ရခိုင် နှင့် မြန်မာ

ကိုကျော်မင်းထင် PHD ဘွဲ့ယူ စာတမ်းထုတ်နုတ်ဖော်ပြထားတာပါ။



============

ကိုလိုနီခေတ်နဲ့ မတိုင်မီ အင်္ဂလိပ် မှတ်တမ်းများမှာလည်း ရခိုင်စကားပြောသူတွေက သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို 'မြန်မာစကား' လို့ ပြောပြခဲ့ကြောင်း တွေ့ရှိရပါတယ်။

၁. 1799, Francis Buchanan − people of Arakan whom they often call Myanmawgyee − the name given by the inhabitants of Ava to the people of Arakan ။ အင်းဝသား တွေက ရခိုင်ပြည်သားတွေ ကို မြန်မာကြီး လို့ ခေါ်ကြပါတယ်။

Francis Buchanan., Papers regarding the colony of Arakan emigrants in Chittagong District. October. 1799

မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း (၁၉၂၄)မှာလည်း "မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ" ဆိုတဲ့ အဆိုနဲ့လည်း ကိုက်ပါတယ်။ − ပုံ 013

၂. Leyden, J., “On the Languages and Literature of the Indo-Chinese Nations”, Asiatic Researches 10 (1811): The national name of the Rukhéng race is Ma-rum-ma.

ရခိုင်သား တွေရဲ့ လူမျိုးအမည်က Ma-rum-ma ဖြစ်ပါတယ်။

၃. Phayre, A. P., “Account of Arakan”, Journal of the Asiatic Society of Bengal 10 (1841)− ပုံ 018,019

ရခိုင်သား၊ ချောင်းသား နဲ့ ဗမာ တွေဟာ မြန်မာ ဖြစ်တယ်၊ စာရေးတာလည်း တူတယ်။

၄. British Burma Gazetteer 1879 − ရခိုင်တွေ က ဗမာနိုင်ငံ ရဲ့ အစိတ်အပိုင်း Arakanese speakers as “a section of Burman nation”

Smart, R. B., Burma Gazetteer (Akyab District). Rangoon: Govt. Printing and Stationery, 1917. (Vol. A).

၅. Adamson (1887) ရခိုင်သား က ဗမာ နဲ့ လူမျိုးတူပြီး၊ သူတို့က မြန်မာမိသားစု က အရင်ဆင်းသက် လာသူတွေ ဖြစ်တယ်လို့ ပြောပြပါတယ်။ Arakanese are of Burman stock and claim to be descended from the elder branch of Mramma family.

Adamson, H., Report on the Settlement Operations in the Akyab District, Season 1885-86. Rangoon: Government Printing, 1887.

အခု ဘင်္ဂလားဒက်ရှ် နိင်ငံတွင်းမှာ နေထိုင်နေတဲ့ ရခိုင်စကားပြောသူတွေကလည်း သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို 'မြန်မာစကား' လို့ ပြောတတ်ပါတယ်။

၁. စစ်တကောင်းတောင်ရိုး Chittagong Hill Tracts မှာ နေတဲ့ ရခိုင်စကားပြောသူတွေကို မရမာ Marma လူမျိုးလို့ သိကြပါတယ်။

၂. Tripura မှာ နေတဲ့ ရခိုင်စကားပြောသူ အချို့ကလည်း သူတို့က မရိုင်မာ Mraima လူမျိုးလို့ ပြောပါတယ်။

၃. Greater Patuakhali ဒေသ မှာ နေတဲ့ ရခိုင်စကားပြောသူ တွေကတော့ သူတို့ကိုယ် သူတို့ 'မရမာ၊ မြန်မာ၊ ရခိုင်' လူမျိုး ဆိုပြီး ကြုံသလို ပြောတတ်ကြပါတယ်။ သူတို့ပြောတဲ့ ဘာသာစကားက မရမာစကား ဖြစ်ပြီး မရမာစကား နဲ့ ရခိုင်စကား က အတူတူပဲ လို့ ပြောတတ်ပါတယ်။

၄. Cox's Bazar က ရခိုင်စကားပြောသူတွေ နေတဲ့ ရပ်ကွက်ထဲက ကျောင်း၊စျေး တွေကို ဗမာကျောင်း၊ ဗမာစျေး လို့ ခေါ်ကြပါတယ်။ အသင်းရုံးကို “East Pakistan Burmese Association” အရှေ့ပါကစ္စတန်ဗမာအသင်း လို့ ခေါ်ခဲ့ကြပါတယ်။

၁၉၅၀ အထိ ဗမာ တွေကလည်း ရခိုင် ကို ဗမာ လို့ပဲ ထည့်တွက်တယ်။ သီးသန့်ခွဲပြီး မတွက် ခဲ့ကြပါ။

၁. လွတ်လပ်ရေးကြေငြာစာတမ်း ၁၉၄၈ − ရခိုင် သီးသန့်မပါ − ပုံ 020

၂. ပင်လုံစာချုပ်မှာလည်း ၁၉၄၇ − ရခိုင် သီးသန့်မပါ

၃. ၁၉၄၈ ဖွဲ့စည်းပုံ − အမတ် ဗမာ ၅၃၊ ရှမ်း ၂၅၊ ကရင် ၂၄၊ ကချင် ၁၂၊ ချင်း ၈၊ ကယား ၃ နေရာ။ ရခိုင် က ဗမာ ၅၃ ထဲက ၅ နေရာ။

၄. ၁၉၄၈ နိုင်ငံသားဥပဒေ မှာ ရခိုင် ကို တိုင်းရင်းသား အဖြစ်ဖေါ်ပြသော်လည်း၊ ၁၉၅၃ ပထမဆင့် သန်းကောင်စာရင်း ကောက်ယူရာမှာ ရခိုင် လူမျိုးဆိုပြီး မပါရှိခဲ့။

၅. ၁၉၅၆ မြန်မာပြည်မြေပုံ မှာ ယခု ရခိုင်ပြည်နယ် နေရာမှာ မြန်မာနှင့်အဆက်အနွယ်လူမျိုးများ ဆိုပြီး ပြခဲ့

ကိုကျော်မင်းထင် PHD ဘွဲ့ယူ စာတမ်းထုတ်နုတ်ဖော်ပြထားတာပါ။

သူ့စာတမ်းမှာ ကျန်ရစ်တဲ့ သက်သေ။ သက်သေတောင် အခြားလူမျိုးက ရေးတဲ့ စာမဟုတ်ဘူး။ ရခိုင်လူမျိုးက ရေးတဲ့ စာ။ စာတောင်မှ ရိုးရိုးစာ မဟုတ်ဘူး။ ဘုရင့်ဆီ ဆက်သွင်းရတဲ့ လျှောက်ထုံး။ လျှောက်ထုံးတောင် သာမာန်မှူးမတ်မဟုတ်ဘူး။ ရခိုင့်သမိုင်းမှာ အတုမရှိတဲ့ ပညာရှိ၊ မဟာပညာကျော် လျှောက်ထုံး။ အဲဒီထဲမှာ ( ရခိုက်လို့ မိမိဘာသာ မခေါ်ကြပဲ၊ မရမာလို့ မြန်မာကို လျှာလိပ်သံနဲ့ ခေါ်ပြီး ရေးထားတယ်)






  • မူရင်းလင့် = https://www.facebook.com/groups/1047828759932520/?multi_permalinks=1589834822398575&hoisted_section_header_type=recently_seen






=============================

မျိုးသန်း (FB: Myo Than)

ကိုကျော်မင်းထင် က NUS မှာ PhD ဘွဲ့အတွက် ၂၀၁၇ က တင်တဲ့ အောက်ပါစာတမ်း ကို အတိုချုပ်ပြန်ရေးပေးထားပါတယ်။ PART-01

WHERE MAṆḌALAS OVERLAP: HISTORIES, IDENTITIES AND FATES OF THE PEOPLE FROM ARAKAN AND SOUTH-EASTERN BANGLADESH

original စာတမ်းကို အောက်က Link မှာ Download လုပ်ယူလို့ ရပါတယ်။

https://scholarbank.nus.edu.sg/.../Kyaw%20Minn%20Htin%20...

ရှေ့နောက် ဖြစ်ရပ် တွေကို ဆက်စပ် နားလည်လွယ်ဖို့ အောက်ပါ Link က timeline နှင့် တိုက်ဆိုင်ကြည့်ရှု နိုင်ပါတယ်။

https://www.facebook.com/myo.than.18/posts/4575679882453176

အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နောက်ခံသမိုင်း ကို အောက်ပါ မှတ်စု မှာ ကြည့်လို့ ရပါတယ်။

https://www.facebook.com/myo.than.18/posts/1576998538988007

ကျွန်တော် ဖတ်လို့ နားလည်သလောက် ပြန်ရေးပေးထားပါတယ်။ အမှားတွေ့လျင် အများအကျိုးအတွက် ကျေးဇူးပြုပြီး ပြင်ပေးစေချင်ပါတယ်။

(အာရိယန် မှတ်စု) ဆိုတဲ့ စာပိုဒ်ကတော့ မှတ်စုရေးသူ ထင်ရာမြင်ရာ ထည့်ရေးထားတာ ဖြစ်ပါတယ်။

Myanmar Wiki နဲ့ ebook creator များ အားလုံးကို ကျေးဇူးတင်ပါတယ်။

*******

**ရခိုင် ဆိုတဲ့ အခေါ်အဝေါ် ပါတဲ့ အစောဆုံး မှတ်တမ်းများ**

ရခိုင် ဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာကျောက်စာတွေမှာ အစောဆုံး ၁၂ ရာစု ကတည်းက တွေ့ရတယ် လို့ ဆိုပါတယ်။

(မြန်မာကျောက်စာ)

ရခိုင် 1197 CE - Gutman, Ancient Arakan ( Burma ),

ရခိုင်အလှုတကာ 1299 - G.H.Luce, Note on the people's Burma in the 12th-13th Century A.D.

ရခိုင်မင်း ရခိုင်နိုင်ငံ ရခိုင်ပြည် - မဟာထီးကျောက်မိကျောင်း ကျောက်စာ 1356 - ပုံ 001,002




ရခိုင်မင်း ရခိုင်ပြည် 1366 - မဟာထီးတောင်ဘို ကျောက်စာ

Aracan ဆိုတဲ့ နံမည်ကိုတော့ နိုင်ငံခြားသား တွေရဲ့ မှတ်တမ်းတွေမှာ အစောဆုံး 1516 က စပြီးတွေ့ ရတယ်လို့ ဆိုပါတယ်။

(နိုင်ငံတကာ မှတ်တမ်း)

"Rachani" (1430)

“Racanguy,” “Aracangil” (1518)

“Aracan”(1597), 

“Arracam” (1611)

“Arracão” (1620)

“Arakan” (1640)

−−−−−−

**နေရာအမည်**

ရှေးက ရခိုင် ဆိုတာ အခု ရန်ကုန်၊ မန္တလေး လို နေရာဒေသ တခု ရဲ့ နံမည် ဖြစ်ခဲ့တယ်၊ လူမျိုး နံမည် မဟုတ်ခဲ့ပါ။နေရာဒေသ နံမည် ဖြစ်တဲ့အပြင် ယခု ရခိုင်ပြည်နယ် မြောက်ပိုင်း ကိုပဲ ရခိုင် လို့ ခေါ်ခဲ့ကြတယ်။ တောင်ဘက်က တခြားနယ်တွေ ဥပမာ. ရမ်းဗြဲ၊ သံတွဲ၊ ကျောက်ဖြူတို့ပါ ပါစေချင်ရင် ရခိုင်ပြည်နိင်ငံအလုံး၊ ရခိုင်ပြည်ကြီး စသည်ဖြင့် ခေါ်ခဲ့ကြတယ်။

ရှေးဟောင်း ရခိုင်မှတ်တမ်း၊ မြန်မာမှတ်တမ်း နဲ့ အင်္ဂလိပ် မှတ်တမ်း တွေမှာ ဒီသဘော ကို တွေ့နိုင်သေးတယ်။

၁. မင်းရာဇာကြီးစာတမ်း  ၁၆၀၂ အစပြု ၊ ၁၇၇၅ ရေး ပေမူ - ပုံ 003

ရက္ခပူရ (မြောက်ပိုင်း) 

အယုဇ္စျပူရ (တောင်ပိုင်း) 



၂. ( ဟန်လင်း ရွှေကူကြီး ခေါင်းလောင်းစာ )

အယုဇ္စျပူရ တိုင်း − ရမ်းဗြဲ မန်အောင် ဒွါရဝတီ

မဟာဝင်္ကတိုင်း − ဓညဝတီပြည်

၃. ရခိုင်ရာဇဝင်ကြီး ၁၈၅၂ - ပုံ 004,005,006

ရက္ခပူရ၊ ရခိုင်ရွှေပြည်တော်ကြီး၊ ရခိုင်ပြည် ( မြောက်ပိုင်း)

ရခိုင်ပြည်နိုင်ငံအလုံး ( တခုလုံး )

( တောင်ပိုင်း ) တောင်စဉ် ၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင် စသော ခုနစ်ခရိုင်





၄. ဘိုးတော်ဘုရား ရဲ့ ရခိုင်ဆိုင်ရာ အမိန့်ပြန်တမ်းများ ၁၇၈၅, ၁၇၈၇ − ပုံ 023,024



ရန္တပိုစာချုပ် (1826) မှာလည်း Arracan ရခိုင်မှာ 'ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ' လေးနယ် ပါတယ် လို့ ဖေါ်ပြခဲ့ပါတယ် - ပုံ 007,008

Provinces of Arracan, including the four divisions of Arracan, Ramree, Cheduba, and Sandoway

ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ တို့ကို




A.P. Phayre ( “Account of Arakan”, Journal of the Asiatic Society of Bengal 10 (1841)) - ပုံ 009

Rakhaing-pyee ရခိုင်ပြည် , or “Arakan proper” ဆိုတာ Akyab district စစ်တွေ ခရိုင် (northern portion of Arakan) ရခိုင်မြောက်ပိုင်း ကို ခေါ်တာ။

akhaing-pyee-gyee ရခိုင်ပြည်ကြီး ၊ ရခိုင်တိုင်းကြီး or “the great country of Arakan” ဆိုမှ represented the whole Arakan ရခိုင်တပြည်နယ်လုံး ကို ခေါ်တာ လို့ ဖေါ်ပြခဲ့ပါတယ်။



Charles Paton ( “Historical and Statistical Sketch of Aracan”, Asiatick Researches 16 (1828)) - ပုံ 010

ဒီ မှတ်တမ်းမှာလည်း Arracan ရခိုင် မှာ 'ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ' လေးနယ် ပါတယ် လို့ ဖေါ်ပြခဲ့ပါတယ်

Aracan, as has been observed, consists of four divisions, Aracan proper, Ramree, Sandoway and Cheduba”

−−−−−−−

**လူမျိုး၊ ဘာသစကား အမည်**

ဘိုးတော်ဘုရား ရခိုင်ပြည်ကို ၁၇၈၅ မှာ မသိမ်းခင်အထိ ရခိုင်တွေက မိမိကိုယ်ကိုယ် မြန်မာလူမျိုး၊ မိမိတို့ ဘာသာစကား ကို မြန်မာ စကား လို့ ခေါ်ခဲ့ကြတယ်။

ပုဂံ ဘက်က ဗမာတွေကို အဲဒီခေတ် ရခိုင် (ကိုယ့်ကိုကိုယ် မြန်မာ လို့ခေါ် ) တွေက 'ပေါက္ကံသား၊ ပျူ၊ အောက်သား' စသည်ဖြင့် ခေါ်ခဲ့ကြတယ်။

ပုဂံ ဘက်က ဗမာတွေကြတော့ အဲဒီခေတ် ရခိုင် ( ကိုယ့်ကိုကိုယ် မြန်မာ လို့ခေါ် ) တွေကို 'မြန်မာကြီး' လို့ ခေါ်ခဲ့ကြတယ်။ သူတို့ရဲ့ ဘိုးဘေး လို့ သတ်မှတ်ထားကြတယ်လို့ အင်္ဂလိပ် နဲ့ မြန်မာ မှတ်တမ်းများက ဆိုပါတယ်။

၁. မင်းရာဇာကြီးစာတမ်း ၁၇၇၅ မှာ - ရခိုင်စကားပြောသူကို "ငါတို့ မရမာမျိုး" ၊ သို့မဟုတ် 'မြန်မာလူမျိုး ခုနစ်မျိုးထဲက တစ်မျိုး' လို့ သတ်မှတ် ပြီး၊ ဗမာ စကားပြောသူတွေကိုတော့ ပျူ လို့ ခေါ်ခဲ့ကြပါတယ်။ - ပုံ 011,012

မြန်မာ ခုနစ်မျိုး = ပျူ၊ ရခိုင်၊ သက်၊ တောင်သူ၊ ကမ်းယံ၊ ယော၊ ထားဝယ်



မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း (၁၉၂၄)မှာလည်း "မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ" ဆိုတဲ့ အဆိုနဲ့လည်း ကိုက်ပါတယ်။ − ပုံ 013


၂. ဓညဝတီ အရေးတော်ပုံကျမ်း ၁၇၈၇ မှာ − ရခိုင်စကားပြောသူတွေကို (မရမာ) လို့ ဖေါ်ပြခဲ့ပါတယ်။

၃. မဟာပညာကျော်လျှောက်ထုံး ၁၇၈၇ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'မရမာဘာသာစာ' 'မရမာဘာသာအက္ခရာ' လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 014



၄. ရခိုင်ကျောက်စာ မဟာထီးရေတွင်းကျောက်စာ ၁၆၂၀ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'ဘာသာဗြမ္မ'လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 015,016



၅. ရခိုင်ရာဇဝင်ကြီး ၁၈၅၂ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'မြမ္မာဘာသာ'လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 017


ဒီရာဇဝင် မှာ ဗမာစကားပြောသူ ကော၊ ရခိုင်စကားပြောသူ ကိုပါ (မရမာ) လို့ ဖေါ်ပြခဲ့ပါတယ်။ သူတို့ နှစ်ဦး ကို ခွဲခြားဖေါ်ပြချင်တဲ့အခါ ရခိုင်စကားပြောသူ ကို 'ရခိုင်သား' ၊ ဗမာ စကားပြောသူကို 'အောက်သား' ( အောက်မြန်မာနိုင်ငံသား) လို့ ခွဲခြားဖေါ်ပြခဲ့ပါတယ်။

ကိုလိုနီခေတ် နဲ့ မတိုင်မီ အင်္ဂလိပ် မှတ်တမ်းများမှာလည်း ရခိုင်စကားပြောသူတွေက သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို 'မြန်မာစကား' လို့ ပြောပြခဲ့ကြောင်း တွေ့ရှိရပါတယ်။

၁. 1799, Francis Buchanan − people of Arakan whom they often call Myanmawgyee − the name given by the inhabitants of Ava to the people of Arakan ။ အင်းဝသား တွေက ရခိုင်ပြည်သားတွေ ကို မြန်မာကြီး လို့ ခေါ်ကြပါတယ်။

Francis Buchanan., Papers regarding the colony of Arakan emigrants in Chittagong District. October. 1799

မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း (၁၉၂၄)မှာလည်း "မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ" ဆိုတဲ့ အဆိုနဲ့လည်း ကိုက်ပါတယ်။ − ပုံ 013



၂. Leyden, J., “On the Languages and Literature of the Indo-Chinese Nations”, Asiatic Researches 10 (1811):

The national name of the Rukhéng race is Ma-rum-ma.

ရခိုင်သား တွေရဲ့ လူမျိုးအမည်က Ma-rum-ma ဖြစ်ပါတယ်။

၃. Phayre, A. P., “Account of Arakan”, Journal of the Asiatic Society of Bengal 10 (1841)− ပုံ 018,019

ရခိုင်သား၊ ချောင်းသား နဲ့ ဗမာ တွေဟာ မြန်မာ ဖြစ်တယ်၊ စာရေးတာလည်း တူတယ်။




၄. British Burma Gazetteer 1879 − ရခိုင်တွေ က ဗမာနိုင်ငံ ရဲ့ အစိတ်အပိုင်း Arakanese speakers as “a section of Burman nation”

Smart, R. B., Burma Gazetteer (Akyab District). Rangoon: Govt. Printing and Stationery, 1917. (Vol. A).

၅. Adamson (1887) ရခိုင်သား က ဗမာ နဲ့ လူမျိုးတူပြီး၊ သူတို့က မြန်မာမိသားစု က အရင်ဆင်းသက် လာသူတွေ ဖြစ်တယ်လို့ ပြောပြပါတယ်။ Arakanese are of Burman stock and claim to be descended from the elder branch of Mramma family.

Adamson, H., Report on the Settlement Operations in the Akyab District, Season 1885-86. Rangoon: Government Printing, 1887.

အခု ဘင်္ဂလားဒက်ရှ် နိင်ငံတွင်းမှာ နေထိုင်နေတဲ့ ရခိုင်စကားပြောသူတွေကလည်း သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို 'မြန်မာစကား' လို့ ပြောတတ်ပါတယ်။

၁. စစ်တကောင်းတောင်ရိုး Chittagong Hill Tracts မှာ နေတဲ့ ရခိုင်စကားပြောသူတွေကို မရမာ Marma လူမျိုးလို့ သိကြပါတယ်။

၂. Tripura မှာ နေတဲ့ ရခိုင်စကားပြောသူ အချို့ကလည်း သူတို့က မရိုင်မာ Mraima လူမျိုးလို့ ပြောပါတယ်။

၃. Greater Patuakhali ဒေသ မှာ နေတဲ့ ရခိုင်စကားပြောသူ တွေကတော့ သူတို့ကိုယ် သူတို့ 'မရမာ၊ မြန်မာ၊ ရခိုင်' လူမျိုး ဆိုပြီး ကြုံသလို ပြောတတ်ကြပါတယ်။ သူတို့ပြောတဲ့ ဘာသာစကားက မရမာစကား ဖြစ်ပြီး မရမာစကား နဲ့ ရခိုင်စကား က အတူတူပဲ လို့ ပြောတတ်ပါတယ်။

၄. Cox's Bazar က ရခိုင်စကားပြောသူတွေ နေတဲ့ ရပ်ကွက်ထဲက ကျောင်း၊စျေး တွေကို ဗမာကျောင်း၊ ဗမာစျေး လို့ ခေါ်ကြပါတယ်။ အသင်းရုံးကို “East Pakistan Burmese Association” အရှေ့ပါကစ္စတန်ဗမာအသင်း လို့ ခေါ်ခဲ့ကြပါတယ်။

၁၉၅၀ အထိ ဗမာ တွေကလည်း ရခိုင် ကို ဗမာ လို့ပဲ ထည့်တွက်တယ်။ သီးသန့်ခွဲပြီး မတွက် ခဲ့ကြပါ။

၁. လွတ်လပ်ရေးကြေငြာစာတမ်း ၁၉၄၈ − ရခိုင် သီးသန့်မပါ − ပုံ 020

၂. ပင်လုံစာချုပ်မှာလည်း ၁၉၄၇ − ရခိုင် သီးသန့်မပါ

၃. ၁၉၄၈ ဖွဲ့စည်းပုံ − အမတ် ဗမာ ၅၃၊ ရှမ်း ၂၅၊ ကရင် ၂၄၊ ကချင် ၁၂၊ ချင်း ၈၊ ကယား ၃ နေရာ။ ရခိုင် က ဗမာ ၅၃ ထဲက ၅ နေရာ။

၄. ၁၉၄၈ နိုင်ငံသားဥပဒေ မှာ ရခိုင် ကို တိုင်းရင်းသား အဖြစ်ဖေါ်ပြသော်လည်း၊ ၁၉၅၃ ပထမဆင့် သန်းကောင်စာရင်း ကောက်ယူရာမှာ ရခိုင် လူမျိုးဆိုပြီး မပါရှိခဲ့။

၅. ၁၉၅၆ မြန်မာပြည်မြေပုံ မှာ ယခု ရခိုင်ပြည်နယ် နေရာမှာ မြန်မာနှင့်အဆက်အနွယ်လူမျိုးများ ဆိုပြီး ပြခဲ့

−−−−−−−−−−−−−−−−−

**အမည်ပြောင်း**

(နောက်ခံ သမိုင်းကြောင်း)

အင်္ဂလိပ် ကိုလိုနီခေတ်မှာ မြန်မာပြည်ကို တောင်တန်း ( ချင်း၊ ကချင်၊ ကရင်နီ/ကယား၊ ရှမ်း) နဲ့ ပြည်မ ( ကျန်ဒေသအားလုံး ) ဆိုပြီး ခွဲခြားအုပ်ချုပ်တယ်။

ပြည်မဒေသတွေက အရင် ဗမာဘုရင်လက်အောက်က နယ်တွေလည်း ဖြစ်ခဲ့တယ်။ ဒါပေမည့် အဓိက ကွာခြားချက်က ဝင်ငွေ ဖြစ်တယ်။

ပြည်မကို လွှတ်တော်နဲ့ အုပ်ချုပ်တယ်၊ ပြည်မရဲ့ ဝင်ငွေကနေ အခွန်ကောက်ပြီး ဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား စတာတွေ ပြန်ဆောက်ပေးတယ်။ တိုးတက်ပေမည့် ဘဝတွေက ရှုပ်ထွေးတယ်။

တောင်တန်း ဒေသတွေကို စော်ဘွား၊ ဒူဝါ စတဲ့ ရိုးရာခေါင်းဆောင် တွေက အုပ်ချုပ်တယ်၊ အခွန်သိပ်မပေးနိုင်လို့ လမ်း၊ တံတား စတာတွေကို ပြည်မ ဝင်ငွေထဲက အိတ်စိုက်ပြီး တည်ဆောက်ပေးရတယ်။

လိုအပ်တဲ့ အပြောင်းအလဲ သိပ်မလုပ်နိုင်လို့ တိုးတက်မှုကို စတေးထားတဲ့ သဘောဖြစ်တယ်။ ဒါပေမည့် ရိုးရာအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိလို့ ရိုးရှင်းပြီး လွတ်လပ်တယ်။

သူတို့လို လွတ်လပ်ချင်တဲ့ ကရင်တွေကလည်း အင်္ဂလိပ်ကိုလိုနီ ခေတ်ကတည်းက ကရင်ပြည်နယ် ဖွဲ့ပြီး၊ တောင်တန်း အုပ်စုထဲ ပါဝင်ဖို့ တောင်းဆိုနေခဲ့တယ်။

ပြည်မက လွတ်လပ်ရေး ယူမယ်၊ commonwealth ဓနသဟာယ ထဲမှာလည်း မနေဘူး ဆိုတော့ကာ၊ တောင်တန်း ဒေသတွေမှာ ရွေးစရာ ၂ လမ်း ရှိလာတယ်။

ပြည်မနဲ့ ပေါင်းပြီး လွတ်လပ်ရေး အခု ယူမလား၊ အင်္ဂလိပ် လက်အောက်မှာ တောင်တန်းဒေသ အနေနဲ့ ဆက်နေပြီး နောက်မှ commonwealth ထဲဝင်မလား ရွေးစရာ ၂ ခု ရှိလာတယ်၊ ၂ ခုရှိတော့ ၂ စု ကွဲတာပေါ့။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေကို လိုက်စည်းရုံးတုံးက တပြည်ထောင် unitary state နိုင်ငံတည်ထောင်ဖို့ ဖြစ်တယ်။ အင်္ဂလန်ကလည်း မြန်မာပြည်က တိုင်းရင်းသားအားလုံး ဆန္ဒ နဲ့ အညီ၊ အဆင်ပြေအောင် လွတ်လပ်ရေးကို ဘယ်လိုပေးရင်ကောင်းမလဲ စုံစမ်းဖို့ ကော်မရှင် တခု လွှတ်လိုက်တယ်။

တောင်တန်းသား တွေက နှစ်မျိုးစလုံး ရ အောင်၊ အခု လောလောဆယ် ဗမာနဲ့ ပေါင်းပြီး လွတ်လပ်ရေး ယူမယ်၊ ဆယ်နှစ်ကြာလို့ အဆင်မပြေရင် အင်္ဂလိပ်နဲ့ ပြန်ပေါင်းမယ်။ လောလောဆယ်လည်း (တောင်တန်းဒေသ အုပ်ချုပ်ရေးနဲ့ အလားတူတဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိတဲ့ ) ပြည်နယ် အနေနဲ့ နေခွင့်ပေးပါ ကချင် က စ တောင်းတယ်။

စုံစမ်းရေး ကော်မရှင် ကိုယ်တိုင်က 'သူတို့က ပေါင်းမယ် ဆိုပေမည့်၊ အုပ်စုအားလုံးက ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်ဝ ဆုံးရဖို့ပဲ စိတ်အားထက်သန် နေကြတယ်၊ ဗဟိုအစိုးရ အားရှိမှာ မဟုတ်ဘူး" လို့ ပြောတယ်။ သူတို့ လိုချင်တာတွေ အကုန်ပါတဲ့ ဖွဲ့စည်းပုံ တခါတည်း တန်းရေးဖို့ မဖြစ်နိုင်ဘူး။ တဆင့်ချင်းတက်တဲ့ transitional constitution တခု အရင်ရေးပြီး တဆင့်ချင်းဆီ တက်သွားကြပါ လို့ အကြံပေးသွားတယ်။

မကြာခင် တကမ္ဘာလုံးက နိုင်ငံတွေအားလုံး ကွန်မြူနစ်နိုင်ငံတွေ ဖြစ်သွားလိမ့်မည်လို့ ယုံကြည်တဲ့ ကွန်မြူနစ်တွေကလည်း သူတို့ အာဏာရဖို့ ကြိုးစားကြတယ်။ 

အိန္ဒိယကို လွတ်လပ်ရေးပေးတဲ့အခါ ဟိန္ဒူ အိန္ဒိယ နဲ့ မွတ်စလင် ပါကစ္စတန် ဆိုပြီး ၂ နိုင်ငံ ခွဲခြမ်းပြီး ပေးတော့မယ် သတင်းကြားတော့ ရခိုင်ပြည် မြောက်ပိုင်းကို ရောက်နေကြတဲ့ စစ်တကောင်းသား မွတ်စလင် တချို့ကလည်း ဘူးသီးတောင်၊ မောင်းတော ကို ပါကစ္စတန် ထဲ ထည့်ပေးဖို့ ပါကစ္စတန်ခေါင်းဆောင် ကို တောင်းဆိုကြပေမည့် မရခဲ့ကြတော့ mujahid အမည်နဲ့ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

၁၉၄၈ မှာ လွတ်လပ်ရေး ရတယ်။ 'ချင်း၊ ကချင်၊ ရှမ်း' ပြည်နယ်တွေ တခါတည်းပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော် စ တာနဲ့ 'မွန်၊ ကရင်၊ ရခိုင်' ကလည်း ပြည်နယ်တွေ တောင်းလာတယ်။

ရခိုင်အမတ် ဦးကျော်မင်း ရဲ့ တင်ပြချက်အရ 'ကိုလိုနီခေတ်တုန်းက ဘယ်အစိုးရဝန်ထမ်းမှ ရခိုင်ကို မလာချင်ဘူး၊ ဒါကြောင့် ရခိုင်မှာ အုပ်ချုပ်ရေးပိုင်းမှာ ရခိုင်တွေချည်းပဲ ရှိခဲ့တော့ အဆင်ပြေတယ်။ ဖဆပလ ခေတ်မှာ ဖဆပလ လူ အရာရှိတွေချည်းပဲ၊ ရခိုင်အရာရှိ မရှိတော့ အဆင်မပြေတော့ဘူး၊ ဖဆပလ ခန့်တဲ့ အရာရှိတွေက ဖဆပလ မျက်နှာကိုပဲ ကြည့်နေတယ်၊ ရခိုင်ပြည်သူတွေစိတ်ကို နားမလည်တော့ အဆင်မပြေတော့ဘူး' လို့ ဆိုပါတယ်။ ဒီလို မကျေနပ်ချက်တွေကနေ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိတဲ့ ပြည်နယ် ရဖို့ တောင်းဆိုလာကြတာ လို့ ဆိုပါတယ်။

Kyaw Min, U, Arakan State. Rangoon: Pyidawtha Press, ပုံနှိပ်နှစ် မပါ။

ဖဆပလ အစိုးရကလည်း ပြည်နယ် တွေ ထပ်မပေးချင်တော့ဘူးလို့ အထပ်ထပ်ငြင်းပါတယ်။ ပြည်နယ်အစား 'ရခိုင်ဝန်ကြီး နဲ့ ရခိုင်ကောင်စီ' ထားပေးမည် ပြောပါတယ်။ မတတ်သာတော့ ၁၉၄၈ မှာ 'ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေး ကော်မရှင်' ဖွဲ့ပေးပြီး စုံစမ်းစေပါတယ်။ ကော်မရှင်က ရခိုင်နဲ့ ဗမာ ဟာ 'လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား' အကုန်ကုန် အတူတူပဲ ဖြစ်တယ်၊ လူမျိုးကွဲ မဟုတ်လို့ သီးသန့် ပြည်နယ် ပေးစရာ မလိုဘူး' လို့ တင်ပြခဲပါတယ်။ − ပုံ 021


ဒီအခါမှာ ရခိုင်အမတ်တွေက "မိမိတို့သည် 'ရှမ်း၊ ကချင်၊ ကရင်၊ ကယား' စသော ပြည်နယ်များထက် သာလွန်သည်။ နှစ်ပေါင်း ၃၀၀၀ လောက် ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေလာလို့ 'ဆလုံ၊ နာဂ၊ ဂေါ်ရခါး၊ ကပြား' များနှင့် တန်းတူထားရှိခြင်းကို လက်မခံ နိင်ဘူး" လို့ ပြန်ပြောပါတယ်။ ပုံ − 022



ပါကစ္စတန် ခွဲထွက်တာကို အားကျပြီး 'ကရင်နစ္စတန်၊ မွန်နစ္စတန်၊ အာရကန်နစ္စတန်' တွေ ရဖို့ တောင်းဆိုလာကြပါတယ်။

ဖဆပလ ဘက်ကလည်း ကိုယ်မင်းကိုယ်ချင်းနဲ့ နေခဲ့တိုင်း ပြည်နယ်သီးသန့် ပေးစရာမလိုဘူး။ 'ပြည်၊ တောင်ငူ၊ အင်းဝ' မှာ နေတဲ့ ဗမာတွေလည်း ရခိုင် (ရခိုင်ကို ဗမာနှင့် အတူတူ ဟု ယူဆထား) တွေလို ရာဇဝင် ရှိတာပဲ စသည်ဖြင့် ပြန်ချေပ ကြပြန်သည်။ ပုံ − 025



ဘူးသီးတောင်၊ မောင်းတော မှ စစ်တကောင်းသား အမတ်များက ရခိုင်ပြည်နယ် တောင်းတာကို မပေးချင်တဲ့ ဖဆပလ ဘက်ကနေ  ရပ်တည်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်တောင်းတိုင်း စစ်တကောင်းသား အမတ်များက 'ပြည်နယ်ပေးလိုက်ရင် ကုလား၊ ရခိုင် အဓိကရုဏ်း ဖြစ်နိုင်တယ်' ဆိုတဲ့ အကြောင်းပြချက် နှင့် ဖဆပလ ဘက်မှ နေပြီး တောက်လျှောက် ကန့်ကွက်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ဆိုပြီး ရခိုင်ကိုယ်ပိုင်အုပ်ချုပ်ရေး ပေါ်လာရင်၊ ဘူးသီးတောင်၊ မောင်းတော က စစ်တကောင်းသားများက  ရခိုင်အုပ်ချုပ်ရေးအောက်မှာ သူတို့တော့ မနေချင်ဘူး၊ သူတို့ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါ၊ မပေးနိုင်ရင် ပြည်မ က ( တောင်တန်းဒေသလို) တိုက်ရိုက်အုပ်ချုပ်ပါ လို့ တောင်းဆိုခဲ့ကြပါတယ်။ ပုံ − 026


ဗမာ နဲ့ လူမျိုးတူလို့ ပြည်နယ်မရနိင်ဘူး ဆိုတာများလာတော့ ရခိုင် ဆိုတာ ဗမာ နဲ့ မတူဘူး၊ တခြားစီ ဆိုတဲ့ လမ်းကို လှည့်လာတယ် လို့ ဆိုပါတယ်။

၁၉၂၀ က ဦးစံရွှေဘု က "ရှေးရခိုင်သို့ အာရိယန်များ ဝင်ရောက်လာခြင်း အကြောင်း ဒဏ္ဍာရီ" ဆိုတဲ့ ပုံပြင်လေး တပုဒ်ကို JBRS စာစောင်မှာ ရေးဘူးပါတယ်။ အိန္ဒိယကလာတဲ့ မောင်နှစ်မတွေက အခု သံတွဲမြို့ကို တည်ထောင်ခဲ့တယ် ဆိုတဲ့ ဒဏ္ဍာရီ ဖြစ်ပါတယ်။

San Shwe Bu, “The Legend of the Early Aryan Settlements in Arakan”, Journal of the Burma Research Society 11, 2 (1921): 66-69.

အဲဒီ ဒဏ္ဍာရီကို အခြေခံပြီး ရခိုင်အမတ် ဦးကျော်မင်း က ရခိုင်တွေက Aryan အာရိယန်မျိုးနွယ်ဖြစ်တယ်၊ ဗမာ တွေနဲ့ လူမျိုးမတူဘူးလို့ စတင် ရေးသားခဲ့ပါတယ် ( ၁၉၅၇ ?)

Kyaw Min, U, Arakan State. Rangoon: Pyidawtha Press, ပုံနှိပ်နှစ် မပါ။

နောက်ပိုင်းမှာ ဦးအောင်သာဦးက ရခိုင်တွေက အာရိယန် အမျိုးအနွယ် တင် မကဘူး၊ ဗုဒ္ဓ နဲ့ လည်း လူမျိုးချင်းတူတယ်၊ သကျသာကီဝင် မျိုးနွယ် ဖြစ်တယ်လို့ ဆိုလာပါတယ်။ ပုံ −031


မှတ်ချက် : ယခုခေတ် ကမ္ဘာမှာ သကျ Shakhyas တွေက အာရိယန် Aryans မဟုတ်ဘူးလို့ ယူဆကြပါတယ်။

အဲဒီနောက်ပိုင်းမှာ ဆရာက ရခိုင်တွေက ဘယ်တုန်းကမှ လူမျိုးခြား၊ ဘာသာခြား နဲ့ ပေါင်းသင်းနေထိုင်တာ မရှိခဲ့ဖူးဘူး ဆိုတဲ့ 'မျိုးစောင့်တရား' အကြောင်း ပြောလာပါတယ်။ ပုံ − 032

ဦးအောင်သာဦး : "ဓညဝတီ၊ ရမ္မာဝတီ၊ မေဃဝတီ၊ ဒွါရဝတီ ဝတီလေးရပ် ပေါင်းစည်းအပ်သော ရက္ခမဏ္ဍလ ရခိုင်ရာဇဝင်၊ ၁၉၅၃"

(အာရိယန် မှတ်စု - စ)

အာရိယန် မှတ်စု : အဲဒီ ဒဏ္ဍာရီ ထဲမှာ အိန္ဒိယပြည်၊ အသိတဉ္စနမြို့ မှာ 'ဒေဝဂမ္ဘာ' မင်းသမီး မွေးတော့ ၊ သူကြီးလာရင် သူ့သားတွေက အမျိုးကို ပြန်သတ်လိမ့်မည်လို့ ဗေဒင်က ဟောတာနဲ့၊ ယောင်္ကျား မရအောင် မင်းသမီးကို တပင်တိုင်မြနန်း နဲ့ ထားတယ်။ ဘုရင့်ညီ ရဲ့ သူငယ်ချင်း ရောက်လာပြီး မင်းသမီး နဲ့ ချစ်ကြိုက်သွားတယ်။ သူတို့ကနေ ယောင်္ကျားလေး မွေးရင်သတ်မည် ဆိုပြီး ထားတယ်။ မင်းသမီးက မိန်းကလေး ၁ ယောက်၊ ယောင်္ကျားလေး ၁၀ ယောက်မွေးပြီး၊ သူ့ အထိန်းတော်က မိန်းကလေး ၁၀ ယောက် မွေးလို့၊ ကလေးချင်းလဲပြီး မွေးစားထားကြတယ်။ အကြီးဆုံးကလေး နံမည်က ဝါသုဒေဝ။ ကလေးတွေ ကြီးတော့ ဦးလေးတွေကို ခေါင်းဖြတ်သတ်ပြီး တိုင်းပြည်ကို သိမ်းတယ်။ သူတို့မောင်နှစ်မတွေ ရခိုင်ပြည်ရောက်လာပြီး လေထဲပျံနေတဲ့ သံတွဲမြို့ကို မြေပေါ်ချ ပြီး တည်ခဲ့တယ် လို့ ဆိုပါတယ်။ ပုံ − 027,028,029,030






အဲဒီ ဒဏ္ဍာရီ ထဲက လူနံမည်၊ မြို့နံမည် တွေက ဟိန္ဒူဘာသာရေးကျမ်းစာ မဟာဘာရတ Mahabharata ထဲက နံမည်တွေဖြစ်ပြီး၊ သူတို့ဟာ အာရိယန်တွေလည်း မဟုတ်ဘူးလို့ ဆိုပါတယ် (ဆရာ နီမင်းသျှင်)။ ဆရာ စံရွှေဘု က အာရိယန်လို့ မှားယွင်းယူဆခဲ့ပုံ ရှိပါတယ်။

ဒီ ရခိုင် ဒဏ္ဍာရီတွေနဲ့ အလားတူ ပုံပြင်တွေကို သီဟိုဠ် မဟာဝင်ကျမ်း ( 5th century CE ရေး ) မှာ တွေ့ရပါတယ်။

သီဟဗာဟုရဲ့ သား ဝိဇယ မင်းသား က ဘီလူးတွေနေတဲ့ လင်္ကာဒီပကျွန်းကို ရောက်တော့ ဘီလူးမ ကုဝဏ္ကာ (မယ်ကုဝဏ်) နဲ့ ညားတယ်။ ကျွန်းနေ ဘီလူးတွေကို သတ်ပြီး ကျွန်းကိုသိမ်း၊ ပြီး လူတိုင်းပြည် တည်ထောင်တယ်။ နောက် မဓုရ ပြည်က ပဏ္ဍုမင်း ရဲ့ သမီးတော် (လူ မင်းသမီး) နဲ့ ဘိသိက်ခံတယ်။ သူ့ထီးနန်း ကို တူ ဖြစ်သူ ပဏ္ဍုဝါသုဒေဝ က ဆက်ခံတယ်။ ဗုဒ္ဓ ရဲ့ ဝမ်းကွဲ ညီ မှာ သမီး ဘဒ္ဒကစ္စနာ ရှိတယ်။ ပဏ္ဍုဝါသုဒေဝ နဲ့ ဘဒ္ဒကစ္စနာ ယူပြီး သား ၁၀ ယောက်၊ နောက်တော့ သမီး စိတ္တာမင်းသမီး ကို မွေးတယ်။ စိတ္တာမင်းသမီး ကြီးလာရင် သူ့သားက အမျိုးကို ပြန်သတ်လိမ့်မည် လို့ ဗေဒင် က ဟောတာနဲ့၊ ယောင်္ကျား မရအောင် မင်းသမီး ကို တပင်တိုင်မြနန်း နဲ့ ထားတယ်။ ဒီလိုထားတဲ့ကြားက အမျိုးထဲက ဒီဃဂါမဏိ နဲ့ မင်းသမီး ညားပြီး ပဏ္ဍုကာဘယ ကို မွေးတယ်။ ဦးလေးတွေက တူလေး သတင်းကြားတော့ ၊ တူနဲ့ ရွယ်တူ ကလေးအားလုံးကို သုံးခါ သတ်လည်း ကလေး က လွတ်သွားတယ်။ ကလေးကြီးတော့ သူ့ ဦးလေးတွေကို ခေါင်းဖြတ် သတ်လိုက်တယ်လို့ ဆိုပါတယ်။ ပုံ − 033, 034, 035




ဒီ တူ က ဦးလေးတွေကို ပြန်သတ်တဲ့ ဇာတ်လမ်းအပြင် မင်းသား က ကျွန်းပိုင် ဘီလူးမ နဲ့ ယူ ၊ ဒေသခံ ဘီလူးတွေကို သတ်ပြီး ကျွန်းကို သိမ်းယူတာလည်း ရခိုင်ရာဇဝင် နဲ့ သီဟိုဠ် မဟာဝင် တူပါသေးတယ်။ ပုံ −036, 037, 038 





ပညာရှင်တွေ အဆိုအရ တော့ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာ ဖြစ်လာပြီး ဗုဒ္ဓနဲ့ အမျိုးတော်ချင်လာတဲ့အခါ၊ သကျ ဖြစ်ချင်လာတဲ့အခါ ရှိပြီးသား မဟာဘာရတ Mahabharata ကျမ်းထဲက လူမျိုးနံမည်၊ မြို့နံမည် တွေယူပြီး ဇတ်လမ်းတွေ တီထွင်ရေးသားခဲ့တာလို့ ဆိုပါတယ်။ G. C. MENDIS, The Mahābhārata Legends in the Mahāvaṃsa 

မြန်မာပြည်က မွန်၊ ဗမာ နဲ့ ရခိုင် တွေလည်း ဗုဒ္ဓဘာသာ ဖြစ်လာပြီး၊ ဗုဒ္ဓနဲ့ အမျိုးတော်ချင်လာတဲ့အခါ၊ သကျ ဖြစ်ချင်လာတဲ့အခါ ရှိပြီးသား သီဟိုဠ်ကျမ်း မဟာဝင် ကို အတုယူပြီး ပုံပြင် ဒဏ္ဍာရီတွေ ဖန်တီးခဲ့ကြပုံ ရှိပါတယ်။

ရခိုင် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုလည်း အမျိုးမျိုးကြံဆကြပါတယ်။

၁. ဘီလူးတွေ သတ်တဲ့ ဇာတ်လမ်းက မဟာဝင်က လာတော့ ရခိုင်ပြည် နဲ့ အဆက်အစပ် ရှိချင်မှ ရှိမယ်။

၂. ရခိုင် ဆိုတာ အစက လူမျိုးအမည် မဟုတ်၊ နေရာဒေသ အမည် ဖြစ်တယ်။

၃. ရခိုင် ဆိုတဲ့ စကားလုံး က မြန်မာစကားလုံး ဖြစ်မယ် ဆိုရင်

ရခိုင် ဆိုတာ 'တောတန်း' ကို ခေါ်တာ ဆိုတဲ့ ဆရာတော် အရှင်စက္ကိန္ဒ ရဲ့ အဆိုအမိန့်ကို ထည့်သွင်းစဉ်းစား သင့်ပါတယ်။ ပုံ − 044, 045 

(အရှင်စက္ကိန္ဒ_ရခိုင်ယဥ်ကျေးမှုများ.vol.72.1996)

(Judsons.Burmese.English.Dictionary.Revised_R.Stevenson.1893)



(အာရိယန် မှတ်စု − ဆုံး )

အဲဒီနောက်ပိုင်းမှာ ညွန့်ဦး၊ ကျော်ရင်၊ ထွန်းအောင်ကျော်၊ လှထွန်းဖြူ၊ မောင်ဦးကျော် စသူများမှ "ရခိုင်က ဗမာထက်အရင် ဗုဒ္ဓဘာသာဖြစ်တာ၊ ပိုယဉ်ကျေးမှုမြင့်တယ်၊ ရခိုင်စကားပြောတဲ့သူ အားလုံးက ရခိုင်လူမျိုး ဖြစ်တယ်၊ ရခိုင်စကား နဲ့ ဗမာစကား မတူဘူး" ဆိုပြီး ပြောဆိုရေးသားလာကြပါတယ်။ ပြည်နယ် ရဲ့ နယ်နမိတ် အနေနဲ့ မြောက်ပိုင်း နဲ့ တောင်ပိုင်း ၂ စလုံး ကို ပေါင်းစည်းပြီး ရခိုင်ပြည်နယ် လို့ ခေါ်လာကြတယ် ဆိုပါတယ်။

ရှေးက နေရာဒေသ အလိုက်၊ အမျိုးအနွယ်လိုက်၊ အလုပ်အကိုင်လိုက် ခွဲခြားခေါ်ဝေါ်ခဲ့တာ အားလုံးကို မေ့ပြီး 'ရခိုင်လူမျိုး ( အရင်ကမရှိ၊ အသစ် )' တခုတည်း လို့ပေါင်းစည်းခေါ်ဝေါ်လာကြတယ် ဆိုပါတယ်။ ပုံ − 039 



အစ ပိုင်းမှာ လူတိုင်းက သဘောတူကြတော့ မဟုတ်ဘူး လို့ ဆိုပါတယ်။

ရမ်းဗြဲ − ရခိုင် လို့ စာရင်းမပေး၊ ဗမာ လို့ ပေး - ပုံ − 040 ( Smart, R. B., Burma Gazetteer (Akyab District). Rangoon: Govt. Printing and Stationery, 1917. (Vol. A)



သံတွဲ − ရခိုင် ပြည်နယ်ထဲမပါလို ၊ ပုသိမ်ခရိုင် ထဲပါလို - ပုံ − 041



ဒီလို ဖြစ်ရတာဟာ 'အပြင်လူများရဲ့ အမြင်၊ အခေါ်အဝေါ်' exonym တွေကြောင့်လည်း ပါတယ် လို့ ကိုကျော်မင်းထင် က ဆိုပါတယ်။

မြန်မာအမတ် စည်သူဂါမဏိသင်္ကြန် က ၁၈၈၆ မှာ ရခိုင်ရာဇဝင်ကျမ်း ပြုတဲ့အခါ ရှေးဗမာဘုရင်တွေခေတ်ကလို တောင်၊ မြောက် မခွဲခြားတော့ပဲ ရခိုင် ဆိုရင် အကုန်လုံးပါတဲ့ သဘောနဲ့ ရေးသားလာပြီ။

အင်္ဂလိပ်အစိုးရကလည်း သူ့ ကိုလိုနီ နယ်တွေမှာ

၁. သန်းကောင်စာရင်း ( လူမျိုး ဘယ်နှစ်မျိုးရှိ...စသည် )

၂. မြေပုံ ( ဘယ်နယ်မှာ ဘယ်လူမျိုးနေသည်..စသည် )

၃. ပြတိုက် ( ဘယ်သူ က ဘယ်သူ ဆင်းသက် တယ်..စသည်ဖြင့် )

သူ စိတ်ထင်ရာ အတင်း သတ်မှတ်တဲ့ အကျင့်ရှိတယ်။

ရခိုင်ကိုလည်း ဘာမှမခွဲတော့ပဲ အားလုံးကို Arakan, Arakanese လို့ ခြုံခေါ်ဝေါ်ခဲ့တယ်။ 

စစ်တကောင်းသား မွတ်ဆလင်တွေကိုလည်း အရင်ရောက်၊ နောက်ရောက် မခွဲပဲ “Mahomedans” လို့ အကုန်သိမ်းကြုံးမှတ်တမ်းတင်ခဲ့ တယ်လို့ ဆိုပါတယ်။

အစက ကိုယ်ကိုကိုယ် မြန်မာ လို့ သတ်မှတ်ခဲ့တဲ့ သူတွေက ၊ အခုတော့ သူတို့က မြန်မာမဟုတ်ဘူး ဆိုပြီး အတင်းငြင်းဆန် ( de-Myanmarisation ) တာ၊ လူမျိုး ပြောင်းသွားတာဟာ

၁. ကိုလိုနီစံနစ်၏ သတ်မှတ်ချက်

၂. ဒုတိယကမ္ဘာစစ်အပြီး မျိုးချစ်စိတ် တက်ကြွချိန်

၃. ကိုယ်ရောက်နေရာ နေရာ၏ နိုင်ငံရေး၊ လူမှုရေး အခြေအနေ

သုံးချက် ပေါ် မူတည်ပြီး ပြောင်းသွားတာ လို့ ကိုကျော်မင်းထင် က ဆိုပါတယ်။

ရခိုင်ပြည်နယ် ကိစ္စကို ဆက်ပြောပါမယ်။

၁၉၅၈ မှာ ဖဆပလ အဖွဲ့ကြီး က သန့်ရှင်း နဲ့ တည်မြဲ ဆိုပြီး ၂ ဖွဲ့ကွဲသွားပါတယ်။ တည်မြဲက လက်ရှိအစိုးရ အပေါ် အယုံအကြည်မရှိ အဆိုတင်တဲ့အခါ အရင် အတိုက်အခံ ပမညတ နဲ့ ရခိုင်ပါတီ ရတည က ကယ်လိုက်လို့ မပြုတ်ကျတာ ဖြစ်ပါတယ်။ အဲဒီမှာ ရတည အလိုကျ ရခိုင်ပြည်နယ် ပေးဖို့ ဦးနု က သဘောတူလိုက်ပါတယ်။

နိင်ငံရေး အကြပ်အတည်းတွေ ဖြစ်လာပြီး ဦးနေဝင်း ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရ ခန တက်လာပါတယ်။

အဲဒီနောက် ၁၉၆၀ ရွေးကောက်ပွဲမှာ သန့်ရှင်းပဲ ပြန်နိင်ပြီး ဦးနု က သူ့ကတိ အတိုင်း ရခိုင်ပြည်နယ် ပေးဖို့ စတင် ဆောင်ရွက်ပါတယ်။

အဲဒီအခါ မှာ ဘူးသီးတောင်၊ မောင်းတော က စစ်တကောင်းသား တွေ ပျာယာခတ်ပြီး သူတို့ကို ဘယ်လို အခွင့်အရေးတွေ ပေးရင် ရခိုင်ပြည်နယ်ထဲ ဆက်နေမယ်၊ မရရင် သူတို့ကို သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေပေးရမည် တောင်းဆိုကြတယ်။ ကိုယ်ပိုင်နယ်မြေရဖို့ ရိုဟင်ဂျာ ဇာတ်လမ်း ကို ရှေ့တန်းတင်လာကြတယ်။

အဲဒီ အချိန်မှာပဲ ရှမ်းပြည် က ဦးဆောင်ပြီး Federal မူ ကို တင်ပြလာပါတယ်။ အဲဒီ တင်ပြမှုကို အကြောင်းပြပြီး ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းလိုက်တဲ့အခါမှာ အားလုံး တခန်းရပ်သွားပါတယ်။

နောက် ဦးနေဝင်း က ၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ်ရေးပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ကို ထူထောင်တဲ့အခါကျမှ ရခိုင်တွေကို နံမည်ခံ ရခိုင်ပြည်နယ် ဆိုပြီး သတ်မှတ်ပေးပါတယ်။

ပြည်နယ်ရလို့ ဝမ်းသာနေတဲ့ ရခိုင်တွေက ရခိုင်ဝတ်စုံ တည်ထွင်ကြတယ်၊ ရခိုင်သီချင်းတွေ ရေးကြတယ် ပြီး ရခိုင်ယဉ်ကျေးမှု ကို မြှင့်တင်လာခဲ့ကြပါတယ်။ ပုံ − 042



အရင်က ရှိခဲ့တဲ့ diversity ကို မေ့လိုက်ပြီး ထုံးစံအတိုင်း အင်္ဂလိပ်ကိုလိုနီ အစိုးရ ကို လွှဲချလိုက်ပါတယ် ။ ပုံ − 043



-----------

**ဗိုလ်မင်းထောင်**

ရခိုင်သားတွေက သူတို့ဟာ မြန်မာမဟုတ်ဘူး ဆိုပြီး အတင်းငြင်းဆန် ( de-Myanmarisation ) ခဲ့ကြသလို၊ တချို့သော ရခိုင်သားများကလည်း သူတို့ဟာ ရခိုင်သားမဟုတ်ဘူး လို့ ငြင်းဆန် ( de-Arakanisation ) ခဲ့ကြတဲ့ အကြောင်း ဆက်ပြောပါမယ်။

(နောက်ခံ သမိုင်းကြောင်း)

၁၅၇၈ မှာ ရခိုင်ဘုရင်က စစ်တကောင်း ကို သိမ်းနိုင်ခဲ့တယ်။ အစပိုင်းမှာ ဒေသခံ မွတ်စလင် စစ်တကောင်းသားတွေကိုပဲ (စစ်တကောင်းစား) ရာထူးခန့်ပြီး အချင်းချင်းအုပ်ချုပ်ခိုင်းတယ်။ ၁၅၈၁ က စပြီး ရခိုင်ဘုရင်က သူယုံကြည်သူကို စစ်တကောင်းဘုရင်ခံ (အနောက်ဘုရင်၊ အနောက်ဘဝသျှင်၊ စစ်တကောင်းမင်း) ခန့်ပြီး အုပ်ချုပ်စေတယ်။ မြောက်ဦး ဗဟိုပြု ရခိုင်အသိုင်းအဝိုင်း နဲ့ စစ်တကောင်း ဗဟိုပြု ဘင်္ဂ အသိုင်းအဝိုင်း ဆိုပြီး တနိုင်ငံတည်း၊ အသိုင်းအဝိုင်း ၂ ခု ( one kingdom, two mandalas ) အနေနဲ့ အုပ်ချုပ်ခဲ့တယ်။ ရခိုင် ကနေ စစ်တကောင်း ကို ဘုရင်က နေရာချ ပေးလို့ တာဝန်နဲ့ ၊ စီးပွားရေးကိစ္စနဲ့ သွားနေရတဲ့ ရခိုင်သား တွေ ရှိလာတယ်။ ပုံ − 050



စစ်တကောင်း က ရခိုင်လက်အောက်မှာ ၈၈ နှစ်ကြာ ရှိနေခဲ့ပြီး ၁၆၆၆ မှာ မဂိုလ် ဘုရင်တွေ လက်အောက်ကို ရောက်သွားတယ်။ မဂိုလ် ဘုရင်တွေ လက်အောက် မနေချင်တဲ့ ရခိုင်သားတွေက စစ်တကောင်းတောင်ရိုး ( Chittagong Hill Track - CHT ) ဘက် တက်သွားကြတယ်။ နောက် နှစ် ၁၀၀ လောက်အကြာ ၁၇၆၀ မှာ စစ်တကောင်း ကို British East India Company က ရသွားတယ်။ သူတို့က စစ်တကောင်းမှာ လယ်လာလုပ်ဖို့ ဖိတ်ခေါ်လို့ သွားတဲ့ ရခိုင်ကနေ သွားရောက် အခြေချသူတွေလည်း ရှိခဲ့တယ်။ 

နောက် နှစ် ၂၅ အကြာ ၁၇၈၅ မှာ ရခိုင် ကို ဗမာဘုရင် သိမ်းတယ်။ ဗမာဘုရင်က အခွန်ကောက်တာ၊ လုပ်အားပေးခိုင်းတာ၊ စစ်သားစုဆောင်းတာ ကြမ်းတော့ စစ်တကောင်းကို ထွက်ပြေးတဲ့ ရခိုင်သား (လူမျိုးပေါင်းစုံ ) ဒုက္ခသည်တွေ ရှိလာတယ်။ သူတို့ကို ဗြိတိသျှတွေက ကာကွယ်ပေးထားလို့ တောင်ပေါ်အထိ တက်ပြေးစရာ မလိုပဲ၊ လွင်ပြင်တွေမှာ စခန်းချနေရင်း Cox's Bazar ဒုက္ခသည်စခန်း ဆိုပြီး ပေါ်လာတယ်။ ဗိုလ်ချင်းပျံ ( ၁၇၉၈ - ၁၈၁၅ ) ဦးဆောင်တဲ့ ရခိုင်သူပုန်တပ် နဲ့ ဗမာတပ် တွေကြား တိုက်ပွဲတွေကြောင့် ပြေးကြရသူတွေလည်း ရှိခဲ့တယ်။

နောက် နှစ် ၄၀ အကြာ ၁၈၂၅ မှာ ရခိုင်ပြည်ကို ဗမာ လက်ထဲကနေ အင်္ဂလိပ် က သိမ်းလိုက်တယ်။ စစ်တကောင်းဘက် ရောက်နေတဲ့ ရခိုင်တွေ အင်္ဂလိပ် ကိုလိုနီ ရခိုင်ပြည်ဘက်ကို တဖွဲဖွဲ ပြန်လာကြတယ်။ တချို့ကတော့ စစ်တကောင်း ဘက်မှာ အခြေကျပြီး ဆက်နေကြတယ်။

CHT ဒေသ မြေပုံ နဲ့ အဲဒီနယ်ထဲ ရောက်နေတဲ့ ရခိုင်သား (ရခိုင်စကားပြောသူ) တွေ နေကြပုံကို မှတ်သားထားပါ။ ပုံ − 051,052




Chittagong Hill Tracts (CHT) ဒေသမှာ Bomong + Mong + Magh/Mog ဆိုပြီး ရခိုင်သား ၃ စု ရောက်နေတယ်။

၁. Bomong ( Bandarban District, Bangladesh ) - ရခိုင်ဒေသ က လာတဲ့ မြန်မာလူမျိုး “Marma”၊ ပဲခူး က လာတဲ့ မွန်လူမျိုး

၂. Mong ( Khagrachari District, Bangladesh )-  ရခိုင်မင်းအဆက် လို့ ပြော၊ မင်းရာဇာ ဘွဲ့ခံ −> 1951 ဥပဒေ အရ ၊ မြန်မာ “Marma” အဆက် ပြန်ဖြစ်

၃. Magh/Mog ( Tripura District, India ) - Magh/Mog လူမျိုး နံမည်ခံ

အထက်ကဖေါ်ပြခဲ့တဲ့အတိုင်း ၁၉၅၀ ပတ်ဝန်းကျင် မှာ ရခိုင်လူမျိုး ဆိုတာ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံအတွင်းက ရခိုင်တပြည်လုံးမှာ ပြန့်နှံ့သွားပါတယ်။

၁၉၇၀ ကျော်လောက်မှာ မြန်မာအစိုးရ လိုက်လံဖမ်းဆီးတာကို ရှောင်ပုန်းရင်း ဒေါက်တာ ခင်မောင် နဲ့ မောင်ကျော်လှိုင် ဆိုတဲ့ ရခိုင်အမျိုးသားရေးဝါဒီ ၂ ယောက် ဘင်္ဂလားဒက်ရှ် နိုင်ငံထဲက စစ်တကောင်း ဒေသကို ရောက်လာပြီး အဲဒီဒေသမှာ အခြေချ နေနေကြတဲ့ ရခိုင်စကားပြောသူတွေကို ရခိုင်လူမျိုးအဖြစ် ခံယူကြဖို့ စည်းရုံးခဲ့ကြပါတယ်။ 

ငါတို့ဟာ ရခိုင်လူမျိုးတွေ ဖြစ်တယ် ဆိုတဲ့ အိုင်ဒီယာ က Patuakhali ဒေသ မှာ ၁၉၇၄−၇၅ အတွင်း၊ Cox’s Bazar ဒေသ ကို ၁၉၈၀ လောက်မှာ ပြန့်နှံ့သွားပါတယ်။ ကိုယ့်ကို ကိုယ် ရခိုင် လို့ သတ်မှတ်ပြီး၊ ရခိုင် အသင်းတွေ ထောင်တာ၊ ရခိုင် မဂ္ဂဇင်းတွေ ထုတ်တာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒါပေမည့် အဲဒီ အိုင်ဒီယာ က အထက်က CHT နယ် ၃ နယ်မှာ တိုးမပေါက်ခဲ့ပါဘူး။

Bandarban ခရိုင် မှာ နေတဲ့ Bomong ဗိုလ်မင်း အမျိုးအနွယ် တွေက သူတို့ဟာ 'မြန်မာ Marma' လို့လည်း ပြောတယ်၊ 'မွန်' လို့လည်း ပြောပါတယ်။ သူတို့ လူမျိုးရဲ့ နောက်ကြောင်းရာဇဝင် ကို ဒီလို ရှင်းပြပါတယ်။

အရင် ၁၅၉၉ ခုနှစ်မှာ ရခိုင် နဲ့ ဗမာ ပေါင်းပြီး ပဲခူး ကို သိမ်းယူခဲ့ဘူးတယ်။ အပြန်မှာ သုံ့ပန်းတွေ ဖမ်းလာပြီး ရခိုင်မှာ အခြေချပေးခဲ့တယ်။

ဗိုလ်မင်း တွေ အဆိုအရ အဲဒီ ပဲခူးမင်း နန္ဒဘုရင် ရဲ့သား မောင်စောပျံ Maungsawpyan က မွန် နောက်လိုက် သုံးသောင်းသုံးထောင် နဲ့ ရခိုင်ပြည်ကို လိုက်လာရတယ်။ ရခိုင်ဘုရင် က သူတို့ကို ဒီ စစ်တကောင်းတောင်ရိုး CHT မှာ သွားအုပ်ချုပ်ဆိုလို့ သူတို့ ဒီကိုလာအခြေချတယ်၊ ဒီ မွန်ဘုရင့်သား ဘိုးဘွား ကနေ သူတို့တွေ ဆင်းသက်လာတယ် လို့ ဗိုလ်မင်း တွေက ပြောပါတယ်။ ဘုရင်မျိုးမို့ ရာဇာ ဘွဲ့ကို ဆက်ခံကြရပါတယ်။

သူတို့ရဲ့ ဇာတ်လမ်း က စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ သုတေသနသမား ဘိုတွေ က ဖြန့်ရင်း တကမ္ဘာလုံးမှာ နံမည်ကြီးသွားပါတယ်။

ဒါပေမည့် စိတ်ဝင်စားတဲ့ သုတေသီ တွေက မင်းတို့ မျိုးရိုးစဉ်ဆက် ရာဇဝင်မှတ်တမ်းတွေ ပြပါ တောင်းတိုင်း မီးလောင်သွားပြီတို့၊ သူခိုးခိုး ခံလိုက်ရတယ် တို့ လျှောက်ပြောတယ်။

နောက်ပိုင်း မသင်္ကာလို့ ပြန်လိုက်ကြတဲ့အခါ ၁၉၀၀ ရှေ့ပိုင်းတုန်းက သူတို့က ရခိုင်ပြည်က လာတယ်ပဲ ပြောခဲ့တယ်။ ၁၉၀၀ နောက်ပိုင်းမှ ဒီ မွန်ဘုရင် ဇာတ်လမ်း ခေတ်စားလာတာ ပြန်တွေ့ရတယ်။

ရှေးမှတ်တမ်းတွေမှာလည်း ပဲခူးက သုံ့ပန်းတွေကို ရခိုင်ကမ်းရိုးတန်း နဲ့ ရခိုင်တောင်ရိုး Arakan Hill Track မှာ နေရာချခဲ့တာပဲ ရှိတယ်။

ဒီ ဗိုလ်မင်း မျိုးတွေက မွန် စကားလည်း တလုံးမှ မတတ်ဘူး။ ဘုရင့်နောင် ကလည်း မွန် မဟုတ်ဘူး။

သေချာပြန်ဆက်စပ်ကြည့်ကြတော့မှ သူတို့က အစောပိုင်းက ပြောသလို ရခိုင်ပြည်ကနေ CHT ကို ပြောင်းလဲ အခြေချလာတဲ့ မြန်မာ Marma ( ရခိုင်၏ မူရင်းလူမျိုးအမည် )တွေဖြစ်တယ်။

စစ်တကောင်း ကို မဂိုလ်တွေ သိမ်းတဲ့ ၁၆၆၆ က စပြီး တသုတ်ပြီး တသုတ် ဒီဒေသ ကို ရောက်လာကြတယ်။

၁၇၈၅ မှာ ရခိုင် ကို ဗမာဘုရင် သိမ်းတယ်၊ ရခိုင်မျိုးချစ် တွေက ဗမာဘုရင် ကို တော်လှန်ရာက ဒုက္ခသည် ရခိုင် တွေ CHT ကို ထပ်ရောက်လာတယ်။ နကိုယ်ရောက်ပြီး အသုတ် နဲ့ အသစ်ရောက်တဲ့ အသုတ် အုပ်စု ၂ စု ကွဲနေတယ်။

၁၇၉၄ မှာ အင်းဝတပ် တွေ ဘင်္ဂလားနယ်ထဲ အထိ ဝင်လာပြီး တရားခံပြေး လိုက်ဖမ်းတယ်။ အင်္ဂလိပ် က အလျော့ပေးပြီး တရားခံပြေး အချို့ကို ပြန်အပ်လိုက်တယ်။

အဲဒီမှာ အရင်ရောက်နေတဲ့ ရခိုင်သား တွေက နောက်ရောက်တဲ့ ရခိုင်သားနဲ့ မှား အဖမ်းခံရမှာ ကြောက်ပြီး ၊ သူတို့က ရခိုင်သား တွေမဟုတ်ပါဘူး လို့ ငြင်းဆန် ( de-Arakanisation ) ခဲ့ကြတာ ဖြစ်မယ်။

ပဲခူး က သုံ့ပန်းတွေ ဖမ်းလာတဲ့ ရာဇဝင်လည်း ကြားဖူးတော့ ရောကြိတ်လိုက်တာ ဖြစ်မယ် လို့ တွက်ဆကြပါတယ်။

ဘင်္ဂလားလူမျိုးတွေက တော့ ရခိုင်သား မှန်ရင် Magh/Mog လို့ပဲ အကုန်သိမ်းကြုံး ခေါ်လေ့ရှိတယ်။

၁၉၄၇ မှာ အိန္ဒိယ နဲ့ ပါကစ္စတန် ဆိုပြီး နှစ်နိုင်ငံခွဲတော့ Mong တွေ နစ်ခြမ်းကွဲပြီး အရှေ့ပါကစ္စတန်(နောင်တွင် ဘင်္ဂလားဒက်ရှ်)ဘက်က Khagrachari ခရိုင်မှာ တစု၊ အိန္ဒိယဘက်ခြမ်း Tripura မှာ တအုပ်စု ကွဲသွားတယ်။

Tripura ရောက်တဲ့ Mong အုပ်စု က အေးဆေးဖြစ်သွားတယ်။ ဘင်္ဂလားလူမျိုးတွေက သူတို့ကို ခေါ်နေကြ Magh/Mog လူမျိုးလို့ အခေါ်ခံလိုက်တယ်။ အပြင်လူ ခေါ်တဲ့ exonym အတိုင်း အတွင်းမှာလည်း endonym မှာလည်း လိုက်ခေါ်လိုက်ကြပုံ ရှိတယ်။ ၁၉၇၀−၈၀ မှ ရခိုင်အမျိုးသားရေးဝါဒီ တွေ CHT ရောက်တော့လည်း သူတို့ဆီ မရောက်တော့ လူမျိုးထပ်မပြောင်းတော့ဘူး။

၁၉၅၁ အရှေ့ပါကစ္စတန် သန်းကောင်စာရင်း ကောက်တဲ့အခါမှာ Magh/Mog ဆိုတဲ့ အခေါ်အဝေါ် ( နှိမ်ချတဲ့ သဘောပါ ) ကို “Marma” နဲ့ အစားထိုးပြီး ကောက်ခံခဲ့တယ်။

၁၉၉၈ ခု Chittagong Hill Tracts Regional Council Act ဥပဒေ အရ “Marma” လူမျိုးဆိုတာ ကို တရားဝင် အသိအမှတ်ပြုလိုက်တော့ အခု Bomong ကော၊ Khagrachari ခရိုင်က Mong တွေကော အကုန် “Marma” လူမျိုး ဖြစ်သွားကြတယ်။ သူတို့အချင်းချင်းကြားမှာတော့ ရှေးအခေါ်အဝေါ်အတိုင်း "ရေကြည်သား၊ ချောင်းသား၊ မရိုးသား၊ ကော့ကတန်းသား၊ လောင်ကဒူးသား" လို့ ခေါ်ကြဆဲပဲ လို့ ဆိုပါတယ်။

( timeline for reference )

၁၅၉၉ ဗမာ နဲ့ ရခိုင် ပဲခူး ကိုသိမ်း၊ နန္ဒဘုရင် မျိုးဆက် မောင်စောပြန် ဓညဝတီ မှာနေရာက ၁၆၁၄ မှာ မွန်နောက်လိုက် ၃၃၀၀၀ နဲ့ တကွ chittagon ကို ဘုရင် အဖြစ်နဲ့ ပြောင်းလာတယ် ပြော

၁၇၈၅ ဘိုးတော် ရခိုင် ကိုသိမ်း

၁၇၉၈ က Francis Hamilton ကို မြန်မာလူမျိုး၊ ရခိုင် က လာတာ လို့ ပြော၊

၁၈၆၉ က Lewin ကို ရခိုင်သား ၊ ကုလားတန် က လာတာလို့ ပြော − ဗမာဘုရင် လာတိုက်လို့ ပြေးလာတယ် ပြော

၁၈၉၆ က Lethbridge ကို ရခိုင်သား ၊ ကုလားတန် က လာတာလို့ ပြော ၊  နန္ဒဘုရင် မျိုးဆက် ၁၇၇၆ မတိုင်မီ CHT ရောက်− ( ၁၇၉၄ ဗမာ စစ်တကောင်းကိုဝင် ) ဗမာဘုရင် လာတိုက်လို့ ပြေးလာတယ် ပြော

၁၉၀၆ Hutchinson ကို "၁၅၉၉ ဗမာ နဲ့ ရခိုင် ပဲခူး ကိုသိမ်း၊ နန္ဒဘုရင် မျိုးဆက် မောင်စောပြန် ဓညဝတီ မှာနေရာက ၁၆၁၄ မှာ မွန်နောက်လိုက် ၃၃၀၀၀ နဲ့ တကွ chittagon ကို ဘုရင် အဖြစ်နဲ့ ပြောင်းလာတယ်" ပြော

၁၉၂၆ J P Mills မီးလောင်သွားပြီပြော

၁၉၆၁ G H Harvey

၁၉၆၇ Lucien Bernot အခိုးခံရ လို့ ပျောက်ကုန်ပြီပြော

၁၉၆၈ Loffler မသင်္ကာဖြစ်

ဒါကတော့ ကိုယ် ဘာလူမျိုးလဲ ဆိုတာကို တခါတလေ "ကိုယ်ရောက်နေတဲ့ နေရာရဲ့ နိုင်ငံရေး၊ လူမှုရေး အခြေအနေ" ကို ကြည့်ပြောတတ်ကြတယ် ဆိုတဲ့ ဥပမာ ပဲလို့  ကိုကျော်မင်းထင် က ဆိုပါတယ်။

---

အခု ဘင်္ဂလား နယ်ထဲက စစ်တကောင်းသားတွေ မြန်မာပြည်ထဲ ရောက်ပြီးတဲ့အခါ သူတို့က ဘင်္ဂလားသားတွေ မဟုတ်ပါဘူးလို့ ငြင်းဆန်( de-Bengalisation ) တဲ့ အကြောင်းကို Part 2 မှာ ဆက်ပြောပါမယ်။

  • မူရင်းလင့် = https://www.facebook.com/myo.than.18/posts/pfbid02SUH9DnkMtc5rDUzKSurmR3moxbRWAmX8ULvFvrQFGfzzx8Vir1so8QLUpseZwh4Cl

====================================


ကိုကျော်မင်းထင် က NUS မှာ PhD ဘွဲ့အတွက် ၂၀၁၇ က တင်တဲ့ အောက်ပါစာတမ်း ကို အတိုချုပ်ပြန်ရေးပေးထား ပါတယ်။ PART-02

WHERE MAṆḌALAS OVERLAP: HISTORIES, IDENTITIES AND FATES OF THE PEOPLE FROM ARAKAN AND SOUTH-EASTERN BANGLADESH

original စာတမ်းကို အောက်က Link မှာ Download လုပ်ယူလို့ ရပါတယ်။

https://scholarbank.nus.edu.sg/.../Kyaw%20Minn%20Htin%20...

ရှေ့နောက် ဖြစ်ရပ် တွေကို ဆက်စပ် နားလည်လွယ်ဖို့ အောက်ပါ Link က timeline နှင့် တိုက်ဆိုင်ကြည့်ရှု နိုင်ပါတယ်။

https://www.facebook.com/myo.than.18/posts/4575679882453176

အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နောက်ခံသမိုင်း ကို အောက်ပါ မှတ်စု မှာ ကြည့်လို့ ရပါတယ်။

https://www.facebook.com/myo.than.18/posts/1576998538988007

ကျွန်တော် ဖတ်လို့ နားလည်သလောက် ပြန်ရေးပေးထားပါတယ်။ အမှားတွေ့လျင် အများအကျိုးအတွက် ကျေးဇူးပြုပြီး ပြင်ပေးစေချင်ပါတယ်။

Myanmar Wiki နဲ့ ebook creator များ အားလုံးကို ကျေးဇူးတင်ပါတယ်။

**ရိုဟင်ဂျာ**

အခု ဘင်္ဂလား နယ်ထဲက စစ်တကောင်းသား တွေ မြန်မာပြည်ထဲ ရောက်ပြီးတဲ့အခါ သူတို့က ဘင်္ဂလားသားတွေ မဟုတ်ပါဘူးလို့ ငြင်းဆန် ( de-Bengalisation ) တဲ့ အကြောင်းကို ဆက်ပြောပါမယ်။

(နောက်ခံသမိုင်းကြောင်း)

စစ်တကောင်းနယ်က အခု ဘင်္ဂလားဒေ့ရှ် (ရှေးက ဘင်္ဂ ခေါ်) နိုင်ငံထဲမှာ ရှိတယ်။ သူတို့ပြောတဲ့ စစ်တကောင်းစကား (Chatgāiyā)က ပြည်မသုံး ဘင်္ဂါလီ စကားနဲ့ကွာတယ်၊ စစ်တကောင်းသား အများစုက ဘင်္ဂါလီစာ မဖတ်တတ်ဘူး၊ သူတို့ရေးလည်း ဘင်္ဂါလီ အက္ခရာ မသုံးကြဘူး၊ အသံထွက်လည်း ကွာတယ်။ ဘင်္ဂါလီက Roshang ဆို သူတို့က Rohang လို့ ထွက်တယ်။

၁၅၇၈ မှာ ရခိုင်ဘုရင်က ပေါ်တူဂီတွေ အကူအညီ နဲ့ စစ်တကောင်း ကို သိမ်းနိုင်ခဲ့တယ်။ အစပိုင်းမှာ ဒေသခံ မွတ်စလင် စစ်တကောင်းသားတွေကိုပဲ (စစ်တကောင်းစား) ရာထူးခန့်ပြီး အချင်းချင်းအုပ်ချုပ်ခိုင်းတယ်။ ၁၅၈၁ က စပြီး ရခိုင်ဘုရင်က သူယုံကြည်သူကို စစ်တကောင်းဘုရင်ခံ (အနောက်ဘုရင်၊ အနောက်ဘဝသျှင်၊ စစ်တကောင်းမင်း) ခန့်ပြီး အုပ်ချုပ်စေတယ်။ မြောက်ဦး ဗဟိုပြု ရခိုင်အသိုင်းအဝိုင်း နဲ့ စစ်တကောင်း ဗဟိုပြု ဘင်္ဂ အသိုင်းအဝိုင်း ဆိုပြီး တနိုင်ငံတည်း၊ အသိုင်းအဝိုင်း ၂ ခု ( one kingdom, two mandalas ) အနေနဲ့ အုပ်ချုပ်ခဲ့တယ်။ ရခိုင် ကနေ စစ်တကောင်း ကို ဘုရင်က နေရာချ ပေးလို့ တာဝန်နဲ့ ၊ စီးပွားရေးကိစ္စနဲ့ သွားနေရတဲ့ ရခိုင်သား တွေ ရှိလာတယ်။ ပုံ − 050



စစ်တကောင်းက ရခိုင်လက်အောက်မှာ ၈၈ နှစ်ကြာ ရှိနေခဲ့ပြီး ၁၆၆၆ မှာ မဂိုလ် ဘုရင်တွေ လက်အောက်ကို ရောက်သွားတယ်။

အဲဒီ မြောက်ဦး ကောင်းစားတဲ့ ခေတ်မှာ ရခိုင် နဲ့ ပေါ်တူပီ ပေါင်းပြီး စစ်တကောင်း ဘက်က လူတွေကို ဖမ်းပြီး (အင်ဒိုနီးရှားဘက်က Dutch ပိုင် စိုက်ခင်းတွေမှာ ခိုင်းဖို့) ကျွန်အဖြစ် ပြန်ရောင်းစားတယ်၊

ခိုင်ဘုရင်ပိုင် ဘင်္ဂ (Dianga နဲ့ Angarcale ဒေသ) နဲ့ ရခိုင်ပြည် ဒေသအချို့ မှာ နေရာချထားပေးပြီး စိုက်ပျိုးရေး လုပ်စေတယ်။ ရခိုင်ပြည်ထဲမှာ နေရာချထားတဲ့ စစ်တကောင်းသား ကျွန် တွေကနေပြီး နောင်မှာ ရခိုင်မွတ်စလင် (Arakanese Muslims) ဆိုပြီး ဖြစ်လာတယ်။

ရခိုင်တပြည်လုံး လူဦးရေ ရဲ့ ၄.၆ % လောက် ရှိတယ်။ သူတို့ကို ရခိုင်အလယ်ပိုင်း မြောက်ဦး နဲ့ ကျောက်တော်၊ မင်းပြား၊ ပေါက်တော ဒေသတွေမှာ တွေ့ရတယ်။ ရခိုင်/ဗမာ စကား ရေးတတ်၊ ပြောတတ်ပြီး ရခိုင်တွေနဲ့ ကိုးကွယ်ရာဘာသာပဲကွာတယ်လို့ ၁၈၇၉၊ ၁၉၁၇ က မှတ်တမ်းတွေမှာ တွေ့ရတယ်။ သူတို့ကို ဘင်္ဂါလီတွေက ရခိုင်သား ( “Rwangya” ) တွေလို့ ခေါ်ကြတယ်။

၁၇၈၅ မှာ ရခိုင်ကို ဗမာဘုရင် သိမ်းတယ်။ ဗမာဘုရင်က အခွန်ကောက်တာ၊ လုပ်အားပေးခိုင်းတာ၊ စစ်သားစုဆောင်းတာ ကြမ်းတော့ စစ်တကောင်းကို ထွက်ပြေးတဲ့ ရခိုင်သား (လူမျိုးပေါင်းစုံ) ဒုက္ခသည်တွေ ရှိလာတယ်။

နောက် နှစ် ၄၀ အကြာ ၁၈၂၅ မှာ ရခိုင်ပြည်ကို ဗမာ လက်ထဲကနေ အင်္ဂလိပ် က သိမ်းလိုက်တယ်။ စစ်တကောင်းဘက် ရောက်နေတဲ့ ရခိုင်တွေ အင်္ဂလိပ် ကိုလိုနီ ရခိုင်ပြည်ဘက်ကို တဖွဲဖွဲ ပြန်လာကြတယ်။ တချို့ကတော့ စစ်တကောင်း ဘက်မှာ အခြေကျပြီး ဆက်နေကြတယ်။ နကိုယ်နေတဲ့ ရခိုင်တွေ ဒုက္ခသည်ဖြစ်ပြီး ဘင်္ဂလားဘက် ရောက်နေလို့ ရခိုင်ပြည်ဘက် လူနည်းနေတယ်။ ရခိုင်ပြည်ဘက် စပါးစိုက်ပျိုးရေးကောင်း လုပ်ခဝင်ငွေကောင်းလို့ ဘင်္ဂလားသားတွေပါ အင်္ဂလိပ်က ခေါ်ယူပြီး လုပ်ခွင်ပေးတယ်။ နယ်စပ်အရ ဒီဘက် စစ်တွေ နဲ့ ဟိုဘက် စစ်တကောင်း ကပ်လျက်ဖြစ်လို့ စစ်တကောင်းသား အများအပြား ဆန်၊ စပါး နဲ့ ပတ်သတ်တဲ့ အလုပ်တွေ လာလုပ်ကြတယ်။ စစ်တွေမှာ စစ်တကောင်းသားတွေ များလာတယ်။ အင်္ဂလိပ်ကိုလိုနီခေတ် တလျောက်လုံး ဝင်ခဲ့တာ နောက် ရခိုင်တပြည်လုံး လူဦးရေ ရဲ့ ၂၁ % လောက် ရှိလာတယ်။ 

၁၉၄၂ မှာ ရခိုင်၊ မွတ်စလင် အရေးအခင်း ဖြစ်ပြီး သူတို့တွေ စစ်တကောင်း နဲ့ နယ်စပ်ကပ်ရက်က ဘူးသီးတောင် နဲ့ မောင်းတော မှာ သွားစုမိတယ်။ အင်္ဂလိပ် စစ်အုပ်ချုပ်ရေး က အရေးအခင်း ကို တားတဲ့အနေနဲ့ ဘူးသီးတောင်၊ မောင်းတောကို မွတ်စလင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အဖြစ် ခေတ္တသတ်မှတ်ပေးခဲ့ဘူးပါတယ်။ စစ်တကောင်းသား ဘက်မှ Jamaitul-ulema အဖွဲ့ကို ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၄၇ Feb ပင်လုံစာချုပ် ချုပ်အပြီးမှာ Jamaitul-ulema အဖွဲ့က သူတို့ကိုလည်း ချင်း၊ ကချင်၊ ရှမ်း တွေလို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးဖို့ မြန်မာပြည်အတွင်းဝန် A.G.Bottomley ဆီကို စာပို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်ဘုရင်ခံရဲ့ အတွင်းဝန်ရုံး Governor’s Secretariat of the Government of Burma က

၁. ရခိုင်ဒေသ က မွတ်စလင်တွေဟာ ရခိုင်ဘုရင် နဲ့ ဗမာဘုရင် လက်အောက်ခံ အနေနဲ့ပဲ ရှိခဲ့ဘူးတယ်၊ ကိုယ်ပိုင်လွတ်လပ်တဲ့ နိုင်ငံအဖြစ် တခါမှ မရှိခဲ့ဖူးဘူး။

၂. ဘာသာရေး မတူတာ အကြောင်းပြပြီး ပြည်နယ်တောင်းလို့ မရဘူး။

၃. ရခိုင်ပြည်ကို ပြောင်းရွှေ့နေထိုင်တာဟာ ရခိုင်ပြည်ကို စစ်တိုက်ပြီး နိုင်လို့ သိမ်းပိုက်ရရှိတာနဲ့ မတူဘူး။

၄. နယ်စပ်မှာ နေတိုင်း Frontier Areas နယ်ခြားဒေသ Frontier ဆိုပြီး သတ်မှတ်လို့ မရဘူး။

လိူ အကြောင်းပြန်ပြီး တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

အိန္ဒိယကို လွတ်လပ်ရေးပေးတဲ့အခါ 'ဟိန္ဒူ အိန္ဒိယ' နဲ့ 'မွတ်စလင် ပါကစ္စတန်' ဆိုပြီး ခွဲပေးမည် ဆိုတော့ ၊ ဘူးသီးတောင်၊ မောင်းတော ကို ပါကစ္စတန်ထဲ ထည့်ပေးပါဆိုပြီး Jamaitul-ulema အဖွဲ့က ပါကစ္စတန်ခေါင်းဆောင် ဂျင်းနား ဆီကို ၁၉၄၇ ဇူလိုင် မှာ လူလွှတ် တောင်းဆိုတဲ့အခါ ဂျင်းနားက ငြင်းလိုက်လို့ ရခိုင်မွတ်စလင်လွတ်မြောက်ရေးအဖွဲ့ MLO တည်ထောင်ပြီး ဂျီဟာဒ် စစ်ပွဲဝင်ခဲ့တယ်။ နောက်ပိုင်းမှာ MLO ကို မူဂျာဟစ် ဆိုပြီး နံမည်ပြောင်းခဲ့ပါတယ်။ ဖဆပလ အစိုးရက ခွဲထွက် မူဂျာဟစ် တွေကို တိုက်ရင်း မခွဲထွက်မည့် ကျန်တဲ့ ရခိုင်မွတ်စလင် တွေကို စည်းရုံးနေရပါတယ်။

အောင်ဆန်း−အက်တလီ စာချုပ်အရ သူတို့က တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ (၁၉၄၇ ဧပြီ ) မှာ ဝင်ခွင့်ရခဲ့ပါတယ်၊ နိုင်ငံရေးပါတီ Jamaitul-ulema တည်ထောင်ခွင့် ရခဲ့ပြီး၊ အမတ် ၂ နေရာ ရခဲ့ပါတယ်။ ပုံ − 100



၁၉၄၇ ဖွဲစည်းပုံ နဲ့ ၁၉၄၈ 'ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေ' အရ သူတို့က နိုင်ငံသား ဖြစ်ခဲ့တယ်။ ပုံ − 101, 102



'Jus Soli'ခေါ် 'ပြည်တွင်းမှာ မွေးဖွားခဲ့လျင် နိုင်ငံသားဖြစ်ခွင့်ရတဲ့ အခွင့်အရေး' ကြောင့်ဖြစ်ပါတယ်။

ပါလီမန် ဒီမိုကရေစီခေတ် အတွင်းမှာ အခြားတိုင်းရင်းသား (မွန်၊ ကရင်၊ ရခိုင်) တွေ ပြည်နယ်တောင်းကြတော့ သူတို့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တောင်းခဲ့ကြပါတယ်။ လူမျိုးသီးသန့် ဆိုပြီး ပြနိုင်မှ နီးစပ်မှာ မိုလို့ သူတို့ဟာ ရိုဝန်းညှာ၊ ရွမ်းဂျာ( Rwangya) လူမျိုးဆိုပြီး တီထွင်ခဲ့ကြပါတယ်။ ဒီ စကား က နကိုယ်က ရခိုင်ဘက်မှာ မြောက်ဦး ဘုရင်ခေတ်ကတည်းက နေခဲ့တဲ့ စစ်တကောင်းသားဟောင်း ( ရခိုင် အခေါ် − အစ္စလမ်ဘာသာ ဝင် ရခိုင် ကုလားဟောင်း၊ ရှေးကုလားလူဟောင်း၊ ရခိုင်ကုလား ) တွေကို ဘင်္ဂါလီ ဘာသာနဲ့ ခေါ်တဲ့ စကား ဖြစ်တယ်။ ကိုလိုနီခေတ် မတိုင်မီ ရောက်နေတဲ့ စစ်တကောင်းသားဟောင်းနဲ့ ကိုလိုနီခေတ်မှ ရောက်သူ စစ်တကောင်းသားသစ် ကို နံမည်တခုတည်းအောက်မှာ ပေါင်းစည်း ပြီး ရောချလိုက်တာ ဖြစ်တယ်။

နောက်ပိုင်း ၁၉၅၉−၆၀ တွေမှာ စစ်တကောင်းသား ပညာတတ်လူငယ်တွေ တက္ကသိုလ်ရောက်၊ အသင်းတွေထောင်၊ မဂ္ဂဇင်းတွေ ထုတ်တော့မှ တကယ့်စစ်တကောင်းသား လေသံနဲ့ Rohingya လို့ စာလုံးပေါင်းပြီး နောက်ပိုင်း အဲဒီစာလုံးပေါင်း ကိုပဲ ဆက်သုံးကြပါတယ်။

မူဂျာဟစ်တွေ လက်နက်ချတဲ့ ၁၉၆၀ မှာ အစိုးရ နဲ့ စစ်တပ် လူကြီးပိုင်းတွေက ရိုဟင်ဂျာ လူမျိုး ဆိုတာကို အသိအမှတ်ပြုခဲ့ကြတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ၁၉၆၀ က စပြီး သူတို့ကို 'မေယုနယ်ခြားခရိုင်' ဆိုပြီး ရခိုင်တွေနဲ့ ခွဲခြားပြီး ဗဟိုအစိုးရ တိုက်ရိုက်ကိုင်တဲ့ နယ်ခြားအုပ်ချုပ်ရေး နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမေယု နယ်ခြားအုပ်ချုပ်ရေးအဖွဲ့ကပဲ ယခင် 'ရခိုင်မွတ်ဆလင်' အစား 'ရိုဟင်ဂျာ' နံမည်ကို တရားဝင်လဲလှယ်သုံးစွဲခွင့် ပြုခဲ့ပါတယ်။

လဝ −> ဝ

ကရင်နီ -> ကယား

တလိုင်း -> မွန်

ရခိုင်မွတ်ဆလင် -> ရိုဟင်ဂျာ

ရခိုင်ပြည်က 'စစ်တကောင်းသား မွတ်စလင်' များအားလုံး ရိုဟင်ဂျာ ဖြစ်သွားတာက 'အပြင်လူများရဲ့ အမြင်၊ အခေါ်အဝေါ်' exonym တွေကြောင့်လည်း ပါတယ် လို့ ကိုကျော်မင်းထင် က ဆိုပါတယ်။

အင်္ဂလိပ်အစိုးရကလည်း သူ့ ကိုလိုနီ နယ်တွေမှာ

၁. သန်းကောင်စာရင်း ( လူမျိုး ဘယ်နှစ်မျိုးရှိ...စသည် )

၂. မြေပုံ ( ဘယ်နယ်မှာ ဘယ်လူမျိုးနေသည်..စသည် )

၃. ပြတိုက် ( ဘယ်သူ က ဘယ်သူ ဆင်းသက် တယ်..စသည်ဖြင့် )

သူ စိတ်ထင်ရာ အတင်း သတ်မှတ်တဲ့ အကျင့်ရှိတယ်။

ရခိုင် ကိုလည်း ဘာမှမခွဲတော့ပဲ အားလုံးကို Arakan, Arakanese လို့ ခြုံခေါ်ဝေါ်ခဲ့တယ်။ 

စစ်တကောင်းသား မွတ်ဆလင်တွေကိုလည်း အရင်ရောက်၊ နောက်ရောက် မခွဲပဲ “Mahomedans” လို့ အကုန်သိမ်းကြုံးမှတ်တမ်းတင်ခဲ့တာကြောင့် ဒီရှုပ်ထွေးမှူ ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

အစက ကိုယ်ကိုကိုယ် စစ်တကောင်းသား၊ ဘင်္ဂလားသား လို့ သတ်မှတ်ခဲ့တဲ့ သူတွေက ၊ အခုတော့ သူတို့က စစ်တကောင်းသား မဟုတ်ဘူး ဆိုပြီး အတင်းငြင်းဆန် ( de-Bengalisation ) တာ၊ လူမျိုး ပြောင်းသွားတာဟာ

၁. ကိုလိုနီစံနစ် ၏ သတ်မှတ်ချက်

၂. ကိုယ်ရောက်နေရာ နေရာ၏ နိုင်ငံရေး၊ လူမှုရေး အခြေအနေ

တွေပေါ် မူတည်ပြီး ပြောင်းသွားတာ လို့ ကိုကျော်မင်းထင် က ဆိုပါတယ်။

သူတို့ရဲ့ နိုင်ငံရေးသမိုင်း ကို ဆက်ပါမယ်။

ရခိုင်ပြည်က 'စစ်တကောင်းသား မွတ်စလင်' များ က 'ပါလီမန် ဒီမိုကရေစီ ခေတ်' (၁၉၄၈−၁၉၆၂) အတွင်းမှာ ၁၉၅၁ မှာ အမတ် ၄ ဦး၊ ၁၉၅၆ မှာ ၆ ဦး၊ ၁၉၆၀ မှာ ၅ ဦး အမတ်အရွေးခံခဲ့ ရပါတယ်။

ရခိုင်တွေ ပြည်နယ်တောင်းတဲ့အခါ စစ်တကောင်းသားအမတ် များက ဖဆပလ အစိုးရ ဘက်ကနေပြီး ပြည်နယ်မပေးရေးဘက်မှာ အမြဲရပ်တည်ခဲ့ပါတယ်။ ရခိုင်တွေကို ပြည်နယ်ပေးရင် သူတို့ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပေးရမယ် အမြဲတောင်းဆိုခဲ့ကြပါတယ်။

၁၉၅၈ မှာ ဖဆပလ အဖွဲ့ကြီး က သန့်ရှင်း နဲ့ တည်မြဲ ဆိုပြီး ၂ ဖွဲ့ကွဲသွားပါတယ်။ တည်မြဲက လက်ရှိအစိုးရ အပေါ် အယုံအကြည်မရှိ အဆိုတင်တဲ့အခါ အရင် အတိုက်အခံ ပမညတ နဲ့ ရခိုင်ပါတီ ရတည က ကယ်လိုက်လို့ မပြုတ်ကျတာ ဖြစ်ပါတယ်။ အဲဒီမှာ ရတည အလိုကျ ရခိုင်ပြည်နယ် ပေးဖို့ ဦးနု က သဘောတူလိုက်ပါတယ်။

နိင်ငံရေး အကြပ်အတည်းတွေ ဖြစ်လာပြီး ဦးနေဝင်း ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရ ခန တက်လာပါတယ်။

အဲဒီနောက် ၁၉၆၀ ရွေးကောက်ပွဲမှာ သန့်ရှင်းပဲ ပြန်နိင်ပြီး ဦးနု က သူ့ကတိ အတိုင်း ရခိုင်ပြည်နယ် ပေးဖို့ စတင် ဆောင်ရွက်ပါတယ်။

အဲဒီအခါမှာ ဘူးသီးတောင်၊ မောင်းတောက စစ်တကောင်းသားတွေ ပျာယာခတ်ပြီး သူတို့ကို ဘယ်လို အခွင့်အရေးတွေ ပေးရင် ရခိုင်ပြည်နယ်ထဲ ဆက်နေမယ်၊ မရရင် သူတို့ကို သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေပေးရမည် တောင်းဆိုကြတယ်။ ကိုယ်ပိုင်နယ်မြေရဖို့ ရိုဟင်ဂျာ ဇာတ်လမ်း ကို ရှေ့တန်းတင်လာကြတယ်။

အဲဒီ အချိန်မှာပဲ ရှမ်းပြည် က ဦးဆောင်ပြီး Federal မူ ကို တင်ပြလာပါတယ်။ အဲဒီ တင်ပြမှုကို အကြောင်းပြပြီး ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းလိုက်တဲ့အခါမှာ အားလုံး တခန်းရပ်သွားပါတယ်။

နောက် ဦးနေဝင်း က ၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ်ရေးပြီး၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ကို ပြဌာန်းလိုက်တဲ့အခါ 'Jus Soli'ခေါ် 'ပြည်တွင်းမှာ မွေးဖွားခဲ့လျင် နိုင်ငံသားဖြစ်ခွင့်ရတဲ့ အခွင့်အရေး' ကို ဖြုတ်ချလိုက်တဲ့အတွက် စစ်တကောင်းသား အားလုံး နိုင်ငံမဲ့ ဖြစ်သွားကြပါတယ်။ 

'Jus Soli' အစား 'Jus Sanguinis' ခေါ် သွေးသားတော်စပ်မှုကို အခြေခံတဲ့ နိုင်ငံသားစံနစ်ကို ပြောင်းလိုက်ပါတယ်။ တဦးချင်းစီ နိုင်ငံသားပြန်လျှောက်ရမည် ဆိုပြီးဖြစ်လာပါတယ်။ 

ပြန်လျှောက်စရာ မလိုပဲ နိုင်ငံသားရဖို့နည်းက သူတို့ဟာ အင်္ဂလိပ်−မြန်မာ ပထမစစ် ဖြစ်တဲ့ ၁၈၂၃ မတိုင်ခင်ကတည်းက မြန်မာပြည်တွင်းမှာ နေနေတဲ့ ဌာနေ ဒေသခံ indigenous တိုင်းရင်းသား  ဖြစ်ကြောင်း ပြနိုင်မှ ရမှာဖြစ်တဲ့အတွက် 'ရိုဟင်ဂျာ ဟူသည် တိုင်းရင်းသား' ဆိုတဲ့ ဦးတည်ဖက် ကို လှည့်သွားကြတယ် လို့ ဆိုပါတယ်။  ပုံ − 103, 104 ( Uninon Citizenship Act - 1948 )




၁၉၈၂ နောက်ပိုင်း နိင်ငံသားမဟုတ်တော့လို့ အမတ်ဝင်ရွေးခွင့် တရားဝင် မရှိတော့ပေမည့် နားလည်မှု နဲ့ ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။

မဆလ ခေတ် (၁၉၇၄−၁၉၈၈) အတွင်းမှာ ၁၉၇၄ မှာ ၂ ဦး၊ ၁၉၇၈ မှာ ၁ ဦး အမတ်အရွေးခံခဲ့ ရပါတယ်။

ဦးနေဝင်း က သူတို့ကို ဘင်္ဂါလီ လို့ခေါ်တော့ ဒီနံမည်တွင်သွားတယ်၊ ဆိုရှယ်လစ်ခေတ်မှာ ရိုဟင်ဂျာ ဆိုတဲ့ နံမည်ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေပဲ သုံးရဲခဲ့တယ်။

'ရိုဟင်ဂျာ ဟူသည် တိုင်းရင်းသား' အဆိုများပေါင်းလိုက်ရင် သူတို့ ရခိုင်ပြည်ကို ၄ကြိမ် ၄ခါ ဝင်လာတယ်လို့ ဆိုပါတယ်။

၁. ၇ ရာစု အာရပ်မင်းသား ပုံပြင်

−စစ်တကောင်းသားရိုးရာ ပါးစပ်ရာဇဝင် ဖြစ်ပြီး ဦးဘသာ မှာ ၁၉၆၀ မှာ ချရေး၊ အထောက်အထား မရှိ။ Derek Tonkin ၏ 'Notes on a series of cultural and historical articles about Arakan written between 1959 and 1966 by Mohammed A Tahir Ba Tha of Buthidaung' ကို ကြည့်ပါ။

၂. ၈ ရာစု အာရပ်သင်္ဘောပျက် ပုံပြင်

−ဆရာငမည်း ရာဇဝင် မှာ "၇၉၃ ခုနှစ်၊ နိုင်ငံခြားသင်္ဘော" လို့ပဲပါ ပြီး 'အာရပ်၊ မွတ်ဆလင်' လို့ မပါ ၊ Phayre က မွတ်ဆလင်တွေ လို့ ဖြည့်  ၊ muslims ကို 'Arab or Moors' လို့ ဦးဘသာ က ထပ်ပြင် ၊ Arab ဆို ဂုဏ်ယူစရာလို့ မြင်ခဲ့ကြပုံရှိ ) ပုံ − 105, 106




Phayre ၁၈၄၄ မှာရေး တဲ့ ဆောင်းပါးကို Akyab Gazetteer 1917 မှာ ပြန်ထည့်တာကို ဦးဘသာ က 1960 မှာ ကူးယူ၊ ဖြည့်စွက်ပြင်ဆင်ထား တာ ဖြစ်ပါတယ်။

3. မင်းစောမွန် နဲ့ လိုက်လာပုံပြင်

−၁၄၃၀ CE မှာ မင်းစောမွန်က သူရတန် ဘုရင် ရဲ့ တပ်များ အကူအညီ နဲ့ ရခိုင်ထီးနန်း ကို သိမ်းခဲံတယ်ဆိုတဲ့ အထောက်အထား က 'ဗမာ၊ ဘင်္ဂါလီ၊ ရှေးဟောင်းသုတေသန၊ ကျောက်စာ' ဘာ အထောက်အထား မှ မရှိ ။ King Maṅḥ Co Mvan’s Exile in Bengal: Legend, History, and Context by Jacques P. Leider and Kyaw Minn Htin ကို ကြည့်ပါ။

4. ဘင်္ဂ Banga ကို သိမ်းထားချိန် ၁၆ နှင့် ၁၇ ရာစုမှာ ရခိုင် နှင့် ဘင်္ဂလား တသားတည်း ရောစပ် သီအိုရီ

မြောက်ဦးနန်းတော်မှာ ခန့်ထားတာ ပြည်မက ထိပ်တန်း ဘင်္ဂလီ ပညာရှင်များ ဖြစ်ပြီး၊ ရိုဟင်ဂျာတွေက ဖမ်းဆီးကျွန်ပြုခံထားရတဲ့ စစ်တကောင်းကျွန်များ ဖြစ်လို့ စာပေ ယဉ်ကျေးမှု အရ အဆက်အစပ် မရှိပါ။

'ရိုဟင်ဂျာ ဟူသည် တိုင်းရင်းသား' အဆိုတင်ပြတဲ့အထဲမှာ အနောက်တိုင်းနဲ့ အိန္ဒိယ၊ ဘင်္ဂလားတို့က ထိပ်တန်း သမိုင်းပညာရှင် အချို့လည်း ပါဝင်ပါတယ်။

Michael Charney က မြောက်ဦးက စစ်တကောင်းကို သိမ်းတဲ့အခါ ရခိုင် နဲ့ စစ်တကောင်းခွဲမရအောင် ရောယှက်သွားကြတယ်။ ရခိုင်တွေ ဖမ်းလာတဲ့ စစ်တကောင်းကျွန် တနှစ်စာ စာရင်းကို စစ်တကောင်းသိမ်းထားတဲ့ နှစ်ကြာသရွေ့နဲ့ မြှောက်ပြီး ၁၆၆၀ ကတည်းက (အခုအတိုင်း) ရခိုင်ပြည်မှာ စစ်တကောင်းသား ၃၀% ရှိနေပြီး လို့ပြခဲ့ပါတယ်။

ကိုကျော်မင်းထင် က Charney စာရင်းထဲက စစ်တကောင်းသား အရေအတွက် က (သူကိုယ်တိုင်ပြောထားတဲ့) ဘိုးတော်ဘုရား ရခိုင်ကို သိမ်းတဲ့အချိန်က ရခိုင်ပြည်စုစုပေါင်း လူဦးရေ ထက်တောင်များနေတယ်။ ကျွန်တင်သွင်း နှုန်းက တနှစ် နဲ့ တနှစ် မတူဘူး၊ နောက်ပိုင်းမှာ မရှိသလောက်ဖြစ်တယ်၊ ကျွန်အများစုကိုလည်း ရခိုင်ဘုရင်ပိုင် ဘင်္ဂနယ်ထဲက Dianga နဲ့ Angarcale ဒေသ တွေမှာ အခြေပြန်ချပေးတာ ပိုများတယ် စသည်ဖြင့် ထောက်ပြထားပါတယ်။ ရခိုင် နဲ့ စစ်တကောင်း ခွဲမရအောင် ရောမသွားပဲ one kingdom, two mandalas စံနစ် နဲ့ အုပ်ချုပ်ခဲ့ကြောင်းတွေ ထောက်ပြထားပါတယ်။

------------------

**နိုင်ငံသားဖြစ်ခြင်း Citizenship**

နိုင်ငံသားအဖြစ်သတ်မှတ်ရာမှာ ဘင်္ဂလားဒေ့ရှ်က 'ကိုယ့်နိုင်ငံနယ်နမိတ်ထဲနေရင် ကိုယ့်နိုင်ငံသား' ဆိုတဲ့ သဘောကို သုံးပြီး၊ မြန်မာကတော့ 'နကိုယ်ထဲက ကိုယ့်အသိုင်းအဝိုင်း mandala ထဲက ဆိုရင် ကိုယ့်နိုင်ငံသား' ဆိုတဲ့ သဘောကို သုံးတယ်လို့ ကိုကျော်မင်းထင် က ဆိုပါတယ်။

မြန်မာ နိုင်ငံသား သဘောမှာ

၁. ဘာသာရေးကို အခြေမခံဘူး၊ မွတ်ဆလင် တွေကို တမင်ဖယ်ထုတ်တယ်ဆိုတာ မမှန်ဘူး ( အစ္စလမ်ဘာသာ ကိုးကွယ်ပြီး ရခိုင်စကားပြောတဲ့ ကမန် တွေကို မြန်မာနိုင်ငံသား၊ ရခိုင် နဲ့ လူမျိုးလည်း နီးစပ် ဗုဒ္ဓဘာသာလည်း ကိုးကွယ်ပြီး စစ်တကောင်း စကားပြောတဲ့ မြန်မာကြီး marama-gri တွေကျတော့ ကိုယ့်နိုင်ငံသား လို့ မသတ်မှတ်ဘူး။)

https://en.wikipedia.org/wiki/Barua_(Bangladesh)

၂. လူမျိုးကိုလည်း အခြေမခံဘူး။ ( အာဖဂန် နဲ့ လူမျိုးနီးစပ်တယ် ဆိုတဲ့ ကမန် တွေနဲ့၊ အိန္ဒိယ နဲ့ လူမျိုးနီးစပ်တဲ့ နိုင်ငံသားတွေ အများကြီး ရှိတယ် )။

၁၉၄၇ ဖွဲစည်းပုံအခြေခံ ဥပဒေ၊ ၁၉၄၈ 'ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေ' နဲ့ '၁၉၅၄ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိင်ငံသားဖြစ်မှု ( ပြင်ဆင်ချက်) အက်ဥပဒေ' တွေ အရ ဘင်္ဂလားဒေ့ရှ် နိင်ငံ၊ စစ်တကောင်းတောင်ရိုး Chittagon Hill Tracks မှာ နေတဲ့ ရခိုင်စကားပြောသူတွေ ( Bomong, Mong ) ကို နိုင်ငံသားအဖြစ် လက်ခံထားတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ကြား၊ Patuakhali ခရိုင်မှာ ဆိုင်ကလုန်းမုန်တိုင်းတွေ ဆက်တိုက်ကျတော့ မြန်မာနိင်ငံကို ပြန်လာချင်တဲ့ သူတွေကို အကုန်ပြန်လက်ခံခဲ့တယ်။ မြန်မာနိုင်ငံပြင်ပ၊ ဘင်္ဂလားဒေ့ရှ် မှာ နှစ် ၂၀၀ ကျော်လောက် နေခဲ့သူတွေ ပြန်လာတာကို လက်ခံခဲ့တယ်။ 

၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ မှာတော့ သူတို့ကို နိုင်ငံသား (သို့မဟုတ်) အဝေးရောက်နိုင်ငံသား Proxy Citizen လို့ ဆက် သတ်မှတ် ထားတယ်။ မကြာခင် ၂၀၁၃−၂၀၁၄ တုန်းက CHT ဒေသတွေကို အသစ်ဝင်လာတဲ့ ဘင်္ဂါလီ တွေ ဖိအားပေးလို့ ကြောက်ပြီး ပြန်လာချင်ကြတုန်းကလဲ လက်ခံခဲ့တယ်။ ခုတော့ အဲဒီဒေသမှာ ရခိုင်စကားပြောသူ သိမ်မကျန်တော့ဘူး။ ပုံ − 107



၁၉၄၇ ဖွဲစည်းပုံအခြေခံ ဥပဒေ၊ ၁၉၄၈ 'ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး)အက်ဥပဒေ' နဲ့ '၁၉၅၄ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိင်ငံသားဖြစ်မှု ( ပြင်ဆင်ချက်) အက်ဥပဒေ' တွေ အရ ရခိုင်ဒေသ ရှိ စစ်တကောင်းစကားပြောသူ ( ရိုဟင်ရျာ ဆိုသူများ ) ကို 'Jus Soli' အရ ၊ မြန်မာနိုင်ငံသားများ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ မှာတာ့ သူတို့တွေ နိုင်ငံသားအဖြစ်ကို ဆုံးရှုံးသွားပြီး၊ တစ်ဦးချင်းဆီ နိင်ငံသားပြန်လျှောက်ရမည် ဖြစ်သွားတယ်။ အရာရှိတယောက်ရဲ့ တရားဝင် အကြောင်းကြားစာ အရတော့ သူတို့ကို PR ( Permanent Resident ) အဖြစ် သတ်မှတ်ထားတယ် လို့ ဆိုပါတယ်။

၁၉၅၂ − နိုင်ငံသား − မှတ်ပုံတင် ရ

၁၉၇၂ − နိုင်ငံသားအဖြစ် ဆုံးရှုံး

၁၉၈၉ − နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ထုတ်ပေး ၊ နိုင်ငံသားဆုံးရှုံးသွားသူများ ကဒ်ပြားမရ

၁၉၉၅ − Temporary Registration Cards (TRCs) သို့ “White Cards” များ ရ ၊ မဲပေးခွင့်ရ

၂၀၁၅ − White Card များ 31 March 2015 သက်တမ်းကုန် ဟု ထုတ်ပြန်၊ မဲပေးခွင့် မရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သဘောမှာ

၁. ၁၉၅၁ နိုင်ငံသားဥပဒေ−

ရခိုင်ရှိ စစ်တကောင်းစကားပြောသူများ (ရိုဟင်ဂျာ) ကို ၁. အဘိုးအဘွား British India ( Arakan ပါဝင်) မှာ မွေးလျှင် ၂. East Pakistan မှာ လက်ရှိနေလျှင် − နိုင်ငံသားလျှောက်ခွင့်ရှိ

၂. ၁၉၇၂ Citizenship Order -

ရခိုင်ရှိ စစ်တကောင်းစကားပြောသူများ (ရိုဟင်ဂျာ) ကို ဘင်္ဂလားဒေရှ် အတွင်း မွေးရင်တောင် နိုင်ငံသား ဖြစ်ခွင့်မရှိတော့။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဥပဒေက ရခိုင်ရှိ စစ်တကောင်းစကားပြောသူ (ရိုဟင်ဂျာ) များကို  သူတို့ နိုင်ငံသားအဖြစ် မသတ်မှတ်ပါဘူး။ 

သူတို့ နကိုယ် Bengal ဒေသမှာ အရှေ့ နဲ့ အနောက် Bengal ဆိုပြီး ၂ ခြမ်းရှိတယ်။ အိန္ဒိယ၊ ပါကစ္စတန် ခွဲတော့ အနောက် Bengal က အိန္ဒိယထဲ ပါသွားတယ်။ အနောက် Bengal သားတွေက သူတို့နဲ့ နကိုယ်တသွေးတသားတည်း ဖြစ်ပေမည့် အခု အိန္ဒိယနိုင်ငံသား လို့ပဲ သတ်မှတ်တယ်၊ ရိုဟင်ဂျာ လည်း အတူတူပဲ လို့ ရှင်းပြပါတယ်။ ရိုဟင်ဂျာဆိုသူတွေကို သူတို့က Burmaiya ဗမာပြည်သား တွေလို့ ခေါ်ကြပါတယ်။

Chittagon Hill Tracks မှာ နေတဲ့ ရခိုင်စကားပြောသူတွေ ( Bomong, Mong ) ကိုတော့ နိုင်ငံသားအဖြစ် လက်ခံထားတယ်။ ဒါပေမည့် ဌာနေဒေသခံ တိုင်းရင်းသား ādivāsī (আিদবাসী) (indigenous) လို့ မသတ်မှတ်ပါဘူး။ သူတို့က ၁၆ရာစု နဲ့ ၁၉ ရာစု ဝင်ရောက်လာတဲ့ နိုင်ငံရေးခိုလှုံသူ asylum-seekers လို့သာ သတ်မှတ်ပါတယ်။ သူတို့နိုင်ငံမှာ ဘင်္ဂါလီ Bengalis လူမျိုးကိုသာ တိုင်းရင်းသား အဖြစ် သတ်မှတ်တယ်လို့ ဆိုပါတယ်။

မြန်မာ နဲ့ ဘင်္ဂလားဒေရှ် နိင်ငံတွေရဲ့ နိုင်ငံသားဖြစ်မှူ သတ်မှတ်ချက်ချင်း ကွာခြားတာကြောင့် ဘင်္ဂလားနေ ရခိုင်စကားပြောသူ (Bomong, Mong) တွေက နှစ်နိုင်ငံစလုံးမှာ နိုင်ငံသားရနိုင်လို့ ကြိုက်တဲ့ နိုင်ငံမှာ နေလို့ရပြီး ၊ ရခိုင်ရှိ စစ်တကောင်းစကားပြောသူများ (ရိုဟင်ဂျာ) များကတော့ ၂ ဘက်စလုံးမှာ နိုင်ငံသားမရပဲ နိုင်ငံမဲ့ ဖြစ်နေပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့သူ အားလုံးပေါင်း ဘယ်နှစ်ယောက် ရှိလဲ ဘယ်သူမှ မသိပါဘူး။ ၂၀၁၆ ဘင်္ဂလားဒေ့ရှ် မှာ ကောက်တဲ့ သန်းကောင်စာရင်း အရ၊ ဘင်္ဂလားဒေ့ရှ် မှ နေတဲ့ ရိုဟင်ဂျာ သီးသန့်က ၁၆၀၀၀၀ ရှိပြီး၊ ရိုဟင်ဂျာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အိမ်ထောင်ပြုပြီး မွေးဖွားသူက ၁၃၆၀၀၀ ဦး ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်မှာ ရောနှောနေထိုင်နေတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ရှိနေပြီး၊ ၁၉၇၈ က စလို့ ဘင်္ဂလားဒေ့ရှ် မှာ မွေးဖွားတဲ့သူ မျိုးဆက် ၂ ဆက်၊ ၃ ဆက် ရှိနေပါပြီ။ သူတို့က ၁၉၇၂  Citizenship Order အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဖြစ်ခွင့်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် passport ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာများလည်း ရှိသလို၊ ၂၀၀၈ နဲ့ ၂၀၁၃ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲတွေမှာ မဲပေးခွင့် ရရှိခဲ့တဲ့ ရိုဟင်ဂျာ တွေလည်း ရှိပါတယ်။

နှစ်ဘက်အစိုးရ ဥပဒေတွေကို ညှိနှိုင်းပြီး သူတို့တွေ လွတ်လပ်စွာသွားလာနေထိုင် နိုင်အောင် စီစဥ်ပေးနိုင်ရင်တော့ ကောင်းပါမယ်။

အိန္ဒိယမှာဆိုရင် နီပေါ နဲ့ တိဘက် နယ်စပ် နေသူတွေကို “border citizens” လို့ သတ်မှတ်ပေးထားတာ မျိုးလည်း ရှိတယ်လို့ ကိုကျော်မင်းထင် က ဆိုပါတယ်။

  • မူရင်းလင့် = https://www.facebook.com/myo.than.18/posts/pfbid0251iknBniC6WV3mk5vGsRRLDwd1MYZDa7Tt2JXKwmGQyguV6Vpo8SBj6pKoLTabwJl

========================================


ရခိုင်လူမျိုးနှင့် မြန်မာစာ (၁) 

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

” ရခိုင်လူမျိုးနှင့် မြန်မာစာ ” ဟူသော ဆောင်းပါးသည် ရခိုင်လူမျိုးနှင့် မြန်မာစာ မည်သို့မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။” ရခိုင်လူမျိုးနှင့် မြန်မာစာ၊ မြန်မာစာနှင့် ရခိုင်လူမျိုး” ကို မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏ ” ကိုယ်ပိုင်စာပေ ” အနေဖြင့် အသိအမှတ်ပြု ထားသောကြောင့် ဖြစ်၏။ 

မြန်မာနိုင်ငံတွင် ” မြန်မာစာ ” ဟု သတ်မှတ်ခံထားရသော ” အက္ခရာစာပေ ” ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ” ရခိုင်စာ” ဟူ၍သာ သိနေကြပါသည်။ စာပေကို ရေးသားသည့်အခါ၌ ရခိုင်စကားပြော အသုံးအနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံးအနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထားသည်။ အက္ခရာ စာပေအနေဖြင့်မူသည် အက္ခရာသည် စာပေဖြင့်သာ ရေးသားနေကြခြင်း ဖြစ်ပါသည်။

ယင်းစာအမျိုးအစားကို ရခိုင်တို့က ” ရခိုင်စာ ” (သို့မဟုတ်) ” ရက္ခဝဏ္ဏအက္ခရာ ” ဟု အမည်ပေးကာ ခေါ်ဝေါ်သမှု ပြုနေကြသည်ကိုလည်း တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုးပေါင်း (၁၃၅)မျိုး ရှိကြသည့်အနက် ” မြန်မာစာ အရေးအသား” ကို မည်သည့်လူမျိုးတို့က ” ရှေးဦးစွာ စတင်ရေးသား ” ခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီဟု စာရေးသူ ယူဆပါသည်။ အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံးက သဘောထားကြီးစွာဖြင့် လက်ခံအတည်ပြု ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တရပ်ခံလိုပါသည်။

မြန်မာနိုင်ငံအတွင်း၌ ရှေးကရခိုင်လူမျိုးတို့တွင် “ရခိုင်စာ”၊ မွန်လူမျိုးတို့တွင် “မွန်စာနှင့် ပျူစာ”၊ ပြူ(ပျူ)လူမျိုးတို့တွင် “ပြူ(ပျူ)စာ” ဟူ၍ ကိုယ်ပိုင်စာပေ အသီးသီးရှိခဲ့ကြသည့်အနက် သည်ဆောင်ပါးစာတမ်း၌ “မွန်စာနှင့် ပျူစာ” လေ့လာဆန်းစစ်မှုမပြုတော့ဘဲ “မြန်မာစာ”ဟု သတ်မှတ်ခံထားရသော “ရခိုင်စာ”ကိုသာ နှစ်ဖက်နှိုင်းယှဉ်၍ ဝေဖန်သုံးသပ် တင်ပြသွားမည်ဖြစ်ပါသည်။ နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှားပြီး ခိုင်မာသော သမိုင်းဆိုင်ရာ ခေတ်ပြိုင် အထောက်အထားတစ်ခုစီကိုသာ ထုတ်နုတ်၍ ရေးသားတင်ပြသွားပါမည်။ 

အထောက်အထားရှိတိုင်း အကျယ်တဝင့်တင်ပြဖို့ဆိုသည်မှာ အခြေအနေမပေးသေးသဖြင့် မဖြစ်နိုင်သေးချေ။ရခိုင်နှင့်မြန်မာ ခေတ်ပြိုင်မှုကို ရှာကြည့်ခြင်း ” မြန်မာစာပေ ” ကို ရေးသားနေကြသည့် ” ရခိုင်လူမျိုးနှင့် မြန်မာလူမျိုးတို့၏ ခေတ်ပြိုင်အချိန်ကာလကို ရှာကြည့်သော် ဤသို့တွေ့ရ၏။ "ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်ရမ်းနောင်၊ ကုန်ဘောင် ခုနှစ်ဆက်” ဟူသော သင်္ကေတ သံပေါက် ကဗျာအရ မြန်မာလူမျိုးတို့တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ၍ ခေတ် (၆)ခေတ် ထွန်းကားခဲ့သည်ကို တွေ့ရှိရပါသည်။

ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ရှေးဝေသာလီခေတ်၊ ဓညဝတီ (ပ၊ဒု၊တ)ခေတ်၊ ဝေသာလီကျောက်လှေကားခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦး (ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ် (၆)ခေတ် ထွန်း ကားခဲ့သည်ကို တွေ့ရှိနိုင်သည်။ သို့သော် အချိန်ကာလကြာမြင့်ပုံခြင်းတော့ တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြို့ခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။

မြန်မာတို့ဘက်က ပုဂံခေတ်၏ ထင်ရှားသော "ရာဇကုမာရ်ကျောက်စာ (ခေါ်) မြစေတီကျောက်စာ” ကို ခိုင်မာသော အထောက်အထားအဖြစ် တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့၊ ခေါင်းလောင်းကျောင်းတိုက်ရှိ လေးမြို့ခေတ် “ရခိုင်ဘုရင် မင်းရင်ဖြူ ” သွန်းလုပ်ပူဇော်ခဲ့သော ဘုရား၏ "စမ္မခဏ်ကမ္ပည်းစာ” ကို ခိုင်မာသော အထောက်အထားအနေဖြင့် တင်ပြသွားမှာ ဖြစ်ပါသည်။ မြန်မာတို့၏ ပုဂံခေတ် ” ကြာ၊ အိုး၊ အံ၊ ပုဂံတည်” ဟူသော ဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ ၈၄၆ မှ ၈၇၈ ထိ) သည် ယခုလက်ရှိ ပုဂံမြို့ကို တည်ချိန်မှာ ကောဇာ ၂၁၁ ခု၊ ခရစ်အေဒီ ၈၄၉ ခု ဖြစ်၏။ ပုဂံပျက်ချိန်မှာကား ” စောမွန်နစ်မင်း ” (အေဒီ ၁၃၂၅ မှ ၁၃၆၉ ) လက်ထက်တွင် ဖြစ်လေ၏။

ပျဉ်ပြားမင်းသည် ပုဂံမြို့ကိုတည်ဆောက်နေသည့်အချိန်တွင် ပုဂံ၌ ” ထေရဝါဒ ဗုဒ္ဓသာသနာ” မရောက်ရှိသေး။ အလားတူ ” မြန်မာစာ” ဟူသော စာပေးရေးသားမှု အတတ်ပညာသည်လည်း လုံးဝမရှိသေး သည်ကို တွေ့ရ၏။

ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက် တန်နက်မင်း (အေဒီ ၈၇၈-၉၀၆)၊ ၎င်းနောက် စလေငခွေးမင်း (အေဒီ ၉၀၆-၉၁၅)၊ ၎င်းနောက် စလေငခွေးမင်း (အေဒီ ၉၁၅-၉၃၁)၊ ၎င်းနောက် ညောင်ဦးစောရဟန်းမင်း (တောင်သူကြီးမင်း) (အေဒီ ၉၃၁-၉၆၄)၊ ၎င်းနောက် ကွမ်းဆော်ကြောင်ဖြူမင်း (အေဒီ ၉၆၄-၉၆၈)၊ ၎င်းနောက် ကျည်စိုးမင်း (အေဒီ ၉၈၆-၉၉၂)၊ ၎င်းနောက် စုက္ကတေးမင်း (အေဒီ ၉၉၂-၁၀၁၇)၊ ၎င်းနောက် အနော်ရထာမင်း (အေဒီ ၁၀၄၄-၁၀၇၇) လက်ထက်တွင်မှ ထေရဝါဒ ဗုဒ္ဓသာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီ ဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်အထိ ” ပုဂံ” ၌ ” မြန်မာစာ ” ဟူသော အရေးအသား မရှိသေးချေ။ မွန်လူမျိုးတို့၏ စာပေကိုသာ မွန်ပညာရှိများ၏ အကူအညီဖြင့် ရေးသားနေကြရလေသည်။

ရခိုင်လူမျိုးနှင့် မြန်မာစာ (၂)

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီ ၁၀၇၇-၁၀၈၄)၊ ၎င်းနောက် ကျန်စစ်သား မင်း (အေဒီ ၁၀၈၄-၁၁၁၃) လက်ထက်တွင် ” ဇေယျခေတ္တရာ” အမည်ရှိသော သားတော် ” ရာဇကုမာရ်” သည် ပုဂံ၌ ” မြစေတီဘုရား” ကို တည်၏။ မြစေတီဘုရား၌ သူ၏ကုသိုလ်တော် မှတ်တမ်းကို ” ပါဠိ၊ မြန်မာ၊ မွန်၊ ပျူ ” ဟူ၍ ဘာသာလေးမျိုးဖြင့် ကမ္ပည်းစာ ရေးထိုးစေခဲ့ပါသည်။ 

ယင်းမြစေတီဘုရား ကျောက်စာကား ပုဂံခေတ် ကျောက်စာများအနက် ” ရှေးအကျဆုံးကျောက်စာ” ဖြစ်၏။ မြစေတီကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇ ခု၊ ကောဇာ ၄၇၅ ခု (ခရစ်အေဒီ ၁၁၁၃ ခု)တွင် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌ ” ပျူလူမျိုး” တို့ ရှိနေသေးသည်ကို တွေ့ရ၏။ရခိုင်တို့၏ လေးမြို့ခေတ် ရခိုင်တို့၏ လေးမြို့ခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိ ကြာမြင့်ခဲ့သည်ကို တွေ့ရ၏။ 

လေးမြို့ခေတ်ဆိုသည်မှာ အဉ္စနနဒီမြစ်၏ ဝဲယာ၌ ပဉ္စာမြို့၊ ပုရိန်မြို့၊ နေရဉ္စရာတောင်ငူမြို့၊ လောင်းကြက်မြို့ဟူ၍ မြို့လေးမြို့ တည်ရှိခဲ့သည်ကို အကြောင်းပြု၍ ” လေးမြို့ခေတ်” ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။မြန်မာတို့၏ ” ပျဉ်ပြားမင်း” သည် ယခုလက်ရှိ ” ပုဂံမြို့”ကို မတည်ဆောက်ရသေးမီ (၃၁)နှစ်အလိုက လေးမြို့ခေတ် ရခိုင်ဘုရင် ” ခေတ္တသင်မင်း” သည် ” ပဉ္စာမြို့” ကို သာသနာ ၁၃၆၂ ခု၊ ကောဇာ ၁၈၀ ခု၊ (အေဒီ ၈၁၈) တွင် တည်ဆောက်ထားပြီး ဖြစ်နေပါသည်။ ရခိုင်တို့၏ လေးမြို့ခေတ် ” ခေတ္တ သင်မင်း” လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေမှု ကို မဆိုထားဘိ လေးမြို့ခေတ်၏ အထက်က ဝေသာလီ ကျောက်လှေကားခေတ် (အေဒီ ၃၂၇ မှ ၈၁၈ ထိ) တွင် လည်းကောင်း၊ တတိယ ဓညဝတီခေတ် ( ဘီစီ ၅၆၉ မှ အေဒီ ၃၂၆ ထိ ) တွင်လည်းကောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာနှင့်ပအတူ စာပေယဉ်ကျေးမှု အနုပညာများ ထွန်းကားလျှက် ရှိနေပြီဖြစ်ကြောင်း ယုံမှားသံသယ မရှိ ခိုင်မာသော အထောက်အထားများက သက်သေပြလျှက် ရှိနေကြပြီ ဖြစ်ပါသည်။

ယင်းတို့အနက် လေးမြို့ခေတ် (အေဒီ ၈၁၈ မှ ၁၄၃၀ ထိ ) ပဉ္စာမြို့တည် ” ခေတ္တ သင်မင်း” မှ (၃) ဆက်မြောက် ” ဘုရင်မင်းရင်ဖြူ” လက်ထက် (အေဒီ ၈၄၃-၈၇၃ ထိ) အေဒီ ၈၄၇ တွင် သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဓဆင်းတုတော် ( ဉာဏ်တော်အမြင့် ၁ ပေ ၂.၃ လက်မ၊ ယခုအခါ စစ်တွေမြို့၊ ခေါင်းလောင်း ကျောင်းတိုက် တွင် ကိန်းဝပ်လျှက် ရှိသည်။) ၏ ” စမ္မခဏ် ကမ္ပည်းစာ” ကို တင်ပြလိုပါသည်။ ကျန်စာပေ အထောက်အထား များစွာ ရှိကြသော်လည်း စာရေးသူအနေဖြင့် ယင်းဘုရား၌ ပါရှိသော ” စမ္မခဏ် ကမ္ပည်းစာ” ကိုသာ ရခိုင်စာပေ ဘက်က ခိုင်မာသော အထောက်အထားတစ်ခု အနေဖြင့် တင်ပြသွားမည် ဖြစ်ပါသည်။ ဘုရားဆင်းတုတော် စမ္မခဏ်ကမ္ပည်းစာ အဆိုပါဘုရား၏ စမ္မခဏ်ကမ္ပည်းစာမှာ ယခုခေတ် ” မြန်မာစာ” ဟု သတ်မှတ်ခံထားရသော ” ရခိုင်စာ” အရေးအသားဖြင့် ရေးထိုးမှတ်တမ်းတင်ထားသည်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။” 

သက္ကရာဇ် ၉၊ ကဆုန်လဆန်း ၆ ရက်၊ တနင်္လာ ၅ နာရီကျော်….. ရောက်………. ကြီးသွန်းအဲသည်။ ငင်္မင်္ရဖြူကောင်းမှု ဘုရားပဉ္စလောဟာပြီးပြည့်စုံသည်၊ ဘုရားပြုသှော အကျိုဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသှော ………။ ” ဟူ၍ ရေးထိုးထားပါသည်။ အထက်ဖော်ပြပါဘုရား၏ “စမ္မခဏ်ကမ္ပည်းစာ”ကို ပြည့်စုံအောင် ဖြည့်စွက်ဖတ်ရှုသော် အောက်ပါအတိုင်း ဖြစ်ပါသည်။” သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ ရက်၊ တနင်္လာနေ့ ၅ နာရီကျော်သော (အချိန်) ရောက် (သောအခါ) ကြေးသွန်းအပ်သည်။ ငါမင်းရင်ဖြူ ကောင်းမှုဘုရားကို ပဉ္စလောဟာဖြင့် (သွန်းလုပ်) ပြီးပြည့်စုံ သည်။ ဘုရားပြုသော အကျိုးအားဖြင့် ဘုရားမချွတ် ဖြစ်စေသော်။ ” ဟူ၍ ဖြစ်ပါသည်။

လေးမြို့ခေတ် ရခိုင်ဘုရင် မင်းရင်ဖြူသည် အထက်ဖော်ပြပါ ဘုရား၏ ” စမ္မခဏ် ကမ္ပည်းစာ” ကို ” ရက္ခဝဏ္ဏ အက္ခရာ- ရခိုင်စာ” ဖြင့် ရေးထိုးခဲ့သောနှစ်မှာ ကောဇာ ၂၀၉ ခု၊ ခရစ်အေဒီ ၈၄၇ ခုဖြစ်ရာ မြန်မာတို့ ယခုလက်ရှိ ပုဂံမြို့ကို မတည်ဆောက်ရသေးမီ (၂)နှစ်အလိုက ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ” ရာဇကုမာရ်ကျောက်စာ (ခေါ်) မြစေတီ ကျောက်စာ” သည် ယင်းအချိန်၌ ရှိဖို့မဆိုထားနှင့် ” ပုဂံမြို့” ပင်မရှိသေးသောကြောင့် ” မြန်မာစာပေ” အရေးအသားမှာလည်း မြန်မာတို့အနေဖြင့် ” အိမ်မက် တောင်မက်ဖို့” မလွယ်ကူသေးချေ။ မြန်မာလူမျိုးနှင့် မြန်မာစာ မြန်မာသမိုင်းဆရာများက မြန်မာသည် ” ပျူလူမျိုး” က ဆင်းသက်လာသူများဟု ခံယူထားကြ၏။ ယင်းသို့ဆိုလျှင် အဘယ်ကြောင့် မြန်မာတို့သည် ” ပျူစာ”ကို မိခင်စာပေအဖြစ် ရပ်တည်အောင် မဆောင် ရွက်နိုင်ခဲ့ကြပါသနည်း ? ဟု မေးစရာ ရှိနေပါသည်။ 

ယခုအခါ ပျူလူမျိုးနှင့် ပျူစာပေမှာ မြန်မာ့မြေမျက်နှာ ပေါ်က လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားကြပြီ ဖြစ်၏။အချို့သမိုင်းဆရာများက မြန်မာစာသည် ” မွန်စာ”က ဆင်းသက်လာသောစာဟု ကြံဆပြန်၏။ ထိုသို့ ဆိုလျှင်လည်း အဘယ်ကြောင့် မြန်မာတို့သည် ” မွန်စာ” ကို နိုင်ငံသုံးစာပေအဖြစ် ရပ်တည်အောင် မဆောင် ရွက်နိုင်ခဲ့ကြပါသနည်း? ဟု မေးစရာတွေ အများကြီးရှိနေပါသည်။ အမှန်က ” ပျူစာ” သည် ပျူလူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး၊ ” မွန်စာ”သည်လည်း မွန်လူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေသော စာပေဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပေသည်။

ယနေ့ မျက်မှောက်ခေတ် ” မြန်မာစာ” ဟု သတ်မှတ်ခံထားရသော ” ရခိုင်စာ”သည်လည်း ရခိုင်လူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့သည် ကိုယ့်စာပေကို ခေတ်အဆက်ဆက် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်မှာ ခေတ်တိုင်းခေတ်တိုင်းတွင် ပေါ်ထွန်းခဲ့သော” ရခိုင် စာပေ အထောက်အထားများ ” က သက်သေပြုလျက် ရှိနေပေတော့သည်။ မြစေတီကျောက်စာ၌ ပါရှိသော ” မြန်မာစာ” ကို မြန်မာသမိုင်းဆရာများက ” ပျူစာက ဆင်းသက်လာ သောစာ” ဟု ထင်မြင်ချက်ပေးကြ၏။ အလားတူ အချို့သမိုင်းဆရာများက ” မွန်စာက ဆင်းသက်လာသောစာ” ဟူ၍လည်း ထင်မြင်ချက်ပေးကြပြန်၏။ 

အမှန်က ယင်း ” ပျူစာနှင့် မွန်စာ” နှစ်မျိုးစလုံးသည်ပင်လျှင် မြစေတီ ကျောက်စာ၌ ပါရှိနေပြီး ဖြစ်သောကြောင့် ယင်းစာနှစ်မျိုးက ဆင်းသက်လာသောစာဟု သတ်မှတ်နေကြခြင်း သည် လုံးဝယုတ္တိမရှိချေ။ အဘယ်ကြောင့်ဆိုသော် စာပေတို့မည်သည် အချိန်ကာလတစ်ခုတည်း၌ နေ့ချင်းညချင်း ပြောင်းလဲရိုးထုံးစံမရှိသောကြောင့်တည်း။ ပြောင်းလဲဖို့ဆိုသည်မှာလည်း ခေတ်ကာလ အတော်ကြာမြင့်အောင် စောင့်ဆိုင်းရပေလိမ့်မည်။ မြစေတီကျောက်စာ (မြန်မာ)သည် ပျူစာနှင့် မွန်စာက ဆင်းသက်လာသော စာမဟုတ်ကြောင်းကို ” မြစေတီကျောက်စာ” ကပင်လျှင် အခိုင်လုံဆုံး သက်သေပြုလျှက် ရှိနေပေတော့သည်။

ရခိုင်လူမျိုးနှင့် မြန်မာစာ (၃)

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

အမှန်က ” မြစေတီ်ကျောက်စာ” ၌ ပါရှိသော ” မြန်မာစာ” သည် ” ပြောင်းလဲလာသောစာ” မဟုတ်ဘဲ ” ရောက်ရှိလာသောစာ” ဟုဆိုမှ သဘာဝယုတ္တိကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျှက် မသိချင်ယောင် ဆောင်နေခဲ့ကြပြီး အဖြစ်မှန်ကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြသည်ကို တွေ့ရ၏။

အဖြစ်မှန်ကို သိရှိလိုပါက လေးမြို့ခေတ်၊ ပဉ္စာမြို့(၁၂)ဆက်မြောက် မင်းဘီလူးကို အေဒီ ၁၀၆၈ တွင် ” ဝရောင်းငှက် အသင်္ခယာ” အမတ်က လုပ်ကြံသဖြင့် ကွယ်လွန်သည်။ မင်းဘီလူး၏ သားဖြစ်သူ အိမ်ရှေ့မင်း သား ” မင်းရဲဘယ” သည် မိဖုရား ” စောပေါက်ညို” (ပေါက်ညိုမြ) နှင့်အတူ ရခိုင်ပညာရှိအမတ် အချို့လိုက်ပါလျှက် ” ဘူးရွက် မညိုးလမ်း” က အရှေ့ပုဂံပြည်သို့ ထွက်ပြေးကာ ” အနော်ရထာမင်း” ထံ ခိုလှုံခဲ့ရသည်။ အဆို ပါ မင်းရဲဘယမိသားစုတို့သည် ပုဂံပြည်၌ နှစ်ပေါင်း (၃၅)နှစ်ခန့် ကြာမြင့်အောင် အမှုတော်ထမ်းရွက်ကာ နေ ထိုင်ခဲ့ကြရသော သမိုင်းကြောင်းကိုလည်းကောင်း။

ပုဂံမင်းအနော်ရထာအား ” ရခိုင်ဝေသာလီ” က ” ပဉ္စကလျာဏီ မင်းသမီး” ကို ဆက်သရာတွင် ” ကျန်စစ်သား” ကို ရသည်ဟူသော သမိုင်းကြောင်းကို လည်းကောင်း။ ကျန်စစ်သားသည် မြေးတော်အလောင်းစည်သူကို ပုဂံထီးနန်းကို ပေးအပ်ပြီး ” ဇေယျခေတ္တရာ” အမည် ဖြင့် သားတော် ရာဇကုမာရ်မင်းသားကို ” ဓညဝတီနှင့် တောင်စဉ်ခုနှစ်ခရိုင်” ( မြန်မာ ရာဇဝင်အလို) ကို စဉ်းစားစေခဲ့သော သမိုင်းကြောင်းကို လည်းကောင်း။ ပုံဂံမင်းတို့အထံ၌ ရခိုင်သားများ အမှုတော်ထမ်းရွက်ခဲ့ကြပြီး အချို့က ဘုရားအလှူ့ဒကာများအဖြစ် ခံယူကာ မြန်မာတို့၏ နယ်မြေ၌ ရှိနေခဲ့ကြသည်ဟူသော သမိုင်းကြောင်းကို လည်းကောင်း။ 

မြန်မာလူမျိုးတို့ကို ရခိုင်လူမျိုးတို့က ” အောက်သား” ဟု နာမည်ပေးကာ နှစ်ပေါင်းများစွာ ခေါ်ဝေါ်လာခဲ့ ကြသည့် သမိုင်းကြောင်းကို လည်းကောင်း။ ” ရဟန္တာထွေး (ခေါ် ) အသျှင်ဒိဗ္ဗစက္ခု” အမည်ရှိသော ရခိုင်တို့ ဝေသာလီက ရဟန္တာအသျှင်သူမြတ် သည် ဥပဇ္ဈာယ်ဆရာ ” မဟိန္ဒပါလ မထေရ်မြတ်” ၏ စေလွှတ်ချက်အရ ပင်းယမြို့သို့ ကြွရောက်၍ သာသနာ ပြုခဲ့ရသော သမိုင်းကြောင်းကိုလည်းကောင်း ချန်လှပ်၍ ထားကြမည်ဆိုပါက မည်သည့်အခါမျှ အဖြေမှန်ပေါ် ပေါက်နိုင်လိမ့်မည် မဟုတ်ချေ။ 

ပုဂံခေတ် ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးမျာသည် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး ဝေါဟာ ရများ ဖြစ်နေကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။(၁) ကြာသပတိယ်နိယ်၊ (၂) သုြက်ာနိယ်၊ (၃) လှိယ်၊ (၄) ရိယ်မှုတ်၊ (၅) အတုမဟိသော၊ (၆) ခြုယ်မ၊ (၇) ခြုပ်မ၊ (၈) အစ်ကို၊ (၉) အစ်မ၊ (၁၀) ပန်စင်၊ (၁၁) ကခြီယ်သည်၊ (၁၂) ပညာမဟိယ်သော၊ (၁၃) သစ္စာ မဟိယ်သော၊ (၁၄) အလှူပိယ်လိုဝ်သော၊ (၁၅) သင်္ဃာတိုဝ်၊ (၁၆) ဤယ်သူ၊ (၁၇) ပတ္တမြားစာတီတိုဝ်၊ (၁၈) လှူခ၏၊ 

(၁၉) ခြီယ်လက်၊ (၂၀) ခြိယ်ဆိယ်ရိယ်၊ (၂၁) လက်ဆိယ်ရိယ်၊ (၂၂) မပ္လုရကြောင်ဆိုဖိလတ်၊ (၂၃) နိယ်ရလိယ်၏၊ (၂၄) အသရိယ်ဟိသော၊ (၂၅) ခရိုန် စသော ဝေါဟာရများကို ယနေ့ခေတ် မြန်မာတို့ ပြောဆို နေကြပါသေးသလား ? ဟု မေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပ္ပါယ်ကို သိရှိအောင် မနည်းကြိုးစားကြရမည် ဟု ထင်ပါသည်။အဓိပ္ပါယ်ကို သိသည့်တိုင်အောင် အသံထွက်ကို ပီပီသသ ထွက်ရှိနိုင်ဖို့က ပို၍ခက်ပေလိမ့်မည်။ အလားတူ ရခိုင်ဝေါဟာရ အသုံးအနှုန်းများသည် ပုဂံခေတ်ကျောက်စာများ၌ များစွာကျန်ရှိနေသေးသည်ကို တွေ့ရ၏။

ခရစ်အေဒီ ၁၁၁၃ ခုတွင် ရေးထိုးခဲ့သော မြန်မာတို့၏ ရှေးအကျဆုံးဖြစ်သည့် မြစေတီကျောက်စာထက် လေးမြို့ခေတ်၊ အေဒီ ၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ သွန်းလုပ်ပူဇော်ခဲ့သော ကောင်းမှုတော်ဘုရား၏ စမ္မခဏ်း ကမ္ပည်းစာက နှစ်ပေါင်း (၂၆၆) နှစ်စော၍ ရှေးကျနေကြောင်း သိရှိရပါသည်။ ထို့ကြောင့် ” မြန်မာနိုင်ငံတွင် မြန်မာစာအရေးအသားကို မည်သည့်လူမျိုးတို့က ရှေးဦးစွာ စတင်ရေး သားခဲ့ကြပါသနည်း။ ” ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင် ဤဆောင်းပါးစာတမ်းက အထိုက်အလျောက် အဖြေပေး နိုင်လိမ့်မည်ဟု ယူဆပါသည်။ နိဂုံးချုပ်အနေဖြင့် ဆိုရသော် ” ရခိုင်လူမျိုးနှင့် မြန်မာစာ” မှာ မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည် မဟုတ်။ 

စကားပြောဟန် ရေးနည်းနှင့် စာအသုံးရေးနည်းသာ ခြားနားချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူ တူပင်တည်း။ သို့ဖြစ်၍ ယနေ့မျက်မှောက်ခေတ် ” မြန်မာစာ” ဟု သတ်မှတ်ခံထားရသော ” ရခိုင်စာ” ကို အကြွင်းမဲ့ ခံယူထားကြသည်ကို သုတေသနပြုကာ ရေးသားတင်ပြလိုက်ရပေသည်။

” ရခိုင်စာပေ” အဖြစ်မှန် ပေါ်ပေါက်ပါစေလိုသော

ဆန္ဒဖြင့် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်..

ရခိုင်လို ရွေးပြီး မတင်ဆိုတာကလည်း မြန်မာတိုင်းရင်းသူ တိုင်းရင်းသား အကုန်လုံးဖတ်ရှူး စေချင်လို့ပါ ..ရခိုင်ဆိုတာ ဘယ်လို လူမျိုး ဘယ်ကနေ ဆင်သက်လာတယ်ဆိုတာ မြန်မာတစ်နိုင်ငံလုံး သိစေချင်ပါတယ်...ရခိုင်ဆိုတာ မဟုတ်မခံ မမှန်မလုပ် ..အမှန်အတိုင်းပြောလဲ့ရှိတယ်....

(အနီဝီးချစ်သူ) (ခေါ်) မုနိမြေမှ ရခိုင်သားချေ – အသျှင်ကုသလ(ငွေသဇင်)

(ကိုးကားသေ

၁။ မြစေတီကျောက်စာ၊ လှသမိန်။

၂။ ပုဂံခေတ် နိုင်ငံကျမ်းများရေးသမိုင်း၊ ဒေါက်တာ သန်းထွန်း။

၃။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ၊ ဒေါက်တာ သန်းထွန်း။

၄။ ကျောင်းသုံး မြန်မာရာဇဝင်၊ မင်းရင်ဖြူဦးဘသန်း။

၅။ ကောင်းမှုတော်ဘုရား စမ္မခဏ် ကမ္ပည်းစာ။

၆။ သာသနာလင်္ကာရ စာတမ်း ( မူဟောင်း )၊ မဟာဓမ္မ သင်္ကြ ံ အမတ်။

၇။ ရွှေဘုံနိဒါန်း၊ ဇေယသင်္ခယာ။

၈။ ဒွါရာဝတီ – အသျှင်ကုသလ မှတ်စု။

  • မူရင်းလင့် = https://www.facebook.com/Arakancelebrity2021/posts/pfbid0JsHkve2aZm8Aind51vHktB4EPGi2f874Uovdw2MBWSvfYP8kZ1V3CTphdn9962aAl

================================




Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ