ဆင်ဖြူရှင်ကျောင်းတိုက်
အောင်ထိုက် https://www.facebook.com/aunghtikeyc.htike/posts/pfbid07px2LG7Qtubpsr4e5vRhcxs59bpknd5HFYPeAhggwZRZ9cx9voEAwtHWQXhSfeLEl ကျောင်းတိုက်ကြီးရဲ့ အပြင်တံတိုင်း ဟာ တစ်ဖတ်ကို အရှည်ပေ ၇၅၀ ဝန်းကျင် ရှိပြီးအကျယ်အဝန်းက ၁၆ ဧက ကျော်ပါတယ်။ သည်ကျောင်းတိုက်ကြီးကို မြန်မာသက္ကရာဇ် ၅၀၉ ခုနှစ် အေဒီ 1147 ခုနှစ် မှာ တည်ဆောက်ထားတာပါ။ အေဒီ 1147 ခုနှစ်ဟာ ပုဂံ အလောင်းစည်သူမင်းကြီး လက်ထက် အချိန်အခါ ဖြစ်နေပါတယ်။ အမှတ်(၆၈၆/၃၅၃-ဂ)တွေ့တဲ့ ကျောက်စာမှာ သက္ကရာဇ် ၆၉၂ ခု ဆင်ဖြူသခင် ဆရာ ခုနှစ်ဆက် လွနပြီးသော် ပါပါတယ်။ သည်လို ခိုင်မာတဲ့ ကျောက်စာ အရ ဆင်ဖြူရှင်ကျောင်းတိုက်ကြီးဟာ အေဒီ ၁၂ ရာစုမှာ တည်ရှိနေပြီ ဆိုတာ သက်သေပြနေပါတယ်။ အလောင်းစည်သူမင်း လက်ထက် ပုဂံဟာ အရှေ့တောင်အာရှမှာ အင်အားကြီးနိုင်ငံကြီး ဖြစ်နေပြီး ဝေးနီး နိုင်ငံတွေမှာ ထင်ရှားကျော်ရှားနေပါပြီ။ နိုင်ငံတကာက ဘုရားဖူးတွေ နှင့် ရဟန်းတွေ ပုဂံကို ပညာလာသင်နေချိန် ဖြစ်နေပါပြီ။ အနော်ရထာမင်း နှင့် ကျန်စစ်သားမင်း တို့လက်ထက် ကတည်းက စည်ကားတိုးတတ်နေတဲ့ ပုဂံမြို့တော်ကြီးမှာ ယခုလို မြို့ဟောင်းတစ်ခု အရွယ်အစား ဗုဒ္ဓတက္ကသိုလ်ကြီး ပေါ်လာတာ ယုတ္တိရှိလှသည်။ ...