ဆင်ဖြူရှင်ကျောင်းတိုက်

အောင်ထိုက်

https://www.facebook.com/aunghtikeyc.htike/posts/pfbid07px2LG7Qtubpsr4e5vRhcxs59bpknd5HFYPeAhggwZRZ9cx9voEAwtHWQXhSfeLEl


ကျောင်းတိုက်ကြီးရဲ့ အပြင်တံတိုင်း ဟာ တစ်ဖတ်ကို အရှည်ပေ ၇၅၀ ဝန်းကျင် ရှိပြီးအကျယ်အဝန်းက ၁၆ ဧက ကျော်ပါတယ်။

သည်ကျောင်းတိုက်ကြီးကို မြန်မာသက္ကရာဇ် ၅၀၉ ခုနှစ် အေဒီ 1147 ခုနှစ် မှာ တည်ဆောက်ထားတာပါ။
အေဒီ 1147 ခုနှစ်ဟာ ပုဂံ အလောင်းစည်သူမင်းကြီး လက်ထက် အချိန်အခါ ဖြစ်နေပါတယ်။
အမှတ်(၆၈၆/၃၅၃-ဂ)တွေ့တဲ့ ကျောက်စာမှာ သက္ကရာဇ် ၆၉၂ ခု ဆင်ဖြူသခင် ဆရာ ခုနှစ်ဆက် လွနပြီးသော် ပါပါတယ်။
သည်လို ခိုင်မာတဲ့ ကျောက်စာ အရ ဆင်ဖြူရှင်ကျောင်းတိုက်ကြီးဟာ အေဒီ ၁၂ ရာစုမှာ တည်ရှိနေပြီ ဆိုတာ သက်သေပြနေပါတယ်။

အလောင်းစည်သူမင်း လက်ထက် ပုဂံဟာ အရှေ့တောင်အာရှမှာ အင်အားကြီးနိုင်ငံကြီး ဖြစ်နေပြီး ဝေးနီး နိုင်ငံတွေမှာ ထင်ရှားကျော်ရှားနေပါပြီ။ နိုင်ငံတကာက ဘုရားဖူးတွေ နှင့် ရဟန်းတွေ ပုဂံကို ပညာလာသင်နေချိန် ဖြစ်နေပါပြီ။
အနော်ရထာမင်း နှင့် ကျန်စစ်သားမင်း တို့လက်ထက် ကတည်းက စည်ကားတိုးတတ်နေတဲ့ ပုဂံမြို့တော်ကြီးမှာ ယခုလို မြို့ဟောင်းတစ်ခု အရွယ်အစား ဗုဒ္ဓတက္ကသိုလ်ကြီး ပေါ်လာတာ ယုတ္တိရှိလှသည်။
သည်အရွယ်အစားဟာ သူ့ခေတ်သူ့အခါ သက်ဝင်ဆဲ ဗုဒ္ဓတက္ကသိုလ် ထဲမှာ အကြီးဆုံးပါ။
အတွင်းတံတိုင်းမှာ ဘုရား၊သိမ် နှင့် ရေကန်ကြီး ရှိပြီး အပြင်တံတိုင်းအတွင်းမှာတော့ အုတ်တိုက်
စာသင်အုတ်ကျောင်းကြီး ၄၀ ခန့် ရှိပါတယ်။
ကျောင်းနေ စာသင်သားအများစုဟာ စာသင်ချိန်ပဲ ကျောင်းလာကြပြီး ညဆို မိခင်ကျောင်းသို့ ပြန်ကြွကြမယ် လို့ မိမိယူဆပါသည်။
ဘာပဲပြောပြော ယခုဖော်ပြပါ
ပုဂံခေတ်က ဆင်ဖြူရှင်ကျောင်းတိုက်ကြီးဟာ အာရှနိုင်ငံတွေ အတွင်း သူ့ခေတ်သူ့အခါက ဂုဏ်သတင်းကြီးကျယ်ခမ်းနား ခဲ့မယ် ဆိုတာ ကျန်ရှိနေသေးတဲ့ အရာတွေက သက်သေခံနေပါတော့တယ်။
လေးစားလျှက်
အောင်ထိုက်(အညတြမြို့ဟောင်းဝါသနာရှင်)
မွေးရပ် ညနေ :4:40:
18.4.2024
------------------










Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ