ရခိုင် နှင့် မြန်မာ
ကိုကျော်မင်းထင် PHD ဘွဲ့ယူ စာတမ်းထုတ်နုတ်ဖော်ပြထားတာပါ။ ============ ကိုလိုနီခေတ်နဲ့ မတိုင်မီ အင်္ဂလိပ် မှတ်တမ်းများမှာလည်း ရခိုင်စကားပြောသူတွေက သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို ' မြန်မာစကား ' လို့ ပြောပြခဲ့ကြောင်း တွေ့ရှိရပါတယ်။ ၁. 1799, Francis Buchanan − people of Arakan whom they often call Myanmawgyee − the name given by the inhabitants of Ava to the people of Arakan ။ အင်းဝသား တွေက ရခိုင်ပြည်သားတွေ ကို မြန်မာကြီး လို့ ခေါ်ကြပါတယ်။ Francis Buchanan., Papers regarding the colony of Arakan emigrants in Chittagong District. October. 1799 မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း (၁၉၂၄)မှာလည်း " မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ " ဆိုတဲ့ အဆိုနဲ့လည်း ကိုက်ပါတယ်။ − ပုံ 013 ၂. Leyden, J., “On the Languages and Literature of the Indo-Chinese Nations”, Asiatic Researches 10 (1811): The national name of the Rukhéng race is Ma-rum-ma. ရခိုင်သား တွေရဲ့ လူမျိုးအမည်က Ma-rum-ma ဖြစ်ပါတယ်။ ၃. Phayre, A. P., “Account of Arakan”, Journal of the Asiatic So...