ပုဂံနှင့် ပျူဒေသ ခရီးစဥ်

  ပုဂံခရီးစဥ်

  1. အနော်ရထာ ပိဋကတ်တိုက် (ပုဂံခေတ် ပိဋကတ်တိုက်ကို ၁၇၈၃ ခုနှစ်မှာ အမရပူရ မြို့ တည်နန်းတည် ဗဒုံမင်းတရားက ပြန်လည် ပြုပြင်ထိိန်းသိမ်းလိုက်လို့ ပြင်ပ အသွင်အပြင်က အမ ရပူရဟန် ဖြစ်နေပါတယ်။)
  2. အရှင်အဇ္ဇဂေါဏဘုရား နာမည်က ကိုလိုနီခေတ်မှ ပေးခြင်းဖြစ်၊ ဖွားစောရွာသူကြီး ဦးထွန်းဦးက ဘုရားနားက အဂ္ဂိရက်ထိုးရာမှာသုံးတဲ့ ပစ္စည်းလေးတွေ တွေ့ရင်း အဇ္ဇဂေါဏဘုရားများ ဖြစ်မလားဆိုပြီး စနောက်ရာကနေ နာမည်တွင်သွားခြင်းဖြစ်
  3. အရှင်ဒိသာပါမောက် ကျောက်စာ
  4. အသင်္ခယာအုတ်ကျောင်း ကျောက်စာ (၆၅၄ ခု) (ပုဂံမြို့ ဝက်ကြီးအင်းကျောင်းအရှေ့ အသင်္ခယာအုတ်ကျောင်းပျက်အတွင်း၌ ရှိသည်။) (မြန်မာနိုင်ငံနယ်နမိတ်အကြောင်း လေ့လာနိုင်) မင်းသုံးပါး
  5. ဥပါလိသိမ်
  6. ကျောက်မျက်မှော်စေတီကြီးနဲ့ အေဒင်ဟိုတယ်ဝင်းထဲက ပေါင်းကူးကုန်းစေတီကြီးနှစ်ဆူ (ပုဂံခေတ်အစောပိုင်း ၄ရာစု ၅ရာစုကာလ အဖြေတွေရရှိထား)။ (ကျောက်မျက်မှော် အရှေ့ဘက်လေးမှာတင် နှစ်ထပ်စေတီငယ်လေး ရှိသေးတယ်။)
  7. ငကျွဲနားဋောင်းစေတီ (ပျူခေတ်ဟန်) ကလည်း နှစ်ထပ်စေတီ။ အပြင်က ငုံထားတဲ့ စေတီ ပြိုကွာကျသွားလို့ အခုလို မူလ စဉ့်အုတ်လက်ရာတွေနဲ့ မြင်တွေ့ရတဲ့ စေတီပါ။
  8. စိုးမင်းကြီးဘုရားနှင့် ကျောင်း (ပုဂံ-ချောက် ကားလမ်းဘေး၊ နဂါးရုံဘုရား အနောက်တောင်ဘက်ကုန်း)
  9. ဆပဒစေတီ
  10. ဆင်ဖြူရှင်ကျောင်းတိုက် = မင်းနန်သူရွာအနီး၊ သိင်္ဃသူ့သမီးကျောက်စာရှိတဲ့နေရာအနီး၊ ရှင်အစ္ဆဂေါဏဘုရားအနီး
  11. စကားကျောင်းတိုက် (အာနန္ဒာစေတီအနီး၊ အနော်ရထာလမ်းဘေး)
  12. ပုဂံတောင်ဘက်မြို့ဝင်တံခါး
  13. ပုပ္ပါးစောရဟန်းမင်းကျောက်စာ = တုရင်တောင်
  14. ပြဿဒ်ကြီးဘုရား (ကျစွာမင်းကောင်းမှု)
  15. ဖက်လိပ်ဘုရား (အနောက်ဖက်လိပ်နဲ့ အရှေ့ဖက်လိပ်) (မြေမီးဖုတ် ရုပ်ကြွ)
  16. မဟာဗောဓိစေတီ 
  17. မြကန် (နန်းတွင်းရေသုံးဖို့ ဖြစ်ဖို့များတယ်။)
  18. ဓမ္မရာဇကကျောက်စာ = ဓမ္မရာဇကဘုရားတည် မှတ်တမ်းကျောက်စာသည် နှစ်မျက်နှာထိုးကျောက်စာဖြစ်၍ ရှေ့ဘက် မျက်နှာတွင် စာကြောင်း ၃၅ ကြောင်းနှင့် နောက်ဘက် မျက်နှာတွင် စာကြောင်း ၂၇ ကြောင်း ပါရှိသည်။ ကျောက်စာကို ဓမ္မရာဇကစေတီ အရှေ့မုခ်ဂူအတွင်း၌ စိုက်ထူခဲ့သည်။
  19. ဘုရားအမှတ် (၁၀၇၅) ပျူလိုဏ်ဘုရား (စိမ်းညက်ညီအမဘုရားစုအနီး)
  20. ဘုရားအမှတ် (၁၁၅၇) ပျူစေတီ
  21. သိကြားဟစ်ဘုရား (ညောင်ဦး - ပုဂံသွား ကားလမ်းဘေး အမှတ်(၇)ရပ်ကွက် ဝက်ကြီးအင်း၏ အနောက်တောင်ဘက် ပုဂံမြို့ဟောင်းအတွင်းတွင်တည်ရှိပြီး အေဒီ(၁၃)ရာစု ဗိသုကာဖြစ်ကာ ရှေးဟောင်းအဆောက်အအုံအမှတ်-၂၄၉ ဖြစ်သည်။) ရွှေစင်ရွှေသားဖြင့်ပြုလုပ်ထားသည့် ဘုရားပုံတော်နံရံဆေးရေးပန်းချီများနှင့် မင်စာသည် အေဒီ (၁၆) ရာစုက ဖြစ်ပြီး အေဒီ (၁၆) ရာစု၌ ဘုရင့်နောင်မင်းတရားကြီးသည် ပုဂံဒေသသို့ကြွရောက်လာသည့် အချိန်တွင်ရွှေစည်းခုံစေတီတော်ကြီး(ညောင်ဦးမြို့)အား  ရွှေထီးတော်လှူဒါန်းခြင်း၊ ရွှေချခြင်းများဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။ 
    အဆိုပါ ဘုရားရှိနံရံဆေးရေးပန်းချီများ ပျ-က်စီးမှုဖြစ်ပေါ်နေပြီး အင်္ဂတေပန်းလက်ရာများ၊ နံရံများအက်ကွဲကြောင်းများပေါ်နေသည့်အတွက် ရှေးဟောင်းသုတေသနဌာနက ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ အဆောက်အအုံထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ရာမှတဆင့် ထိုသို့တွေ့ရှိရခြင်း ဖြစ်သည်။) https://www.facebook.com/popularnewsjournal/posts/pfbid025kJVdanQ6zApbaYP6WkjEyj79sfDJW7QDwUCeb13GfkdN9LpX2m5xYStHvzEqMPrl
  22. သီဟိုဠ်သိမ်
  23. သိင်္ဃသူ့သမီးကျောက်စာ = မင်းနန်သူ အရပ်က ဘုရားသုံးဆူကို လေဆိပ်ကလာတဲ့လမ်းအတိုင်းလာ၊ အဇ္ဇဂေါနဘုရားကျော်တော့ ဘယ်ဖက်ကိုကွေ့၊ ဘုရားသုံးဆူကိုမရောက်ခင် သမ္ဘူလဘုရား အုတ်တံတိုင်းကြားကနေ ဖြတ်ရမယ်။ အဲဒီအုတ်တံတိုင်းမရောက်ခင် အရှေ့ဖက်က နန္ဒမညာဘုရားဖက်မ​ကွေ့ခင်အနောက်ဖက် ကွေ့ရတဲ့ လမ်းကလေးက သိင်္ဃသူ့သမီးကျောက်စာကို သွားတဲ့လမ်းပဲ။
  24. ပုဂံပြတိုက်
  25. ပျူလေးဆူတန်းစေတီများ (သီရိပစ္စယာရွာရဲ့မြောက်ဖက်၊ ပုဂံ-ချောက် ကားလမ်းနဘေး)

သရေခေတ္တရာ ခရီးစဥ်

  1. ခင်ဘကုန်း 
  2. တောင်ကန် ကန်ဝက်ခေါင်းကုန်း ဆင်းတုတော်ပလ္လင်ပတ်လည်စာ (ဝါရိဝိကြမမင်းစာ) (မှော်ဇာ ဘောဘောကြီး ) ပါဠိနဲ့ ပျူစာ တွဲရပ်ပါသည့်ပျူကျောက်စာ
  3. နန်းတော်ကုန်း
  4. မောင်ကံရွှေပေလွှာ
  5. ဘုရားထောင် ပျူအရိုးအိုးကျောက်စာ (ရန်ကုန် အမျိုးသားပြတိုက်)
  6. ရဟန္တာဂူဘုရား၊ ရဟန္တာရေကန်၊ ရဟန္တာတံခါးပေါက်
  7. သုံးထပ်နန်းဦးကျောင်း (ပြည်မြို့တဖက်ကမ်း)

ဟန်လင်း ခရီးစဥ်
  1. ညောင်ကိုးပင်ကျောင်းဆရာတော် "ဘိုးနာဂ" က မြေပြင်တွေ့ ရှေးဟောင်းပစ္စည်းများကို ပြတိုက်တွင် ပြသထားသည်။
  2. ဟန်လင်းမြို့သမိုင်းလင်္ကာ

မိုင်းမော (ပင်လယ်) 
  • မိန်းမလှလေးတစ်ဦးအပေါ်မှာ မိန်းမောသွားလို့ မိန်းမော၊​ ကြာတော့ မိုင်းမော (မြန်မာမှုပြု)
  • မိုင်းဆိုတာ မြို့၊ မောဆိုတာ မောရှမ်း၊ မောရှမ်းတို့ရဲ့မြို့
  • ရေတွေလွှမ်းသွားပြီး ပင်လယ်လို ဖြစ်သွားလို့ ပင်လယ် (မြန်မာမှုပြု)
  • ပင်လယ်ဆိုတာ ရှမ်းစကား။ ပင် (လွင်ပြင်ကြီး) လယ် (အများကြီး)။ လွင်ပြင်ကြီးတွေ အများကြီးလို့ အဓိပ္ပါယ်ရှိတယ်။ ပင်သောင် (လွင်ပြင်နှစ်ခု)။ ပင်လောင်း၊ ပင်လုံ (ပင် - လွင်ပြင်၊​ လုံ - အကြီးကြီး)။
  • မိုင်းမောမှာ ရှိတဲ့ပျူတွေက ရှမ်းတွေနဲ့ ရောနေတဲ့ ပျူ (ပျူရှမ်း)။ အပေါ်ကို တက်သွားရင် ရှမ်းတွေ ပိုများသွားတယ်။ ပျူတွေလည်း ရှိတယ်။ သူတို့ကျတော့ ရှမ်းပျူပေါ့။
  1. မြနဒီကျောက်စာ (ပြည်သူလူထုတွေ လိုက်နာရမယ့် ဥပဒေတွေ၊ ဥပေဒပြန်တမ်း)
  2. ဆင်ရွာ ပျူကျောက်စာ (တချို့စကားလုံးတွေက ရှမ်းဝေါဟာရတွေနဲ့ ရောနေတာ)
  3. မြစ်သားမြို့ စောလူးမင်းကျောက်စာ
ဘိန္နကပျူ
  • ၁၉ ခရိုင်ကို ပေါင်းပြီး အုပ်ချုပ်တာ (ဖက်ဒရယ်စနစ်၊ ဝေသာလီပုံစံ)



ဆရာကြီး ဦးဝင်းမောင်လမ်းညွှန်

သုတေသနခရီးထွက် တဲ့အခါဝါသနာရှင်သုတေသီများက ရောက်ရာအရပ်က ရွာသားတွေကို
  • ရင်းရင်နှီးနှီး ပေါင်းသင်းဆက်ဆံပါ
  • စိုက်ပျိုးရေး နဲ့ မိုးလေဝသ ကောင်းမကောင်းမေးပြီး ပဏာမ နုပ်ခွန်းဆက်ပါ
  • ဆရာကြီးဟန်နဲ့ ဂိုက်ခံမနေပါနဲ့
  • ဘုန်းကြီးကျောင်းမှာဆိုရင် ကျောင်ထိုင်ဆရာတော်ကို အရင်ဆုံးသွားပြီး ဝတ်ချပါ အရိုအသေပေးပါ
  • ကျွေးသမျှကို မကြိုက်တောင်နဲနဲစီတော့ စားလိုက်ပါ။
  • မေးတာ တခြားဖြေတာ တခြား ဖြစ်နေရင် လဲစိတ်ရှည်ပါ။ တနည်းမဟုတ် တနည်းနဲ့ ပြောင်းမေးပါ
  • ရှေ့စကား နောက်စကား ညီ မညီလဲ ပြန်စစ်ပါ
  • မေးတာမကြိုက်တဲ့ မေးခွန်းမျိုးကို နောက်ထပ်မမေးပါနဲ့
  • မပြချင်တဲ့ ပစ္စည်းတွေကို ဇွတ်အတင်း မပြခိုင်းပါနဲ့
  • မပေးချင်မရောင်းချင်တဲ့ပစ္စည်းကိုလဲ ဇွတ်မတောင်းပါနဲ့ ဇွတ်မဝယ်ပါနဲ့
  • အလားတူပစ္စည်းမျိုး ဘယ်နေရာတွေမှာ တွေနှိုင်သေးသလဲ လို့ သာစုံစမ်းပါ
  • လိုအပ်ရင် လိုက်ပြဖို့ အကူအညီတောင်းပါ
  • ရွာတော်ရှင်၊ မိဆိုင်ဖဆိုင် နတ်တွေကိုလဲ မေးခဲ့ပါ
  • သူတို့ သိချင်တာမေးရင်လဲ ကိုယ့်အလုပ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သိထားသမျှ ပြန်ဖြေပေးခဲ့ပါ
  • နောက်အကြောင်းတိုက်ဆိုင်ရင် လာခဲ့ပါဦးမယ်လို့လဲ မက်လုံးပေးခဲ့ပါ
  • သင်ပြန်သွားပြီးနောက် သင့်ကို နောက်တခေါက် ပြန်လာဖို့ မျော်နေအောင် လုပ်ခဲ့ပါ
  • ထူးခြားတာလေးတွေများ ထပ်တွေ့ရင် ဖုန်းဆက်သတင်းပေးဖို့ ဖုန်းနံပါတ် အလဲအလှယ်လုပ်ခဲ့ပါ
  • သင်ကစာအုပ်ထဲက အကြောင်းအရာတွေဘဲသိထားတာပါ။ သူတို့က ဒေသသမိုင်းကြောင်း သင့်ထက်ပိုသိကြပါတယ်။

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ