Posts

Showing posts from August, 2026

မြနဒီ ပျူ​ကျောက်စာရှာပုံ​တော်

Image
ဦးညွှန့်မောင် (မြစ်သား)  စောလူးမင်းကျောက်စာ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ၁၉၈၂ ခုနှစ် ၊ စက်တင်ဘာလ (၁၅)ရက်နေ့ထုတ် မြစ်သားမြို့နယ်မှတ်တမ်း စာ-၁၂၆ တွင်မြနဒီပျူကျောက်စာကို (၃.၆.၁၉၈၂) ခုနှစ်တွင် စတင်တူးဖော်ထိန်းသိမ်းထားခဲ့ကြောင်း တွေ့ရှိရပါသည်။ တွေ့ရှိပုံမှာ မြနဒီကျေးရွာမှ ဦးကျော်စိန် (ကျေးဂျာ) နှင့် ဦးလှမောင်တို့သည် တောတွင်းသို့ ကျောက်ကပ်ရွက်အရှာသွားရင်း မြင်ကတင် ကကြားလမ်းသို့ ရောက်ရှိသွားကြပါသည်။ ထိုနေရာ၌ မြေအောက်မှ အစွန်းတစ ပေါ်ထွက်နေသော ကျောက်စာတိုင်တတိုင် နှစ်မြုပ်နေကြာင်း သိရှိကြပြီး မြနဒီကျေးရွာပြည်သူ့ကောင်စီဥက္ကဌထံ သတင်းပေးပို့ကြပါသည်။  ယင်းကျောက်စာကို ဇွန်လ(၃)ရက်နေ့ တွင် တူးဖော်ပြီးနောက် ၊ ကျေးရွာကောင်စီဝင် ဦးအုန်းမောင် နေအိမ်သို့ ပြောင်းရွှေ့  ထိမ်းသိမ်းထားရှိခဲ့ပါသည်။  ယင်းကျောက်စာသည် ထက်ပိုင်းကျိုးနေသော ကျောက်စာ ဖြစ်သည်။ တွေ့ရှိရသော ကျောက်စာမှာ ကျောက်တချပ်လုံး၏ အောက်ပိုင်းသာ ဖြစ်လေသည်။ ထိုကျောက်စာသည် လက်ရှိ အနေအထားအရ အမြင့် (၃)ပေ ၊ ဗျက် (၅)ပေ (၈)လက်မခွဲ ၊ ထု(၅)လက်မ ရှိပါသည်။ အထက်ပိုင်းမှာ ကျိုးပဲ့ပျောက်ဆုံးသွားသော်လည်း အောက်ပိုင်းတွင် ပျူစာသက်သက် စာကြောင်း‌ရေ (...