြန်မာ ဟု မခေါ်ပဲ မူလအမည်ဖြင့်သာ ဗရမ္မာတွေဟု ခေါ်ဆိုကြပါသည်။

(ဆ) ဆရာကြီးဦးသာမြတ်၏  ပေါရာဏအဘိဓာန်ကျမ်းတွင် အိန္ဒိယအစိုးရ ပုံနှိပ်ထုတ်ဝေသော မြေပုံစာရွက်ပေါ်ပါ မြန်မာနိုင်ငံကို နာဂရီအက္ခရာဖြင့် “ဗြဟ္မာနိုင်ငံ"ဟု ဖော်ပြထားသည်ကို ယင်းမြေပုံစာရွက်ဖြင့် ဖော်ပြထားပါသည်။

(ဇ) ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိ အခြေချ နေထိုင်သော အိန္ဒိယမှ ကုလားလူမျိုးတို့သည် ဗမာတို့ကို “ဗရမာ” ဟုသာ ခေါ်ဝေါ်ကြောင်း ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ကိုယ်တိုင် ကိုယ်တွေ့ တွေ့မြင်ကြားသိရခြင်းကို ပြန်လည်ပြောပြ၍ သိခဲ့ပါသည်။


(၂) တရုတ်အထောက်အထား

--------------------------------

(က) “ဘီစီ ၂ ရာစုနှင့် အေဒီ ၄ ရာစုကြား ရှေးတရုတ်တို့ သိခဲ့သော ပျူနိုင်ငံအမည်များ” သုတေသနဆောင်းပါးတွင် ဘီစီ ၂ ရာစုနှင့် အေဒီ ၄ ရာစု   ရှေး တရုတ်နန်းတော်မှတ်တမ်းများ၌ ထိုခေတ် မြန်မာနိုင်ငံနှင့် လူမျိုးအမည်ကို “ဗရမ္မာ” ဟုလည်းကောင်း၊ “ပျူ” ဟုလည်းကောင်း သိရှိမှတ်တမ်းတင်ကြောင်း၊ အေဒီ ၆ ရာစု လျန်မင်းဆက်ခေတ်တွင် “ဗြဟ္မာနိုင်ငံ” ဟု မှတ်တမ်းတင်ထားကြောင်း ဆရာဦးရည်စိန်ဖော်ပြထားပါသည်။

(ခ) ဗရမ္မာနိုင်ငံ-ပျူနိုင်ငံကို ပုဂံနိုင်ငံဟုလည်း သိရှိဖော်ပြထားကြောင်း ဆရာဦးရည်စိန် ဖော်ပြထားသကဲ့သို့နည်းတူ ဂျီအိပ်ချ်လုစ်သည်လည်း အေဒီ ၃ ရာစု တရုတ်ဝေ့မှတ်တမ်း၌ ပုဂံနိုင်ငံဟု ဖော်ပြထားကြောင်း သူ၏ ဖူကန်တူလူ  (Fu-Kan-Tu-Lu) စာတမ်း၌ ဖော်ပြထားပါသည်။

(ဂ) ဆရာဦးရည်စိန်၏ “တရုတ်မှတ်တမ်းပါ ရှေးဟောင်းမြန်မာနိုင်ငံ အမည်တစ်ခု” သုတေသနစာတမ်းတွင် စုန့်မင်းဆက်ခေတ် (အေဒီ ၁၀-၁၃ ရာစု) တရုတ်တို့သည် ပုဂံနိုင်ငံ (ဗမာနိုင်ငံ)ကို မြန်မာနိုင်ငံဟုလည်း ခေါ်ဝေါ်ကြောင်း၊ ပျူနိုင်ငံဟုလည်း ခေါ်ဝေါ်ကြောင်း ဖော်ထုတ်တင်ပြခဲ့ပါသည်။

(ဃ) ယင်း စုန့်ခေတ်တရုတ်နန်းတော်သို့ ပုဂံ-ဗမာ ကျန်စစ်သားမင်းကြီး၏ သံအဖွဲ့၊ အလောင်းစည်သူမင်းကြီး၏ သံအဖွဲ့များ ရောက်ရှိခဲ့ပြီး ယင်းပုဂံနိုင်ငံ ဗမာနိုင်ငံကို စုန့်မင်းဆက်ခေတ် တရုတ်တို့က ပျူနိုင်ငံ  ပျူဟု သိရှိမှတ်တမ်းတင်ခဲ့ကြပါသည်။

(င) ထန်မင်းဆက် (အေဒီ ၇-၁၀ ရာစု) သမိုင်းသစ်  ဖျောက်(ပျူ)နိုင်ငံ အခန်းတွင် “ဖျောက်(ပျူ)နိုင်ငံသည် ရှေးဟောင်း ကျူးပေါဖြစ်၏” ဟုလည်းကောင်း၊ အေဒီ ၁၅ ရာစု တရုတ် မင်မင်းဆက် ဝမ်လိခေတ်တရုတ်ပညာရှင် ပေါင်းကျိ-ယန်ကျိ-ယယ်၏ မြန်မာနိုင်ငံအကျဉ်းစာတမ်းတွင်  “မီယယ်(န်)(မြန်)သား (မြန်မာ) တို့သည် ရှေးဟောင်း ကျူးပေါဖြစ်၏။ ဟန်မင်းဆက်ကာလ (ဘီစီ ၂ ရာစု) တရုတ်တို့သည် ဖန်(ဗြဟ္မာ) ဟုခေါ်သည်။ ထန်မင်းဆက်ကာလတွင် ဖျောင်(ပျူ) ဟုခေါ်သည်။ စုန့်မင်းဆက်နှင့် ယွယ်(န်)မင်းဆက်ကာလတွင်မး မီယယ်(မြန်)(မြန်မာ)ဟု ခေါ်ကြသည်။” ဟုလည်းကောင်း မှတ်တမ်းတင်ထားကြောင်း ဆရာဦးရည်စိန် ဖော်ထုတ်ခဲ့ပါသည်။

(စ) ယွယ်န်ရှိမင်းဆက် (မွန်ဂိုမင်းဆက်) အေဒီ ၁၃-၁၄ ရာစု မှတ်တမ်းတွင် ဗမာနိုင်ငံကို “ပုဂံနိုင်ငံ ၊ ပျူနိုင်ငံ ၊ မြန်မာ (မီယန်)နိုင်ငံ” ဟုမှတ်တမ်းတင်ခဲ့ပါသည်။ ကူဗလိုင်ခန်၏ စစ်သူကြီး သုသုတက္ကီမင်းသားသည် တကောင်းကို သိမ်းပိုက်၍ မြန်မာပြည်အုပ်ချုပ်ရေးဒေသ ဖွင့်လှစ်ခဲ့သည့်အပြင် ပုဂံမင်း ကျော်စွာ၏ သံအဖွဲ့သည် ယွန်ရှိနန်းတော်သို့ ရောက်ရှိသကဲ့သို့ ယွန်ရှိနန်းတော်မှ ခန်းမင်းကြီး၏ အဆင့်မြင့်အရာရှိများလည်း ပုဂံသံအဖွဲ့အပြန်တွင် ပုဂံနိုင်ငံ ပုဂံနန်းတော်သို့ ရောက်ရှိခဲ့ရာ ဗမာ-မြန်မာသည် ပျူ ၊ ပျူသည် ဗမာ-မြန်မာ ဖြစ်သည်ဆိုသည်ကို ကောင်းစွာတွေ့မြင် သိရှိလျှက်  ဗမာနိုင်ငံကို  ပုဂံနိုင်ငံ၊ ပျူနိုင်ငံ၊ မြန်မာ(မီယန်) နိုင်ငံဟု ယွန်ရှိမင်းဆက်မှတ်တမ်းတွင် အမည် ၃ မည်ဖြင့် မှတ်တမ်းတင်ထားကြောင်း ဦးရည်စိန်၏ ရှင်ဒိသာပါမောက္ခ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ သုတေသနစာတမ်း နှင့် The Chinese Incription at Pagan သုတေသနစာတမ်းများတွင် ဖော်ထုတ်တင်ပြထားပါသည်။

(ဆ) ဂျီအိပ်ချ်လုစ် (G.H.Luce) ကိုယ်တိုင်သည်လည်း သူ၏ The Tan and Ngai-Lao စာတမ်းတွင် ဗမာ-မြန်မာသည် ပျူဟူသော အထောက်အထားတစ်ခုကို ဖော်ပြခဲ့ဖူးပါသည်။ ယင်းအထောက်အထားမှာ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ခဲ့သည့် ကျော်ကြားထင်ရှားလှသော အမျိုးသားခေါင်းဆောင်ကြီး “အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ” သည် တရုတ်နိုင်ငံ၊ တရုတ်ဘုရင်ထံပေးပို့သော သဝဏ်လွှာတွင် သူ့ကိုယ်သူ “ပျူလူမျိုး” ဟု ဖော်ပြရေးသားချက် အထောက်အထားဖြစ်ပါသည်

(ဇ) ယွန်ရှိမင်းဆက်ခေတ် တရုတ်မှတ်တမ်းတွင် ပုဂံ ဗမာနိုင်ငံကို ပျူနိုင်ငံဟုလည်းကောင်း၊ မြန်မာ(မီယန်း)ဟု လည်းကောင်း ခေါ်ဝေါ်ကြောင်း ဗမာနိုင်ငံ ဗမာလူမျိုးနှင့်ပက်သက်၍ “ပျူ” ဟူသော ဝေါဟာရကို အကြိမ်ကြိမ်သုံးစွဲကြောင်းကို ဂျီအိပ်ချ်လုစ်၏ “Note on the Peoples of Burma in the 12nd and 13rd Century A.D” စာတမ်းတွင် ဖော်ပြထားပါသည်။

(ည) အထက်ပါစာတမ်းတွင် ပုဂံမင်းကြီးတစ်ပါးကို ပျူတစ်သိန်းမင်း ဟု ရေးထိုးဖော်ပြထားသော ပုဂံခေတ် ဗုဒ္ဓဂါယာကျောက်စာကို လုစ် သိရှိဖော်ပြထားပါသည်။


(၃) ရခိုင်စာပေအထောက်အထား

------------------------------------

(က) ရခိုင်မင်းသားအား စစ်ကူပေးသော ပုဂံမင်း အလောင်းစည်သူကို ပျူတစ်သိန်းမင်း ဖြစ်ကြောင်း ရေးသားဖော်ပြထားသော ရခိုင်အမတ်ကြီး အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်းကလည်း ပုဂံ ဗမာသည် ပျူဖြစ်ကြောင်း အတိအလင်းဖော်ပြလျက်ရှိပါသည်။

(ခ) ပုဂံခေတ်-ပင်းယခေတ်-အင်းဝခေတ်-တောင်ငူခေတ်-ကုန်းဘောင်ခေတ် ဗမာမင်းနှင့် ပြည်သူတို့ကို ပျူမင်းနှင့် ပျူများဟုလည်းကောင်း၊ ဗမာတပ်ဖွဲ့များကို ပျူတပ်ဖွဲ့များဟုလည်းကောင်း၊ ပုဂံ ရွှေမှောက်မင်းနှင့် ပျူခြောက်သောင်း၊ ပျူမင်း အနော်ရထာနှင့် ပျူကိုးသောင်း၊ အလောင်းစည်သူမင်းကြီးနှင့် ပျူတစ်သိန်း မွန်တစ်သိန်း၊ တောင်ငူမင်းတရား တပင်ရွှေထီးနှင့် ပျူစစ်သည်၊ တလိုင်းစစ်သည်များ၊ ကုန်းဘောင်ခေတ် ဘိုးတော်ဦးဝိုင်းနှင့် ပျူတပ်ဖွဲ့ဝင်များ ဟုလည်းကောင်း ရခိုင်ပညာရှိများနှင့် ဓညဝတီအရေးတော်ပုံကျမ်းပြု ဝိသာရာဘိ သီရိပဝရ အဂ္ဂမဟာဓမ္မရာဇဂုရု ရခိုင်ဆရာတော်တို့၏ သိရှိမှတ်တမ်းတင်ချက်များကလည်း ဗရမ္မာ-ဗမာသည် ပျူဖြစ်ကြောင်း တိုက်ရိုက်ထောက်ခံဖော်ပြထားကြပါသည်။


(၄) ပုဂံခေတ်ဗမာကျောက်စာ အထောက်အထားများ

------------------------------------------------------

ပုဂံခေတ် ဗမာကျောက်စာများတွင် ဗြဟ္မာ(ဗရမ္မာ) ဟူသော ဝေါဟာရအစား ဗြုဟ္မာ၊ ဗြုမ်မာ၊ ဗရုံမာ၊ ပြုမ်မှာ (ပရုမ်မှာ)၊ ပြုမှာ (ပရုမာ)  စသဖြင့် ကြောင်းတူသံကွဲ ရေးထိုး ဖော်ပြခြင်းများကို အထင်အရှားတွေ့မြင်ရပါသည်။ 

(က) ဗြဟ္မာဟူသော အမည်ဝေါဟာရကို ပုဂံ မြစေတီ ဗမာစာနှင့် စည်သူမင်းကြီး ရမက-၁၃၉ ကျောက်စာတို့တွင် ဗြဟ္မာ၊ အခြားပုဂံခေတ်ကျောက်စာတို့တွင်လည်း ဗြဟ္မာ ဟုလည်းကောင်း။

(ခ) တိုင်းရင်းပုံထုတ် ဒုတိယတွဲ ၁၈၇။ တိုင်းရင်းပုံထုတ် ဒုတွဲ ၁၉၃။ တိုင်းရင်းပုံထုတ် တတိယတွဲ ၂၃၅။ တိုင်းရင်းပုံထုတ် ပဉ္စမတွဲ ၄၉၇ ၊ ၅၃၁ နှင့် အချို့သောကျောက်စာများတွင် “ဗြုဟ္မာ” ဟုလည်းကောင်း။

(ဂ) တိုင်းရင်းပုံထုတ် တတိယတွဲ ၂၂၇ တွင် “ဗြုံမာ” ၊ ယင်း တတိယတွဲ ၂၉၂ တွင် “ဗြုံမှာ” ဟုလည်းကောင်း ကြောင်းတူသံကွဲ ရေးထိုးခဲ့ကြပါသည်။

(ဃ) တိုင်းရင်းပုံထုတ် တတိယတွဲ ၂၂၇ တွင် ဗြဟ္မာလယ် (ဗမာလူမျိုးပိုင်လယ်)ကို “ဗရုမ်လယ်” ဟု ရေးထိုးထားပါသည်။ ဗမာသက္ကရာဇ် ၅၉၄ ခုနှစ်ထိုး ကျောက်စာ ဖြစ်ပါသည်။ တိုင်းရင်းပုံထုတ် တတိယတွဲ-၂၉၂၊ သက္ကရာဇ် ၆၆၁ ခုနှစ် ကျောက်စာတွင် “ဗြုံမှာလဲ ၂၀၊ တန်လိုင်လဲ ၅” ဟု ဗမာလူမျိုးပိုင်လယ်မြေနှင့် တန်လိုင်လူမျိုးပိုင်လယ်မြေကို ရေးထိုးဖော်ပြရာ၌ ဗမာ-ဗြဟ္မာကို “ဗြုံမှာ” ဟု ရေးသားဖော်ပြထားပါသည်။ ဗြုံမာ၏အသံထွက်ကို ဗြံမှာဟုလည်းကောင်း၊ ဗရုမ်မာဟုလည်းကောင်း ၂ မျိုးထွက်ဆိုနိုင်ပါသည်။ ရှေးမွန်တို့က ဗမာတို့ကို ဗရုမ်ဟုခေါ်ဆိုခြင်းမှာ ဗရမ္မာ-ဗရုမ်မာ၏ အတိုကောက်အမည်အဖြစ် ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း၊ ရှေးမွန်လူမျိုးတို့သည် ဗမာလူမျိုးကို ဗရမ္မာ-ဗရုမ်မာလူမျိုးဟု သိရှိ၍ ထိုသို့ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ထင်ရှားလှပါသည်။

(င) တိုင်းရင်းပုံထုတ် စတုတ္ထတွဲ ၄၃၈၊ ပုဂံခေတ်နှောင်း၊ သက္ကရာဇ် ၆၈၈ ခုနှစ်၊ ရာဇသင်္ကြန် မျောက်သားကျောက်စာတွင် “ဗြဟ္မာ” အစား “ပြုမ်မှာ” ဟု အထင်အရှား ရေးထိုးထားပါသည်။

(စ) တိုင်းရင်းပုံထုတ် စတုတ္ထတွဲ ၄၀၈၊ ပုဂံခေတ်နှောင်း၊ ၆၀၇ ခုနှစ်၊ မင်းမတ်ကြီးသုံးယောက် နှမကျောက်စာနှင့် တိုင်းရင်းပုံထုတ် စတုတ္ထတွဲ၊ ၄၁၂/ခ၊ ၆၇၂ ခုနှစ်၊ မြတ်ကြီးပိကုန်ထေ ကျောက်စာတို့တွင် “ဗြဟ္မာ” ဟူသော ဝေါဟာရကို “ပြုမှာ” ဟု ကြောင်းတူသံကွဲ ရေးထိုးထားကြောင်း တွေ့မြင်ရပါသည်။ ဗြဟ္မာ-ဗရမ္မာကို ပြုမ်မာ၊ ပြုမှာဟုလည်း ခေါ်ဆိုကြကြောင်း ထင်ရှားလှပါသည်။

(ဆ) တိုင်းရင်းပုံထုတ် ပဉ္စမတွဲ ၅၀၉ (၅၂၀ ခုနှစ်၊ ၇၁၇ ခုနှစ်) ကျောက်စာတွင် ဗြဟ္မာကို ကြောင်းတူသံကွဲ “ဗြမ်မှာ” ရေးထိုးထားပါသည်။ “ဗြမ်မှာ” ၏ အသံထွက်မှာ “ဗရမ်မှာ၊ ဗရမ္မာ” ဖြစ်ပါသည်။ ရှေးခမာ ကမ္ဗောဒီးယားလူမျိုးတို့က ဗမာ-ဗရမ္မာ လူမျိုးကို “ဗရမ်း” လူမျိုးဟု ခေါ်ဆိုသည်မှာ ဗရမ္မာ(ဗြမ်မှာ)၏ အတိုကောက်အမည် ဖြစ်ကြောင်း ထင်ရှားစွာပေါ်ပေါက်နေပါသည်

(ဇ) ရှေးဟောင်းမြန်မာကျောက်စာများ စတုတ္ထတွဲ၊ ဦးရေ အမှတ် ၁၃၅ ကျောက်စာ (၇၆၉ ခုနှစ်) နှင့် ဦးရေ အမှတ် ၁၃၈ ကျောက်စာ (၇၃၅-၇၇၁ ခုနှစ်) တို့တွင် မြန်မာအစား “မြံမ္မာ” ဟု ရေးထိုးဖော်ပြထားပါသည်။ ယင်း မြံမ္မာ၏ အသံထွက်မှာ “မရမ္မာ” ဖြစ်ရာ “ဗရမ္မာ-မရမ္မာ-မြံမ္မာ-မြန်မာ” ဟု ရွေ့လျောပြောင်းလဲ ခေါ်ဝေါ်မှုများ အမှန်ပင်ပေါ်ပေါက်ခဲ့ကြောင်း အလွန်ထင်ရှားနေပါသည်။ ရှေးပေမူများတွင် မြန်မာ-ဗမာကို “မရမ္မ” ဟုလည်းရေးထိုးခြင်းများနှင့် ဆက်စပ်ကြည့်နိုင်ပါသည်။

(ဈ) ပုဂံ သုလဖစ်သားကျောက်စာ (တိုင်းရင်ပုံထုတ် တတိယတွဲ - ၂၂၆)၊ သက္ကရာဇ် ၆၂၁ ခုနှစ်ထိုး ကျောက်စာတွင် ပုဂံပြည် ပုဂံမြို့ကြီးကို  “ပုရာဂမ္မရိမဒ္ဒန”  ဟုလည်းကောင်း၊ “ပုဂံ” ဟု လည်းကောင်း ရေးထိုးဖော်ပြထားသော အထောက်အထားအရ ပုဂံသည် ပုရာဂမ္မ  ခေါ်  ပြူဂါမမြို့ ဖြစ်ကြောင်း၊ ပြူဂါမသည် ပြူမာဂါမ-ပရုမ်မာဂါမ-ဗရုမ်မာဂါမ-ဗရမ္မာဂါမ၏ ကြောင်းတူသံကွဲ အမည်ပွားတစ်ခုဖြစ်ကြောင်း အလွန်ပင် ထင်ရှားနေပါသည်။ ပြူ ဟူသည်မှာ ဗရမ္မာ-ဗရုမ်မာ-ပရုမ်မာ-ပြုမာ၏ အတိုကောက်အမည်ဖြစ်ကြောင်း၊ ပြူဟူသည်မှာ ဗရမ္မာ-မရမ္မာ-မြမ္မာ-မြန်မာလူမျိုးပင်ဖြစ်ကြောင်း၊ “ပု”ဟူသည်မှာ ပြူပင်ဖြစ်ကြောင်း၊ ပြူလူမျိုးဟူသည် ဗရမ္မာ-မရမ္မာ-မြံမ္မာ-မြန်မာလူမျိုးကိုပင် ခေါ်ဆိုနေခြင်းဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

(ည) ရှေးပုဂံမြို့အမည် ၁၃ ခုတွင် “ပရမ ပူရ” ဟု ပါရှိကြောင်း လုစ်နှင့် ချားဒူရွိုင်ဆယ်တို့ ဖော်ပြဖူးပါသည်။ “ပရမ” ဟူသည်မှာ “ဗရမ္မာ၊ ဗရမာ၊ ဗရမ” ၏ ကြောင်းတူသံကွဲ  “ပရမ္မာ၊ ပရမာ၊ ပရမ” ဟူသော အမည်များအနက်မှ တစ်ခုဖြစ်ပါသည်။

(ဋ) ပုဂံခေတ် ဗုဒ္ဓဂါယာ (ဗမာ)ကျောက်စာတွင် ပုဂံမင်းကြီးကို “ပုတစ်သိန်းမင်း(ပျူတစ်သိန်းမင်း)” ဟု ရေးထိုးမှတ်တမ်းတင်ထားသော ကျောက်စာအထောက်အထားအရလည်း ပုဂံဗမာသည် ပျူဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

ရှေးပုဂံခေတ် ဗမာကျောက်စာများ၊ ပင်းယခေတ်ဗမာကျောက်စာများနှင့် အင်းဝခေတ် ဗမာကျောက်စာများ ဟူသော ခေတ်ပြိုင်အထောက်အထားများအရ ဗရမ္မာ-ပရမ္မာ-မရမ္မာ-မြန်မာ၊ ဗရမ္မာ-ဗရုမ်မာ-ပရုမ်မာ-ပြုမာ-ပြု ဟူသော ကြောင်းတူသံကွဲ အမည်များ အမှန်တကယ်ပေါ်ပေါက် သုံးစွဲနေခဲ့ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

(၅) သရေခေတ္တရာအထောက်အထား

----------------------------------------

သရေခေတ္တရာ ခင်ဘကုန်းစေတီဟောင်း ဌာပနာတိုက်မှ တူးဖော်တွေ့ရှိသော ငွေဗောဓိပင်ကြုတ်၏ အခြေအနားပတ်လည်တွင် ရှေးဟောင်း သရေခေတ္တရာအက္ခရာတို့ဖြင့် ရေးထိုးထားသော ရှေးစာများကြားတွင် “ပုဗရမိ” ဟူသော စာ ၄ လုံး ထင်ရှားစွာ ပါရှိပါသည်။ “ပု”သည် “ပြူ”ဖြစ်ပါသည်။ “ဗရမိ” ဟူသည်မှာ ပါဠိဘာသာ

(ဗရမ္မာ၊ ဗြဟ္မာ)ကို သက္ကဋဘာသာဖြင့် ရေးထိုးဖော်ပြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပျူ-ဗရမ္မာ လူမျိုးဟု ရေးထိုးဖော်ပြထားသော အထောက်အထားတစ်ခု ဖြစ်ပါသည်။ “ပုဗရမိ” ဟူသည်မှာ “ပျူဗရမ္မာ” လူမျိုးဟု ဖော်ပြရေးသားထားခြင်းဖြစ်ကြောင်း တွေ့မြင်ရပါသည်။ 


(၆) ပြင်သစ်၊ အီတလီ၊ အင်္ဂလိပ်၊ စပိန်၊ ဂျပန် အထောက်အထားများ

---------------------------------------------------------------------

၁၆ ရာစု၊ ၁၇ ရာစု၊ ၁၈ ရာစု ဗမာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသကို ဖော်ပြရေးဆွဲထားသော ပြင်သစ်နှင့် အီတလီထုတ် ရှေးမြေပုံများ ရှိပါသည်။

ပြင်သစ်နှင့် အီတလီမြေပုံများပေါ်တွင် “Brama” ဟုလည်းကောင်း၊ “Brema” ဟုလည်းကောင်း မြန်မာနိုင်ငံနေရာ၌ ရေးထိုးဖော်ပြထားကြပါသည်။ အင်္ဂလိပ်တို့က ဗမာ-မြန်မာကို “Burma” ဟု သိရှိခေါ်ဝေါ်ကြခြင်းမှာ အများသိပြီး ဖြစ်ပါသည်။ ထိုရှေးခေတ်ကာလ မြန်မာနိုင်ငံရောက် ပြင်သစ်၊ အီတလီ၊ အင်္ဂလိပ်တို့သည် ဗမာ-မြန်မာလူမျိုးကို ဗရမ္မာ၊ ဗရမာလူမျိုးဖြစ်ကြောင်း ကောင်းစွာထင်ရှားသိကြ၍ “R” ဗျည်းသံကို မြန်မာ “ရကောက်” အက္ခရာဗျည်းသံအတွက် ထည့်သွင်းရေးသား ခေါ်ဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။ ဗမာ-မြန်မာသည် ဗရမ္မာ လူမျိုးမဟုတ်လျင် ပြင်သစ်၊ အီတလီ၊ အင်္ဂလိပ်တို့ ခေါ်ဝေါ်ရေးသားရာတွင် “R” ပါလိမ့်မည် မဟုတ်ပါ။

၁၆ ရာစု၊ ၁၇ ရာစု၊ ၁၈ ရာစု ပြင်သစ်နှင့် အီတလီတို့ ဗမာ-မြန်မာကို ခေါ်ဝေါ်မှတ်တမ်းတင်ပုံ “Brama” နှင့် “Brema” တို့သည် ဗမာလူမျိုး၏ မူလအမည် “ဗရမ္မာ”ကို ထပ်တူဆင်တူ ဖော်ပြလျက်ရှိပါသည်။ ထိုနည်းတူစွာပင် စပိန်တို့သည် ဗမာလူမျိုးကို ဗရမ္မာလူမျိုးဟုသာ သိရှိခေါ်ဝေါ်လျက်ရှိပါသည်။

ဂျပန်လူမျိုးတို့သည် ၁၆ ရာစု ဘုရင့်နောင် သားတော် နန္ဒဘုရင်ခေတ်ကာလထက် နောက်မကျပဲ အရှေ့တောင်အာရှသို့ ရောက်ပေါက်သွားလာ လုပ်ကိုင်လျက်ရှိပါသည်။ ဂျပန်တို့သည်လည်း ဗမာ-မြန်မာကို “ဗီရုမာ” ဟုသာ သိရှိခေါ်ဝေါ်ကြပါသည်။ ဗမာ-မြန်မာကို ဂျပန်တို့ သိရှိခေါ်ဝေါ်သော “ဗီရုမာ”သည် ဗမာ-မြန်မာ၏ မူလအမည်ရင်း “ဗရမ္မာ”ကို ပြညွှန်းထောက်ခံလျက် ရှိပါသည်။

နီပေါ၊ ဘင်္ဂလားဒေ့ရှ်သား အပါအဝင် ရှေးအိန္ဒိယသားတို့က ဗရမ္မာလူမျိုး ဗရမ္မာနိုင်ငံဟုသိရှိခေါ်ဝေါ်သော ပုဂံနိုင်ငံနှင့် လူမျိုးကို အေဒီ ၃-၆ ရာစု တရုတ်တို့က ဗရမ္မာဟုလည်းကောင်၊ ပျူဟုလည်းကောင်း၊ ပုဂံဟုလည်းကောင်း သိရှိခေါ်ဝေါ်မှတ်တမ်းတင်ထားသော အထောက်အထား၊ ရှေးအိန္ဒိယသားတို့က ဗရမ္မာနိုင်ငံ ဗရမ္မာလူမျိုးဟု သိရှိခေါ်ဝေါ်သော ပုဂံနိုင်ငံနှင့် လူမျိုးကို အေဒီ ၇ ရာစု၊ ၁၀ ရာစု၊ ၁၁ ရာစု၊ ၁၃ ရာစု၊ ၁၄ ရာစု တရုတ်တို့က ပျူဟုလည်းကောင်း၊ မြန်မာဟုလည်းကောင်း၊ ပုဂံဟုလည်းကောင်း သိရှိခေါ်ဝေါ် မှတ်တမ်းတင်ထားသော အထောက်အထား၊ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံခေါင်းဆောင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက တရုတ်ဘုရင်ထံ ပါးသော သဝဏ်လွှာတွင် သူ့ကိုယ်သူ ပျူလူမျိုးဟု ဖော်ပြသောအထောက်အထား၊ 

မြန်မာလူမျိုး၊ မြန်မာနိုင်ငံကို ဘီစီ ၂ ရာစုမှ တရုတ်တို့က ဗရမ္မာဟုခေါ်ကြောင်း၊ အေဒီ ၇-၁၀ ရာစု တရုတ်တို့က ကျူးပေါ ဟုခေါ်သကဲ့သို့ ပျူဟုလည်းခေါ်ကြောင်း၊ အေဒီ ၁၁ ရာစုတရုတ်တို့က မီယန်-မြန်မာဟုခေါ်ကြောင်း၊ ယင်း မီယန် မြန်မာတို့သည် ရှေးဟောင်း ဘီစီ ၂ ရာစု ဗရမ္မာနှင့် ကျူးပေါဖြစ်ကြောင်း တရုတ်ပညာရှင် ပေါင်း-ကျယယ်န်-ကျီ-ယယ်န် ဖော်ပြခဲ့သော အထောက်အထား၊ ပုဂံ-ပင်းယ-အင်းဝ-တောင်ငူ-ကုန်းဘောင်ခေတ် ပြည်မ မြန်မာတို့ကို ပျူများဟု သိရှိမှတ်တမ်းတင်ခဲ့သော ရခိုင်ရာဇဝင်အထောက်အထားများ၊ ပြင်သစ်နှင့် အီတလီတို့ရေးဆွဲသော ၁၆ရာစုမှ ၁၈ရာစုအတွင်း မြေပုံတို့တွင် ပါရှိသော အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် မြန်မာနိုင်ငံနေရာကို Brama , Brema ဟုရေးမှတ်ပုံ အထောက်အထားများ၊ အင်္ဂလိပ်တို့က ဗမာ-မြန်မာကို Burma ဟုခေါ်ဝေါ် ရေးမှတ်ခဲ့သောအထောက်အထားများ၊ စပိန်တို့က ဗမာလူမျိုးကို ဗရမ္မာဟု လက်ရှိ ခေါ်ဝေါ်နေသော အထောက်အထားများ၊ ဂျပန်တို့က ဗမာလူမျိုးကို ဗီရုမာဟု သိရှိခေါ်ဝေါ်သော အထောက်အထားများ၊ ယနေ့တိုင် အိန္ဒိယသားနှင့် နီပေါသားတို့က ဗမာ-မြန်မာကို ဗရမ္မာ ဟုသာ သိရှိခေါ်ဝေါ်သော အထောက်အထားများအရ ဗမာ-မြန်မာ၏ မူရင်း မူလအမည်မှာ “ဗရမ္မာ(ဗြဟ္မာ)” ဖြစ်ကြောင်း အလွန်ထင်ရှားပေါ်ပေါက်နေပါသည်။ 

ထိုနည်းတူစွာ ဗမာ-မြန်မာ-ပျူသည် ဗရမ္မာဟု ဖော်ပြထားသော ရှေးဗမာရာဇဝင်များ မှန်ကန်ကြောင်းလည်း ပေါ်ပေါက်နေပါသည်။ အထက်ပါ အိန္ဒိယ- တရုတ်မှတ်တမ်းများ၊ ပြင်သစ် - အီတလီ မြေပုံများသည် သမိုင်းဝင်စာပေအထောက်အထား (Textual evidacnes) များ ဖြစ်ကြပြီး၊ ဗမာ-ဗရမ္မာ-မရမ္မာ-မြန်မာ ဟူသော ပျူလူမျိုးသမိုင်းကို လေ့လာပြုစု ပြောဆိုရေးသားရာတွင် မထိမ်ချန်အပ်၊ မဖုံးကွယ်အပ်သော သမိုင်းဝင်အထောက်အထားများ ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*

---------------------------------------------------------------

ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၂)

  • မူရင်းဆောင်းပါး = Facebook (2014-11-28)
  • https://www.facebook.com/photo/?fbid=766574326745455&set=a.751110368291851



(အပိုင်း ၁ တွင်ဖော်ပြခဲ့သော) အထက်ပါ သမိုင်းဝင်အထောက်အထားများကို ထည့်သွင်းပြောဆိုခြင်း မပြု၊ ဘေးဖယ်ထိမ်ချန်ပြီး ပျူဗမာသမိုင်း ပြောဆိုသူတို့သည် သုတေသန မနှံ့စပ်သောသူများ၊ အမှန်ကို ဝန်မခံရဲသောသူများ၊ အမှန်တရားရှိနေသော ပျူဗမာသမိုင်းဝင် အထောက်အထားများကို အကြောင်းတစ်ခုခုကြောင့် ထိမ်ချန်ဖုံးကွယ် လီဆယ်လိုသူများ ဟူသော လူ ၃ မျိုးအနက် တစ်မျိုးမျိုးသာဖြစ်ကြောင်း ထိုသူတို့၏ လုပ်ရပ်က ထိုသူတို့၏အတွင်းသဘောကို ထင်ဟပ်ပြသနေမည်သာ ဖြစ်ပါသည်။

သရေခေတ္တရာတွေ့ ငွေဗောဓပငိကြုတ်စာပါ “ပုဗရမိ” (ပျူဗရမ္မာ-ပျူဗမာ) ဟူသော ရှေးစာအထောက်အထား၊ သရေခေတ္တရာတွေ့ အတိတျာမင်း ကျောက်အရိုးအိုးဟု အမည်ပေးထားသော ဘုရင့်ကျောက်အရိုးအိုးပါ “ဗြဟ္မာတိုင်း” ဟူသော ရှေးစာအထောက်အထား၊ ဗြဟ္မာ(ဗရမ္မာ)ဟူသော ဝေါဟာရအတွက် ဗြုဟ္မာ၊ ဗြုံမှာ၊ ဗြုမ်မာ၊ ဗရုမ်၊ ဗြမ်မှာ၊ ပရုမ်မာ၊ ပြုမှာ ဟု ရေးထိုးဖော်ပြထားသော ပုဂံခေတ်ဗမာကျောက်စာ အထောက်အထားများ၊ ပုဂံမင်းကြိးတစ်ပါးကို ပုတစ်သိန်းမင်း(ပျူတစ်သိန်းမင်း)၊ ပုဂံကို ပုရာဂမ္မနှင့် ပူဂံ ဟု ရေးထိုးဖော်ပြခဲ့သော ပုဂံခေတ်ဗမာကျောက်စာ အထောက်အထားများ၊ ပရိမ်မ(ပရမ)ဟု ရေးထိုးခဲ့သော ပုဂံကျောက်စာအထောက်အထား၊ ဗရမ္မာ-မြန်မာ ဟူသော အမည်အတွက် မြမ္မာ-မြံမ္မာ(မရမ္မာ) ဟု ရေးထိုးခဲ့သော ပင်းယ- အင်းဝခေတ် ဗမာကျောက်စာအထောက်အထားများ၊ မြန်မာကို “မရမ္မ”ဟု ရေးသားဖော်ပြထားသော ရှေးပေစာအထောက်အထားများသည် သမိုင်းဝင် ရှေးဟောင်းသုတေသန အထောက်အထား (Anchaeologcal Evi) များဖြစ်ပြီး ဗမာ-မြန်မာသည် ဗရမ္မာ-မရမ္မာ-ပရမ လူမျိုး၊ ဗမာ-မြန်မာသည် ပျူလူမျိုး၊ ပုဂံသည် ပုဂါမ-ပျူဂါမ ဟု မှတ်တမ်းတင်ဖော်ပြခဲ့သော ရှေးဗမာရာဇဝင်များ မှန်ကန်ကြောင်း ထောက်ခံဖော်ပြနေသော ရှေးခေတ်ပြိုင်အထောက်အထားများလည်း ဖြစ်သကဲ့သို့ ပျူဗမာသမိုင်း ပြုစုရေးသား ပြောဆိုရာတွင် မထိမ်ချန်သင့်သော အထောက်အထား များ ဖြစ်ကြပါသည်။

ဗမာ-ဗရမ္မာ-မရမ္မာ-မြန်မာ-ပြုမာ-ပြု (ပျူ) လူမျိုး သမိုင်းအကြောင်း ရေးသားဖော်ပြရာတွင် အမှန်တကယ် ကျန်ရှိသော အထက်ပါ သမိုင်းဝင်ရှေးဟောင်း သုတေသနအထောက်အထားများကို မထည့်သွင်း၊ မဖော်ပြပဲ ထိမ်ချန်ဖုံးကွယ်ပြီး မိမိလိုရာဆွဲရေးသားပြောဆိုခြင်းများ မပြုအပ်ပါ။ အထက်ပါရှေးဟောင်းသုတေသန အထောက် အထားများကို မသိပဲ ပျူဗမာသမိုင်းအကြောင်း ရေးသားပြောဆိုလျင် ပြည့်စုံမှန်ကန်သော ပျူဗမာ့သမိုင်းမှန် ရရှိမည် မဟုတ်သည့်အပြင် ပျူဗမာသမိုင်း အမှားမျိုးသာပြောမိ၊ ရေးမိမည်ဖြစ်ပါသည်။ အထက်ပါသမိုင်း အထောက်အထားများ ရှိနေကြောင်းထုတ်ဖော်တင်ပြထားသည်ကို မသိကျိုးကျွံ လျစ်လျူရှု ထိမ်ချန်ပြီး ပျူဗမာသမိုင်းရေးပါသည် ဆိုသောသူတို့၏ လုပ်ရပ်မျိုးကား ဖြောင့်မှန်တည်ကြည်ရာမကျပဲ သမိုင်းအလိမ် သမိုင်းအတု ဖန်တီးရန် အားထုတ်လုပ်ဆောင်ခြင်းမျိုးဟု အဓိပ္ပာယ်ထွက်ပါလိမ့်မည်။ သို့မဟုတ် သမိုင်းပညာမတတ်သူ၊ နားမည်သူဟုသာ သမိုင်းပညာ နားမဝေးသော စာဖတ်ပရိသတ်ရှေ့မှောက်မှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းပြသလိုမျိုးဖြစ်ကုန်ပါလိမ့်မည်။

“သမိုင်းပညာမတတ်ပဲ သမိုင်းဝင်ဝင်ရေးကြတာ အတော်စိတ်ပျက်စရာကောင်းတယ်” ဟု ဆရာကြီး ဒေါက်တာသန်းထွန်း ပြောဆိုခဲ့ဖူးပါသည်။

ရာဇဝင်ဖတ်တိုင်း၊ သမိုင်းကျမ်း၊ သမိုင်းဆောင်းပါးဖတ်တိုင်း သမိုင်းပညာနှင့် သမိုင်းပြုစုပုံကို အကုန်သိ တတ်မည်မဟုတ်ပါ။ သမိုင်းပညာသည် သမိုင်းပညာတတ်သူ (သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ)တို့ထ့မှ သင်ယူဆည်းပူးရပါသည်။ ဘီအေသမိုင်း ဘွဲရသူတို့သည် သမိုင်းပညာတတ်ကြပါသည်။ သို့သော် သမိုင်းသုတေသနပြုနည်းနှင့် သမိုင်းဖော်ထုတ်ပြုစုနည်းတို့ကို နှံ့စပ်ကုန်စင်အောင် မသင်ကြရသေးပါ။ သမိုင်းမဟာဝိဇ္ဖာဘွဲ့ ရသူတို့သည် သမိုင်းသုတေသနပြုနည်းနှင့် သမိုင်းစာတမ်း သမိုင်းကျမ်းပြုစုနည်းတို့ကို ကြိုးစားလျင် ကြိုးစားသည့်အလျာက် ကောင်းစွာတတ်ကြပါသည်။ သမိုင်းပါရဂူဘွဲ့ ရသူတို့သည်လည်း ထိုနည်းလည်းကောင်း ဖြစ်ကြပါသည်။

သမိုင်းဘီအေဘွဲ့ မရသော်လည်း ဇွဲ လုံ့လ ဝရိယဖြင့် သမိုင်းပညာနှင့် သမိုင်းသုတေသနပညာတို့ကို လေ့လာဆည်းပူးပြီး သမိုင်းတကယ်တတ်သော သမိုင်းပညာရှင်၊ သမိုင်းသုတေသနပညာရှင်များ ဖြစ်လာနိုင်ပါသည်။ ဥပမာအားဖြင့်ဆိုရလျင် - ဂျီအိပ်ခ်လုစ် (G.H.Luce) ကိုယ်တိုင်သည် အင်္ဂလိပ်စာဘွဲ့ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။
မြန်မာနိုင်ငံ ရန်ကုန်ကောလိပ်သို့ အင်္ဂလိပ်စာပါမောက္ခအဖြစ် ရောက်ရှိလာသူဖြစ်ပါသည်။ ယင်းနောက်ပိုင်းတွင် သမိုင်းပညာကို ဆည်းပူးပြီး သမိုင်းသုတေသနစာတမ်းများရေးသားကာ သမိုင်းဌာနသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် ကမ္ဘာကျော် သမိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါသည်။

ရာဇဝင်ဆောင်းပါးနှင့် သမိုင်းဆောင်းပါး ရေးလိုသူ ဝါသနာရှင်တို့အနေဖြင့် သမိုင်းပညာအခြေခံ ဆည်းပူးတတ်မြောက်ဖို့ လိုအပ်ပါသည်။ အခက်ကြီးမဟုတ်ပါ။ မည်သူမဆိုလေ့လာလျင် တတ်မြောက်နိုင်ပါသည်။ သမိုင်းပညာနားမလည်ပဲ ရေးကြသူအချို့မှာ ခေတ်ပြိုင် အထောက်အထားလဲ မကြည့်၊ အချိန် ဆက်နွယ်ထောက်ခံမှုလဲမကြည့်၊ ကြည့်ရကောင်းမှန်းလည်း မသိပဲ ရောကောသောကော ရှေ့နောက်မညီ အရေးမှားကုန်ကြ၍ ယင်းသူတို့ရေးသော စာများကို သမိုင်းပညာရှင် မဆိုထားနှင့်သမိုင်းမေဂျာကျောင်းသားများပင်လျင် လက်မခံနိုင်ဖြစ်ကုန်ကြပါသည်။

“သမိုင်းအကြောင်းပြောလျင် ခေတ်ပြိုင်အထောက်အထားဖြင့် ပြောရမည်။ ခေတ်ပြိုင်အထောက်အထား မပါပဲမပြောရ။ အထောက်အထားမပါပဲ ပြောသူသည် လူညံ့”ဟု ဆရာကြီးဒေါက်တာသန်းထွန်းက သွန်သင်ရေးသားခဲ့ဖူးပါသည်။ ဂျုံဖြင့်လုပ်ပြီးသကြားရည် ဆမ်းထားသော ဟိန္ဒူမုန့်တစ်မျိုး အမည်ဖြင့် ထိုသို့သော လူညံ့မျိုးကိုဆရာကြီးက ဘွဲ့မည်သညာပေးပါသည်။

၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ၊ ၃ ရက်နေ့ တက္ကသိုလ်များသမိုင်းဦးစီးဌာန (အမရဆောင်၊ ရန်ကုန်တက္ကသိုလ်)၊ မြန်မာ့သမိုင်းပြုစုရေးအဖွဲ့ (ယခင် မြန်မာ သမိုင်းကော်မရှင်)က ကြီးမှူးကျင်းပသည့် စာတမ်းဖတ်ပွဲတွင် *ကျမ်းကိုးများ ရှေးဗမာကျောက်စာများနှင့် ကွဲလွဲမှားယွင်းနေသော ဂျီအိပ်ချ်လုစ်၏ ဗမာ့ သမိုင်းအယူအဆ* သမိုင်းသုတေသနစာတမ်းကို ကျွန်တော် တင်ပြဖတ် ကြားခဲ့ပါသည်။ မြန်မာ့သမိုင်းပြုစုရေးအဖွဲ့ကြီးသည် ကျွန်တော်သုတေသ နပြု ရေးသားသော အဆိုပါသမိုင်းစာတမ်းကို မစစ်ဆေးပဲ ဖတ်ခွင့်ပြုခြင်း မဟုတ်ပါ။ ကျွန်တော်၏ အဆိုအတွက် အထောက်အထားများ ပါ မပါ၊ မှန် မမှန် ဆရာကြီးအချို့ စစ်ဆေးပြီးမှ အထောက်အထားများ မှန်ကန်ခြင်း၊ ပုဂံခေတ်ကျောက်စာ အမြောက်အများကို အထောက်အထားပြု တင်ပြထားခြင်းတို့ကြောင့် မြန်မာ့သမိုင်းပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲတွင် စာတမ်းတင်သွင်းဖတ်ကြားခွင့် ပြုခြင်းဖြစ်ပါသည်။

ကျွန်တော်၏အဆိုပါစာတမ်းကို မြန်မာသမိုင်းပြုစုရေးအဖွဲ့ ဒုတိယဥက္ကဌ ဆရာကြီးဦးစိုင်းအောင်ထွန်း ဦးစွာဖတ်ရှုစစ်ဆေး၏။ ထို့နောက် ပျူခေတ် ပုဂံခေတ် ပညာရှင်ဆရာကြီး ဒေါက်တာသန်းထွန်း ထပ်မံစစ်ဆေး၏။ ကျွန်တော်၏ စာတမ်းတွင် ခေတ်ပြိုင်အထောက်အထားပေါင်း တစ်ထောင်ကျော် တင်ပြထားခြင်းကို ဆရာကြီး ဒေါက်တာသန်းထွန်း ထပ်မံစစ်ဆေးစဉ် အတူပါဝင် ကူညီပေးခဲ့သော သမိုင်းတွဲဖက် ပါမောက္ခဆရာကြီးက - “ကိုကျော်ဇင်၊ ခင်ဗျားစာတမ်းမှာ တင်ပြထားတဲ့ အထောက်အထားတွေကို ဆရာကြီးက အသေးစိတ်စစ်တာ၊ ဆရာကြီးစစ်ဆေးနေပုံ မြင်ရင် ခင်ဗျားကြောက်သွားနိုင်တယ်။ ခင်ဗျားကျမ်းညွှန်းပေးထားတဲ့ စာအုပ်တွေ၊ ရှေးကျောက်စာတွေကို ဆရာကြီးက တစ်ခုချင်း အကုန်စစ်တာ၊ အမှား ဘာမှမရှိလို့ အထောက်အထားတွေမှန်လို့ ဆရာကြီးက ခင်ဗျားစာတမ်းကို လက်ခံတာ” ဟု စာတမ်းဖတ် ပွဲအပြီး ရက်အနည်းငယ်အကြာတွင် ကျွန်တော့်ကို ပြန်လည်ပြောပြခဲ့ပါသည်။

ဆရာကြီးဒေါက်တာသန်းထွန်းသည် ဗမာလူမျိုးတစ်ဦးဖြစ်သော်လည်း ဗမာသမိုင်းရေးသားသောစာတမ်း ဟူ၍ မျက်နှာသာပေးခြင်းမရှိ၊ အထောက်အထားမပါလျှင်၊ အထောက်အထားမခိုင်လုံလျှင် လုံးဝလက်မခံ၊ အားမနာတမ်း ပယ်ချတတ်သော ဆရာကြီးဖြစ်ပါသည်။ အထောက်အထားနှင့် ပက်သက်လာလျှင် စည်းကမ်း အလွန်ကြီးသော ဆရာကြီးများအနက်က တစ်ဦးဖြစ်၍ ပြည်တွင်း သမိုင်းပညာရှင်လောက ကသာမက နိုင်ငံတကာ သမိုင်းပညာရှင်လောက ကပါ လေးစားခံရသူ တစ်ဦးဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
----------------------------------------------------------------


ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၃)
    • မူရင်းဆောင်းပါး = Facebook (2014-11-29)
    • https://www.facebook.com/photo/?fbid=767066293362925&set=a.751110368291851


ကျွန်တော့်အား စာတမ်းဖတ်ရန် ရက်ချိန်းပေးစဉ် ဆရာကြီး ဦးစိုင်းအောင်ထွန်းက “မောင်ကျော်ဇင်  မင်းစာတမ်းနဲ့ပက်သက်လို့ အကောင်းဆုံးအချက်တွေ ပြင်ဆင်လာခဲ့ပါ။ အဲ့ဒီနေ့ကျရင် မင်းကို ဝိုင်းမေးဖို့ ဆရာဆရာမတွေ အများကြီးစောင့်နေတယ်” ဟု စေတနာဖြင့် သတိပေးစကားပြောပါသည်။ ကျွန်တော်၏ သူငယ်ချင်းဆရာများက မြန်မာသမိုင်းပြုစုရေးအဖွဲ့ ရှေ့မှောက်တွင် စာတမ်းဖတ်မည့် ကျွန်တော့်ကိုယ်စား ကျောချမ်းနေကြ၏။ “ခင်ဗျား အဲ့ဒီနေရာမှာ စာတမ်းဖတ်ဖို့ တင်တာတော့ကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျားအစား ကျွန်တော်တို့တော့ ကျောချမ်းတယ်။ အဲ့ဒီဌာန စာတမ်းဖတ်ပဲတွေမှာ တော်တော်အမေးအမြန်းထူတာ။ ကိုယ့်ဘက်က တော်တော်ခိုင်မှ နို့မဟုတ်ရင် ကွဲမှာ” ဟု ဆိုကြပါသည်။

စာတမ်းဖတ်သောနေ့တွင် စာတန်းဖတ်ခန်းမ လူအပြည့် ဖြစ်ပါသည်။ သမိုင်းသုတေသနဦးစီးဌာနမှ ပညာရှင် ဆရာ၊ ဆရာမများနှင့် မြန်မာ့သမိုင်းပြုစုရေး အဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်နားထောင်ကြပါသည်။ သမိုင်းမဟာဝိဇ္ဇာဘွဲ့ရ ပညာရှင်များ၊ အငြိမ်းစားသမိုင်း ပါမောက္ခများ အများစုဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် အခြားသော မေဂျာဌာနများမှ ပညာရှင်ဆရာကြီးများ၊ ဆရာ၊ ဆရာမများလည်း တက်ရောက်ကြပါသည်။

စာတမ်းဖတ်ပွဲ အောင်မြင်စွာ ပြီးဆုံးပါသည်။ ကန့်ကွက်သော ပညာရှင် မရှိ။ ထောက်ခံသော ပညာရှင်သာ ရှိပါသည်။ ဆရာကြီး ဦးအောင်မြတ်ကျော်က ထောက်ခံစကားပြောပါသည်။  သဘာပတိ ဆရာကြီးဒေါက်တာသန်းထွန်းကလည်း ထောက်ခံစကားပြောပါသည်။   

ဂျီအိပ်ချ်လုစ် (G.H. Luce)  ၏  “ဗမာအစ ကျောက်ဆည်စာတမ်း” ပါ “အေဒီ ၉ ရာစု ထက်ဝက်ကျိုးခါနီးမှ ဗမာတို့ ယူနန်မှ ကျောက်ဆည်သို့ စတင်ရောက်ရှိသည်။ ထိုအခါကျမှ ဗမာသမိုင်း စတင်သည်။” ဟူသော သမိုင်းအယူအဆမှားကြောင်း၊ သူ၏အထောက်အထားအတွက် လုစ်တင်ပြသော “မန်ရှုကျမ်း”နှင့် မကိုက်ညီ ကွဲလွဲမှားယွင်းနေကြောင်း၊ ပုဂံခေတ် ဗမာကျောက်စာများနှင့်လည်း မကိုက်ညီ ကွဲလွဲမှားယွင်းနေကြောင်း၊ ဗရမ္မာ ခေါ် ဗမာလူမျိုး ဗမာနိုင်ငံသမိုင်းကြောင်းသည် ဘီစီခေတ်၊ သရေခေတ္တရာ ဗရမ္မာ-ဗမာခေတ်မှ စတင်ကြောင်း၊ ဗရမ္မာ-ဗမာကို ဗြဟ္မာ ဟုလည်းခေါ်ကြောင်း၊ ဗရမ္မာ-ဗမာလူမျိုးနှင့် နိုင်ငံသမိုင်းသည် နှစ် နှစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ခေတ်ပြိုင်အထောက်အထားများနှင့်တကွ စာတမ်းဖတ်ပွဲ၌ ပေါ်ပေါက်အောင်မြင်ပါသည်။

ကျွန်တော်၏ သမိုင်းသုတေသန ဒုတိယစာတမ်းဖြစ်သော *မြန်မာဟူသောပျူ ရာဇဝင်ဆိုရိုးစကားကို ရှေး ပျူဗမာကျောက်စာများနှင့် နှိုင်းယှဉ်လေ့လာကြည့်ခြင်း* စာတမ်းကိုလည်း ဆရာကြီးဒေါက်တာသန်းထွန်း ဖတ်ရှုစစ်ဆေးပြီး စာတမ်းဖတ်ပွဲ သဘာပတိအဖြစ် လက်ခံဆောင်ရွက်ပေးပါသည်။ မြန်မာသမိုင်းပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲတွင် ပထမစာတမ်းဖတ်စဉ်က ကဲ့သို့ပင် သမိုင်းပညာရှင် ဆရာ၊ ဆရာမများ ရှေ့မှောက်၌ ခေတ်ပြိုင်အထောက်အထား ပေါင်းစုံဖြင့် တင်သွင်းဖတ်ကြားခဲ့ပါသည်။

မြစေတီပျူစာဟု ယာယီအမည်တပ်ထားသော အမျိုးအမည်မသိ ကျောက်စာမျက်နှာကိုလည်းကောင်း၊ သရေခေတ္တရာဘုရင်နှင့် မိဖုရား ကျောက်အရိုးအိုး ၄ လုံးတို့ပါ ယာယီအမည် ပျူစာဟုတပ်ထားသော ကျောက်စာ ၄ ခုကိုလည်းကောင်း ကျွန်တော် ဝါကျတစ်ကြောင်းချင်း အဓိပ္ပာယ်ဖော်ထုတ်ပြီး ဖတ်ပြပါသည်။ ကန့်ကွက်သူ မရှိ။ ထောက်ခံသော ပညာရှင်သာ ရှိပါသည်။

သမိုင်းသုတေသန ဦးစီးဌာနမှ ဆရာတစ်ဦးက - “ကျွန်တော်တို့ အစတုန်းက ပျူဟာ ဘယ်သူလဲ၊ ဘယ်က ဖြစ်လာတာလဲ၊ ပအိုပအူ ကနေ ပျူဖြစ်လာတာလား စသည်ဖြင့်ပေါ့၊ အများကြီး စဉ်းစားခဲ့ဖူးပါတယ်၊   အခုတော့ ပျူဟာ ဘယ်သူလဲဆိုတာ ရှင်းသွားပါပြီ” ဟု ထောက်ခံပြောဆိုခဲ့ပါသည်။

စာတမ်းဖတ်ပွဲ နိဂုံးတွင် ဆရာကြီး ဒေါက်တာသန်းထွန်းက “စာတမ်းရှင် ဦးကျော်ဇင်ရဲ့ စာတမ်း အားထုတ်မှုအရ ကျွန်တော်တို့ ပျောက်ဆုံးနေတဲ့ ပျူလူမျိုးကို ပြန်ရှာတွေ့ပါပြီ” ဟု ပြုံးပြုံးကြီး ပြောပါသည်။

ခေတ်ပြိုင်အထောက်အထား ပေါင်းစုံဖြင့်လည်းကောင်း၊ သရေခေတ္တရာ ဘုရင် အရိုးအိုး ပျူစာ ၄ ခုနှင့် မြစေတီ ပျူစာတို့ကို အဓိပ္ပာယ်ဖော်ထုတ် ဖတ်ပြခြင်းဖြင့်လည်းကောင်း “ပျူသည် မြန်မာဖြစ်ကြောင်း” ကျွန်တော်၏ သုတေသနပြု တင်ပြချက်ကို ဆရာကြီး သဘောတူလက်ခံ ထောက်ခံပါသည်။ 

ထိုစာတမ်းဖတ်ပွဲ ကျင်းပသော နေ့မှာ ၂၀၀၄ ခုနှစ်၊ မတ်လ၊ ၁၁ ရက်။ နေရာမှာ တက္ကသိုလ်များသမိုင်း သုတေသနဦးစီးဌာန၊ မြန်မာသမိုင်းပြုစုရေးအဖွဲ့၊ စာတမ်းဖတ်ခန်းမ၊ အမရဆောင်၊ ရန်ကုန်တက္ကသိုလ်တွင် ဖြစ်ပါသည်။ ထိုစာတမ်းဖတ်ပွဲများ၏ မှတ်တမ်းတင် ဓါတ်ပုံများနှင့် အသံသွင်း တိပ်ခွေမှတ်တမ်းတို့ရှိပါသည်။

ဤစာတမ်းဖတ်ပွဲ နှစ်ခုအကြောင်း ပြန်လည်ရေးသားတင်ပြသည်မှာ ကိုယ်ရည်သွေးလို၍ မဟုတ်ပါ။ သမိုင်းအကြောင်းပြောလျှင် ခေတ်ပြိုင်အထောက်အထားများ အရေးကြီးကြောင်း၊ ခေတ်ပြိုင်အထောက်အထားဖြင့် တင်ပြနိုင်မှသာလျှင် သမိုင်းပညာရှင်များ လက်ခံကြောင်း၊ ဗမာသမိုင်း၊ ပျူသည် ဗမာ ဟူသော သမိုင်းတို့နှင့် ပက်သက်၍ ရှေ့ပိုင်းတွင် ကျွန်တော်တင်ပြခဲ့သော စာပေအထောက်အထား (Textual evidences) များနှင့် ရှေးဟောင်းသုတေသန အထောက်အထား (Archaeological evidences) များ အားလုံးနီးပါးမှာ အထက်ပါစာတမ်းဖတ်ပွဲ ၂ ပွဲတွင် သမိုင်းပညာရှင်အဖွဲ့သို့ ကျွန်တော် တင်ပြခဲ့သော ခေတ်ပြိုင်အထောက်အထားများ ဖြစ်ကြောင်း၊ ဆရာကြီး ဒေါက်တာသန်းထွန်းလည်း စစ်ဆေးပြီး မြန်မာ့သမိုင်းပြုစုရေးအဖွဲ့ ပညာရှင်များလည်း ကြားနာစစ်ဆေးပြီးသော အထောက်အထားများလည်းဖြစ်ကြောင်း၊ ယင်းအထောက်အထားများအရ ဂျီအိပ်ချ်လုစ်၏ ဗမာအစ ကျောက်ဆည် (အေဒီ ၉ ရာစုလွန်မှ ဗမာ့သမိုင်းစ) ဟူသော ဗမာ့သမိုင်း အယူအဆမှားခြင်း၊ ဗလက်ဒင်နှင့် ဂျီအိပ်ချ်လုစ် ပြောခဲ့သော ပျူ နှင့် မြန်မာ မတူဟူသော အယူအဆ မှားခြင်းတို့ ပေါ်ပေါက်ခဲ့ကြောင်း ဆိုလိုရင်းဖြစ်ပါသည်။

ကျွန်တော့်အနေနှင့် နှစ် နှစ်ထောင်ကျော်ခဲ့ပြီးဖြစ်သော ဗမာ့သမိုင်းကိုလည်းကောင်း၊ ပျူသည် ဗရမ္မာ-ဗမာ၏ အမည်ပွားတစ်ခုဖြစ်ပြီး ပျူသည် ဗရမ္မာ-ဗမာပင်ဖြစ်ကြောင်းကိုလည်းကောင်း ခေတ်ပြိုင်အထောက်အထားများဖြင့် ပြောခဲ့ ရေးခဲ့ပါသည်။

သို့သော် သမိုင်းပြောလျှင် ခေတ်ပြိုင်အထောက်အထားဖြင့် ပြောရမည်ဟူသော အချက်ကို နားမလည်ပဲ ကန့်ကွက် ငြင်းခုန်သူအချို့ရှိကြောင်း သိရပါသည်။ ယင်းသူတို့အကြားတွင်  ကလောင်ရှင် မောင်ပြူး (သံတွဲ)ပုရိသ၊ ငထက်ပြည့်၊ မောင်သာနိုး နှင့် မောင်ကြည်ပန်း (မြင်းကပါ) တို့ ပါဝင်ပါသည်။ 

ပျူသည် ဗမာမဟုတ်ဟု ထိုသူတို့ ကန့်ကွက်ငြင်းဆန်ကြခြင်းမှာ ကျွန်တော် နှစ်ပေါင်းများစွာ အပတ်တစ်ကုတ် သုတေသနပြု၊ စာရင်းပြုစု ဖော်ထုတ်ထားသော အိန္ဒိယအထောက်အထားများ၊ တရုတ် အထောက်အထားများ၊  ပုဂံခေတ်ထိုး  ကျောက်စာအထောက်အထားများ၊ သရေခေတ္တရာတွေ့ အထောက်အထားများ၊ ရခိုင် အထောက်
အထားများကို နှံ့နှံ့စပ်စပ် ပြန်လည်စစ်ဆေး လေ့လာမှု မရှိသောကြောင့် ဖြစ်ဟန်ရှိပါသည်။

ခေတ်ပြိုင်အထောက်အထား ပေါင်းစုံတို့က သရေခေတ္တရာ ဗရမ္မာ-ဗမာ-ဗြုမ်မာ-ပြုမ်မာ-ပြုမှာ-ပျူဗရမ္မာ-ပရမ္မာ-မရမ္မာ-မြမ္မာ-မြန်မာ အားလုံးသည် အတူတူဖြစ်ကြောင်း၊ ကန်အမည်ပွား အမည်ကွဲအားလုံးသည်  ဗရမ္မာ၏ ကြောင်းတူ သံကွဲ အမည်များဖြစ်ကြောင်း ထင်ရှားစွာ ထောက်ခံဖော်ပြလျှက် ရှိသည်ကို ဆရာကြီးဒေါက်တာသန်းထွန်းနှင့် ပညာရှင်ဆရာကြီးအချို့ အဆက်အစပ်မိ သိရှိနားလည်ကြသော်လည်း သမိုင်းပညာရှင် မဟုတ်သော ထိုပုဂ္ဂိုလ်တို့ အဆက်အစပ် မမိနိုင်။ နားမလည်နိုင် ဖြစ်နေကြောင်း တွေ့မြင်ရပါသည်။ 

ထိုကလောင်ရှင်တို့သည် ယနေ့အထိ ကျန်ရှိနေသော ခေတ်ပြိုင်အထောက်အထားများကို ပြန်လည်လေ့လာစစ်ဆေးမှု အားနည်းနေသည့်အပြင် ထိုသူအားလုံးတို့မှာ “ဗလက်ဒင်၊ ဂျီအိပ်ချ်လုစ်နှင့် ချားလ်ဒူရွိုင်ဆယ်” တို့ လုပ်ခဲ့သော အမှားတစ်ခုကို မှားကြောင်းမသိ။ ထိုအမှားကို အမှန်ဟု အစွဲကြီး စွဲထင် လက်ခံနေကြခြင်းသည်လည်း အကြောင်းတစ်ကြောင်း ဖြစ်ပေမည်။ 

နှပ်ချခံရသကဲ့သို့ ဖြစ်နေပုံတစ်ခုကို ပြန်လည်မစစ်ဆေး။ မလေ့လာသဖြင့် မမြင်။ လျှမ်းကာ မိမိ ဦးနှောက် အလှည့်ခံထားရသည်ကို မသိ မမြင် ဖြစ်နေဟန်ရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
--------------------------------------------------------


ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၄)
    • မူရင်းဆောင်းပါး = Facebook (2014-11-29)
    • https://www.facebook.com/permalink.php?story_fbid=pfbid023PdZGmQfKq5ZMf6urX36AFP2sG5KpKEWvLs2vvLpgouFC46ERBKoTTT3x1NEg7ual&id=100057080305565








..................................................................................................
(မြန်မာကို ပျူမဟုတ် ဟူသော ကိုလိုနီဆင်ကွက်)
--------------------------------------------------
သရေခေတ္တရာပြည်၊ သရေခေတ္တရာနိုင်ငံ၊ သရေခေတ္တရာလူမျိုးနှင့် ပက်သက်၍ ရှေးဗမာရာဇဝင်တို့က မည်သို့မှတ်တမ်းတင်ခဲ့ပါသနည်း။

ရှေ့ပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို မကျူးကျော်ခင်ကတည်းက ရှေးဗမာရာဇဝင်တို့တွင် ဗုဒ္ဓအကြိုခေတ် သမိုင်းဦးအချိန်က ဗရမ္မာ(ဗြဟ္မာ) လူမျိုးတို့သည် ဟန်လင်း ခေါ် ဟံသာဝတီမင်းနေပြည်ကြီးကို တည်ထောင်နေထိုင်ခဲ့ကြကြောင်း၊ ယင်း ဟန်လင်းပြည်ကြီးပျက်သည့်နောက်တွင် ဗရမ္မာလူမျိုးတို့ ၃ စုကွဲ၍ တစ်စုသည် အနောက်ရိုးမကို ဖြတ်သန်း၍ ပင်လယ်ကမ်းယံအရပ်၌ ဓညဝတီပြည်ကြီး တည်ထောင်နေထိုင်ကာ၊ တစ်စုသည် တနင်္သာရီဒေသသို့ ပြောင်းရွှေ့ထူထောင်နေထိုင်ကြလျှက် ကျန်တစ်စုသည် ဟန်လင်းပြည်ကြီးဒေသတွင်ပင် ဒုတိယဟန်လင်းပြည်ကြီး တစ်ဖန်ပြည်လည် ထူထောင်နေထိုင်ကြကြောင်း။

ယင်း ဒုတိယဟန်လင်းပြည်ကြီး ပျက်သုန်းသောအခါ ဗရမ္မာလူမျိုးတို့သည် နေရာဒေသ ရွှေ့ပြောင်းပြီး နောက်ထပ် ပြည်ကြီးများ တစ်ပြည်ပြီးတစ်ပြည် တည်ထောင်နေထိုင်ကြကြောင်း၊ ယင်းပြည်ကြီးများအနက် “တကောင်းပြည် ၅ ပြည်၊ တောင်တွင်းပြည်၊ သရေခေတ္တရာပြည်၊ ပုဂံပြည်”ကြီးများ ပါဝင်ကြောင်း။ 

ကာလ ကြာမြင့်လတ်သော် ဗရမ္မာအမည်မှ ဗရုမ်မာ-ပရုမ်မာ-ပြုမာ-ပြု ဟုလည်းကောင်း၊ ဗရမ္မာ-ပရမ္မာ-မရမ္မာ-မြန်မာ ဟုလည်းကောင်း အမည်များ ရွေ့လျောပြောင်းလဲဖြစ်ပေါ်ကြောင်းမှတ်တမ်းတင်ဖော်ပြထားပါသည်။

သရေခေတ္တရာပြည်ကြီး ပျက်စီးသောအခါ မြန်မာပျူတစ်စုသည် တောင်ငူကမ်းပါးမြင့် အရပ်သို့ ရွေ့ပြောင်းလျက် မြို့ပြတည်ထောင်နေထိုင်ကြောင်း၊ သရေခေတ္တရာအရပ်၌ ကြွင်းသောမြန်မာ ဟူသော ပျူတစ်စုရှိကြောင်း ရှေးဗမာရာဇဝင်တွင် မှတ်တမ်းတင်ထားပါသည်။

သရေခေတ္တရာပြည်ကြီးကို တကောင်းပြည် ပျူဗမာမင်းကြီး၏ သားတော် (ရသေ့ကြီး၏ တူတော်) မဟာသမ္ဘဝမင်း၏ သားတော် ဒွတ္တပေါင်မင်း သာသနာတော် ၁၀၁ ခုနှစ် (ဘီစီ ၄၄၀)တွင် တည်ထောင်ကြောင်း၊ ပုဂါမ ပုဂံဈေးမြို့ကို သရေခေတ္တရာတည်ပြီးနောက် အနှစ် ၃၀၊ သာသနာတော် ၁၃၀ ခုနှစ် (ဘီစီ ၄၁၀)ခုနှစ်တွင် တည်ထောင်ပြီး နေ့စဉ် ကုန်ရောင်း ကုန်ဝယ်သူတို့ဖြင့် ပုဂံဈေးမြို့ကြီး ကြက်ပျံမကျ စည်ကားကြောင်း၊ 

သရေခေတ္တရာဒွတ္တပေါင်မင်းကြီးသည် အခြားသောမြို့ပြနိုင်ငံများကို အနုနည်း၊ အကြမ်းနည်းတို့ဖြင့် သိမ်းသွင်းသြဇာခံစေကာ ဧကရာဇ်နိုင်ငံ ထူထောင်အောင်မြင်ကြောင်း၊ မင်းဆက်ပေါင်း ၂၇ ဆက်ရှိကြောင်း၊ သရေခေတ္တရာမှ ၂၅ ဆက်မြောက် သုပန္ဒရီမင်းသည် ရောက်ဆဲသက္ကရာဇ် ၆၂၂ ကို ပြိုပြီး  ၂ မှ  ပြည်လည် ရေတွက်ကြောင်း၊ ယင်းသက္ကရာဇ်အသစ် ၁၆ နှစ်တွင် သရေခေတ္တရာ နောက်ဆုံးမင်း အသက် ၄၁ နှစ်တွင် နတ်ရွာစံပြီး မင်းနေရာ လုကြရာမှ သရေခေတ္တရာပြည်ကြီး ပြိုကွဲပျက်သုန်းကြောင်း၊ သရေခေတ္တရာပြည်ကြီး ပျက်သုန်းခြင်းမှာ လုစ်စိတ်ကူးယဉ်ပြောသလို စကောစစ်ကြောင့် မဟုတ်ကြောင်း၊ 

နောက် ၁၂ အကြာ အေဒီ ၁၀၈ ခုနှစ်တွင် နတ်ရွာစံ သရေခေတ္တရာနောက်ဆုံးမင်း၏ တူတော် သမုဒ္ဒရာဇ်မင်းသားသည် ပုဂံဒေသမှ ရွာကြီး ၁၉ ရွာအပါအဝင် ရွာပေါင်းတစ်ထောင်ကျော်အင်အားဖြင့် စုစည်း၍ ပုဂံမြို့ဈေးဒေသတွင် အရိမဒ္ဒနမင်းနေပြည် တည်ထောင်ကြာင်း၊ ပုဂံမြို့ဈေးဒေသတွင် တည်ထောင်၍ ယင်း အရိမဒ္ဒနမင်းနေပြည်ကြီးမှာ ပုဂံပြည်ကြီးဟု ခေါ်တွင် ထင်ရှားကြောင်း သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင်နှင့် အခြားသော ရှေးဗမာရာဇဝင်များတွင် မှတ်တမ်းတင်ဖော်ပြထားကြပါသည်။

(သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင်တို့ပါ အထက်ပါ မှတ်တမ်းတင်ချက်များသည် သမိုင်းသုတေသန၊ ရှေးဟောင်းသုတေသန တွေ့ရှိချက်တို့နှင့် မည်မျှကိုက်ညီပါသနည်း။)

သရေခေတ္တရာမြို့ဟောင်း (အဆောက်အဦးပျက်)တွေ့ မီးသွေးခဲများကို သက်တမ်း (ကာဗွန်ဒိတ်တင်း) စစ်ဆေးတွေ့ရှိချက်အရ ယင်းမီးသွေးခဲတို့မှာ ဘီစီ ၂ ရာစု - အေဒီ ၂ ရာစုကြား သက်တမ်းရှိကြောင်း စစ်ဆေးသိရှိရရာ သရေခေတ္တရာမြို့ ပျက်သုန်းချိန်သည် စောလျှင် ဘီစီ ၂ ရာစု၊ နောက်ကျလျှင် အေဒီ ၂ ရာစု ဖြစ်ကြောင်း၊ သရေ
ခေတ္တရာမြို့ ပျက်သုန်းချိန်သည် အေဒီ ၁၀၈ ခုနှစ်ဟု ဖော်ပြထားသော ရှေးဗမာရာဇဝင်များ မှန်ကန်ကြောင်း၊ သရေခေတ္တရာနိုင်ငံခေတ်ကို အေဒီ ၇ ရာစုနှောင်းပိုင်းအထိ ရှိမည်ဟု မရေမရာ မသေချာသော အက္ခရာမှန်းဆချက်တို့ဖြင့် ပြောသော ဗလက်ဒင်နှင့် ဂျီအိပ်ချ်လုစ်တို့ မှားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာန၏ တူးဖော်လေ့လာကြိုးစားမှု ရလာဒ်ကောင်း ဖြစ်ပါသည်။

အေဒီ ၂၂၆ ခုနှစ် တရုတ်နိုင်ငံ ဝေ့နန်းတော်မှတ်တမ်းတွင် ပုဂံနိုင်ငံကို မှတ်တမ်းတင်ဖော်ပြထားကြောင်း ပြင်သစ်ပညာရှင် ဖဲရန်း၊ ဂျီအိပ်ချ်လုစ်နှင့် ဦးရည်စိန်တို့ သုတေသနပြု ဖော်ပြခဲ့ကြပါသည်။ ယင်းအေဒီ ၂၂၆ ပုဂံနိုင်ငံ ဟူသော အထောက်အထားအရ အေဒီ ၁၀၈ ခုနှစ်တွင် ပုဂံနိုင်ငံသို့ ပြောင်းလဲရောက်ရှိကြောင်း၊ သရေခေတ္တရာ
နိုင်ငံခေတ် မဟုတ်တော့ကြောင်း ဖော်ပြထားသည့် ရှေးဗမာရာဇဝင်များ မှန်ကန်ကြောင်း တွေ့မြင်ရပါသည်။

သရေခေတ္တရာမင်းဆက်တွင် မင်းပေါင်း ၂၇ ဆက်ဟု ဖော်ပြထားသော်လည်း ရှေးကျောက်စာ တစ်ချပ်တို့တွင်မှ ယင်းမင်းတို့၏ အမည်များကို တစ်မည်မျှ မပါရှိ၊ မတွေ့မြင်ရ၍ သရေခေတ္တရာမင်းဆက် အမည်တို့ကို ရှေးဗမာရာဇဝင်များတွင် ဖော်ပြချက်မှာ သမိုင်းမှန်မဟုတ်၊ ဒဏ္ဍာရီမင်းဆက်ဟု တစ်ချို့သူများက ထင်မြင်ယူဆ ပြောဆို
ကြပါသည်။

သို့သော် သရေခေတ္တရာ မြို့ဟောင်းကြီးအတွင်းတွေ့  အတိတျာကျောက်အရိုးအိုး (ယခု အမျိုးသားပြတိုက် ကျောက်အိုး) တွင် ရေးထိုးထားသော စာလုံးရေ တစ်ထောင်ကျော်ပါ ကျောက်စာကြီးတွင် ရှေးဗမာရာဇဝင်တို့တွင် ဖော်ပြထားသော “သဃဗံး ၊ ကံနူဋ္ဌော်ဗံး ၊ အတိတျာမင်း” အစရှိသည့် သရေခေတ္တရာမင်း အချို့၏ အမည်များကို ထင်ရှားစွာ ရေးထိုးဖော်ပြထားရာ ရှေးဗမာရာဇဝင်တို့ပါ သရေခေတ္တရာ မင်းအမည်များမှာ ဒဏ္ဍာရီမင်းများ (ဝါ) သမိုင်းအတု မဟုတ်ပဲ သမိုင်းမှန်ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

ရှေးဗမာရာဇဝင်တို့က သရေခေတ္တရာပြည်မှ မင်းနှင့်ပြည်သူ တို့သည်လည်းကောင်း၊ အေဒီ ၂ ရာစု စတင်သော ပုဂံမင်းနှင့် ပြည်သူတို့သည်လည်းကောင်း ဗရမ္မာ-မြန်မာ-ပျူ ဟု ၃ မည်ရ ရှေးဗမာလူမျိုးများဖြစ်ကြောင်း မှတ်တမ်းတင်ဖော်ပြထားပါသည်။ ယင်း ဗမာရာဇဝင် ဖော်ပြချက်တို့ကို အိန္ဒိယအထောက်အထား၊ တရုတ်အထောက်အထားတို့နှင့် နှိုင်းယှဉ်စစ်ဆေးကြည့်နိုင်ပါသည်။ 

ရှေးအိန္ဒိယသားတို့က သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဗြဟ္မာ-ဗရမ္မာ-ဗရမာ-ဗရမိ ဟု သိရှိခေါ်ဝေါ် မှတ်တမ်းတင်ခဲ့ကြပါသည်။ ယင်းသို့ အိန္ဒိယသားတို့က ဗရမ္မာ-ဗရမိ ဟု သိရှိခေါ်ဝေါ်သော သရေခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဘီစီ ၂ ရာစု  နှင့် အေဒီ ၄-၆ ရာစု တရုတ်တို့က ဗရမ္မာ ဟုလည်းကောင်း၊ ပျူ ဟုလည်းကောင်း သိရှိမှတ်တမ်းတင်ခြင်း၊ ယင်းသို့ ဘီစီ ၂ ရာစု အေဒီ ၆ ရာစု တရုတ်တို့က ဗရမ္မာလည်းခေါ် ပျူလဲခေါ်သော ဗရမ္မာပျူလူမျိုးကို အေဒီ ၁၁ - ၁၄ ရာစု တရုတ်တို့က မြန်မာဟုလည်းကောင်း၊ ပျူဟုလည်းကောင်း သိရှိမှတ်တမ်းတင်ချက်အရ ဗရမ္မာသည် ပျူ၊ ဗရမ္မာပျူသည် မြန်မာပျူဖြစ်ကြောင်း အလွန်ထင်ရှား ပေါ်ပေါက်နေပါသည်။ 

ပုဂံခေတ်ကျောက်စာ အထောက်အထားများတွင်လည်း ဗြဟ္မာ-ဗရမ္မာကို ပြုမ်မာ၊ ပြုမှာ ဟု အနက်တူ အသံကွဲရေးထိုးခြင်းများအရ ဗရမ္မာလူမျိုးသည် ပြုမာလူမျိုး၊ အတိုကောက် ပြုလူမျိုးပင်ဖြစ်ကြောင်း ထင်ရှားတွေ့မြင်ရပါသည်။ သရေခေတ္တရာမြို့ကြီးကို မွန်တို့က ဗရမ္မာ-ပရုမိမာ ၏အတိုကောက် ဗရုမ်း-ပရုမ်း ဟုခေါ်ဆိုခဲ့ကြ၍ အင်္ဂလိပ်တို့ကလည်း ပရုမ်းဟုပင် မှတ်သားခေါ်ဆိုကြရာ ပရုမ်းသည် ဗရမ္မာ-ပရုမ်မာကို ရည်ညွှန်းပြဆိုကြောင်း ထင်ရှားနေပါသည်။ 

ပုဂံကို ပုရာဂမ္မ-အရိမဒ္ဒနဟု လည်းကောင်း၊ ပုဂံဟုလည်းကောင်း ပုဂံခေတ် သုလဖရစ်သားကျောက်စာရေးထိုး အထောက်အထားအရလည်း ပုရာဂမ္မသည် ပုဂံ၊ ပုရာဂမ္မသည် ပြူဂါမ၊ ပြူဂါမသည် ပြုမာဂါမ-ဗရမ္မာဂါမ-ဗမာမြို့ပင် ဖြစ်ကြောင်းလည်း ကောင်းစွာထင်ရှားပေါ်ပေါက်နေပါသည်။ 

ထို့ပြင် သရေခေတ္တရာ ခင်ဘကုန်းစေတီ  ဌာပနာတိုက်မှ ရရှိသော ငွေဗောဓိပင်ကြုတ် အခြေစာပါ ပုဗရမိ ဟူသော စာအထောက်အထားသည်လည်း ပုဗရမိ-ပျူဗရမ္မာ-ပျူသည် ဗမာလူမျိုးမှန်ကန်ကြောင်း သက်သေခံအထောက်အထားကြီးတစ်ခု ဖြစ်ပါသည်။ (စကားချပ်-ပါဠိဘာသာ ဗြဟ္မာ-ဗရမ္မာကို သက္ကဋဘာသာဖြင့် ဗရမာ၊ ဗရမိ ဟုခေါ်ဆိုပါသည်။ သရေခေတ္တရာတွေ့ အတိတျာမင်း ကျောက်အရိုးအိုးဟု အမည်ပေးထားသော ကျောက်အိုးစာတွင်လည်း ဗြဟ္မာတိုင်း ဟု ရေးထိုးထားသော အထောက်အထားတစ်ခု ပါရှိပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
---------------------------------------------------------


ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၅)
    • မူရင်းဆောင်းပါး = Facebook (2014-12-01)
    • https://www.facebook.com/photo/?fbid=768100569926164&set=a.751110368291851&__cft__[0]=AZUCaiOzX9WjTAVeyEEQjTZiJGaFn5VyDKlgFisF51aO1twg2w9iKxzRbHVesbdzk_tBNK31paaMfEoAzkmKyW4nUGxlHEfNqlyVyfNzrk5eD31aTkS-4PhEmAN7nU2QII8Qyu21jyAZ1k1JnWz09HYe7dL9FGqsYzguHFMC_5QWj0f0mS3YHIaD9YOrm645FuUQAwNA7aQK246irhBx68V-&__tn__=%2CO%2CP-R



..................................................................................................

ရှေ့တွင်ဖော်ပြခဲ့သော အိန္ဒိယ၊ တရုတ်၊ သရေခေတ္တရာ၊ ပုဂံတွေ့ အထောက်အထားများအရ ဗရမ္မာ-မရမ္မာ-မြန်မာ သည် ပျူ လူမျိုးဖြစ်ကြောင်း၊ ပုဂံမြို့သည် ပြုဂါမ-ပြုမာဂါမ-ဗရမ္မာဂါမ-ဗမာဂါမမြို့ ဖြစ်ကြောင်းများ အလွန်ထင်ရှားနေရာ မြန်မာ ဟူသောပျူ၊ မြန်မာဟူသည် ပျူ့သား ပျူ့မြေး၊ သရေခေတ္တရာအရပ်၌ ကြွင်းသောအုပ်စု မြန်မာဟူသောပျူ ဟူသည့် ရှေးဗမာရာဇဝင် မှတ်တမ်းတင်ချက် မှန်ကန်ကြောင်းအလွန်ထင်ရှား နေပါသည်။

ယင်းသို့ ရှိနေသော အထောက်အထားပေါင်းစုံကို မျက်ကွယ်ပြု လစ်လျူရှု ထိမ်ချန်ပြီး မြန်မာသည် ပျူမဟုတ်ဟုဆိုရန် သင့်လျော်ပါမည်လော။ အခိုင်အမာရှိနေသော ရှေးခေတ်ပြိုင် အထောက်အထားများကို လစ်လျူရှုထိမ်ချန်ပြောဆိုသူတို့မှာ သမိုင်းပညာမတတ်ပဲ “ငါ့စကား နွားရ” ပြောသူများနှင့် သမိုင်းဘွဲ့ရသော်လည်း သမိုင်းဘွဲ့ရ၊ သမိုင်းဆရာ မပီသသူမျိုးသာ ဖြစ်ပေလိမ့်မည်။

မြန်မာ-ဗမာတို့ အဖို့ကား မြန်မာသည် ပျူဖြစ်ကြောင်း ခေတ်အဆက်ဆက် သိခဲ့ပြီး ဖြစ်သည်။ “ပျူစစ်လျှင် မြန်မာ” ဟူသော ဆိုရိုးစကားပင် ယနေ့ခေတ်တိုင် ကြွင်းကုန်တည်ရှိနေပါသည်။ ဗမာမင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် သူ့ကိုယ်သူ ပျူလူမျိုးဖြစ်ကြောင်း အတိအလင်း ဖော်ပြခဲ့သည်။ 

မြန်မာကို ပျူမဟုတ် ဟူသောစကား၊ သရေခေတ္တရာမြို့နှင့် ပြည်သူတို့ကို မြန်မာမဟုတ်သော ပျူဟူသော စကားတို့ကို မည်သူတို့ စတင်ဖန်တီးပြောဆိုခဲ့ပါသနည်း။

မြန်မာကို ပျူမဟုတ်ဟု စတင်ဖန်တီးပြောဆိုခဲ့သူမှာ ကိုလိုနီခေတ် အင်္ဂလိပ်လူမျိုး သမိုင်းပညာရှင်မဟုတ်သော ဘာသာဗေဒပါရဂူ စီအို ဗလက်ဒင် (C.O.Blagden) ဖြစ်ပါသည်။ စီအိုဗလက်ဒင်၏ အဆိုပါစကားကိုလက်ခံပြီး ပြန့်ပွားအောင်၊ ခေတ်စားအောင် လုပ်ခဲ့သူတို့မှာ ကိုလိုနီခေတ် ပညာရှင်များဖြစ်သော အင်္ဂလိပ်လူမျိုး ဂျီအိပ်ချ်
လုစ် (ရန်ကုန်ကောလိပ် အင်္ဂလိပ်စာ ပါမောက္ခ-၁၉၁၂)နှင့် ပြင်သစ်လူမျိုး ချားလ်ဒူရွိုင်ဆယ် (ကျောက်စာဝန်နှင့် ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ-၁၉၁၂) တို့ဖြစ်ပါသည်။

မြန်မာသည် ပျူမဟုတ်၊ သရေခေတ္တရာ (မြန်မာမဟုတ်သော) ပျူလူမျိုး၊ ပျူအက္ခရာ၊ ပျူမြို့ ဟူသော ဖန်တီးချက်တို့၏ မူလလက်ရာရှင်မှာ စီအိုဗလက်ဒင် သာဖြစ်ပါသည်။ ထိုသို့ မြန်မာသည် ပျူမဟုတ်ဟုပြောဆိုရန် စိအိုဗလက်ဒင်မှာ မည်မျှ သေချာပါသနည်း။ ဆိုလိုသည်မှာ မြန်မာသည် ပျူမဟုတ်ဟု ပြောရန် စီအိုဗလက်ဒင်မှာ ခေတ်ပြိုင်အထောက်အထား ရရှိ၍လော သို့မဟုတ် ခေတ်ပြိုင်အထောက်အထား မရှိ၊ မကြည့်ပဲ တစ်ဖက်သက် လိုရာဆွဲပြောသော စိတ်ကူးယဉ်စကားလော။

စီအိုဗလက်ဒင်ပဲ ပြောပြော၊ လုစ်ပဲပြောပြော၊ ချားလ်ဒူရွိုင်ဆယ်ပဲ ပြောပြော၊ အခြားမည်သူပင် ပြောပြော ကျွန်တော်တို့ (အထူးသဖြင့် သမိုင်းသမားများ၊ သမိုင်းစိတ်ဝင်စားသူများ၊ ပျူကို စိတ်ဝင်စားသူများ) ပြန်လည် စစ်ဆေးရန် လိုပါသည်။ ထိုသူ ၃ ဦး ပြောတိုင်း မစစ်ဆေးပဲ အဘယ့်ကြောင့် မျက်စိမှိတ် ယုံကြည်လက်ခံ ရမည်နည်း။

သမိုင်းပညာဟူသည်မှာ စစ်ဆေးခြင်းဖြစ်ပါသည်။ အရေးကြီးလှသော မိမိလူမျိုးသမိုင်း၊ နိုင်ငံသမိုင်းအကြောင်းကို နိုင်ငံခြားသား (အထူးသဖြင့် ကိုလိုနီခေတ် နိုင်ငံခြားသား အင်္ဂလိပ်)များ၏ ပြောဆိုရေးသားချက်များကို မစစ်ဆေးပဲ လက်ခံရန် သင့်လျော်လိမ့်မည် မဟုတ်၊ မှားနေပါက မိမိ လူမျိုးသမိုင်း၊ မိမိ နိုင်ငံသမိုင်း၊ မိမိ ယဉ်ကျေးမှုသမိုင်းသာ နစ်နာပွန်းပဲ့ပေလိမ့်မည်။

စီအိုဗလက်ဒင်သည်လည်း သမိုင်းဘုရားမဟုတ်၊ ဂျီအိပ်ချ်လုစ်သည်လည်း သမိုင်းဘုရားမဟုတ်။ ထိုသူတို့သည် ပုထုဇဉ်လူသားသာ ဖြစ်၍ ဆန္ဒစောခြင်း၊ ဘက်လိုက်ခြင်း၊ လျှမ်းခြင်း၊ လိုရာဆွဲပြောခြင်း ဟူသော အမှားများ လုံးလုံးကင်းလိမ့်မည်ဟုစိတ်ချရသည် မဟုတ်ပါ။

သမ္မာသမ္ဗုဒဘုရား ဖြစ်တော်မူသော ဂေါတမဗဒ္ဓဘုရားရှင်သည် “ဘယ်သူပြောပြော မယုံနှင့်ဦး၊ ငါဘုရား ပြော၍လည်း မယုံနှင့်ဦး၊ ကိုယ်တိုင် လေ့လာဆန်းစစ်ပြီး ဟုတ်မှန်မှ ယုံကြည် လက်ခံပါ”   ဟူ၍ သတိပေး ဟောကြားတော် မူခဲ့ပါသည်။

မြန်မာသည် ပျူမဟုတ် ဟူသောစကား ကိုလိုနီခေတ်တွင် မည်ကဲ့သို့ပေါ်ပေါက်လာသနည်း ဆိုသည်ကို အရင်းဇစ်မြစ်မှစ၍ ကျွန်တော်တို့ မြန်မာပြည်သူများ လေ့လာဆန်းစစ်ကြရန်လိုပါသည်။

ရာဇကုမာရမင်းသား၏ ဂူပြောက်ကြီးကျောက်စာတိုင်တို့ဆီ ပြန်သွားကြည့်ရပါမည်။ ရာဇကုမာရ၏ ဂူပြောက်ကြီးကျောက်စာတိုင် ၂ တိုင်နှင့်ပက်သက်၍ စကတည်းက အမှားနှင့် စခဲ့ကြသည်။ ယင်းကျောက်စာတိုင် ၂ တိုင်ကို ဂူပြောက်ကြီးနှင့်ဆိုင်သော ကျောက်စာတိုင်မှန်း မသိကြပဲ ဂူပြောက်ကြီးအနီးရှိ မြစေတီနှင့် ဆိုင်သည်ဟု ထင်
ကာ မြစေတီကျောက်စာဟု အမည်မှားတပ်ခဲ့ကြ၍  ယင်းကျောက်စာတိုင်ကို မြစေတီကျောက်စာဟုသာ ယနေ့တိုင် ခေါ်တွင်နေရပါတော့သည်။ ယင်းကျောက်စာသည် မြစေတီနှင့် မဆိုင်။ ဂူပြောက်ကြီးလှိုဏ်ဘုရားနှင့်သာ ဆိုင်သည်ဟု လေ့လာတွေ့ရှိခဲ့ကြ၍ အမှားပြင်ရေးသားမှုများ ပြုခဲ့ကြပြီးဖြစ်ပါသည်။ ထို့ထက် ဆိုးဝါးသော အမှားကို ၁၉၁၁-၁၂ ခုနှစ်တွင် ကိုလိုနီခေတ် ပညာရှင်ဆိုသူများက ထပ်မံပြုလုပ်ခဲ့ကြပါသည်။ 

မြစေတီကျောက်စာဟု ယနေ့တိုင်ခေါ်နေကြရသော ဂူပြောက်ကြီးကျောက်စာတိုင် တွေ့ရှိပုံမှ ပြန်စ၍ ရှင်းရန်လိုပါသည်။ မြန်မာနိုင်ငံ၊ ပထမမြောက် ကျောက်စာဝန် (ရှေးဟောင်းသုတေသနမှူး၊ ၁၈၈၀-၁၈၉၀) ဂျာမန်လူမျိုး အီဖောသျမ်းမားသည် ပုဂံဒေသခံ ပြည်သူတို့ထံမှ သတင်းရ၍ မည်သူမှ မဖတ်တတ်သော ကျောက်စာတိုင် တစ်တိုင်ကို ပုဂံဒေသ၌ ၁၈၉၆ ခုနှစ်တွင် လေ့လာကြည့်ရှု ထိမ်းသိန်းမှတ်တမ်းတင် ပေးခဲ့ပါသည်။ ဂူပြောက်ကြီး လှိုဏ်ဘုရားဝန်းနှင့် ကပ်လျှက် မြစေတီဘုရားနားတွင် တွေ့ရသဖြင့် ယင်းကျောက်စာတိုင်ကို မြစေတီကျောက်စာဟု အမည်ပေးမှတ်တမ်း သွင်းခဲ့ပါသည်။ ယင်းကျောက်စာတိုင်ပါ ၄ မျက်နှာအနက် ၁ မျက်နှာကို မဖတ်တတ်၍ မည်သည့်ဘာသာစကားနှင့် ရေးထိုးထားမှန်းမသိသောကြောင့် အမျိုးအမည်မသိ ကျောက်စာ (unknown inscription) ဟုသာ အီဖောသျှမ်းမားတို့ ခေါ်ဆိုခဲ့ပါသည်။

ဆရာကြီး တော်စိန်ခို (ဒုတိယမြောက်ကျောက်စာဝန်) လက်ထက်တွင် အလားတူ မည်သူမှ မဖတ်တတ်သော ကျောက်စာတိုင်အပိုင်းကျိုးများကို မြစေတီဝန်းနံရံ တံတိုင်းပြုပြင်ရင်း ၁၉၀၄ ခုနှစ်တွင် ထပ်မံတွေ့ရှိရ၍ မြစေတီကျောက်စာဟုပင် အမည်တပ် ထိန်းသိမ်းမှတ်တမ်းသွင်း သကဲ့သို့ ယင်းကျောက်စာတိုင်ပါ စာ ၄ မျက်
နှာအနက် မည်သည့်ဘာသာစကား နည်းဟု မဖတ်နိုင်၊ မသိသေး၍ အမျိုးအမည်မသိ ကျောက်စာ (unknown inscription)ဟုသာ ခေါ်ဆိုခဲ့ပါသည်။ 

မည်သည့်ဘာသာစကားရေး ကျောက်စာနည်းဟု မသိသေးလျှင် အမှားမရှိစေရန် အမျိုးအမည်မသိ (unknow) ဟုသာ ခေါ်ဆိုရမည့် သုတေသန ထုံးနည်းကို လေးစားလိုက်နာလျှက် ကျောက်စာဝန် အီမောသျှမ်းမားနှင့် တော်စိန်ခိုတို့က ထိုကျောက်စာတိုင် ၂ တိုင်ပါ မဖတ်တတ်သော စာတစ်မျက်နှာစီကို အမျိုးအမည်မသိစာ (unknown
 inscription) ဟုသာ သတ်မှတ်ခေါ်ဆိုခဲ့ကြပါသည်။

ဒုတိယမြောက်ကျောက်စာဝန် တော်စိန်ခို (၁၈၉၀-၁၉၁၁) အငြိမ်းစားယူမည့် (၁၉၁၁-၁၂) ကာလတွင် အလားတူ ရှေးအက္ခရာဆင်တူများနှင့် ရေးထိုးထားသော အမျိုးအမည်မသိစာ (unknown) များကို သရေခေတ္တရာမြို့ဟောင်းဒေသ ဘောဘောကြီးစေတီအနီးမှ ထပ်မံတွေ့ရှိခဲ့ကြပြန်ပါသည်။ ယင်းစာတို့မှာ ရှေးဟောင်းကျောက်အရိုးအိုးကြီး ၄ လုံးပေါ်တွင် ရေးထွင်းထားသော ရှေးဟောင်းကျောက်စာ ၄ ခုဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
--------------------------------------------------------

ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၆)
    • မူရင်းဆောင်းပါး = Facebook (2014-12-01)
    • https://www.facebook.com/photo/?fbid=768553333214221&set=a.751110368291851


..................................................................................................

ဆရာကြီး တော်စိန်ခို၊ တတိယမြောက် ကျောက်စာဝန်အဖြစ် ဆက်ခံမည့် ချားဒူရွိုင်ဆယ်လ် (ရန်ကုန်ကောလိပ်၊ ပါဠိပါမောက္ခ) နှင့် ဂျီအိပ်ချ်လုစ် (ရန်ကုန်ကောလိပ်၊ အင်္ဂလိပ်စာပါမောက္ခ) တို့ တိုင်ပင်သဘောတူပြီး မြစေတီကျောက်စာတိုင်ပါ ကျောက်စာ ၄ မျက်နှာ၏ မင်ကူးဓါတ်ပုံများနှင့် သရေခေတ္တရာ ကျောက်အရိုးအိုးကြီး ၄ လုံး
ပေါ်ပါ ကျောက်စာ ၄ မျိုး၏ မင်ကူးဓါတ်ပုံများကို ဂျီအိပ်ချ်လုစ်၏ ဆရာသမားအရင်းဖြစ်သူ မစ္စတာ ဗလက်ဒင် (ဘာသာဗေဒပါမောက္ခ၊ လန်ဒန်တက္ကသိုလ်၊ အင်္ဂလန်)သို့ ပေးပို့၍ အဆိုပါ အမျိုးအမည်မသိ စာများကို ဖတ်ရှု ဖော်ထုတ် အကြောင်းပြန်ပေးပါရန် အကူအညီ တောင်းခံခဲ့ကြပါသည်။

မြန်မာသည် ပျူမဟုတ် ဟူသော ဇာတ်ရှုပ်သည် ထိုဖြစ်ရပ်မှ စတင်ဖြစ်ပေါ် လာခဲ့ပါသည်။ မည်ကဲ့သို့ ထိုဇာတ်ရှုပ် စတင်ခဲ့ပါသနည်း ဆိုလျှင် ဗလက်ဒင်သည် အဆိုပါ အမျိုးအမည်မသိ ကျောက်စာများကို ဖတ်ရှုကြည့်ပြီး မသေချာသော်လည်း သူ၏စိတ်ထင် မှန်းဆချက်ဖြင့် ယင်းအမျိုးအမည်မသိ စာများကို မြန်မာနှင့် မတူသော ပျူစာ၊ ပျူအက္ခရာများဟု ယာယီအမည်ပေးပြီး ပျူဟုအပြီးသတ် အတည်မပြုပါ။ နောင်အခါ အမည်ပြန်ပြင်ပါဟု ဆိုခဲ့ခြင်းမှ အရှုပ်တော်ပုံ စတင်ခဲ့ပါသည်။

“The evidence at present available seems to indicate that the nation which spoke the language of our text was a forerunner of the Tiberto-Burman movement into the southern parts of the Irawaddy valley and had reached the neighourhood of of Prome (where many of its records have been found) long before the Burmese had come down from the north. The name “Pyu”
has merely been attached to it as a convenient lable , not intrinsically improbable in view of Burmese traditional history , but by no mens to be accepted as final. (C.O.Blagden, The Myazedi Inscriptions , The Pyu Face of the Myazedi Inscription at Pagan , Epigraphia Burmanica , Volume I , Part I , pp.61)

အထက်ပါ ဗလက်ဒင် ရေးသားခဲ့သော စာ၏ အဓိပ္ပာယ်မှာ -

“ကျွနု်ပ်တို့၏ ဤစာအုပ်တွင် ဖော်ပြထားသော ဘာသာစကား (မြစေတီကျောက်စာ “က”တိုင် စတုတ္ထစာမျက်နှာပါ အမျိုးအမည် မသိသောဘာသာစကား) ကို ပြောဆို သုံးစွဲသော တိုင်းနိုင်ငံနှင့် လူမျိုးသည် ဧရာဝတီမြစ်ဝှမ်း တောင်ဘက်အရပ် ဒေသများသို့ ရွှေ့ပြောင်းလာသော တိဗက်ဗမာအုပ်စုများအနက် ရှေ့ပြေးလူမျိုးတစ်မျိုးဖြစ်
သည်ဟု လည်းကောင်း၊ မြောက်ဘက်မှ ဗမာလူမျိုးတို့ ရွှေ့ပြောင်းမလာခင် ကာလကြာမြင့်စွာ ကတည်းက ပရုမ်း(ပြည်)မြို့ အနီးဝန်းကျင် ဒေသများသို့ ဤသူတို့ ရောက်ရှိနေပြီဟု လည်းကောင်း၊ ယခုမျက်မှောက် ရရှိသော ဤအထောက်အထား (မြစေတီကျောက်စာ အမျိုးအမည်မသိ စာမျက်နှာ) က ဖော်ပြနေဟန်ရှိပါသည်။ ထိုသူတို့၏ မှတ်တမ်းများအနက် ကျောက်စာအများအပြားကို ပရုမ်း(ပြည်)ဒေသတွင် တွေ့ရှိထားပြီးဖြစ်ပါသည်။ ထိုလူမျိုး၊ ထိုနိုင်ငံ၊ ထိုစာအတွက် ခေါ်ဝေါ်ရည်ညွှန်းရန် အဆင်ပြေလွယ်ကူမည့် အမည်နာမ တစ်ခုအတွက် “ပြူ” ဟူသော အမည်ကို ထိုလူမျိုး၊ ထိုနိုင်ငံ (ထိုကျောက်စာတို့)အား တပ်ဆင်တွဲဖက်ပေးလိုက်ပါသည်။ အစဉ်အလာ ရှေးဗမာရာဇဝင်ရှုထောင့်မှ ကြည့်လျှင်လည်း (ထိုလူမျိုး၊ ထိုနိုင်ငံ၊ ထိုကျောက်စာအက္ခရာ တို့ကို) ပြူဟု အမည်တံဆိပ် တပ်ဆင်ပေးခြင်းမှာ အမှန်စစ်စစ်အားဖြင့် မဖြစ်နိုင်စရာ ကိစ္စမျိုး မဟုတ်ပေ။ သို့သော် ဤကဲ့သို့ ထိုနိုင်ငံ၊ ထိုလူမျိုး၊ ထိုစာတို့ကို ပြူဟု အမည်တံဆိပ် တပ်ဆင်ပေးခြင်းမှာ နောင်အခါ အမည်ပြောင်းလဲစရာ မလိုတော့သော အပြီးသတ် အတည်ပြုအမည်ဟု လက်ခံယူရန် လုံး၀ မဆိုလိုပါ” ဟူသတည်း။

အထက်ပါ ဗလက်ဒင်၏ ရေးသားချက်တွင် ဗလက်ဒင် မည်မျှ ဆန္ဒစောစွာ ခြေလှမ်းမှား၊ ခြေလှမ်းကျွံကြောင်း တွေ့မြင်နိုင်ပါသည်။ ဗလက်ဒင်သည် ပျူသမိုင်းသုတေသန၊ ဗမာသမိုင်းသုတေသန လုပ်ဖူးခြင်း လုံးဝမရှိ။ ထိုသို့ ပျူဗမာသမိုင်း လုပ်ဖူးရန်ဝေးစွ၊ ဗမာနိုင်ငံသို့ပင် တစ်ခါမျှမရောက်ဖူးပဲ သူ့ထံသို့ ပို့လိုက်သော အမျိုးအမည်မသိ ကျောက်စာမင်ကူးဓါတ်ပုံများကို အင်္ဂလန်စားပွဲ၌ ထိုင်ဖတ်ကာ စိတ်ကူးအယဉ်ကြီး ယဉ်၍ ပျူကို ဗမာမဟုတ်။ ဗမာထက်စောစွာ ပရုမ်း(ပြည်)ဒေသသို့ ရောက်သူများဟု ပျူသမိုင်းသုတေသနလည်း မလုပ်၊ ခေတ်ပြိုင်အထောက်အထားလဲ ကင်းမဲ့စွာ စိတ်ကူးယဉ်ပြော၏။

အမျိုးအမည်မသိ စာများကို သူတစ်ခါမှ မကြားဖူး မတတ်ဖူးသော ပျူစာ၊ ပျူဘာသာဟု စိတ်ကူးယဉ်ပြန်၏။ ပျူစကား ပျူစာကို ဘယ်လိုဟာမှန်းမသိ၊ မမြင်ဖူးပါပဲ ထိုဘာမှန်းမသိသောစာများကို ပျူစာဟု အမည်တပ်၏။ သုညနှင့် သုည ပေါင်းလျှင် သုညမရပဲ တစ် ရသည်ဟု ဆိုနေ၏။ ဘာသတ္တဝါ၏ ခြေရာမှန်းမသိသော ကြွင်းကျန်ရာကို ဂဠုန်ငှက်ခြေရာဟု ပြောနေပုံမျိုးမျှသာ ဖြစ်သည်။ ထို့နောက် သူ့ဘာသာ မသေချာ၊ စိတ်မချ။ ဗမာနှင့်မတူ ပျူဟူသော အမည် မှားနေမည်စိုး၍ ထိုသူများနှင့် ထိုနိုင်ငံ (သရေခေတ္တရာမြို့ဟောင်းကြီးနှင့် ထိုမြို့တည်ထောင်နေထိုင်ခဲ့သောသူများနှင့်)၊ အမျိုးအမည်မသိ ရှေးကျောက်စာတို့ကို ပျူဟု ယာယီအမည်တပ်ခြင်းမျှသာဖြစ်ပြီး အပြီးသတ်အမည်ဟု လုံးဝအတည်မပြု။ အတည်ဟု မမှတ်ယူပါရန်ဟု ဆက်ပြောဆိုပြန်သည်။ ဗလက်ဒင်ကား လျှာ ၂ခွနှင့် စကားရှုပ်ခဲ့ပါသည်။

ထို့ပြင် သရေခေတ္တရာမြို့ဟောင်း၊ သရေခေတ္တရာပြည်သူများ၊ သရေခေတ္တရာနှင့် ပုဂံမြစေတီတို့မှ အမျိုးအမည်မသိစာများကို ခေါ်ရလွယ်အောင် ယာယီအမည်အဖြစ် ပျူဟု အမည်မတပ်သင့်ပဲ တပ်လိုက်ခြင်းမှာ အမျိုးအမည်မသိ မြို့၊ လူ၊ စာ၊ ပစ္စည်းတို့ကို အမျိုးအမည်မသိ (unknown) ဟုသာ ခေါ်ဝေါ်ရမည့် သုတေသန ထုံးနည်းကို ချိုးဖောက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

ရှေးဗမာရာဇဝင်တို့တွင် ဗရမ္မာ-ဗမာ-ပျူလူမျိုးဟု မှတ်တမ်းတင်ဖော်ပြထားသည်ကိုမူ ဗလက်ဒင် ထည့်မပြော။ ပျူကို ဗမာမဟုတ်ဟု သူ့ဘာသာ စိတ်ကူးယဉ်ပြောချင်သော စကားနှင့် ဆန့်ကျင်နေ၍ ပျူသည် ဗမာ၏ အမည်ပွား၊ ပျူသည် ဗမာဟူသော ရှေးရာဇဝင်တို့ပါ အချက်အလက်တို့ကို ထည့်မပြောပဲ ချန်လှပ်ထားခဲ့၏။ ဘီစီ ၂ ရာစု အေဒီ ၁၄ ရာစု တရုတ်တို့က ပျူကို ဗရမ္မာ၊ ပျူကို မြန်မာဟု သိရှိမှတ်တမ်းတင်ထားသည်ကိုလည်း သူမသိ။ ပျူဗမာသမိုင်း သုတေသနလည်း ဘာမျှမလုပ်သူ၊ သုတေသနထုံးကိုလည်း ပေါ့ပေါ့ဆဆ ချိုးဖျက်ရဲသူ၊ ရှေးဗမာရာဇဝင်တို့ပါ မှတ်တမ်းတင်ဖော်ပြချက်တို့ကိုလည်း ပြည့်စုံစွာမပြောပဲ သူ နှလုံးမတွေ့လျှင် ချန်လှပ်တတ်သူ၊ ဗမာမဟုတ်သော ပျူမြို့ ပျူလူမျိုး ပျူစာဟု သုံးလည်းသုံးချင်ပြီး အတည်လည်းမပြုနိုင်။ မပြုရဲသူ၏ ပျူနှင့် ဗမာ မတူဟူသော စကား၊ အမျိုးအမည် မသိ မြို့၊ လူမျိုး၊ စာတို့ကို ခေါ်ဝေါ်ရ လွယ်ကူအောင် ယာယီအမည်အဖြစ် (မြန်မာနှင့် မတူသော) ပျူ ဟု စိတ်ကူးယဉ် ခေါ်ချင်သူ၏ စကားတို့ကို ကျွန်တော်တို့ မည်သို့ ယုံစားလက်ခံ ရပါမည်နည်း။

(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*

--------------------------------------------------------

ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၇)
    • မူရင်းဆောင်းပါး = Facebook (2014-12-03)
    • https://www.facebook.com/photo/?fbid=769031883166366&set=pcb.769031963166358


..................................................................................................

၁၉၁၃ ခုနှစ်တွင် Epigraphia Indica စာစောင်၌လည်း ဗလက်ဒင်သည် အောက်ပါအတိုင်း ရေးခဲ့ပြန်ပါသည်။
“From a comparison of the text (i.e.the fourth text of the Myazedi Inscription
 of Pagan) with the corresponding Pail, Burmese and Talaing versions, the 
 greater part of the “Pyu” alphabet was ascertained and a number of “Pyu”
 words were  indentified  some with  certainty ,  other with more or less 
 probability. From these data and from syntax of the laguage, so far as it
 was examplified in that one text, the inference was drawn that the laugu-
 age was Tibeto-Burman one. It was therefore provisionally assumed to
 have been the vernacure of the Prome district in ancient times and the
 name “Pyu”  was attached to it as a convenient lable.” 
 (The Pyu Inscription by C.O.Blagden , Epigraphia Indica, 1913,Juny,p-127)

အထက်ပါ ဗလက်ဒင်စာ၏ အဓိပ္ပာယ်မှာ- “မြစေတီကျောက်စာတိုင်ပါ စတုတ္ထမျက်နှာကို ယင်းကျောက်စာတိုင်ပါ ပါဠိ၊ ဗမာနှင့် မွန်စာမျက်နှာတို့ဖြင့် နှိုင်းယှဉ်တိုက်ဆိုင် လေ့လာကြည့်ရာ ယင်းစတုတ္ထစာမျက်နှာမှာ ပျူအက္ခရာများ အကြီးအကျယ် များပြားလှစွာ ပါရှိနေမှုမှာ သေချာလှပါသည်။ မြောက်မြားလှစွာသော ပျူစာလုံး ဝေါဟာရတို့အနက် အချို့ကို သေချာခိုင်လုံစွာ ဖော်ထုတ်ပြနိုင်ပါသည်။ အချို့ကို ဖြစ်နိုင်ခြေရှိမှု အနည်းအများအလိုက် ဖော်ပြနိုင်ပါသည်။ ယင်းစတုတ္ထစာမျက်နှာအတွင်းမှ နမူနာထုတ်ပြထားသည့်အတိုင်း ယင်းအချက်အလက်များ
 နှင့် ယင်းဘာသာစကားဆိုင်ရာ ဝါကျ ဖွဲ့စည်းတည်ဆောက်ပုံ (syntax) တို့မှ နေ၍ ကျောက်ချက်ချလျှင် ယင်းဘာသာစကားမှာ တိဗက်ဗမာစကား ဖြစ်ပါသည်။ 

 ထို့ကြောင့် ယင်း မြစေတီ စတုတ္ထစာမျက်နှာပါ စာမှာ ရှေးဟောင်းခေတ် ပြည်ဒေသမှ ရှေးစာမျိုး (ယာယီပျုစာဟု အမည်ပေးထားသောစာမျိုး) ဖြစ်ကြောင်း ယခုလောလောဆယ်အားဖြင့် ယူဆပြီး ယင်းမြစေတီကျောက်စာတွင် စတုတ္ထစာမျက်နှာပါ စာအတွက် ခေါ်ဝေါ်ရည်ညွှန်းရန် လွယ်ကူသော အမည်နာမ တံဆိပ်အဖြစ် ပျူဟူသောအမည်ကို လောလောဆယ်အခါမှာ ယာယီအမည်အဖြစ် တပ်ဆင်ပေးလိုက်ပါသည်။ နောင်အခါ ပြင်ဆင်ပြောင်းလဲ ခေါ်ဝေါ်လျှင် ခေါ်ဝေါ်ရမည်ဖြစ်ပါသည်။”

အထက်ပါ ဗလက်ဒင် ရေးသားထားသော စာတွင် ပျူဟု ဖော်ပြသော နေရာတိုင်းကို အမျိုးအမည်မသိ (unknown) ဟု ကျွန်တော်တို့ သတိပြုဆင်ခြင်၍ ပြောင်းလဲဖတ်ရှု ရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်နည်းဆိုသော် အထက်တွင် တင်ပြခဲ့ပြီးသည့်အတိုင်း ဗလက်ဒင်သည် ပျူဗမာသမိုင်းသုတေသန လုံးဝကင်းမဲ့စွာဖြင့် ပျူသည် ဗမာမှန်းမသိပဲ ပျူကို ဗမာမဟုတ်ဟု စိတ်ကူးယဉ် ထင်လုံး တွေးလုံးသက်သက်ဖြင့် “ပျူ” ဟူသော အမည်ဝေါဟာရကို သုံးစွဲလျှက် အမျိုးအမည်မသိ စာ၊ အက္ခရာ၊ လူမျိုး၊ မြို့တို့ကို ယာယီအမည်ပေးခြင်းမျှ ဖြစ်ပြီး သူကိုယ်တိုင်ပင်လျှင် ယင်းသို့ (ဗမာမဟုတ်သော) ပျူဟု ယာယီအမည်ပေးခြင်းကို နောက်ဆုံးအပြီးသတ် အတည်ပြုခြင်း လုံးဝမဟုတ်ပါ။ အပြီးသတ်အတည်ဟု မယူဆပါနှင့်။ နောင်ပြန်ပြင်ပါဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဗလက်ဒင်က ပျူမြို့၊ ပျူလူမျိုး၊ ပျူစာ၊ ပျူအက္ခရာ ဟု ရေးသားပြောဆိုခဲ့သော စာတိုင်းကို အမျိုးအမည်မသိ မြို့၊ အမျိုးအမည်မသိ လူမျိုး၊ အမျိုးအမည်မသိ စာ၊ အမျိုးအမည်မသိ အက္ခရာများ ဟုသာ ပြောင်းလဲဖတ်ရှု ဆင်ခြင်သင့်သည် ဖြစ်ပါသည်။

သို့ဆိုလျှင် သရခေတ္တရာသည် မည်သည့်လူမျိုး၏ မြို့နည်း၊ ယင်းမြို့တည်ထောင် နေထိုင်သူတို့သည် မည်သည့်လူမျိုးနည်း၊ ယင်းမြို့တွေ့ အမျိုးအမည်မသိ ကျောက်စာများ၊ အုတ်ခွက်ဘုရားစာများနှင့် အသုံးပြုရေးသားသော အက္ခရာများသည် မည်သည့်လူမျိုး (ဘာသာစကား)စာနှင့် မည်သည့်လူမျိုး အက္ခရာများနည်း။ ယင်းသို့ ပြန်လည်မေးခွန်း ထုတ်စရာ ရှိလာပါသည်။ 

ယင်းမြို့နှင့် ယင်းမြို့တည်ထောင်နေထိုင်ခဲ့ကြသူများ၊ ယင်းမြို့တွေ့အက္ခရာများနှင့် စာများ၊ ယင်းမြို့တွေ့ စေတီ၊ လှိုဏ်ဘုရား၊ ယဉ်ကျေးမှုပစ္စည်းများ အားလုံးနှင့် ပက်သက်၍ ဗလက်ဒင်က ခေါ်ဝေါ်ရည်ညွှန်းရ လွယ်ကူအဆင်ပြေအောင်ဟူသော အကြောင်းပြချက်ဖြင့် ယာယီအမည်အဖြစ်သာ သုံးပြီး အတည်မပြုခဲ့သော၊ ဗမာမဟုတ်သောပျူဟူသည့် အမှတ်တံဆိပ်ကို ပြန်ခွါပြီး ယင်းတို့အားလုံးကို အမျိုးအမည်မသိ (unknown) ဟူသော အမှန်တကယ် ရှုကြည့်သင့်သည့် ရှုထောင့်မှ ပြန်ကြည့်ပြီး မေးခွန်းပြန်ထုတ်ရမည်ဖြစ်ပါသည်။

အမျိုးအမည် မသိသေးသော သရခေတ္တရာမြို့ဟောင်းကြီး၊ ယင်းမြို့ဟောင်းကြီးကို တည်ထောင်နေထိုင်ခဲ့သော သူများ၊ ယင်းသူတို့ သုံးစွဲသော အက္ခရာများနှင့် ယဉ်ကျေးမှုပစ္စည်းပေါင်းစုံ၊ ယင်းသူတို့ ယင်းမြို့ဟောင်းတွင် ရေးထိုးခဲ့သော ဘာသာစကားတို့သည် မည်သည့်လူမျိုးနှင့် ဆိုင်ပါသနည်း။ သရခေတ္တရာမြို့ကြီးကို ကာဗွန်ဒိတ်တင်း (မီးသွေးခဲ သက်တမ်းအရ) လွန်ခဲ့သော နှစ် နှစ်ထောင့်နှစ်ရာမှာ တည်ဆောက်နေထိုင်ခဲ့သူတို့မှာ မည်သူတို့နည်း။

ရှေး ဗမာရာဇဝင်တို့က အဆိုပါ သရခေတ္တရာမြို့ကြီးကို တည်ထောင်နေထိုင်ခဲ့သော မင်းနှင့် ပြည်သူတို့မှာ ဗရမ္မာ-မရမ္မာ-မြန်မာ ခေါ် ပျူလူမျိုးများဖြစ်ကြောင်း မှတ်တမ်းတင်ထားပါသည်။ ယင်း ဗမာရာဇဝင်တို့ပါ မှတ်တမ်းတင်ချက်သည် သမိုင်းသုတေသန ရှေးဟောင်းသုတေသနလုပ်ငန်းတို့မှ ဖော်ထုတ်တွေ့ရသော စာပေအထောက်အထား (Textual evidences) နှင့် ရှေးဟောင်းသုတေသနအထောက်အထား (Archaeological evidences) များနှင့် ကိုက်ညီမှန်ကန်ကြောင်း ရှေ့ပိုင်းတွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။

သရခေတ္တရာနိုင်ငံနှင့် လူမျိုးကို ရှေးအိန္ဒိယသားတို့က ဗရမ္မာ-ဗရမာ-ဗရမိ ဟု ခေါ်ဆိုကြကြောင်းအထောက်အထား၊ ယင်းကဲ့သို့ အိန္ဒိယသားတို့က ဗရမ္မာလူမျိုး၊ ဗရမ္မာနိုင်ငံ ဟု သိရှိခေါ်ဆိုသော သရခေတ္တရာနိုင်ငံနှင့် လူမျိုးကို ဘီစီ ၂ ရာစု၊ အေဒီ ၃ ရာစု - ၆ ရာစု တရုတ်တို့က ဗရမ္မာလူမျိုး ဗရမ္မာနိုင်ငံဟု သိရှိခေါ်ဆိုသကဲ့သို့ ပျူနိုင်ငံ ပျူလူမျိုးဟုလည်း သိရှိခေါ်ဆို မှတ်တမ်းတင်ခဲ့သော အထောက်အထားများ၊ တရုတ်တို့သည် အေဒီ ၁၁ - ၁၄ ရာစုတို့တွင် ယင်း ဗရမ္မာ-ပျူလူမျိုးကို မြန်မာဟုလည်းကောင်း၊ ပျူဟုလည်းကောင်း
သိရှိမှတ်တမ်းတင်ခဲ့သော အထောက်အထားများအရလည်းကောင်း၊ သရခေတ္တရာ ခင်ဘကုန်းတွေ့ ငွေဗောဓိအခြေစာပါ “ပုဗရမ္မိ-ပျူဗရမ္မာ” ဟူသော အထောက်အထားအရလည်းကောင်း၊ သရခေတ္တရာတွေ့ အဒိတျာမင်းကျောက်အရိုးအိုး ကျောက်စာပါ “ဗြဟ္မာတိုင်း” ဟူသော အထောက်အထား အရလည်းကောင်း သရခေတ္တရာကို တည်ထောင်နေထိုင်ခဲ့သော လူမျိုးသည်  ဗရမ္မာ-ဗမာ(မြန်မာ)  ခေါ် ပျူလူမျိုးများဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေသကဲ့သို့ ယင်းသုတေသနအထောက်အထားများအရ သရခေတ္တရာကို ဗမာ-ဗရမ္မာ မြန်မာ ခေါ် ပျူလူမျိုးတို့ တည်ထောင်နေထိုင်ခဲ့သည်။ သရခေတ္တရာသည်  ဗမာ-ဗရမ္မာ-မြန်မာ ခေါ် ပျူလူမျိုး၏ မြို့ ဖြစ်သည်ဟူသော ရှေးဗမာရာဇဝင်များပါ မှတ်တမ်းတင်ချက် မှန်ကန်ကြောင်းလည်း လက်ဖဝါးပေါ်တင်ကြည့်သော ပတ္တမြားကဲ့သို့ အလွန်ထင်ရှား ပေါ်ပေါက်နေပါသည်။

ပုဂံခေတ် ဗမာကျောက်စာတို့ကလည်း ဗရမ္မာကို အနက်တူ အသံကွဲ ပရုမ်မာ၊ ပြုမာတို့ဖြင့် ရေးထိုးဖော်ပြခြင်းအရလည်း ဗရမ္မာသည် ပြုမာ ခေါ် ပြုလူမျိုးဖြစ်ကြောင်း ထင်ရှားစေပါသည်။ ပုဂံခေတ်-ပင်းယခေတ်-အင်းဝခေတ်-ဗမာကျောက်စာများနှင့် သဒ္ဒနီတိကျမ်းတို့အရလည်း ဗရမ္မာ-မရမ္မာ-မြမ္မာ-မြန်မာ-ပြုမာ အတူတူပင်ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။

အိန္ဒိယအထောက်အထား၊ တရုတ်အထောက်အထား၊ သရေခေတ္တရာ ငွေဗောဓိပင်စာ အထောက်အထား၊ ပုဂံခေတ် ဗမာကျောက်စာအထောက်အထားများအရ သရခေတ္တရာမြို့နှင့် တည်ထောင်နေထိုင်သောလူမျိုးတို့မှာ ဗရမ္မာ-မြန်မာ ခေါ် ပျူလူမျိုးဖြစ်ကြောင်း အလွန်ထင်ရှားပေါ်ပေါက်နေပြီး သရခေတ္တရာမြို့နှင့် တည်ထောင်နေထိုင်သူ လူမျိုးကို ဗမာမဟုတ်သော ပျူလူမျိုးဟု သုတေသနကင်းမဲ့စွာ ပြောခဲ့သော စီအိုဗလက်ဒင်၏ စိတ်ထင်စကားမှားကြောင်း၊ ထိုနည်းတူစွာပင် စီအိုဗလက်ဒင်၏ စကားမှားကို မစစ်ဆေးပဲ ထောက်ခံပြောဆိုခဲ့ကြသော ဂျီအိပ်ချ်လုစ်နှင့် ချားလ်ဒူရွိုင်ဆယ် တို့၏ ဗမာမဟုတ်သော ပျူလူမျိုး၊ ဗမာမဟုတ်သော ပျူစာ၊ ဗမာမဟုတ်သော ပျူယဉ်ကျေးမှု အစရှိသော ပျူကို ဗမာမဟုတ် ဟူသော ပြောစကားဟူသမျှ အားလုံး မှားယွင်းနေကြောင်း၊ ဗမာမဟုတ်သော ပျူဟု ပြောဆိုရေးသားခဲ့သမျှ စာတိုင်းကို ဗမာသာလျှင်ဖြစ်သော ပျူ ဟု အမှန်သို့ ပြင်ဆင်ခေါ်ဝေါ်သင့်ပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*

--------------------------------------------------------

ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၈)
    • မူရင်းဆောင်းပါး = Facebook (2014-12-04)
    • https://www.facebook.com/permalink.php?story_fbid=pfbid02PWefvUWKt5aTkgCAWvgFtnWgAWSLkDxcZXq1EvzVbZUVUm4TvEpmcKahNtnCSr2Ll&id=100057080305565





ရှေ့တွင် တင်ပြခဲ့သော ပြည်တွင်း ပြည်ပ အထောက်အထားပေါင်းစုံအရ သရခေတ္တရာမြို့ကြီးသည် ဗရမ္မာ-ပျူမြို့ (ဝါ) မြန်မာပျူမြို့ ဖြစ်ကြောင်း ထင်ရှားနေရာ သရခေတ္တရာ ယဉ်ကျေးမှုကြီးသည် ဗရမ္မာပျူ (ဝါ) မြန်မာပျူယဉ်ကျေးမှုကြီး၊ သရခေတ္တရာ ဗိသုကာ စေတီ၊ ပုထိုး၊ လှိုဏ်ဘုရား၊ ဗုဒ္ဓရုပ်ပွား၊ အုတ်ခွက်ဘုရား၊ ကျောက်ချပ်ရုပ်ကြွ၊ ဒင်္ဂါး၊ ပုတီးစေ့၊ အက္ခရာ၊ စာ၊ အရိုးအိုး ယဉ်ကျေးမှုပစ္စည်းများသည် ဗရမ္မာပျူ-မြန်မာပျူတို့၏  စေတီ၊ ပုထိုး၊ လှိုဏ်ဘုရား၊ ဗုဒ္ဓရုပ်ပွား၊ အုတ်ခွက်ဘုရား၊ ကျောက်ချပ်ရုပ်ကြွ၊ ဒင်္ဂါး၊ ပုတီးစေ့၊ အက္ခရာ၊ စာ၊ အရိုးအိုး ယဉ်ကျေးမှုပစ္စည်းများ ဖြစ်ကြောင်းလည်း ကောင်းစွာထင်ရှားပေါ်ပေါက်လာပါသည်။

သရခေတ္တရာ မြန်မာပျူအက္ခရာများနှင့် များစွာဆင်တူသော အက္ခရာတို့ဖြင့် ရေးထိုးထားပြီး ဗမာဝေါဟာရ မြောက်များစွာပါဝင်နေသည့် မြစေတီကျောက်စာတိုင်ပါ စတုတ္ထမျက်နှာ ခေါ် အမျိုးအမည်မသိ စာမျက်နှာမှာလည်း ရှေးဟောင်း မြန်မာပျူအက္ခရာတို့ဖြင့် ရေးထိုးထားသော ရှေးဟောင်းမြန်မာပျူစာ (ဝါ) မြန်မာစာသာ ဖြစ်ကြောင်းလည်း အကျိုးဆက်အဖြစ်ထင်ရှားပေါ်ပေါက်လာပါသည်။ သရခေတ္တရာတွင် ၁၉၁၁-၁၂ ခုနှစ်၌ တွေ့ရှိခဲ့သော ဘုရင်နှင့် မိဖုရား ကျောက်အရိုးအိုး ၄ လုံးပါ ကျောက်စာ ၄ ခုသည်လည်း မြန်မာပျူ ကျောက်စာများဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်လာပါသည်။ 

ဗလက်ဒင်၏ သုတေသနကင်းမဲ့သမျှ အထောက်အထားကင်းမဲ့စွာဖြင့် သရခေတ္တရာကို ဗမာမဟုတ်သော ပျူမြို့၊ ပျူလူမျိုးကို ဗမာမဟုတ်သော လူမျိုးတစ်မျိုး၊ သရခေတ္တရာအက္ခရာများကို ဗမာမဟုတ်သော ပျူအက္ခရာများ၊ သရခေတ္တရာတွေ့ အမျိုးအမည်မသိ ကျောက်စာများကို ဗမာမဟုတ်သော ပျူကျောက်စာများ၊ သရခေတ္တရာတွေ့ အက္ခရာများနှင့်ဆင်တူသော အက္ခရာတို့ဖြင့် ရေးထိုးထားသော မြစေတီ စတုတ္ထမျက်နှာ အမျိုးအမည်မသိ စာကို
ဗမာမဟုတ်သော ပျူစာ၊ ပျူအက္ခရာဟု စိတ်ကူးယဉ်ပြောဆိုခြင်း၊ အမျိုးအမည်မသိ စာအက္ခရာတို့ကို အမျိုးအမည်မသိ စာအက္ခရာဟုသာ ခေါ်ဝေါ်သုံးနှုန်းရသော သုတေသနထုံးကို ပေါပဆစွာ ချိုးဖောက်ပြီး သရခေတ္တရာနှင့် ပုဂံမြစေတီတို့မှ အမျိုးအမည်မသိ မဖော်ထုတ်နိုင်သေးသော ကျောက်စာများကို ခေါ်ဝေါ်ရည်ညွှန်း ပြောဆိုရ လွယ်ကူအဆင်ပြေအောင်ဟူသော အကြောင်းပြချက်ဖြင့် ယာယီအမည် (ဗမာမဟုတ်သော) ပျူစာများဟု ယာယီအမည်တပ်လိုက်သော အမှားတို့၏ အကျိုးဆက်အဖြစ် သရခေတ္တရာ ဘုရင်၊ မိဖုရား အရိုးအိုးကျောက်စာများနှင့် ပုဂံမြစေတီ စတုတ္ထမျက်နှာတို့တွင် ထင်ရှားစွာပါရှိနေသော ဗမာဝေါဟာရ၊ ဗမာစာတို့မှာ ဗမာမဟုတ်သော ပျူစာ၊ ပျူဝေါဟာရဟု လူအများ ထင်မှတ်မှားစရာ၊ အသိမှားစရာ ဖြစ်သွားခဲ့ပါသည်။

ရှေ့ပိုင်းတွင် တင်ပြခဲ့ပြီးသော အထောက်အထားတို့အရ သရခေတ္တရာမြို့နှင့် လူမျိုးမှာ မြန်မာပျူ-ဗရမ္မာပျူမြို့နှင့် မြန်မာပျူ-ဗရမ္မာပျူလူမျိုးဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေရာ သရခေတ္တရာ ဘုရင်၊ မိဖုရား ကျောက်အရိုးအိုး ၄ လုံးပါ ကျောက်စာများနှင့် မြစေတီ စတုတ္ထမျက်နှာတို့တွင် ပါရှိသော -  “သိန္နိ (သက်နှစ်) ၊ တိမ်း (တိမ်းပါးကွယ်လွန်သည်) ၊ သား ၊ မယား ၊ တိုင်း ၊ မြ ၊ ရွော” အစရှိသော ဝေါဟာရတို့မှာ မြန်မာနှင့် ဆင်တူသော်လည်း မြန်မာမဟုတ်သော ပျူဝေါဟာရဟု ပြောခြင်းမှာ မှန်ကန်ခြင်းမရှိပဲ မြန်မာသည် ပျူ၊ ပျူသည် မြန်မာဖြစ်၍ ထိုမြန်မာပျူကျောက်စာများတွင် အသံတူ မြန်မာဝေါဟာရများနျင့် ကာလဒေသအလိုက် အသံဝဲမြန်မာ ဝေါဟာရများ ပါရှိနေခြင်းသာဖြစ်ကြောင်း အမှန်သို့ ပြင်ဆင် (correction) လုပ်ပြီး ပြောဆိုရမည် ဖြစ်ပါသည်။

တစ်နည်းဆိုရသော် သရခေတ္တရာနှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိ ရှေးကျောက်စာများကို အမျိုးအမည်မသိ စာများဟုသာ သုတေသနထ့ုးနှင့်အညီ ဗလက်ဒင် ပြောဆိုခေါ်ဝေါ်ခဲ့လျှင် ယင်းအမျိုးအမည်မသိ ကျောက်စာတို့တွင် တွေ့မြင်ရသော ပါဠိဝေါဟာရတို့ကို ပါဠိ၊ သက္ကဋဝေါဟာရတို့ကို သက္ကဋ ဟု ပြောရသကဲ့သို့ -

နှိ (နှစ်) ၊ င (ငါး) ၊ ခြော (ခြောက်) ၊ က္နိ (ခုနှစ်) ၊ ရှံ (ရှစ်) ၊ သ္နိ (သစ်နှစ်) ၊ တိမ်း (တိမ်းပါးကွယ်လွန်သည်) ၊ ရုပ်ကြေး (ရုပ်ကြွင်း) ၊ သား ၊ မယား ၊ ဗ္လိ (မြေး) ၊ တိုင်း ၊ ပြိ (ပြည်) ၊ ရော (ရွော=ရွာ) ၊ မြ ၊ ပံ့ ၊ ပေး ၊ မဒိ ံ(မုဒိမ်း) ၊ ညှိဆဲ (ညှင်းဆဲ) ၊ မိဘိသည် (မည်ဘိသည်)၊ ဘိသိဥမိ (ဘိသိက်အမည်) ၊ ယံဗံးမယးဥသး (ယင်းမြတ်မယား၏သား) ၊ ဗံးမယးဥသး ရာဇဂုမဥဠံ (မြတ်မယား၏သား ရာဇကုမာအထံ) ၊ ဎေါ်ဗံးမယး (ထိုမြတ်မယား) ၊ ဎေါ်တဏး တောဥ ကျေးမြေား (ထိုထိပ်တင်တော်၏ကျေးဇူး) ၊ ဎေါ်ဗံးဗူဓဥဆးဗော် (ထိုမြတ်ဗုဒ္ဓ၏ အဆင်းပုံ) ၊ ဂေါဥလှော်ဗိးသံရေား (ထိုဂူအား လှူပြီးသရောခါ) ၊ ယံဂေါ်ဗူဓဥဋ္ဌံ (ယင်းဂူဗုဒ္ဓအထံ) ၊ ဂိသးဠေဂီပြိဠေ (ငါ့သားလေး ငါ့မြေးလေး) ၊ ယံတိပြိရိမဓနဗူဥမိဘိသိ (ယင်းတိုင်းပြည် အရိမဒ္ဒနပူရဟု မည်ဘိသည်) ၊ ယံဗံးဗူဓအရိမေဒေဒံဗး (ယင်းမြတ်ဗုဒ္ဓအရိမေတေယျထံပါး) ၊ ပံးစေဆေား (ပေးစေသော) ၊ ခြောရ (ခြောက်ရာ) ၊ ယံ (ယင်း) ၊ နု (နည်း) ၊ ပံးစေနတိ ံပံ(းဠ)ပ (ပေးစေနည်းတိုင်း ပေးလှည့်ပါ) ၊ မတားငူးဗူး (မတားငဲ့မူ) ၊ မပံးစေဆေား (မပေးစေသောဝ်) ၊ ဟိဥမ္တုတဠု (ဟိဥမတုလု-သေအမ့် မတော့လု) ၊ ယံတြးတိ ံမတုကုံးဒူ (ယင်းတရားအတိုင်း မတုကန်တုံ့) ၊ ရော (သရော်၊ ရှေးသရော) အစရှိသော ဝေါဟာရပေါင်းများစွာကို အသံတူ မြန်မာဝေါဟာရများနှင့် ခေတ်ခြား၍ အသံဝဲသော အသံဝဲမြန်မာဝေါဟာရများဟု ပြောဆိုရမည် ဖြစ်ပါသည်။

သို့သော် သုတေသနထုံးကို ချိုးဖောက်ပြီး ထိုအမျိုးအမည်မသိစာများ (unknown)ကို ယာယီ အမည် ပျူဟု အမည်တပ်ပါသည် ဆိုသောအခါ ပါဠိ၊ သက္ကဋမှလွဲ၍ ကျန်သော မြန်မာဝေါဟာရများကို မြန်မာဝေါဟာရဟု တွေ့သည့်အတိုင်း ပြောရမည်ကို မပြောပဲ ကွေ့ရှောင်ကာ မြန်မာနှင့် ဆင်တူသော်လည်း မြန်မာမဟုတ်သော ပျူဝေါဟာရဟု တလွဲပြောခွင့်ကို သုတေသနထုံး ချိုးဖောက်ခြင်းအားဖြင့် မရယူသင့်ပဲ ရယူသွားပါသည်။ ယင်းကျောက်စာပါ မြန်မာဝေါဟာရတို့မှာ မြန်မာဝေါဟာရမဟုတ်ဟု တလွဲဖြစ်ခဲ့ရပါသည်။

သရခေတ္တရာမှ မည်သည့်ဘာသာစကားဟု ထိုစဉ်က မဖော်နိုင်သေးသော ကျောက်အရိုးအိုးစာများနှင့် ပုဂံ မြစေတီ စတုတ္ထမျက်နှာပါ အမျိုးအမည်မသိ စာတို့ကို သုတေသနထုံးနှင့်အညီ အမျိုးအမည်မသိ (unknow) စာဟု ခေါ်ဆိုခြင်းမပြုပဲ သုတေသနထုံးနည်းကို ချိုးဖောက်ကာ မည်သည့်ဘာသာစကားမှန်း မဖော်နိုင် မသိသေးသော်လည်း ယာယီအမည်အဖြစ် ခေါ်ဝေါ်ရလွယ်ကူအောင် (ဗမာမဟုတ်သော) ပျူဟု ဗလက်ဒင်၏ စည်းကမ်းဖောက်သောအမှားကို ဂျီအိပ်ချ်လုစ်နှင့် ချားဒူရွိုင်ဆယ်တို့က သုတေသနထုံး မချိုးဖောက်သင့်ပါ။ ယာယီအမည် ပျူဟု မသုံးသင့်ပါ။ အမျိုးအမည်မသိ စာများဟုသာ ခေါ်ဝေါ်သုံးစွဲပါဟု အမှားပြင် သတိပေးခြင်းကို လုပ်ရန် တာဝန်ရှိသော်လည်း မလုပ်ခဲ့ကြပါ။ 

အမှားမပြင်ပေးသည့်အပြင် ဗလက်ဒင်၏ အမည်မှားပေးပုံကို ဖုံးကွယ်ထားပြီး အမည်တပ်မှားသော လမ်းကြောင်းအတိုင်း မြှောက်ပင့်ထောက်ခံ ရေးသားခဲ့ကြပါသည်။ အဆိုပါ အမျိုးအမည်မသိစာ (unknown) များကို   (ဗမာမဟုတ်သော) ပျူစာဟု ဗလက်ဒင်အမည်တပ်သည်မှာ ခေါ်ဆိုရလွယ်ကူအောင် ယာယီခေါ်ခဲ့ခြင်း
သာဖြစ်ကြောင်း၊ ဗလက်ဒင်အတည်မပြုခဲ့ကြောင်းကို စာဖတ်သူတို့အား ထိုပုဂ္ဂိုလ်နှစ်ဦး သတိပေးခြင်း မရှိခဲ့ပါ။ တာဝန်မဲ့စွာ လုပ်ခဲ့ကြပါသည်။

လုစ်နှင့် ဒူရွိုင်ဆယ်တို့ နှစ်ဦးသည် ဗလက်ဒင် အတည်မပြုခဲ့သော ယာယီအမည် ပျူကို ပယ်ရမည့်အစား မပယ်၊ ဗလက်ဒင် သုတေသနထုံးနည်း ချိုးဖောက်ခဲ့သည့် အမှားကို ပြင်ပေးရမည်ဖြစ်သော်လည်း မပြင်ပေးသည့်အပြင် သူတို့ပါ ဗလက်ဒင်ကဲ့သို့ သုတေသနထုံးနည်းကို ချိုးဖောက်ပြီး အမျိုးအမည်မသိစာ (unknown) များကို ပျူစာဟု လိုက်လံခေါ်ဆို ရေးသားဖြန့်ချီ ခဲ့ကြပါသည်။ သရခေတ္တရာ ပျူစာတွေ၊ ပုဂံမြစေတီ ပျူစာတွေဟု သံယောင်လိုက် ရော ပင်းရေးခဲ့ကြ၏။

“အဲ့ဒီ သရခေတ္တရာစာတွေ၊ ပုဂံမြစေတီစာတွေကို ပျူစာလို့ ကျုပ်တို့သဘောနဲ့ ကျုပ်တို့ပြောတာ မဟုတ်ပါဘူး။ ဘယ်သူမှ အဓိပ္ပာယ်မဖော်နိုင်တဲ့ မြစေတီ စတုတ္ထမျက်နှာက စာတွေကို အလုံး (၆၀)ကျော် အဓိပ္ပာယ်ဖော်ပေးနိုင်ခဲ့တဲ့ အလွန်ပြောင်မြောက်ထူးချွန်တဲ့ ပျူစာပညာရှင်ကြီး ဗလက်ဒင်က အဲ့ဒီစာတွေကို ပျူစာ၊ ပျူအက္ခရာတွေလို့ ပြောလို့ ကျုပ်တို့ အဲ့ဒီစာတွေကို ပျူစာမှန်း သိရတာပါ။” ဟု ဗလက်ဒင်ကို လူအထင်ကြီးသည်ထက် ကြီးအောင် မြှောက်ပင့် ပြောဆိုပြီး ပျူစာပညာရှင် ဗလက်ဒင်က ပျူစာပါလို့ပြောလို့ ဒါတွေဟာ ပျူစာပါဟု ရောချ၊ လုံးချလိုက်ကြပါသည်။

လုစ်နှင့် ဒူရွိုင်ဆယ်တို့ နှစ်ဦးလုံးသည် သရခေတ္တရာတွေ့နှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိစာများကို သူတို့ကွယ်လွန်ချိန်ထိ ဝေါဟာရတစ်လုံးမျှ၊ စကားစုတစ်စုမျှ ဖော်နိုင်စွမ်း မရှိခဲ့ကြပါ။ ဝါကျတစ်ကြောင်းမှ မဖတ်နိုင်ကြ။ သဒ္ဒါစနစ်နှင့် ဝါကျဖွဲ့စည်းပုံကို မဖော်ထုတ်နိုင်ကြသောကြောင့် ထိုအမျိုးအမည်မသိ ရှေးစာများကို အဘယ်ဘာသာစကားနှင့် ရေးထိုးခဲ့ကြောင်း နှစ်ဦးစလုံးသည် အတည်ပြုနိုင်စွမ်း မရှိကြပါ။ သူတို့နှစ်ဦးလုံးလည်း အတည်မပြုနိုင်ပဲ ယာယီအမည် ခေါ်ရလွယ်အောင် ပျူဟု အမည်ပေးလိုက်သော ဗလက်ဒင်၏ လက်စွမ်းပြမှုနောက်မှ သံယောင်လိုက်ကြခြင်းသာ ဖြစ်သည်။ အမှားကို မပြင်ပေးပဲ အမှားကို လူအများကြားတွင် ပြန့်ပွားသထက် ပြန့်ပွားအောင်သာ နာမည်ကျော် ပညာရှင် ထို ၂ ဦးသား တက်ညီလက်ညီ ချော်တောငေါ့ ရေးသားဖြန့်ချီခဲ့ကြပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
---------------------------------------------------------


ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၉)
    • မူရင်းဆောင်းပါး = Facebook (2014-12-05)
    • https://www.facebook.com/permalink.php?story_fbid=pfbid0DrjMkcsyZiPi7Jyo2s7NhVLFriXmJe6CWR9FaJNw3M9TaLLnX16yimTqYDQKPWKjl&id=100057080305565





နောက်နှစ်အနည်းငယ် ကြာသောအခါ ဂျီအိပ်ချ်လုစ်သည် တစ်ဆင့်တက်၍ ပုဂံမြစေတီ စတုတ္ထမျက်နှာ (သုတေသနထုံနှင့်အညီ အမျိုးအမည်မသိစာဟု အမည်မခေါ်ပဲ သုတေသနထုံးကိုချိုးဖောက်ပြီး ဗမာမဟုတ်သော ပျူစာဟု ယာယီအမည်ပေးထားသော) စာကို မြန်မာတို့မဖတ်တတ်၊ မြန်မာပဏ္ဍိတ်များ (ထိုခေတ်က မြန်မာနိုင်ငံရောက် မျက်နှာဖြူ ပညာရှင်များကို ပုဂံခေတ် ဗမာကျောက်စာဖတ်နည်း သင်ပေးခဲ့သော ပုဂံဝန်ထောက်မင်း ဦးတင်၊ စတုရင်္ဂဗလ ဦးဘေနှင့် မြန်မာပညာရှိအချို့) ပင် မဖတ်တတ်၊ ထိုစာသည် ဗမာစာ မဟုတ်၊ ယင်းသို့ စာမတူသဖြင့် ပျူနှင့်ဗမာ လူမျိုးမတူဟု ထပ်မံပြောဆိုပြန်ပါသည်။ လုစ်၏ အဆိုပါစကားသည်လည်း လိုရာဆွဲပြောပုံသာ ဖြစ်သည်။ 

ဆိုလိုသည်မှာ ပျူဗမာလူမျိုး သမိုင်းသုတေသနလုပ်ပြီး ခေတ်ပြိုင်အထောက်အထားများဖြင့်ပြောခြင်း မဟုတ်ပဲ ဗလက်ဒင်ပင် မည်သည့်လူမျိုးဘာသာစကားဟု မဖော်ထုတ် အတည်မပြုနိုင်သေးသော ဘာမှန်းမသိသည့်စာ၊ ပျူစာဟု အတည်မယူပါနှင့်ဟု ပြောထားသော စာ၊ ပျူစာဟု အတည်မပြုနိုင်သေးသဖြင့် ပျူဗမာအကြောင်း ပြောဆိုရာတွင် ပျူအထောက်အထားအဖြစ် သုံးရန် အဆင့်မရောက်သေးသော အမျိုးအမည်မသိစာ (unknown) ကို ခုတုံးလုပ် အသုံးချ၍ ပြောနေခြင်းမျှသာဖြစ်သည်။ ထိုမျှမက ဗမာတို့မဖတ်တတ်သော စာဖြစ်၍ ပျူစာဟု ပြောပုံ၊ ထိုမျှမက ဗမာတို့ မဖတ်တတ်၍ ဗမာစာမဟုတ်၊ ထိုသို့ စာမတူ၍ ပျူနှင့်ဗမာ လူမျိုးမတူဟု ပြောပုံတို့မှာ ရယ်စ
ရာချည်း ဖြစ်နေပါသည်။

ဗမာတို့ မဖတ်တတ်လျှင် ဗမာစာမဟုတ်ဟု ပြောပုံမှန်လိမ့်မည်ဟု ဘာမျှမသေချာပါ။ ယခုခေတ် ဗမာအားလုံးနီးပါးသည် ပုဂံခေတ်အက္ခရာများနှင့် ရေးထိုးထားသည့် ပုဂံခေတ် ဗမာကျောက်စာများကို မဖတ်တတ်ပါ။ ယင်းသို့ ယခုဗမာတို့ မဖတ်တတ်သော ရှေးပုဂံကျောက်စာများကို ဗမာစာမဟုတ်ဟု ပြောလျှင် မှန်နိုင်ပါမည်လော။ ယခုခေတ် ဗမာတို့ မဖတ်တတ်သော်လည်း ပုဂံခေတ် ဗမာကျောက်စာများမှာ ဗမာစကား၊ ဗမာစာ အမှန်မုချပင် မဟုတ်ပါလော။

တရုတ်ပြည်မှ တရုတ်ပညာရှင် အနည်းစုကလေးမှလွဲ၍ တရုတ်လူမျိုးအားလုံး နီးပါးခန့်သည် လွန်ခဲ့သော နှစ် တစ်ထောင်၊ နှစ်ထောင်ကျော်မှ ရှေးဟောင်းတရုတ်စာများကို မဖတ်တတ်ကြပါ။ အဓိပ္ပာယ်သိရန် ဝေးစွ၊ ရှေးအသံထွက်ကိုပင် မသိကြပါ။ သို့သော် တရုတ်ရှေးဟောင်းစာတို့ကား တရုတ်ဘာသာစကားဖြင့် ရေးထားသည့် တရုတ်စာများသာဖြစ်သည်။ ဂရိရှေးဟောင်းစာကိုလည်း ယခုခေတ်ဂရိတို့ မဖတ်တတ်ကြပါ။

ရှင်သန်သုံးစွဲနေသော ဘာသာစကား (Living Language) တို့သည် နှစ် ရာပေါင်းများစွာ ကြာမြင့်လာသောအခါ သတ်ပုံများ၊ အသံထွက်များ၊ အက္ခရာရေးဆွဲပုံများ၊ သဒ္ဒါဖွဲ့နည်းများ၊ ဝါကျဖွဲ့ထုံးများ တစ်ရွေ့ရွေ့ ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာ၍ လူမျိုးတူပင် ဖြစ်သော်ငြားလည်း ရှေးစာကို နောက်လူတို့ အဓိပ္ပာယ်မဖတ်တတ် အသံမထွက်တတ် ဖြစ်ကြရသည်မှာ စာမတူ လူမျိုးမတူ၍ မဟုတ်ပဲ အက္ခရာရေးဆွဲပုံများ၊ သတ်ပုံများ၊ အသံထွက်များ တိမ်းယိမ်းပြောင်းလဲမှုများကြောင့် ဖြစ်ပါသည်။

ဗမာတို့မဖတ်တတ်၍ သီရိခေတ္တရာနှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိ ရှေးဟောင်းစာ (unknown) များကို ဗမာစာမဟုတ်ဟု ပြောရန် ဘာမှ မသေချာပါ။ ထိုစကားမျိုး ပို၍ မသေချာကြောင်း ပြနေသည်မှာ ယင်းအမျိုးအမည်မသိ ရှေးစာများထဲတွင် ဗမာဝေါဟာရများ၊ ဗမာစကားစုများ၊ ဗမာသဒ္ဒါစနစ်များ၊ ဗမာဝါကျဖွဲ့ပုံများကို ထင်ရှားစွာ တွေ့မြင်နေရခြင်း ဖြစ်ပါသည်။

တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာန မြန်မာ့သမိုင်းပြုစုရေးအဖွဲ့  (ယခင် မြန်မာ့သမိုင်းကော်မရှင်အဖွဲ့) စာတမ်းဖတ်ပွဲ (၂၀၀၄၊ မတ်လ၊ ၁၁ ရက်)နေ့တွင် “မြန်မာဟူသော ပျူရာဇဝင်ဆိုရိုးစကားကို ရှေးပျူဗမာကျောက်စာများနှင့် နှိုင်းယှဉ်လေ့လာခြင်း” သမိုင်းသုတေသနစာတမ်းကို ကျွန်တော် ပြုစု တင်သွင်းဖတ်ကြားစဉ်တွင် သီရိခေတ္တရာဘုရင်၊ မိဖုရား ကျောက်အရိုးအိုးလေးလုံးပါ အမျိုးအမည်မသိ စာများနှင့် ပုဂံ မြစေတီ စတုတ္ထမျက်နှာပါ အမျိုးအမည်မသိစာများကို စာတစ်လုံးချင်း၊ စကားစု တစ်စုချင်း၊ ဝါကျတစ်ကြောင်းချင်း အဓိပ္ပာယ်ဖော်ထုတ်၍ ကျွန်တော် တင်ပြ ဖတ်ကြားခဲ့ပါသည်။ ထိုအမျိုးအမည်မသိ စာများသည် ပါဠိနှင့် သက္ကဋဝေါဟာရများ၊ ဗမာသဒ္ဒါစနစ်နှင့် ဗမာစာကြောင်းဖြစ်ကြောင်း စာတမ်းဖတ်ပွဲတွင် ထင်ရှားပေါ်ပေါက်ခဲ့ပြီး ကန့်ကွက်မည့်သူ တစ်ဦးမျှမရှိပါ။

အမျိုးအမည်မသိ ရှေးစာများ၊ သီရိခေတ္တရာ ဘုရင် မိဖုရား ကျောက်အရိုးအိုးစာ ၄ ခုနှင့် ပုဂံ မြစေတီ ယာယီအမည် ပျူဟု တပ်ထားသော စတုတ္ထမျက်နှာစာတို့သည် ရှေးဗမာစာများ ဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်ပြီး စာတမ်းဖတ်ပွဲတွင် ဆရာကြီးဒေါက်တာသန်းထွန်းနှင့် တစ်ချို့သော ပညာရှင်ဆရာကြီးများ သဘောတူလက်ခံခဲ့ကြပါသည်။

၁၉၁၀-ခုနှစ်ကျော် ကာလများအတွင်း ယင်းအမျိုးအမည်မသိ စာများကို ဗလက်ဒင်က ဦးဆောင်ပြီး ယာယီအမည် ပျူစာ၊ လုစ်နှင့် ဒူရွိုင်ဆယ်တို့က ဗလက်ဒင်ပြော၍ ထိုစာများသည် ပျူစာဟု ရေးသားဖြန့်ချီကြသော နှစ်ကာလများအတွင်း မြန်မာနိုင်ငံတွင် ရန်ကုန်ကောလိပ်သာရှိသေးပြီး မြန်မာတို့ထဲမှ သမိုင်းပညာရှင် မပေါ်ပေါက်သေး။ မြန်မာကျောင်းသားတို့မှာ ဘီအေအဆင့်သာရှိကြသေး၍ ထိုပညာရှင် ပါမောက္ခများ အထောက်အထား မခိုင်လုံသေးပဲ လိုရာဆွဲ၍ ထိုစာများကို မဖတ်တတ်ပဲ ဗမာစာမဟုတ်၊ ပျူစာဟု ပြောကြခြင်းကို ပညာတန်းအရ၊ ဝါအရ၊ သမ္ဘာအရ၊ ရာထူးအရ ယှဉ်ပြောနိုင်ခြင်း၊ ဝေဖန်နိုင်ခြင်း မရှိကြသေးသော အချိန်ကာလ ဖြစ်
ပါသည်။ 

မြန်မာလူမျိုးတို့ အထဲမှ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသနပညာရှင် မပေါ်ပေါက်သေးသော ကာလတွင် မည်သူမျှ ဝါကျလိုက် မဖတ်တတ်၊ သဒ္ဒါစနစ်နှင့် မဖော်နိုင်သေးသော ဘာစကားမှန်း မသိသည့် သီရိခေတ္တရာနှင့် ပုဂံ မြစေတီတွေ့ ရှေးစာများကို သူတို့ ၃ ဦးလည်း ဝါကျအလိုက် မဖတ်တတ်၊ သဒ္ဒါစနစ်လည်း မဖော်နိုင်။ မည်သည့် လူမျိုးစကားဟု ဘာမှ မဖော်ထုတ်နိုင်။ အတည်မပြုနိုင်ပါပဲ သုတေသနထုံးကို ချိုးဖောက်ပြီး ယာယီအမည် ပျူစာဟုလည်းကောင်း၊ ဗမာစာ မဟုတ်ဟုလည်းကောင်း၊ ဗမာစာမဟုတ်လျှင် ပျူစာဟုလည်းကောင်း၊ ယင်းသို့ စာမတူလျှင် ပျူနှင့်ဗမာ လူမျိုးမတူဟုလည်းကောင်း၊ ပွဲပြီး မီးသေဖြစ်အောင် လိုရာဆွဲ ခွင်သွင်းပုံဖော် လုပ်ဆောင်ပြောဆို သွားကြပါသည်။

ထို ၃ ဦး၏ အထောက်အထားမဲ့ လုပ်ရပ်ကို မသိနားမလည်ကြ၍ ပြန်ပြော၊ ပြန်ရှင်းပြ ဝေဖန်မည့်သူ မရှိခဲ့၍ သီရိခေတ္တရာနှင့် ပုဂံမြစေတီမှ အမျိုးအမည်မသိ စာများကို အမျိုးအမည်မသိစာများဟု ခေါ်ဝေါ်ရမည်ကို မခေါ်ဝေါ်ကြပဲ   ဗမာမဟုတ်သော ပျူစာများ၊  ပျူအက္ခရာများဟူသော အသိမှား၊ အပြောမှားကြီး ပြည်တွင်းရော ပြည်ပပါ ထိုကာလ ၁၉၁၁-၁၂ ခုနှစ်ကတည်းက ပျံ့နှံ့ခေတ်စားသွားသည်မှာ ယနေ့ခေတ်တိုင်အောင် ပျံ့နှံ့တွင်ကျယ် သွားပါတော့သည်။ 

အမှား အမှား မှားပါများ၊ အမှား အမှန်ထင် ဟူသော ဆိုရိုးစကားအတိုင်း ထိုရှေးစာများကို အမျိုးအမည်မသိစာ (unknown) ဟု အမည်ပေးခေါ်ဆိုသင့်သည့်အတိုင်း မခေါ်ဆိုပဲ မသေချာသေး၍ ပျူလူမျိုးဟု အတည်မပြုသော ယာယီအမည် ပျူစာဟုသာ အတည်ပြုပြီး အမည်ပမာ (ဗမာမဟုတ်သော) ပျူစာ၊ ပျူအက္ခရာ ဟူ၍ အသိမှား၊ အထင်မှားကာ ခေါ်ဆိုနေကြပါသည်။

ထိုအသိ အမြင်မှားမှုကို အမှားဟု မသိကြသေးသည့်အပြင် ထိုအသိအမြင်မှားကို အမှန်ဟု ထင်ရုံမက အစွဲလန်းကြီး စွဲလန်းပြီး သီရိခေတ္တရာ ပျူစာ၊ မြစေတီပျူစာတွေ ရှိနေတာ ဗမာဟာ ဘယ်လိုလုပ်ပြီး ပျူဖြစ်နိုင်မှာလဲဟု အမှားကို အခြေပြုပြီး ပြန်လည် ငြင်းခုန်ကန့်ကွက်မှုများ ပြုလေ့ရှိကြပါသည်။ 

သီရိခေတ္တရာနှင့် ပုဂံမြစေတီတို့တွေ့ အမျိုးအမည်မသိ ရှေားစာတို့ကို အဘယ့်ကြောင့် ပျူစာဟုခေါ်သနည်း။ ထိုသို့ ရှေးစာတို့ကို ပျူစာဟု ခေါ်ခြင်းမှာ မည်သူ မည်သို့ သေချာ၍ အတည်ပြုသနည်း။ သို့မဟုတ် အတည်မပြုပဲ ယာယီမျှ ပျူဟု အတည်ပြုခြင်းလော ဟူ၍ အရင်းအမြစ်ကျကျ ပြန်လည်စစ်ဆေးခြင်း မပြုခဲ့ကြ၍ ပြည်တွင်းရော ပြည်ပပါ အားလုံး နှပ်ချခံရသကဲ့သို့ ဖြစ်နေကြပါသည်။ 

ကိုလိုနီအင်္ဂလိပ်တို့ လိုချင်သောအကွက်မှာ ဗမာလူမျိုးတို့၏ နှစ် နှစ်ထောင်ကျော်ကြာ သမိုင်းသက်ရင့်ကြာသမျှ ဇာတိသွေး ဇာတိမာန်၊ နှစ်ပေါင်း နှစ်ထောင်ကျော် ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးစိတ်ဓါတ် ထက်သန်မှုကို ဖြတ်ချရန်၊ ဗမာလူမျိုးတို့၏ သမိုင်းသက်ရင့်ကြာမှုကို ဖျက်စီး၍ မြန်မာနိုင်ငံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖြိုခွဲဖျက်စီးရန် ဖြစ်ပါသည်။ ဗုဒ္ဓအကြိုခေတ်မှ စတင်ခဲ့သော ဗမာ့သမိုင်းကို အေဒီ ၉ ရာစုမှ စတင်သည်ဟု သက်တမ်းဖြတ် ရိုက်ချိုးရန် ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*

---------------------------------------------------------


ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၁၀)
    • မူရင်းဆောင်းပါး = Facebook (2014-12-06)
    • https://www.facebook.com/permalink.php?story_fbid=pfbid0VEyfGR4gLy9hCbqJoXch3Jb9oYTfWo4Lb2SwsRwEudK3b8sasVgwG3fgvUrhUuWfl&id=100057080305565







ထိုသို့ နှစ် နှစ်ထောင်ကျော်ကြာ မြန်မာ့သမိုင်းကို သက်တမ်းဖြတ် ရိုက်ချိုးဖျက်စီးရန် လုစ်သည် “ဗမာအစ ကျောက်ဆည်” စာတမ်း လုပ်ဇာတ်ဖြင့် လုပ်ဆောင်ခဲ့ပါသည်။ ပျူသည် မြန်မာမဟုတ်ဟု အများအထင်မှားအောင် လုပ်ဆောင်ခဲ့သည်။

ဟန်လင်း ဗရမ္မာပျူမြို့ဟောင်း၊ တောင်တွင်းကြီး ဗရမ္မာပျူမြို့ဟောင်း၊ သီရိခေတ္တရာ ဗရမ္မာပျူမြို့ဟောင်း၊ တကောင်း ဗရမ္မာပျူမြို့ဟောင်း တို့ ရှိနေရာ ပျူ ခေါ် ဗမာတို့၏ သမိုင်းစောလှကြောင်း ပေါ်ပေါက်နေပါသည်။ ပျူသည် ဗမာမဟုတ်ဟု ဖြတ်တောက်နိုင်မှ ဗမာကို သမိုင်းနောက်ကျသောလူမျိုး၊ မြန်မာနိုင်ငံအတွင်းသို့ ကျန်သောတိုင်းရင်းသား လူမျိုးစုများက ဗမာထက်စောစွာ ရောက်ပြီး ဗမာသည် သူတကာထက် နောက်ကျစွာ မြန်မာနိုင်ငံအတွင်းသို့ ရောက်သည်။ စစ်တိုက်တော်တိုင်း ပြည်မ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ကြီးကို သူ့အရင်ရောက်ရှိနေထိုင်ကြသော အခြားလူမျိုးစုများလက်မှ တိုက်ခိုက်သိမ်းယူ၍ အခြားလူမျိုးစုများ ဧရာဝတီမြစ်ဝှမ်းကို လက်လွှတ်ရပြီး ပင်လယ်ကမ်းနား ဒေသများသို့လည်းကောင်း၊ တော တောင် နက်ရာသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြရသည်။ ဗမာတို့သည် အခြားလူမျိုးစုများ လက်မှ မြေလုထားသူများဖြစ်သည်။ ဗမာ့သမိုင်းသည် အေဒီ ၈၃၅ ခန့်မှ ကျောက်ဆည်သို့ ရွှေ့ပြောင်း ကျူးကျော် သိမ်းပိုက်တော့မှ စတင်သည်။ အစရှိသဖြင့် ဗမာ့သမိုင်းလုပ်ဇာတ်အတုကို ထိုးထည့်၍ ရမည်ဖြစ်သည်။

ပျူကို ဗမာမဟုတ်ဟု သုတေသနမဲ့ အထောက်အထားမဲ့ စတင်ဖျက်ခဲ့သူမှာ အင်္ဂလိပ်လူမျိုး စီအိုဗလက်ဒင် ဖြစ်သည်။ ယင်းနောက် ပျူကို ဗမာဟု ထောက်ခံနေသော အိန္ဒိယ၊ တရုတ်အထောက်အထားများကို ထိမ်ချန်ပြီး ပျူကို ဗမာမဟုတ်ဟု အမှားကို ဆက်လက်ဖြန့်သူမှာ ဂျီအိပ်ချ်လုစ် ဖြစ်သည်။ အေဒီ ၈၆၄ ခုနှစ် ရေး တရုတ်မန်ရှုမှတ်တမ်းကို ခုတုံးလုပ်ပြီး ဗမာတို့ကို အေဒီ ၈၃၅ ခန့်မှ ယူနန်မှ ထွက်ပြေးလာသော စစ်တိုက်တော်သည့် မန်စောလူမျိုးပါဟု ဗမာ့သမိုင်းအတု ဗမာ့သမိုင်းလုပ်ဇာတ်ကို မျက်နှာပြောင်ပြောင် လက်ရဲဇာတ်ရဲ တီထွင်ဖန်တီး ထိုးထည့်သူမှာ ဂျီအိပ်ချ်လုစ်ပင် ဖြစ်ပါသည်။

ဗလက်ဒင်နှင့် ဂျီအိပ်ချ်လုစ်တို့သည် ဆရာရင်း၊ တပည့်ရင်း ဖြစ်ကြပါသည်။  လန်ဒန်တက္ကသိုလ် ဘာသာဗေဒပါရဂူ ဗလက်ဒင်ထံမှ ဘာသာဗေဒပညာရပ်ကို ဂျီအိပ်လုစ် တပည့်ခံသင်ယူခဲ့ပါသည်။ ဆရာဖြစ်သူ ဗလက်ဒင်က ပျူသည် ဗမာမဟုတ် သီရိခေတ္တရာနှင့် ပုဂံမြစေတီတွေ့ ဘာမှန်းမသိသော ရှေးစာများသည် ဗမာစာမဟုတ်ဟု ရှေ့ကစတင် ဖျက်ပေးခဲ့သည်။ တပည့်ဖြစ်သူ ဂျီအိပ်ချ်လုစ်က ယင်းလမ်းကြောင်းအတိုင်းလိုက်၍ ပျူသည် ဗမာမဟုတ်ဟုလည်းကောင်း၊ ဗမာသည် အေဒီ ၈၃၅ ယူနန်တောင်ပိုင်းမှ ယဉ်ကျေးမှုမဲ့ လူရိုင်းမျိုး မန်စောမှ ဖြစ်လာသူများဟု လုပ်ဇာတ်ဖြင့် ပျူဗမာသမိုင်းကို ထပ်မံဖျက်ချခဲ့ပါသည်။ ၁၉၃၁ ခုနှစ်မှ ၁၉၄၂ ခုနှစ်အတွင်း စာတမ်းအစောင်စောင်ဖြင့် ဗမာ့သမိုင်းလုပ်ဇာတ်ကို လုစ် ဖန်တီးထုတ်လုပ် ဖြန့်ချီခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် ဗမာအစ ကျောက်ဆည်စာတမ်းဖြင့် ဗမာသမိုင်းကို ဖျက်စီးခဲ့ပါသည်။ 

ဂျီအိပ်ချ်လုစ်သည် ဗမာသမိုင်းကို မသိ၍ မှားရေးခြင်း မဟုတ်ပါ။ သူ၏ စာတမ်းအတွက် တရုတ်စာတတ်၍ သူ ဖတ်ရှုကျမ်းကိုးလေ့ရှိသော တရုတ် ဟန်ခေတ်မှတ်တမ်း (ဘီစီ ၂ ရာစု၊ အေဒီ ၃ ရာစု)၊ ဝေ့မှတ်တမ်း (အေဒီ ၃ ရာစု)၊ လျန်မှတ်တမ်း (အေဒီ ၆ ရာစု)၊ စုန့်မှတ်တမ်း (အေဒီ ၁၁-၁၃ ရာစု)၊ ယွန်ရှိမှတ်တမ်း (အေဒီ ၁၃-၁၄ ရာစု) တို့တွင် ထင်ရှားစွာ ပါရှိနေသော ပျူကို ဗရမ္မာ၊ ပျူကို မြန်မာဟု တရုတ်တို့ သိရှိမှတ်တမ်းတင် ထားခြင်းကို လျစ်လျူရှု ထိမ်ချန်ပြီး (အခြားတိုင်းရင်းသားများက ဗမာကို နောက်မှရောက်ပြီး မြေလုထားသူများဟု အထင်လွဲစိတ်ဝမ်းကွဲစေရန်၊ လွတ်လပ်ရေးတောင်းဆိုသော ကိစ္စတွင် အခြားတိုင်းရင်းသားများက ဗမာတို့နှင့် စည်းစည်းလုံးလုံးမရှိစေရန်၊ အခြားတိုင်းရင်းသားများက အထင်လွဲ စိတ်ဝမ်းကွဲပြီး လွတ်လပ်ရေး တောင်းဆိုရာတွင် အတူမပါဝင်စေရန်၊ ဗမာတို့နှင့် စည်းစည်းလုံးလုံး မရှိစေရန် နှစ် နှစ်ထောင်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သော ဗမာကိုယ်တိုင်နှင့် အခြားတိုင်းရင်းသားများ အထင်လွဲ မယုံမကြည်ဖြစ်စေရန်) စသဖြင့် ရည်ရွယ်ချက် တစ်ခုခုအတွက် ဗမာလူမျိုးသမိုင်း၊ ဗမာနိုင်ငံသမိုင်းကို လုစ် လုပ်ကြံဖျက်စီးခဲ့ပါသည်။

လုစ်၏ မဖွယ်မရာ ဗမာသမိုင်းလုပ်ဇာတ် ဗမာအစ ကျောက်ဆည်သည် ဗမာသမိုင်း မဟုတ်၊ ဗမာသမိုင်း လုပ်ဇာတ်အတုဖြစ်ကြောင်း “ကျမ်းကိုးများ၊ ရှေးမြန်မာကျောက်စာများနှင့် ကွဲလွဲမှားယွင်းနေသော ဂျီအိပ်လုစ်၏ မြန်မာ့သမိုင်းအယူအဆ” စာတမ်းဖြင့် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ မြန်မာ့သမိုင်း ပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲ (အမရဆောင်၊ ရန်ကုန်တက္ကသိုလ်)တွင် ကျွန်တော် တင်သွင်းဖတ်ကြားခဲ့ပြီး သဘာပတိ ဆရာကြီး ဒေါက်တာသန်းထွန်းကလည်း “ယခု သုတေသနအသစ်အရ ဗမာသမိုင်းနဲ့ ပက်သက်ပြီး လုစ် မှားကြောင်းတွေ့ရပါတယ်။ သမိုင်းသုတေသန လုပ်ထုံးအရ မှားတာတွေ့ရင် ပယ်ရပါတယ်။ ဗမာ့သမိုင်းကို ကျွန်တော်တို့ အသစ်က ပြန်စ ရေးရပါမယ်” ဟု ပညာရှင် ပီသစွာ သမာဓိတည်ကြည်စွာ (ဆရာသမားအရင်း ဂျီအိပ်ချ်လုစ် ဘက်ကမျက်နှာ မလိုက်ပဲ) ဝေဖန်သုံးသပ် ပြောခဲ့ပြီးလည်းဖြစ်ပါသည်။

လုစ်က ဗမာ့သမိုင်း ဖာတ်လမ်းအတု တီထွင်ပြီး ပျူဗမာ့သမိုင်းကို ဖျက်စီးခဲ့ပါသည်။ လုစ်၏ ဆရာဖြစ်သူ ဗလက်ဒင်က ဗမာသည် ပျူမဟုတ်ဟု သုတေသနမဲ့သကဲ့သို့ အထောက်အထားမဲ့စွာဖြင့် စတင်ဖျက်စီးခဲ့သူ ဖြစ်ပါသည်။ ဗလက်ဒင်၏ အကြောင်းကို အနည်းငယ် ထပ်မံပြောခွင့် ပြုပါရန် ပန်ကြားလိုပါသည်။ ပြည်တွင်းရော ပြည်ပမှာပါ ဗလက်ဒင်က သီရိခေတ္တရာနှင့် ပုဂံ မြစေတီတွေ့ အမျိုးအမည်မသိ စာများကို ပျူစာဟု အမည်တပ်ခဲ့၍ ယင်းအမျိုးအမည်မသိ စာများကို အမှန်တကယ်ပင် ပျူစာဟုလည်းကောင်း၊ ဗလက်ဒင်ကို ရှားရှားပါးပါး ပျူစာဖတ်တတ်သော ပညာရှင်ကြီးဟု အထင်ကြီးလွန်းနေကြသူ မနည်းပါ။

အမှန်တကယ်တွင်ကား ဗလက်ဒင်သည် မြန်မာနိုင်ငံသို့ တစ်ခေါက်မှ မရောက်ဖူး၊ ဗမာမဟုတ်သော ပျူလူမျိုးလည်း မမြင်ဖူး၊ သက်သေမပြနိုင်။ ပျူစကားလည်း တစ်ခါမှ မကြားဖူး၊ ပျူစာဟူ၍လည်း တစ်လုံးမှ မသင်ဖူး။ ပျူစကား၊ ပျူစာ ဘယ်လိုနေမှန်းမသိ။ ဘယ်လိုဟာတွေမှန်း မသိ၊ ပျူအကြောင်းဘာမှ မသိသူသာဖြစ်ပါသည်။ ထို့အပြင် မြစေတီ စတုတ္ထမျက်နှာပါ အမျိုးအမည်မသိ စာကိုလည်း မဖတ်တတ်သူ ဖြစ်ပါသည်။ ပုဂံ မြစေတီ အမျိုးအမည်မသိစာပါ ရာပေါင်းများစွာသော စာလုံးများထဲမှ စာလုံး ၆၆ လုံးကိုသာ အဓိပ္ပာယ် ပြန်ပေးခဲ့သည်။ ထိုအထဲမှ ၁၄ လုံးမှာ မသေချာပါ။ ယင်းသို့ စာလုံး ၄၀ ခန့် အဓိပ္ပာယ်ဖော်ပေးနိုင်သော်လည်း စကားစုများ၊ ဝါကျများကို တစ်ကြောင်းမျှ မဖတ်နိုင်ခဲ့ပါ။ သဒ္ဒါစနစ်၊ ဝါကျဖွဲ့စည်းပုံ (Syntax) တို့ကို ဘာမျှ မဖော်ထုတ်နိုင်ခဲ့ပါ။ 
ထိုသို့ များစွာသော စာလုံးများ၊ စကားစုများ၊ ဝါကျများ၊ သဒ္ဒါစနစ်နှင့် ဝါကျဖွဲ့ထုံးတို့ကို မဖော်နိုင်ခြင်းကြောင့်လည်းကောင်း၊ နှိုင်းယှဉ်ပြဆိုစရာ ပျူစကား၊ ပျူစာကို ဘယ်လိုဟာမှန်း သူလည်းမသိ၊ အခြား မည်သူမျှလည်း မသိ၍ ဘာမှန်း မသိတာချင်း နှစ်ခု တူပါသည်ဟု ဆိုရန် ဘာမှ မသေချာခြင်းကြောင့်လည်းကောင်း၊ သီရိခေတ္တရာနှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိ စာတို့ကို မည်သည့် လူမျိုး၏ ဘာသာစကားနည်းဟု သူ မဖော်ထုတ်နိုင်ခဲ့ပါ။ (ဝါ) ဘာမှန်းမသိသော ထိုရှေးစာတို့ကို ဘာမှန်းမသိသော ပျူစာဟု ဗလက်ဒင် အတည်ပြုရဲဟန် မရှိပါ။ မြစေတီကျောက်စာတွင် မြန်မာဝေါဟာရ မြောက်မြားစွာ ပါရှိနေ၍ ရှေးမြန်မာစာ ဖြစ်နိုင်ချေရှိကြောင်းကိုလည်း ဖော်ထုတ်လိုစိတ် ရှိပုံမပေါ်ပါ။

သီရိခေတ္တရာနှင့် ပုဂံမြစေတီ စတုတ္ထမျက်နှာ အမျိုးအမည်မသိ စာများကို ဗလက်ဒင်အနေဖြင့် ဝေါဟာရအများစု၏ အဓိပ္ပာယ်ကို မဖော်နိုင်ခြင်း၊ သဒ္ဒါစနစ်မပြနိုင်ခြင်း၊ မည်သည့် ဘာသာစကားနည်းဟု မဖော်ထုတ်နိုင်ခြင်းတို့ကို ကျွန်တော် အပြစ်မပြောပါ။ ထိုအတွက် အပြစ်ပြောစရာ၊ ကဲ့ရဲ့စရာ မရှိပါ။ ကျွန်တော်တင်ပြလိုသည်မှာ သီရိခေတ္တရာနှင့် ပုဂံမြစေတီ အမျိုးအမည်မသိ စာများကို ပျူစာဟုလည်း အတည်မပြုနိုင်။ ခေါ်ရလွယ်အောင် ယာယီအမည်အဖြစ် ပျူစာဟု တပ်ထားပါသည်ဆိုသော မလည်ရှုပ် လုပ်ရပ်ကို ထောက်ပြလိုရင်း ဖြစ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
---------------------------------------------------------


ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၁၁)
    • မူရင်းဆောင်းပါး = Facebook (2014-12-07)
    • https://www.facebook.com/permalink.php?story_fbid=pfbid06D1ZRBPfbiZgVRmDPR4ZSw2Qdd9brzEnhsPYjCJcGoBMbDHrvjkxmiGtUSSjHxHJl&id=100057080305565



ပျူစာဟု အတည်မပြုနိုင်ပဲ မည်သည့်ဘာသာစကားဟု မဖော်ထုတ်နိုင်ပဲ ထိုရှေးစာတို့ကို ဗမာမဟုတ်သော ပျူစာဟု သုတေသနထုံးချိုးဖောက်ပြီး ယာယီအမည်တပ်ပေးကာ ပျူစာ ပျူစာဟု ထိုသူတို့ ပြောနေခြင်းမှာ ဗမာကို ပျူမဟုတ်ဟု ပြောရန် အကွက်ဆင်ခြင်းမျိုးနှင့်သာ ဆင်တူပါသည်။ 

ပို၍ ဆိုးဝါးသည်မှာ တရုတ်ကျမ်းများကို ကျမ်းကိုးပြုလေ့ရှိသော လုစ်သည် ရှေးတရုတ်ကျမ်းများတွင် ပျူကို ဗရမ္မာ-မြန်မာ ဟု တရုတ်တို့မှတ်တမ်းတင်ထားသော အထောက်အထားများ၊ ပုဂံခေတ် ဗမာကျောက်စာများပါ ဗြဟ္မာ-ပြုမ်မာ-ပြုမာ ဟူသော အထောက်အထား၊ ပုဂံကို ပုရာဂမ္မ ဟုလည်းကောင်း၊ ပုဂံဟုလည်းကောင်း ကျောက်စာတစ်ချပ်တည်းတွင် ရေးထိုးထားသော အထောက်အထား၊ ပုဂံမင်းကြီးကို ပျူတစ်သိန်းမင်းဟု ရေးသောအထောက်အထား၊ အိန္ဒိယသားတို့သည် သီရိခေတ္တရာခေတ်မှ ကိုလိုနီခေတ်တိုင်အောင် မြန်မာကို ဗရမ္မာဟုသာ သိရှိခေါ်ဝေါ်သော အထောက်အထားများကို သိလျက်နှင့် ထိမ်ချန်ခဲ့ခြင်းဖြစ်ပါသည်။

ထိုရှေး အမျိုးအမည်မသိ စာတို့ကို ဗမာမဟုတ်သော ပျူစာဟု သူတို့သုံးဦး ပြော၍ (အတည်မပြုခြင်းကို မသိပဲ) အဟုတ်မှတ်ကာ အခြားသူများအနေဖြင့်လည်း ထိုရှေးစာများကို အသိများ၊ အထင်မှားဖြင့် ပျူစာဟု ရေးသားပြောဆိုနေကြခြင်းများမှာ စိတ်မကောင်းစရာ လွဲချော်မှုကြီးတစ်ခုသာတည်း။ 

ထိုရှေးစာများကို အတည်မပြုရသေးသော (ဗမာမဟုတ်) ပျူဟူသည့် အမည်ဖြင့် ပြောဆိုခြင်းသည် လုပ်ထုံးလုပ်နည်း မမှန်။ လုပ်ထုံးလုပ်နည်း မှားနေပါသည်။ ထိုရှေးစာတို့ကို အမည်မသိစာ ဟူသော အမည်ရှုထောင့်မှသာ ချဉ်းကပ်လေ့လာရမည် ဖြစ်ပါသည်။ ထိုသို့ ထိုရှေးစာများကို အမည်မသိ (unknown) ရှုထောင့်မှ လေ့လာခြင်းမပြု၊ ပြန်လည် မစစ်ဆေးပဲ လက်ခံပြောဆိုနေကြခြင်းမှာ သူများဆင်သည့် အကွက်ထဲသို့ ဝင်သွားပြီး နှပ်ချခံရသကဲ့သို့ ရှိပါသည်။ ဗမာကို ပျူမဟုတ်ဟု သမိုင်းဖြတ်တောက်ရန် အကွက်ဆင်ထားသည့် ဝဲထဲ ကျွံကျနစ်မြုပ်ကာ သမိုင်းမှန် ကမ်းခြေသို့ ပြန်မလာနိုင် ဖြစ်နေကြပါသည်။  

ထိုသို့ ဝဲထဲကျကာ အမှားကို အမှားမှန်းမသိပဲ တလည်လည်ဖြစ်နေသူများထဲတွင် သမိုင်းသုတေသန အားနည်းသော ဆောင်းပါးရှင် အချို့လည်း ပါဝင်နေကြောင်းတွေ့မြင်နေရပါသည်။ ထိုသို့ အမှား ဝဲလည်နေသော ဗလက်ဒင်နှင့် လုစ်တို့၏ ဆင်ကွက်ထဲကျပြီး ရုန်းမထွက်နိုင်သော ဆောင်းပါးရှင်များကြားတွင် မောင်သာနိုး၊ မောင်ပြူး (သံတွဲ)၊ ငထက်ပြည့်၊  ပုရိသ၊ မောင်ကြည်ပန်း (မြင်းကပါ) တို့လည်း ပါဝင်နေကြောင်း၊ သီရိခေတ္တရာနှင့် ပုဂံ မြစေတီတွေ့ အမျိုးအမည်မသိ ရှေးစာတို့ကို အတည်မပြုရသေးသည့် ပျူအမည်တပ်ကာ မှားမှန်းမသိ မှားနေကြကြောင်း  တွေ့မြင်နေရပါသည်။

ဤစကားကို ကျွန်တော် အကြောင်းမဲ့ အပြစ်ရှာ ပြောခြင်းမဟုတ်ပါ။ သူတို့ ငါးဦးလုံး၏ ရေးသားပြောဆိုချက်များတွင် တွေ့မြင်နေရသည့်အတိုင်း မပြောမဖြစ် ပြောရခြင်းဖြစ်ပါသည်။ အမှားနှင့်အမှန် ကွဲပြားအောင် အားနာနာနှင့် ထောက်ပြရခြင်း ဖြစ်ပါသည်။ သူတို့ ငါးဦးလုံးသည် မြစေတီ ပျူစာ၊ မြန်မာစာ မဟုတ်ဟု ပြောနေကြပါသည်။ မြစေတီ အမျိုးအမည်မသိစာ (unknown) ဟု ကျောက်စာဝန် အီမောသျှမ်းမားနှင့် ဦးတော်စိန်ခို တို့နှစ်ဦး သုတေသနထုံးနှင့် အညီ အမည်ပေးထားသည်ကို လျစ်လျူရှုပြီး သူတို့ငါးဦး အဘယ့်ကြောင့် မြစေတီပျူစာဟု ပြောဆိုပါသနည်း။ သူများပြော၍ဟု ဖြေမည်လော။ သုတေသနတွင် ထိုအဖြေမျိုး လက်မခံပါ။ သူတို့ကိုယ်တိုင် ထိုမြစေတီ အမျိုးအမည်မသိစာကို ပျူစာဟု အတည်ပြုနိုင်စွမ်း မရှိကြောင်းကား မေးစရာမလိုသော အချက်ပင်ဖြစ်ပါသည်။ ထိုမြစေတီ ရှေးစာကို ပျူစာဟု သူများပြော၍ (ကိုယ်ပိုင်သုတေသနမပါပဲ) သူတို့ သံယောင်လိုက် ပြောနေကြခြင်းသာ ဖြစ်သည်။ ထိုမြစေတီ ရှေးစာကို ဘယ်သူက ပျူဟု စပြောတာလဲ ? သေချာရဲ့လား ? ယာယီလား ? အတည်ပြုပြီးသားလား? သူတို့ ငါးဦးစလုံး ပြန်လည်စစ်ဆေးခြင်း မရှိကြပါ။ သုတေသနမလုပ်၊ မစစ်ဆေးပဲ သူများပြော၍  လိုက်ပြောနေသူတို့စကားကို မည်သို့ လက်ခံယုံကြည်ရမည်နည်း။

သီရိခေတ္တရာနှင့် ပုဂံ မြစေတီမှ အမျိုးအမည်မသိ စာများကို ဗလက်ဒင်က ပျူစာဟုပြော၍ လိုက်ပြောပါသည်ဟု ဖြေမည်လော။ ထိုရှေးစာများနှင့်ပက်သက်၍ ဗလက်ဒင်ကိုယ်တိုင် အတည်မပြုကြောင်း ဝန်ခံရေးသားထားသော စာများကို ရှေ့ပိုင်းတွင် ကျွန်တော်ထုတ်နှုတ် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

သမိုင်းအယူအဆဟူသည်နှင့် ပက်သက်၍ ဆရာကြီးဒေါက်တာသန်းထွန်းက “အယူအဆဟာ မှန်ကန်တယ်လို့ သက်သေပြနိုင်မှ လက်ခံနိုင်တဲ့ အဆင့်ရောက်တယ်” ဟု သွန်သင်ထောက်ပြခဲ့ပါသည်။ သီရိခေတ္တရာ၊ ဟန်လင်းနှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိ စာများကို မည်သူကမှ ဗမာမဟုတ်သော ပျူစာပါဟု သက်သေပြနိုင်ခြင်းမရှိ၊ ယင်း ရှေးစာတို့သည် ဗမာစာမဟုတ်သော ပျူစာပါဟု လက်ခံနိုင်သော အဆင့် မရောက်သေးပါ။

ဗလက်ဒင်သည် သိရိခေတ္တရာမြို့ဟောင်း၊ ပုဂံမြစေတီ စတုတ္ထမျက်နှာပါ အမျိုးအမည်မသိ ရှေားစာ (unknown) များကို ဧကန်မူချ ပျူစာပါဟု အဘယ့်ကြောင့် အတည်မပြုခဲ့သနည်း။ ဗလက်ဒင်ကား ဝါရင့် သမ္ဘာရင့် ပညာရှင်ဖြစ်သောကြောင့် အခြားပညာရှင်များ အနွှာခံရမည့် အဖြစ်မျိုး အဖြစ်မခံနိုင်ပါ။ ပြောချင်ရာ စိတ်ကူးယဉ်ပြောပြီး ကိုယ်အနွှာမခံရအောင် လွတ်ကွက်ကို ယူထား၏။ 

“အီမောသျှမ်းမားနဲ့ တော်စိန်ခိုတို့က အမျိုးအမည်မသိစာ (unknown) လို့ပြောတဲ့ ရှေးစာတွေကို ကျုပ်က ပျူလို့ ခေါ်လိုက်ပါတယ်။ ခေါ်ရလွယ်အောင် အဆင်ပြေအောင်လို့ပါ။ ယာယီပါ။ နောက်တော့ ပြင်ကြပေါ့။ အဲ့ဒီဟာအတွက် ပျူဆိုတဲ့ အမည်ကို အတည်ပြုတယ်လို့ မယူဆကြပါနဲ့။” 

ဗလက်ဒင်ကား ပါးနပ်၏။ အချို့သူတို့ကား မပါးနပ်ကြပါ။ ဗလက်ဒင် ဘယ်လိုနပ်ပြီး အချို့သူတို့ (ယာယီအမည် ပျူကို အတည်ပြုပြီးအမည်ဟု ထင်မြင်သုံးစွဲ ခေါ်ကြသူအချို့) ဘယ်လို မနပ်ကြောင်း ရှင်းပြပါမည်။ သုတေသန၌ စဉ်းစားစရာအချို့ရှိနေ၍ အတည်မပြုသေးပဲ ဒါကတော့ ယာယီပြောတာပါ။ ယာယီအမည်ပါဟု လုပ်၍ ရပါသည်။ အပြစ် မပြောပါ။ အတည်ပြုပါသည် ဆိုသည်နှင့် အခြားပညာရှင်များက အတည်ပြုတာ မှန်ရဲ့လား၊ ဘယ်လောက်သေချာလို့လဲ၊ အထောက်အထား ခိုင်လုံရဲ့လား စသည်ဖြင့် ဝိုင်းဝန်းစစ်ဆေး မေးမြန်းကြတော့မည်။

သီရိခေတ္တရာမြို့ဟောင်းနဲ့ အဲ့ဒီမြို့ကို တည်ထောင်နေထိုင်ခဲ့တဲ့ လူမျိုးကို ဘာလို့ ပျူလို့ အမည်တပ်တာလဲ မေးလာခဲ့လျှင် ဗမာရာဇဝင်တွေက ပျူလို့ဖော်ပြလို့ပါ။ ဒါပေမယ့် ယာယီအမည်ပါဟု ဗလက်ဒင် ဖြေပေလိမ့်မည်။ သူ့စာတွင် ထိုအတိုင်း ကြိုတင်ဖြေထားပြီး ဖြစ်သည်။ ဗမာ့သမိုင်းဦးကို လက်မခံချင်သောအခါ ဗမာ့ရာဇဝင်များကို ပုံပြင်တွေပါဟု ဆိုလေ့ရှိသော ကိုလိုနီခေတ် အင်္ဂလိပ်ပညာရှင်တို့သည် သူတို့ပြောချင်ရာပြောသည်ကို မထိခိုက်စေရန် ဗမာ့ရာဇဝင်များကို အကာအကွယ် ယူပုံမှာမူ ရယ်စရာကောင်းပါသည်။ ထို့ပြင် ရှေးဗမာ့ရာဇဝင်များတွင် ပျူသည် ဗရမ္မာ၏ အမည်ပွားတစ်ခု ဟူသောအချက်ကို ပြည့်စုံစွာ မပြောခဲ့ပါ။ ပျူမြို့မှာတွေ့တိုင်း ပျူစာလားလို့မေးခွန်းထောက်လာရင် သေချာပါသည်ဟု ဗလက်ဒင် ဖြေရဲဟန်မရှိ။ မဖြေရဲကြောင်း အထောက်အထားမှာ အဆိုပါ အမျိုးအမည်မသိ စာများကို ဧကန်မလွဲ ပျူစာပါဟု သူအတည်မပြုကြောင်း ကြိုတင်၍ပြောခဲ့ခြင်းပင်တည်း။ ပျူမြို့မှာတွေ့သမျှ ပျူစာပါဟုပြောရန် မသေချာကြောင်း ပညာရှင်များသိသကဲ့သို့ ဝါရင့်ပါမောက္ခ ဗလက်ဒင်လည်း သိပေသည်။ 

ဥပမာ- ယခုအခါ ယိုးဒယားနိုင်ငံ နယ်နိမိတ်ထဲရှိ လဝလူမျိုးတို့၏ မြို့ဖြစ်သော လဝပူရမြို့တွင် လဝပူရ-လဝမြို့ ဟု လဝစာပါရှိသော လဝဒင်္ဂါးကို တွေ့ရသကဲ့သို့ မွန်ဘာသာကျောက်စာများကိုလည်း တွေ့ရပါသည်။ ပုဂံဗမာမြို့ဟောင်းကြီးတွင် ဗမာကျောက်စာအပြင် ဗမာမဟုတ်သော ပါဠိကျောက်စာ၊ တရုတ်ဘာသာ ကျောက်စာ၊ မွန်ဘာသာ ကျောက်စာတို့ကိုလည်း တွေ့ရှိရပါသည်။ ထို့ကြောင့် ဗမာရာဇဝင်များအရ ပျူမြို့ဟု သူဆိုသော သီရိခေတ္တရာမြို့မှာ တွေ့တိုင်း ပျူစာဟုဆိုရန် မသေချာသေးပါ။  

ထိုရှေးစာတို့ကို သဒ္ဒါစနစ်၊ ဝါကျစနစ်တို့နှင့်တကွ ဖတ်တတ်မှသာ မည်သည့်ဘာသာစကားမှန်း သေချာပြောနိုင်မည်။ ယခု သီရိခေတ္တရာနှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိ ကျောက်စာတို့ကို သူလည်း သဒ္ဒါစနစ်၊ ဝါကျစနစ် မဖော်နိုင်။ တစ်ဝါကျမှ မဖတ်တတ်။ ထိုရှေးစာတို့ကို မည်သည့်ဘာသာစကားနည်းဟု သူကိုယ်တိုင်ပင် မဖော်ထုတ်နိုင်သေး။ ထို့ပြင် ရှေးဗမာရာဇဝင်တို့တွင် ဗမာ-ဗရမ္မာ-မြန်မာသည် ပျူလူမျိုးဟု မှတ်တမ်းတင်ချက်ရှိနေရာ သီရိခေတ္တရာနှင့် ပုဂံမြစေတီ အမျိုးအမည်မသိ စာများသည် ရှေးကျလွန်း၍ ရှေးတရုတ်စာများကို ယခုခေတ် တရုတ်အများစု အဓိပ္ပာယ်ဖတ်ရန်ဝေးစွ၊ အသံပင်မထွက်တတ်သကဲ့သို့ လည်းကောင်း၊ ရှေးကျလွန်း၍ ယခုခေတ်ဗမာများ မဖတ်တတ်ဖြစ်နေသော ရှေးဗမာစာမျိုးဖြစ်နေပြန်ပါက တစ်ချိန်ချိန် ပေါ်ပေါက်လာလျှင် သူ(ဗလက်ဒင်) မသေချာပဲ ပြောသမျှ လွဲကုန်ပေလိမ့်မည်။ 

သူမည်သည့်ဘာသာစကားဟု ယခုအချိန်(၁၉၁၁-၁၂ ခုနှစ်) မှာ မဖော်ထုတ်နိုင်သော သီရိခေတ္တရာနှင့် ပုဂံမြစေ
တီတို့မှ အမျိုးအမည်မသိစာသည် မည်သည့်ဘာသာစကားဟု သူအသက်ရှင်နေစဉ်တွင် ဖြစ်စေ၊ သူကွယ်လွန်ပြီးမှ ဖြစ်စေ တစ်ချိန်ချိန်မှာ ပေါ်ပေါက်လာနိုင်ခြေ ရှိနေရာ ထိုအချိန်ကျမှ အရှက်မကွဲ ရစေရန် ထိုအမျိုးအမည်မသိ စာတွေကို ပျူလို့အမျိုးအမည် တပ်တာဟာ ခေါ်ဝေါ်ရလွယ်ကူအောင် ယာယီပါ၊ အတည်မယူပါနဲ့ဟု ဆိုခြင်းက သူ့အတွက် သိက္ခာကျရမည့်ဘေးမှ လုံးဝကင်းပေမည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*
----------------------------------------------------------

ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၁၂)
    • မူရင်းဆောင်းပါး = Facebook (2014-12-08)
    • https://www.facebook.com/permalink.php?story_fbid=pfbid02KAV32WpiH7jLuVdb1b95P1je4MirzYQ7cQJ2qkcxSpk11uTfz7kvkjyxfzLVKKDzl&id=100057080305565




နှစ်ပေါင်းကြာလာသောအခါ ထိုအမျိုးအမည်မသိ စာများကို ဗလက်ဒင်က ပျူဟု အမည်တံဆိပ်တပ်သည်မှာ ယာယီဖြစ်ကြောင်း လူတွေမသိကြတော့။ ပျူဆိုတာ ယာယီအမည်ပါ။ အတည်မပြုပါ။ အတည်မယူပါနဲ့ဟု သူရေးခဲ့သော ဆောင်းပါးပါ Epigraphia Burmanica စာအုပ်သည်လည်း ၁၉၁၉ ခုနှစ် စတင်ထုတ်ဝေစဉ် ကတည်းက စောင်ရေ ၃၀၀ မျှသာ ပုံနှိပ်ထုတ်ဝေခဲ့၍ ပြည်သူလူထုကြား မပျံ့နှံ့ပါ။ ဒုတိယကမ္ဘာစစ် ကျော်လွန်ပြီးသောအခါ ထိုစာစောင်သည် အလွန်ရှားသွားပြီး ယခုအခါ ထိုစာစောင်သည် ကမ္ဘာတွင်မဆိုထားဘိ မြန်မာနိုင်ငံတွင်ပင် ပျောက်သလောက်ဖြစ်နေပြီး နိုင်ငံတော်စာကြည့်တိုက် တစ်ခုမှာသာ ရှိသည်။ သမိုင်းဌာနများမှ ဆရာ ဆရာမများအဖို့ပင် ထိုစာစောင်ဖတ်ကြည့်စရာ မရှိတော့ချေ။ 

သိပ်မရှားသေးသည်က ထိုအမျိုးအမည်မသိ စာများကို ဝေါဟာရတစ်လုံးပင် ကွယ်လွန်သည်ထိ အဓိပ္ပာယ်မဖော်နိုင်။ မည်သည့်ဘာသာစကားဟု အတည်ပြုနိုင်စွမ်း လုံးဝမရှိသော ဂျီအိပ်ချ်လုစ် ၏ “သိရိခေတ္တရာနဲ့ ပုဂံမြစေတီက ပျူစာတွေ၊ အဲဒါတွေ ပျူစာဆိုတာ ကျုပ်ပြောတာ မဟုတ်ဘူး။ ဗလက်ဒင်ပြောတာ။ ဗလက်ဒင်ပြောလို့ အဲ့ဒါ ပျူစာတွေ” ဟု အဆိုပါ အမျိုးအမည်မသိ ကျောက်စာများကို ပျူစာဟု အတည်မပြုနိုင်ခဲ့ပဲ ပျူစာဟု တစ်ပျူတည်း ပျူနေခဲ့သော လုစ်၏ စာများပင် ဖြစ်ပါသည်။

သို့သော် ထိုအမျိုးအမည်မသိ ကျောက်စာတွေသည် အမှန်တကယ်ကို ဗမာစာမဟုတ်သော ပျူစာ ဟုတ်မှန် ပါရဲ့လားဟု သတိထားမေးခွန်းထုတ်သော ပညာရှင်အချို့ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူးချုပ် ဆရာကြီးဦးအောင်သော်သည် - “သရေခေတ္တရာနဲ့ ပုဂံမြစေတီက အမျိုးအမည်မသိ ရှေးကျောက်စာတွေကို ဗလက်ဒင်က ပျူစာဟု အမည်တပ် ခေါ်ခဲ့သဖြင့် အများက ပျူစာတွေဟု လိုက်ခေါ်နေခြင်းမှာ မှန်ရဲ့လား” ဟု မေးခဲ့သော ပညာရှင်တစ်ဦးဖြစ်ပါသည်။ 

လန်ဒန်တက္ကသိုလ်မှ ရှေးဟောင်းသုတေသနပါမောက္ခ ဒေါက်တာအယ်လစ်ဇဘ်မိုး ကလည်း - သရေခေတ္တရာနဲ့ ပုဂံမြစေတီက အမျိုးအမည်မသိ ကျောက်စာတွေကို ဗလက်ဒင်က ပျူဟုအမည် တပ်ခဲ့ခြင်းမှာ ရှုပ်ထွေးမှုများ ရှိလာကြောင်း သုံးသပ်ပြောဆို ခဲ့ပါသည်။

သတိရှိသော ပြန်လည်စစ်ဆေးသော ပညာရှင်များအနေဖြင့် သရေခေတ္တရာနှင့် ပုဂံမြစေတီ အမျိုးအမည်မသိ ရှေးကျောက်စာ (unknown) များကို ပျူစာဟု အတည်မယူ လက်မခံခြင်းကို မောင်သာနိုး၊ မောင်ပြူး(သံတွဲ)၊ ငထက်ပြည့်၊ ပုရိသ၊ မောင်ကြည်ပန်း(မြင်းကပါ)တို့ သိကြပါ၏လော။ ထိုရှေးစာတို့ကို ခေါ်ရလွယ်အောင် ယာယီအမည်အဖြစ် ပျူဆိုတဲ့ အမည်တံဆိပ်ပေးတာပါ။ ဒီစာအတွက် ပျူဆိုတဲ့အမည်ကို အပြီးသတ် အတည်ပြုအမည်လို့ မယူကြပါနဲ့ ဟု ဗလက်ဒင်ကိုယ်တိုင် ရေးခဲ့သော ဆောင်းပါးကို မောင်သာနိုးတို့ငါးဦး ဖတ်ပြီးကြပါပြီလော။ 
လန်ဒန်တက္ကသိုလ်မှ ဘာသာစကားပါရဂူ ပါမောက္ခဗလက်ဒင်၊ သမိုင်းပညာရှင် ဂျီအိပ်ချ်လုစ်၊ ရှေးဟောင်း သုတေသနကျောက်စာဝန် ဒူရွိုင်ဆယ်လ်တို့ သုံးဦးသား ထိုရှေးစာတို့ကို မည်သည့်ဘာသာစကားဟု ဖော်ထုတ်နိုင်စွမ်း မရှိသော်လည်း ထိုရှေးစာတို့ကို ဗမာနှင့်မတူသော ပျူစာဟု မောင်သာနိုးတို့ ငါးဦး ဖော်ထုတ်နိုင်လျှင် ဖော်ထုတ်အတည်ပြုပေးကြပါ။ ဗမာမဟုတ်သော ပျူလူမျိုးလည်းမမြင်ဖူး၊ ဗမာမဟုတ်သော ပျူစကားလည်း တစ်ခါမှမကြားဖူး၊ မသိဖူးပါပဲ ဘာမှန်းမသိသော အမျိုးအမည်မသိ စာများကို ပျူစာဟု ဖော်ထုတ်နိုင်သူများအဖြစ် ဗလက်ဒင်တို့ လုစ်တို့ထက် ထူးချွန်သာလွန်သော အံ့ချီးဖွယ် ပုဂ္ဂိုလ်များဟု ပညာရှင်လောကမှ သြဘာပေးခံရပါလိမ့်မည်။

အထူးမေတ္တာရပ်ခံလိုသည်မှာ - ပထမအချက်အနေဖြင့် ဗလက်ဒင်ကဲ့သို့ လျှာနှစ်ခွ မပြောကြပါရန်။ ဒုတိယအချက်အနေဖြင့် လုစ်နှင့် ဒူရွိုင်ဆယ်လ်တို့လို သီရိခေတ္တရာနှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိ ရှေးစာ (unknown)တို့ကို ကိုယ့်အစွမ်းနှင့်ကိုယ် ဗမာစာနှင့်မတူသော ပျူစာဟု အတည်ပြုနိုင်စွမ်းမရှိပဲ သူများပြော၍ ပျူစာဟု သံယောင်လိုက် ပြောပါသည်ဟု ကိုယ့်ကိုကိုယ် လေးစားသောအားဖြင့် မပြောဆိုကြပါရန်။

တတိယချက်အနေဖြင့် အိန္ဒိယသားတို့က “ဗရမ္မာ” ဟု သီရိခေတ္တရာခေတ်မှ ယနေ့တိုင်ထိ သိရှိခေါ်ဝေါ်နေသော မြန်မာတို့ကို တရုတ်တို့ကလည်း “ဗရမ္မာ-မြန်မာ-ပျူ” ဟု အမည်သုံးမျိုးလုံးဖြင့် သီရိခေတ္တရာခေတ်နှင့် ပုဂံခေတ်များတွင် သိရှိခေါ်ဝေါ်ခဲ့သော သမိုင်းဝင် ခေတ်ပြိုင်အထောက်အထားများကို မျက်နှာလွှဲ ခဲပစ် မလုပ်ကြပါရန်။

စတုတ္ထအချက်အနေဖြင့် “ဗြဟ္မာ”(ဗရမ္မာ)ဟူသော အမည်ဝေါဟာရများကို “ဗြုမ်မာ-ပြုမ်မာ-ပြုမာ” ဟု လည်းကောင်း၊ ပုဂံကို “ပုရာဂမ္မ (ပြူဂါမ)” ဟုလည်းကောင်း၊ ပုဂံမင်းကြီးကို “ပုတသိန်းမင်း (ပြူတသိန်းမင်း)” ဟုလည်းကောင်း ရေးထိုးထားသော ပုဂံခေတ် ဗမာကျောက်စာများကို မထိမ်ချန်ကြပါရန်။

ပဉ္စမအချက်အနေဖြင့် ရက္ခပူရတိုင်း မင်းနှင့် ပြည်သူတို့၏ လူမျိုးအမည်ကို “ဗြဟ္မာ-ဗရမ္မာ-မရမ္မာ-မြန်မာ” ဟုလည်းကောင်း၊ ပြည်မ မြန်မာမင်းနှင့် မြန်မာပြည်သူတို့ကို ပျူလူမျိုးဟုလည်းကောင်း၊ သီရိခေတ္တရာခေတ်မှ ကုန်းဘောင်ခေတ်အထိ  ရခိုင် လူပညာရှိ၊ ရခိုင်ရဟန်းပညာရှိများ အတိအလင်းဖော်ပြထားသော ရခိုင်ရာဇဝင်များပါ အထောက်အထားများကို မသိချင်ယောင်ဆောင် ဖုံးဖိကွယ်ဝှက်ခြင်းများ မပြုကြပါရန်။

အနှစ်ချုပ်တင်ပြလိုသည်မှာ မြန်မာနှင့် မတူသော ပျူလူမျိုးအထောက်အထားဟူ၍ မရှိပါ။ ရှိနေသည်တို့မှာ သီရိခေတ္တရာနှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိ ရှေးဟောင်းကျောက်စာများသာ ဖြစ်ပါသည်။ ယင်းအမျိုးအမည်မသိ (မည်သည့်လူမျိုးစာဟု မသိ) ရှေးဟောင်းကျောက်စာများကို မြန်မာစာနှင့် မတူသော ပျူစာဟု လုစ်နှင့် ဒူရွိုင်ဆယ်လ်တို့ နှစ်ဦး ပြောဆိုရေးသားခဲ့ခြင်းမှာ သမိုင်းလုပ်ဇာတ်မျှသာ ဖြစ်သည်။ ယင်းရှေးဟောင်းကျောက်စာများကို ဗလက်ဒင်အနေဖြင့် ခေါ်ဝေါ်ရလွယ်ကူအောင် ပျူစာဟု ယာယီတပ်ခြင်းမျှသာဖြစ်ပြီး ယင်းရှေးဟောင်းကျောက်စာများကို မြန်မာနှင့် မတူသော ပျူစာဟု ဗလက်ဒင် အတည်မပြုခဲ့ပါ။ ယင်းရှေးဟောင်းကျောက်စာတို့ပါ ပါဠိစာ၊ ဗမာစာ၊ မွန်စာတို့နှင့် တိုက်ဖတ်ကြည့်ပြီး အသံဆင်တူ တွေ့ရှိရသော ဝေါဟာရအလုံး ၅၀ ခန့်သာ ဗလက်ဒင်ဖော်ထုတ်နိုင်ရုံရှိပြီး ဝါကျအလိုက် တစ်ကြောင်းမှ မဖတ်နိုင်။ ဝါကျဖွဲ့ထုံးလည်းမပြောနိုင်။ သဒ္ဒါစနစ်နှင့် ဝါစင်္ဂ ၈ ပါးသုံးစွဲထားပုံကိုလည်း မသိ မဖော်နိုင်။ မြန်မာနှင့်မတူသော ပျူစကား၊ ပျူစာကို တစ်ခါမှလည်း မမြင်ဖူး၊ မကြားဖူးသဖြင့် ဗလက်ဒင် အတည်မပြုနိုင်ခဲ့ပါ။ ဗလက်ဒင် အတည်မပြုခဲ့ခြင်းအကြောင်းကို လုစ်နှင့် ချားလ်ဒူရွိုင်ဆယ်တို့နှစ်ဦး ဖော်ပြသင့်သော်လည်း ဖော်ပြခြင်း လုံးဝမပြု။ ပျက်ကွက် ထိမ်ချန်ခဲ့ကြပါသည်။

ယင်းအမျိုးအမည်မသိ ရှေးကျောက်စာများကို မြန်မာနှင့်မတူသော ပျူစာ၊ ပျူအထောက်အထားဟုပြောရန် သမိုင်းပညာအရ စံမဝင် ဘောင်မဝင်သည်ကိုလည်း မသိရှာ၊ လုစ်တို့ ဖြီးသွား နှပ်ချသွားသည်ကိုလည်း မသိရှာပဲ အဲ့ဒိကျောက်စာတွေဟာ ပျူစာတွေ၊ မြန်မာနဲ့မတူတဲ့ ပျူအထောက်အထားတွေဟု ကလောင်ရှင်အချို့ သမိုင်းပညာမဲ့ လူပြိန်း အထင်အမြင်ဖြင့် ထောက်ခံရေးသားနေကြခြင်းဖြစ်ပါသည်။

ရှေ့ပိုင်းတွင် တင်ပြခဲ့ပြီးဖြစ်သည့်အတိုင်း ရှိနေသော အိန္ဒိယ၊ တရုတ်၊ သိရိခေတ္တရာ၊ ပုဂံ၊ ရခိုင် ရှေးခေတ်ပြိုင် အထောက်အထားတို့က ဗရမ္မာ-ဗမာ-မြန်မာသည် ပျူဖြစ်ကြောင်းကိုသာ ထောက်ခံညွှန်ပြနေကြပါသည်။

မဇ္ဈိမ အိန္ဒိယအထောက်အထားတို့အရ သီရိခေတ္တရာသည်လည်း ဗြဟ္မာ-ဗရမ္မာ-ဗမာ၊ ပုဂံသည်လည်း ဗရမ္မာ-ဗမာ၊ ပင်းယ-အင်းဝ-ညောင်ရမ်း-ကုန်းဘောင်သည်လည်း ဗရမ္မာ-ဗမာ၊ ယနေ့ခေတ် ဗမာ-မြန်မာသည်လည်း ဗရမ္မာ-ဗမာ သာတည်း။ ယင်းသို့ အိန္ဒိယက ဗမာ-ဗရမ္မာ ဟု ရှေးကတည်းက ယနေ့ထက်ထိ ခေတ်အဆက်ဆက် သိရှိခေါ်ဝေါ်မှတ်တမ်းတင်လာခဲ့သော ဗရမ္မာ-ဗမာ-မြန်မာလူမျိုး၊ ဗရမ္မာ-ဗမာ-မြန်မာနိုင်ငံကို တရုတ်တို့ကလည်း ဘီစီ ၂ ရာစု သီရိခေတ္တရာခေတ်တွင် ဗရမ္မာ ဟုလည်းကောင်း၊ ပျူဟုလည်းကောင်း၊ အေဒီ ၈ ရာစု - ၁၀ ရာစု ပုဂံခေတ်လယ်တွင် ပျူဟု လည်းကောင်း၊ အေဒီ ၁၀ ရာစု - ၁၄ ရာစု ပုဂံခေတ်နှောင်းတွင် မြန်မာ (ရှေးအသံထွက်-မရန်မာ) ဟုလည်းကောင်း၊ ပျူဟုလည်းကောင်း၊ အေဒီ ၁၄ ရာစု ပုဂံခေတ်နှောင်း-ပင်းယခေတ်ဦးတွင် မြန်မာဟုလည်းကောင်း၊ ပျူဟုလည်းကောင်း၊ အေဒီ ၁၅ ရာစု အင်းဝခေတ်တွင်လည်း ဗရမ္မာ ဟုလည်းကောင်း၊ ပျူဟုလည်းကောင်း၊ မြန်မာဟုလည်းကောင်း သိရှိခေါ်ဝေါ်မှတ်တမ်းတင်ထားခဲ့ကြရာ ဗရမ္မာသည် ဗမာ-မြန်မာ၊ ဗရမ္မာသည် ပျူ၊ ဗမာ-မြန်မာသည် ပျူဖြစ်ကြောင်း မိုးကောင်းကင်ထက် ထွန်းလင်းတောက်ပသော သူရိယနေဝန်းထင်ရှား သကဲ့သို့ အလွန်ထင်ရှားနေပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*

----------------------------------------------------------

ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၁၃)
    • မူရင်းဆောင်းပါး = Facebook (2014-12-09)
    • https://www.facebook.com/permalink.php?story_fbid=pfbid02eVJpBjJoyNasai7T8XctqwhHY7qbpVQYvdsF1pgjkKkpdwf4bUbgebVVRcLp3Tvel&id=100057080305565








သီရိခေတ္တရာ ခင်ဘကုန်းတွေ့ ငွေဗောဓိပင်၌  “ပုဗရမိ-ပျူဗရမ္မာ” ဟု သီရိခေတ္တရာမင်းတစ်ပါး ရေးထိုးထားခဲ့သော အထောက်အထား၊ ပုဂံမင်းကြီးကို “ပျူတသိန်းမင်း” ဟု ရေးထိုးခဲ့သော အထောက်အထားအရလည်း ပျူသည် ဗရမ္မာ-ဗမာဖြစ်ကြောင်း ထပ်မံထင်ရှားပေါ်ပေါက်နေပါသည်။  မြန်မာသည် ဗမာ၊ ဗမာသည် ဗရမ္မာ ဖြစ်သောကြောင့်  ၁၆ ရာစု -၁၇ ရာစု- ၁၈ ရာစု ပြင်သစ်၊ အီတလီမြေပုံများတွင် ဗမာ-မြန်မာ နိုင်ငံကို ဗရမ္မာ(Brama , Brema) ဟု ရေးထိုးမှတ်တမ်းတင်ထားသော အထောက်အထား၊ ၁၆ ရာစုမှ ယနေ့ထက်ထိ အင်္ဂလိပ်တို့မှ မြန်မာ-ဗမာကို ဗရမ္မာမှန်းသိ၍ ဘားရ်မား (Burma) ဟု ခေါ်ဝေါ်သောအထောက်အထား၊ ၁၆ ရာစုခန့်မှ ယနေ့တိုင် စပိန်လူမျိုးတို့က ဗမာကို ဗရမ္မာဟု သိရှိခေါ်ဝေါ်သောအထောက်အထား၊ ဂျပန်တို့က မြန်မာ-ဗမာကို ဗီရုမာဟု ခေါ်ဝေါ်သော အထောက်အထား၊ ဗမာ-မြန်မာကို ရှေးခမာတို့က ဗရမ်း(ဗရမ္မာ)၊ ရှေးမွန်တို့က ဗရုမ်(ဗရုမ်မာ)ဟု သိရီခေါ်ဝေါ်သော အထောက်အထားတို့ကလည်း ပတ္တမြားမကိုဋ်ကို စိန်ပွင့်များ ဝန်းရံနေသကဲ့သို့အတိုင်း အိန္ဒိယ၊ တရုတ်၊ သီရိခေတ္တရာ၊ ပုဂံ အထောက်အထားများကို ထပ်ဆင့်ဝန်းရံ ထောက်ခံလျှက်ရှိနေကြပါသည်။

ပုဂံခေတ် ရှေးဗမာ ကျောက်စာတို့ပါ ဗရမ္မာ-မရမ္မာ-မြန်မာ ရှေးအသံထွက် ဗရန်မာ ဟုလည်းကောင်း၊ ဗရမ္မာ-ဗရုမ်မာ-ပရုမ်မာ-ပရုမာ(ပြုမာ)-ပြု-ပျူ-ပု ဟု လည်းကောင်း၊  ပုရာဂါမ္မ-ပုဂံ၊  ပုကံ ဟုလည်းကောင်း အနက်တူ အသံကွဲ အမည်ပွားအမျိုးမျိုး ရေးထိုးထားသော အထောက်အထားတို့ကလည်း စိန်ခြယ်ပတ္တမြား မကိုဋ်တွင် နီလာပါ ထပ်စီထားသကဲ့သို့ ရှိပါသည်။

တကောင်း ကံရာဇာကြီးမင်းမှ ဆင်းသက်သည်ဟု မှတ်တမ်းရှိသော ပြည်ထောင်စုဖွား ညီနောင်သားချင်းများ ဖြစ်ကြသော ရက္ခိတပူရတိုင်း ရခိုင်တို့၏  ပြည်ကြီးရာဇဝင်၊ တောင်ကျောင်းရာဇဝင်၊ ဓညဝတီအရေးတော်ပုံ အစရှိသော ရခိုင်ရာဇဝင်အသီးသီးကလည်း ရက္ခပူရတိုင်းမင်းနှင့် ပြည်သူတို့၏ လူမျိုးအမည်မှာ ဗရမ္မာ-မရမ္မာ-မြန်မာ ဖြစ်ကြောင်း၊ ရခိုင်ရိုးမတောင်ကြီး၏ ထီးနန်းစိုးစံနေထိုင်သော တကောင်း ကံရာဇာငယ်မင်းမှ ဆင်းသက်သည်ဟု မှတ်တမ်းရှိသည့် ဗရမ္မာ-မရမ္မာ-မြန်မာ လူမျိုးသည် ပျူဖြစ်ကြောင်း အထင်အရှား မှတ်တမ်းတင် ထောက်ခံလျှက်ရှိပါသည်။

အထက်ပါ ထင်ရှားရှိနေသော အိန္ဒိယ၊ တရုတ်၊ သိရိခေတ္တရာ၊ ပုဂံ၊ ရခိုင် အထောက်အထားများကို ကြည့်ပြီး ဆရာကြီးဒေါက်တာသန်းထွန်းနှင့် ဆရာကြီးတစ်ချို့က မြန်မာသည် ပျူဖြစ်ကြောင်း ချက်ဆို နားခွက်က မီးတောက်သကဲ့သို့ သိနားလည် လက်ခံကြသည်မှာ သမိုင်းပညာရှင်များ ဖြစ်၍တည်း။ စာဖတ်ပရိသတ်များသည်လည်း သမိုင်းနားပါးလျက် ချက်ဆို နားခွက်က မီးတောက်ကြပါသည်။ မောင်သာနိုး၊ မောင်ပြူး(သံတွဲ)၊ ပုရိသ၊ မောင်ကြည်ပန်း(မြင်းကပါ နှင့် ငထက်ပြည့်တို့အနေဖြင့် အထက်ပါ အထောက်အထား အများအပြား ထင်ရှားစွာ ရှိနေပါလျှက် ဗရမ္မာ-ဗမာ-မြန်မာသည် ပျူဖြစ်ကြောင်း မိသိနားမလည်၊ ချက်ဆို နားခွက်က မီးမတောက်သည်မှာ သမိုင်း နားမပါးရုံမက သမိုင်းပညာနှင့် ဝေးလွန်းဟန်ရှိကာ လုစ်တို့ ပယ်ပယ်နယ်နယ် စီမံချက်ပြုတ် ကျွေးမွေးခဲ့သော သီရိခေတ္တရာနှင့် ပုဂံမြစေတီ ပျူနှပ်စာများကို သမိုင်းအပင်းစာမှန်း မသိကြပဲ တနင့်တပိုး စားမိခြင်းကြောင့် သမိုင်းအစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်နေကြဟန်ရှိပါသည်။

ဗရမ္မာ-ဗမာ-မြန်မာသည် ပျူလူမျိုးဖြစ်သည်ဟု ရှေးဗမာ ရာဇဝင်မှတ်များ မှတ်တမ်းတင်ချက် မှန်ကန်ကြောင်းကို ထင်ရှားစွာထောက်ခံနေသော အိန္ဒိယ၊ တရုတ်၊ သီရိခေတ္တရာ၊ ပုဂံ၊ ရခိုင် အထောက်အထားပေါင်း မြောက်များစွာကို သိလျက်နှင့် ထိမ်ချန်ထားခဲ့ပြီး မြန်မာစာနှင့် မတူသော ပျူစာဟု အတည်ပြုနိုင်ခြင်းမရှိသော အမျိုးအမည်မသိစာကို မြန်မာစာနှင့်မတူသောပျူစာ၊ မြန်မာနှင့် မတူသော ပျူလူမျိုးဟု လုပ်ကြံပြောဆိုခြင်းဖြင့် လုစ်သည် ဗရမ္မာ-ဗမာ-မြန်မာ-ပျူ လေးမည်ရ လူမျိုးတစ်မျိုးတည်းကို နှစ်မျိုးဖြစ်အောင် ဖြတ်တောက်လျက် ပျူသည် သပ်သပ်၊ ဗမာသည် သပ်သပ်ဟု လူအများ အသိအမြင်မှားအောင် တီထွင်ပြောဆိုခဲ့ပါသည်။

ထို့နောက် ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုကြားအထောက်အထားရှိသော ရှေးဗမာ့သမိုင်း နှစ်ပါင်း တစ်ထောင်ကျော်ကို ထိမ်ချန်ပြီး အေဒီ ၉ ရာစု ယူနန်တောင်ပိုင်းမှ ကျောက်ဆည်သို့ ထွက်ပြေးလာသော ယဉ်ကျေးမှုမဲ့ အရိုင်းမန်လူမျိုးစုမှ ဖြစ်ပေါ်လာသည်။ ဗမာသမိုင်းသည် အေဒီ ၉ ရာစု တစ်ဝတ်ကျိုးခါနီး ကျောက်ဆည်မှ စတင်သည်ဟူသော ဗမာသမိုင်း လုပ်ဇာတ်အတုကို အထောက်အထားမဲ့ရုံသာမက ထိုလုပ်ရပ်အတွက် သူ အဓိက ကျမ်းကိုးပြသော တရုတ်မန်ရှုမှတ်တမ်းတွင်ပင် မပါရှိသည့် အချက်အလက်အတုများဖြင့် လက်ရဲဇာတ်ရဲ တီထွင်လုပ်ကြံ ထိုးထည့်ခဲ့ပါသည်။ မန်ရှုမှတ်တမ်းအရဟု မန်ရှုကျမ်းတွင် မပါရှိသော အောက်ပါအချက်အလက်များကို လုစ် လီဆယ်၍ ပြောခဲ့ပါသည်။

“အေဒီ ၈၃၂ ခုနှစ်တွင် နန်စောတိုက်၍ ပျူမင်းနေပြည်၊ ပျူနိုင်ငံပျက်ပြီး ပျူလူမျိုးပျက်သုန်းကာ ပျူနိုင်ငံနေရာတွင် နေသူမဲ့ လစ်လပ်သွားသည်။ အေဒီ ၈၃၅ ခုခန့်တွင် နန်စောအောက် မနေလိုသော မန်အရိုင်းလူမျိုးစု ယူနန်မှထွက်ပြေးကာ နေသူမဲ့ ပျူနိုင်ငံ ကျောက်ဆည်အရပ်ဒေသကို သူ့အရင်ရောက်နေသောသူများ လက်မှတိုက်ခိုက်လုသိမ်းပြီး အခြေချသည်။ မန်သည် ဗမာဖြစ်သည်။ အေဒီ ၉ ရာစု ကျောက်ဆည်သည် ဗမာသမိုင်းအစဖြစ်သည်။” ဟု သမိုင်းအချက်အလက်အတုများဖြင့် ဗမာ့သမိုင်းအတုကို လုစ် လီဆယ်တီထွင် ဖြန့်ချီခဲ့ပါသည်။ (Old Kyaukse and Coming of Burmans , G.H.Luce)


သို့သော် အေဒီ ၈၆၄ ခု တရုတ်စစ်သူကြီး ဖန်ချော ဟနွိုင်မြို့တွင် ရေးခဲ့သော မန်ရှုမှတ်တမ်း၌ လုစ် ပြောသလို မပါရှိ။ မန်ရှုမှတ်တမ်းတွင် ယူနန်တောင်ပိုင်းအစွန်နေ မန်လူမျိုးစစ်သည် နှစ်ထောင်ခန့်ပါရှိသော မန်တပ်ဖွဲ့ အေဒီ ၈၆၃ ဟနွိုင်းမြို့သိမ်းတိုက်ပွဲတွင် နန်စောတို့ဘက်မှ အတူပါရှိသည်။ အေဒီ ၈၆၄ ခုနှစ်အထိ ထိုမန်လူမျိုးစု ယူနန်တောင်ပိုင်း အစွန်တွင်သာနေထိုင်သည်။ ပျူနိုင်ငံနှင့် ပျူလူမျိုး ပျက်သုန်းသည်ဟု မပါရှိရုံသာမက အေဒီ ၈၆၄ ခု ပျူသစ်လုံး ခံတပ်များနှင့် ပျူနိုင်ငံသည် နန်စော၏ အိမ်နီးချင်းနိုင်ငံကြီး တစ်ခုဖြစ်သည်။ အေဒီ ၈၆၄ ခု ပျူနိုင်ငံ၊ ပျူများ ယူနန်နှင့် ကုန်သွယ်ရောင်းဝယ်နေသည်။ အေဒီ ၈၆၃ ခု တရုတ်နှင့် နန်စောစစ်ပွဲတွင် နန်စောဘက်မှ ပျူများ ထင်ရှားစွာ ပါရှိနေသည်ဟုသာ ဖော်ပြပါရှိရာ လုစ်သည် မန်ရှုကို ခုတုံးလုပ်ပြီး မန်ရှုနှင့်ကွဲလွဲဆန့်ကျင်ကာ မန်ရှုတွင် သမိုင်းတု အချက်အလက်များကို သူ့သဘောနှင့်သူ စိတ်ကူးယဉ်တီထွင်ဖန်တီးပြီး ဗမာသမိုင်း
အတု လုပ်ဇာတ်ထွင်ခဲ့ကြောင်း လေ့လာတွေ့မြင်နိုင်ပါသည်။

ဘီစီခေတ် သီရိခေတ္တရာနိုင်ငံ ဗရမ္မာ-ဗမာ-ပျူ၊ အေဒီ ၃ရာစု- ၆ရာစု ပုဂံနိုင်ငံ ဗရမ္မာ-ဗမာ-ပျူ တို့၏ သားမြေးဖြစ်သော အေဒီ ၉ ရာစု ဗရမ္မာ-ဗမာ-ပျူ တို့သည် အေဒီ ၈၄၉ ခုနှစ်တွင် စတုတ္ထပုဂံမင်းနေပြည်ကြီးကို အသစ်တည်ထောင်နေထိုင်ကြ၏။ မန်ရှုမှတ်တမ်းအရ မန်လူမျိုးတို့ အေဒီ ၈၆၃ ခု ဟနွိုင် (ဗီယက်နမ်) စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး အေဒီ ၈၆၄ ခုနှစ်အထိ ယူနန်မှ ထွက်ပြေးခြင်းမရှိ။ ယူနန်မှာသာ နေထိုင်လျှက်ရှိရာ အေဒီ ၈၄၉ ခုနှစ် စတုတ္ထပုဂံမြို့သစ်တည်သော ဗရမ္မာ-ဗမာ-ပျူသည် ယူနန်မှ ပြောင်းရွှေ့လာခြင်းမရှိသော မန်လူမျိုး မဟုတ်ကြောင်း (ဗရမ္မာ-ဗမာသည် ပျူဖြစ်ကြောင်း) သည် လယ်ပြင်တွင် ဆင်သွားသကဲ့သို့ အလွန်ထင်ရှားနေပါသည်။
(ဆက်လက်ဖော်ပြပါမည်) *ဘုန်းတင့်ကျော်*

----------------------------------------------------------

ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၁၄) နိဂုံး
    • မူရင်းဆောင်းပါး = Facebook (2014-12-10)
    • https://www.facebook.com/permalink.php?story_fbid=pfbid02QuTyCT1YsmQDb6s1spiQ4Jc3dERouUp8Z71gyKp9kbjb87jeuw1Bv37pHQeEZy7zl&id=100057080305565





အေဒီ ၈၄၉ စတုတ္ထပုဂံမြို့သစ် တည်ဆောက်သော ဗမာလူမျိုးနှင့် ဗမာနိုင်ငံကို အေဒီ ၈၆၄ ခုနှစ် တရုတ်မန်ရှုမှတ်တမ်းတွင် ပျူလူမျိုး ပျူနိုင်ငံဟု သိရှိဖော်ပြထားပါသည်။ ထို့အပြင် (ဘီစီ ၂ ရာစု- အေဒီ ၆ ရာစု) ဗမာလူမျိုး၊ ဗမာနိုင်ငံကို ဗမာအပြင် ပျူဟု ဘီစီ ၂ ရာစု-အေဒီ ၆ ရာစု ရှေးတရုတ်တို့ သိရှိခေါ်ဝေါ်ခဲ့သည့်အတိုင်းပင် အေဒိ ၇ ရာစု-၁၀ ရာစု တရုတ်ထန်မင်းဆက် မှတ်တမ်းဟောင်းနှင့် ထန်မင်းဆက် မှတ်တမ်းသစ်တို့တွင်လည်း အေဒီ ၇ ရာစု-၁၀ ရာစု ပုဂံနိုင်ငံနှင့် ဗမာလူမျိုးကို ပျူနိုင်ငံ၊ ပျူလူမျိုးဟု သိရှိခေါ်ဝေါ်ဖော်ပြထားကြပါသည်။

မန်ရှု၊ ထန်မှတ်တမ်းသစ်၊ ထန်မှတ်တမ်းဟောင်း၊ စုန့်မှတ်တမ်း၊ ယွန်ရှိမှတ်တမ်း၊ မင်မင်းဆက်ခေတ် မှတ်တမ်း (အေဒီ -၁၅) ရာစု အထောက်အထားတို့အရ ဗမာ ခေါ် ပျူလူမျိုး၊ ပျူနိုင်ငံ အေဒီ ၈၃၂ ခုနှစ်တွင် ပျက်သုန်းခြင်း မရှိ။ အေဒီ ၉ရာစုမှ ၁၅ ရာစုထိ ဆက်လက်တည်တံ့ ထွန်းကားနေသည်။ မန်တို့လည်း ပြောင်းရွှေ့မလာ။ ယူနန်မှာသာ နေထိုင်ကြသည်။ ပုဂံ ပျူ ခေါ် ဗမာလူမျိုးသည် မန်လူမျိုး မဟုတ်ကြောင်း အလွန်ပင် ထင်ရှားရှိသကဲ့သို့ လုစ်သည် ဗမာသမိုင်းအတု တီထွင်ထုတ်လုပ်ခဲ့ကြောင်းအလွန်ထင်ရှားနေပါသည်။ 

မန်ရှုမှတ်တမ်းအရ ယူနန်မှ ကျောက်ဆည်သို့ ရောက်မလာသော အရိုင်းမန်လူမျိုးစုလေးကို ဗမာဟု လုစ် လုပ်ဇာ် (သမိုင်းတု) ရေးလို၏။ သို့သော် ဗမာသည် ပျူဖြစ်ကြောင်း လူအများသိသွားပါက ဗမာကို မန်ဟု သူ လုပ်ဇာတ်ရေး၍ ရတော့မည်မဟုတ်။ ဗမာသည် ပျူဖြစ်ကြောင်း လူအများ မသိပါမှ၊ ဗမာနှင့် ပျူ လူမျိုးမတူဟု လူအများအထင်ရောက်ကုန်ပါမှ ဘီစီ ၂ ရာစု သီရိခေတ္တရာခေတ်ကတည်းက နိုင်ငံကြီး ထွန်းကားနေသော ဗမာကို လူမသိပါမှ ဗမာကို အေဒီ ၉ ရာစု မန်အရိုင်းလူမျိုးဟု လုပ်ဇာတ်ခင်းသာမည်ဖြစ်သည်။ 

ဘီစီ ၂ ရာစု ဗမာလူမျိုးကို အေဒီ ၉ ရာစုကြမှ မန်လူမျိုးမှ ဖြစ်လာသော ဧရာဝတီမြစ်ဝှမ်းကို သူများလက်မှ လုယူထားသော  နောက်ရောက်ဗမာဟု လုပ်ဇာတ်ထိုးနိုင်ပါမှ မြန်မာနိုင်ငံ လွတ်လပ်ရေးတောင်းဆိုပွဲတွင် ဗမာတို့နှင့်အတူ တိုင်းရင်းသားများမပါချင်ပဲ စိတ်ဝမ်းကွဲ အထင်လွဲ ဘေးချန်နေရစ်စေရန် လုစ် လုပ်ဇာတ်ခင်းသာမည်ဖြစ်သည်။ ဗမာကို မန်လူမျိုးဟု လုပ်ဇာတ်ခင်းသာရန် ဗမာကို ပျူမဟုတ်ဟု အကွက်ဆင် ဖြတ်တောက်နိုင်မှ ဖြစ်မည်။ ဗမာကို ပျူမဟုတ်ဟု အကွက်ဆင်ပြောဆိုရေးသား ဖြန့်ချီရန် မည်သည့်လူမျိုး စာမှန်း (ထိုစဉ်ကမသိသေးသော) အမျိုးအမည်မသိ သီရိခေတ္တရာနှင့် ပုဂံမြစေတီတွေ့ ရှေးဟောင်းကျောက်စာများကို လုစ်တို့လူစု ခုတုံးလုပ် အသုံးချခဲ့သည်။ ဗမာသည် ပျူဖြစ်ကြောင်း ရှိနေသော အိန္ဒိယ၊ တရုတ်၊ သီရိခေတ္တရာ၊ ပုဂံ၊ ရခိုင် အထောက်အထားပေါင်း များစွာကို ထိမ်ချန်ပြီး မြန်မာနှင့် မတူသော ပျူစာဟု အတည်မပြုရသေးသော အမျိုးအမည်မသိ ရှေးဟောင်းကျောက်စာများကို မြန်မာနှင့်မတူသော ပျူစာဟု အဆင့်ကျော်လုပ်ကြံ ပြောဆိုရေးသားခဲ့သော လုစ်တို့လူစု၏ လုပ်ရပ်မှာ ကိုလိုနီခေတ်ပေါ် သမိုင်းတု ဆင်ကွက်ကြီး ဖြစ်ပါသည်။

၁၉၁၀ ခုနှစ်မှ ၁၉၃၀ ခုနှစ်ဟူသည်မှာ YMBA ၊ GCBA ၊ ဆရာစံလယ်သမားသူပုန်၊ တို့ဗမာအစည်းအရုံးတို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဗမာနှင့် တိုင်းရင်းသားများ၏ စည်းရုံးလှုပ်ရှား ကြိုးစားရုန်းကန်မှုများ အဆက်မပြတ် တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေသော ကာလဖြစ်ပါသည်။ ၁၉၀၈ ခုနှစ်မှစတင်ကာ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဘီစီခေတ် တကောင်း ပျူဗမာသမိုင်းကို ဖော်ထုတ်ကာ လှုပ်ရှားတောင်းဆိုသည့် ကာလတွင် ဗမာသည် ပျူမဟုတ်ဟု လုစ်တို့ ရှေ့ပြေးအကွက် ဆင်ခဲ့ကြ၏။

၁၉၃၁ ခုနှစ်တွင် တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာပြီး “သခင်မျိုးဟေ့ တို့ဗမာ” ကြွေးကြော်သံ၊ တကောင်းသမိုင်း၊ တကောင်း အဘိရာဇာသီချင်းတို့ဖြင့် မြန်မာနိုင်ငံ လုံးလွတ်လပ်ရေးအတွက် အရှိန်အဟုန်ကောင်းစွာ ဆက်လက်စည်းရုံးတောင်းဆိုနေကြချိန်တွင် ဗမာဆိုတာ ပျူမဟုတ်၊ သာကီမျိုးမဟုတ်၊ ယူနန်တောင်ပိုင်း အစွန်အဖျားနာက နဂါးကိုးကွယ်သော လူရိုင်းမျိုးဟု ဂျီအိပ်ချ်လုစ် သမိုင်းအတု ဖန်တီးရေးသားပါသည်။ ၁၉၃၁ ခုနှစ် လုစ်၏ ထိုလုပ်ရပ်မှာ တကောင်းသမိုင်းကို ပြန်လည်ဖော်ထုတ်ကာ မြန်မာနိုင်ငံပြည်သူလူထုကို လုံးဝလွတ်လပ်ရေးအတွက် ဥိးဆောင်လှုပ်ရှားကြိုးပမ်းနေသော တို့ဗမာအစည်းအရုံးကြီး၏ စည်းရုံးရေးအရှိန်ကို သမိုင်းနည်းဖြင့် ဟန့်တားနှောင့်ယှက်သောလုပ်ရပ် ဖြစ်ပါသည်။

တရုတ် မန်ရှုမှတ်တမ်းကို ကျမ်းကိုးပြပြီး မန်ရှုပါအချက်အလက်များအတိုင်း မပြောပဲ မန်ရှုတွင်မပါသော သမိုင်းတု အချက်အလက်များကို ဖန်တီးတီထွင်ထုပ်လုပ်ခဲ့သော ကျောက်ဆည်ပုံပြင်ဆရာကြီး လုစ်၏ လုပ်ရပ်က ဗမာသမိုင်း ဗမာနိုင်ငံသမိုင်းနှင့် ပက်သက်၍ လုစ် စေတနာ မရိုးသားကြောင်း ဖော်ညွှန်းပြနေပါသည်။

ဘီစီ ၂ ရာစု ပျူ ခေါ် သီရိခေတ္တရာဗမာနိုင်ငံ ဗမာလူမျိုး၊ အေဒီ ၃ ရာစု ပျု  ခေါ် ပုဂံဗမာနိုင်ငံ ဗမာလူမျိုးတို့ကို အထောက်အထားများ ရှိပါလျှက် ထိမ်ချန်ခဲ့ပြီး ဗမာလူမျိုးကို အေဒီ ၉ ရာစု ယူနန်မှ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းလာခြင်းမရှိသော မန်လူမျိုး၊ ယင်းမန်တစ်ဖြစ်လဲ ဗမာတို့သည် သူ့အရင် ရောက်နှင့်နေသော အခြားလူမျိုးစုများ နေထိုင်နေသော ဧရာဝတီမြစ်ဝှမ်းကြိး တစ်ခုလုံးကို တိုက်ခိုက်သိမ်းယူခဲ့သည်။ 

ထိုမျှမက အနော်ရထာလက်ထက်တွင် အခြားနယ်များကိုပါ ဆက်လက်တိုက်ခိုက်သိမ်းပိုက်၍ မြန်မာနိုင်ငံကြီး ဖြစ်ပေါ်လာသည်ဟူသော ဗမာသမိုင်းတု တီထွင်ရေးသားချက်မှာ ဗမာနှင့်အတူနေ တိုင်းရင်းသားများကြားတွင် အထင်အမြင်လွဲ စိတ်ဝမ်းကွဲစေရန်၊ လွတ်လပ်ရေးတောင်းဆိုပွဲတွင် ဗမာနှင့်တိုင်းရင်းသားများ စည်းစည်းလုံးလုံးမရှိစေရန်၊ လွတ်လပ်ရေး ရပြီးကာလတွင်လည်း အချင်းချင်း စိတ်ဝမ်းကွဲ အထင်လွဲလျှက် ပြည်တွင်းစစ်မီး တောက်လောင်စေရန်၊ မြန်မာနိုင်ငံ ပြည်တွင်း ထာဝစဉ် မငြိမ်မသက်ဖြစ်နေစေရန် သမိုင်းနည်းဖြင့် သပ်လျိုခြင်းဖြစ်ကြောင်း လေ့လာတွေ့မြင်နိုင်ပါသည်။ လုစ်သည် အထောက်အထားအမှန်များကို ထိမ်ချန်ကာ အထောက်အထားအတု၊ အချက်အလက်အတုများ အသုံးပြုပြီး ဘီစီ ၂ ရာစုကတည်းက ထွန်းကားနေသော သီရိခေတ္တရာ မောလူမျိုး၊ ဗမာနိုင်ငံသမိုင်းကို ဖျက်စီးထိမ်ချန်ခဲ့ပါသည်။

“သိရိခေတ္တရာတွေ့ အမျိုးအမည်မသိ ကျောက်စာတစ်ချို့နှင့် ပုဂံမြစေတီတွေ့ အမျိုးအမည်မသိ ကျောက်စာတစ်မျက်နှာတို့ကို ၁၉၉၉ ခုနှစ်မှစ၍ ကျွန်တော်တို့ ကောင်းစွာဖတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယင်းကျောက်စာတို့ကို သုတေသနထုံး ချိုးဖောက်ပြီး ခေါ်ရလွယ်ကူအောင်ဟူသော အကြောင်းပြချက်ဖြင့် ဗလက်ဒင်တံဆိပ်တပ်ခဲ့သော ယာယီအမည် မြန်မာနှင့်မတူသော ပျူစာဟူသော အတည်မပြုနိုင်သည့် အမည်ကို ဖယ်ရှားပြီး၊ သုတေသန ထုံးနှင့်အညီ အမျိုးအမည်မသိ ရျေးကျောက်စာများအမည်သာ တပ်ဆင်သုံးစွဲပြီး ယင်းရှေးကျေက်စာများကို ပြန်လည်လေ့လာ ဖတ်ရှုသည့်အခါ ရှေ့ပိုင်းတွင် တင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း ပါဠိသက်၊ သက္ကဋသက် စာလုံးအနည်းငယ်နှင့် သား၊မယား၊ တိုင်းပြည်၊ ရွာ၊ မတာ၊ ညှင်းဆဲ၊ မုဒိမ်း အစရှိသော ဗမာစာလုံး ဗမာဝေါဟာရပေါင်း မြောက်မြားစွာ ပါရှိသကဲ့သို့ ဗမာသဒ္ဒါစနစ်ဖြင့် ရေးသားထားသော ဗမာဝါကျများ၊ ဗမာစကားစုများ၊ ရှေးဗမာစာများဖြစ်ကြောင်း တွေ့မြင်ရပါသည်။”

သီရိခေတ္တရာ ကန်ဝက်ခေါင်းကုန်း ဘုရားပုလ္လင်စာ၊ သီရိခေတ္တရာ မင်း၊ မိဖုရား ကျောက်အိုးစာတို့မှာ သိရိခေတ္တရာ ရှေးဗမာစာများဖြစ်ကြောင်း၊ ပုဂံ မြစေတီတွေ့ ရှေးကျောက်စာတစ်မျက်နှာမှာ ပုဂံမင်း အနော်ရထာမတိုင်မှီ ရျေးဟောင်းဗမာစာ အရေးအသားမျိုးဖြစ်ကြောင်း၊ ဟန်လင်း ဒဝိ ံတိ ံမြိ ံရှေး ကျောက်စာသည်လည်း ရျေးဗမာစာဖြစ်ကြောင်း ကမန်တော်ဖတ်ရှုဖော်ထုတ် တင်ပြခဲ့ပြီး ဆရာကြီး ဒေါက်တာသန်းထွန်း စစ်ဆေးလက်ခံခဲ့ပါသည်။ (စကားချပ်။  ။ အဆိုပါ ရှေးကျောက်စာများ လေ့လာဖတ်ပြချက်များကို “ပျူစစ်လျှင်မြန်မာ” သမိုင်းသုတေသနစာတမ်း (၂၀၀၇-)နှစ်ထုတ် စာအုပ်တွင်ဖတ်ရှုကြည့်ပါရန်)

ကျွန်တော်၏ သမိုင်းသုတေသန စာတမ်းနှစ်စောင်တွင် လေ့လာစုစည်းတင်ပြခဲ့သည့် အိန္ဒိယ၊ တရုတ်၊ သိရိခေတ္တရာ၊ ပုဂံနှင့် ရခိုင် ရှေးခေတ်ပြိုင် အထောက်အထားများကို စစ်ဆေးပြီး မြန်မာသည် ပျူဖြစ်ကြောင်း ဆရာကြီးဒေါက်တာသန်းထွန်း သဘောတူလက်ခံခဲ့ပါသည်။ ဆရာကြီးဒေါက်တာသန်းထွန်း၏ ၂၀၀၅ ခုနှစ် သြဂုတ်လထုတ် “ပျူတွေ ဘယ်ရောက်သွားသလဲစာအုပ်အမှာစာတွင် မြန်မာသည် ပျူဖြစ်ကြောင်း၊ အထောက်အထားများ ရှိကြောင်း ဆရာကြီး ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ 

မြန်မာသည် ပျူဖြစ်ကြောင်း အထောက်အထား အဆက်အစပ်များကို မသိ၊ နားမလည်၊ မြန်မာနှင့် မတူသော ပျူစာဟူသည် အမှန်တကယ်မရှိ။ မြန်မာနှင့် မတူသော ပျူစာဟူသည့်စကားမှာ ကိုလိုနီခေတ် နိုင်ငံခြားသား ဆရာများ၏ နှပ်လုံး နှပ်ချက်များဖြစ်ကြောင်းကို မသိရှာပဲ မြန်မာနှင့် ပျူ မတူဟု ငြင်းဆန်နေသော မောင်သာနိုးတို့ ငါးဦး၏ အငြင်းစကားများမှာ သမိုင်းပညာရှင် စကားလဲမဟုတ်၊ သမိုင်းသုတေသန စကားလည်းမဟုတ်၊ နှပ်ချခံခဲ့ရသော အမှားများကို အမှားအမှန်မသိ၊ အမှားကို အမှန်ဟု ထင်မြင်အသိမှားပြီး ယင်းအသိမှား စွဲလန်းချက်ကို မျက်မှန်စိမ်းတပ်ပြီး ပြောဆိုနေကြသော သုတေသနမဲ့ အထောက်အထားမဲ့ တွေးလုံး ထင်လုံးများသာဖြစ်ပါသည်။

ဗရမ္မာ-ဗမာ-မြန်မာသည် ပျူ ၊ ပျူသည် ဗရမ္မာ-ဗမာ-မြန်မာ၏ အမည်ပွားတစ်ခု ဟူသည်မှာ အိန္ဒိယ၊ တရုတ်၊ သီရိခေတ္တရာဗမာ၊ ပုဂံဗမာနှင့် ရှေးရခိုင် ရှေးခေတ်ပြိုင်အထောက်အထားများ ခိုင်ခိုင်လုံလုံ ရှိနေသော သမိုင်းမှန်ဖြစ်ပါသည်။ ပျူ ဟူသောအမည်ကို သုံးစွဲချင်လျှင် ပျူသည် မည်သည့်လူမျိုးဖြစ်ကြောင်းကို ရာဇဝင်သက်သက်မျှဖြင့်မဟုတ်ပဲ သမိုင်းသုတေသနလုပ်ငန်းမှ တွေ့ရှိရသော အိန္ဒိယ၊ တရုတ်၊ ဗမာ၊ ရခိုင် အထောက်အထားပေါင်းစုံတို့က ထောက်ခံညွှန်ပြနေသော ဗရမ္မာ-ပျူ၊ ဗရမ္မာပျူ (ဝါ) ပျူသည် ဗရမ္မာ မြန်မာ(မရန်မာ) လူမျိုးဖြစ်ကြောင်းကို မထိမ်မချန် ပြည့်စုံစွာ ဖော်ပြရမည်မှာ သမိုင်းပညာ လုပ်ထုံးလုပ်နည်း ဖြစ်ပါသည်။ ထို့အပြင် သမိုင်းသမားများ၏ တာဝန်လည်းဖြစ်ပါသည်။ မျက်မမြင်ပုဏ္ဍား ၆ ယောက်ကဲ့သို့ မလုပ်သင့်၊ မပြောသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
*ဘုန်းတင့်ကျော်*




Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ