Posts

Showing posts from June, 2025

ပုဂံခေတ် ဗုဒ္ဓသာသနာ့သမိုင်း သုတေသန

 မြန်မာနိုင်ငံအောက်ပိုင်း လူဦးရေ ပြန့်နှံ့နေထိုင်မှု အကြောင်း လေ့လာ၍ Demograph ထုတ်ရန် ထားဝယ်နှင့် တနင်္သာရီတိုင်းနေ ဌာနေတိုင်းရင်းသားတို့နှင့် ဗမာ ဆက်စပ််မှု မြန်မာနိုင်ငံအောက်ပိုင်းမှ မြို့ဟောင်းများအကြောင်း ထိုင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်း ပထဝီအရ ဆက်စပ်မှု သီဟိုဠ်က ဘုရားလေးဆု မျှောလွှတ်လိုက်တယ်။ မြန်မာနိုင်ငံက လေးနေရာကို ရောက်တယ်။ ဘုရားတည်ပြီး ကိုးကွယ်။ (ကျိုက်ပေါလော ဘုရားသမိုင်း၊​ ကျိုက္ခမီ ရေလယ်ဘုရားသမိုင်းကို ကြည့်ပါ။) မွန်တွေက သီဟိုဠ်နဲ့ သာသနာဆက်ချင်တာ။ မြန်မာတွေကို မုန်းလို့ ပုဂံမင်းနိုင်ငံတော်ကြီး တန်ခိုးထွားစဥ်က အခြေအနေကို ခေတ်ပြိုင်ကျောက်စာဖြစ်သော မိဘုရားဖွားစောကျောက်စာ (အေဒီ ၁၂၄၂) တွင် လေ့လာနိုင်သည်။ ပုဂံဟု ခေါ်ဆိုခြင်းမှာ တိုင်းပြည်တကာတို့အနက်  အသာယာအလှပဆုံး ဖြစ်သောကြောင့်ဖြစ်ပြီး အရိမဒ္ဒနာဟု ခေါ်ခြင်းမှာ ရန်သူတကာတို့ ကြောက်ရွံကြရသော သူရဲကောင်းများ ရှိခြင်းကြောင့်ဟု မှတ်တမ်းတင်ထားသည်။​ (အထောက်အထားပြန်စစ်ရန်)

ပုဂံခေတ် ဗုဒ္ဓသာသနာ့သမိုင်း ကျောရိုး

  ပုဂံခေတ်ဗုဒ္ဓသာသနာ့သမိုင်း ပျူခေတ်နှင့် ပုဂံခေတ် ဘာသာရေးနှင့် ယဥ်ကျေးမှု ဆက်စပ်မှု ပုဂံခေတ် ကိုးကွယ်မှုနောက်ခံသမိုင်း ဘုရင်များနှင့် ဗုဒ္ဓသာသနာ ပုဂံခေတ်ပရိယတ္တိပညာရေး ပုဂံခေတ်ပေါ် ကျမ်းစာများ ပြည်ပနိုင်ငံများနှင့် သာသနာဆက်ဆံရေး ပုဂံခေတ် ဗုဒ္ဓသာသနာဂိုဏ်းများ ပုဂံခေတ် သာသနိက ဗိသုကာနှင့် အနုပညာ ပုဂံခေတ် သာသနာပြန့်ပွားရေး

အိန္ဒိယရောက် ဘုရင့်နောင်ခေါင်းလောင်း

မူရင်းဆောင်းပါး = https://www.facebook.com/steven.htut/posts/pfbid035ERz6Tgg5vH2RtymV25bQJDJeQfJ1rc4JWi7AtRHQdCVLqAGSPCBghPZ3YJk5Bjml တရားမျှတမှုမရတဲ့အခါလာတီးပါ ဆိုတဲ့ ၁၅၅၄ က ဘုရင့်နောင်ရဲ့ အိန္ဒိယရောက် ခေါင်းလောင်း -------------- ဒီနှစ်သင်္ကြန်အတွင်း အိမ်ပြင်မထွက်ဘဲ စာဖတ်နေတုန်းတစ်ရက်မှာ UNESCO World Heritage ကမ္ဘာ့အမွေအနှစ် အဖြစ် ထိမ်းသိမ်းဘို့ သတ်မှတ်ခံထားရတဲ့ ဘုရင့်နောင်ရဲ့ ရွှေစည်းခုံခေါင်းလောင်းစာ ဖတ်ချင်လို့ လိုက်ရှာရင်းနဲ့ အမှတ်မထင် ဒီ အိန္ဒိယရောက်နေတဲ့ ဘုရင့်နောင်ကျော်ထင်နော်ရထာ ရဲ့ နောက် ခေါင်းလောင်း တစ်လုံးကို သွားတွေ့လို့ အံ့ဩသွား မိပါတယ်။ ဘုရင့်နောင် ကို ထပ်ပြီး အံ့ဩချီးကျူးမိတယ်။  . "ပြည်သူ ပြည်သားတွေ တရားမျှတမှု မရတဲ့အခါ လာတီးပါ" လို့ ခေါင်းလောင်းစာထဲ ရေးပြီး၊ ဒုတိယ မြန်မာအင်ပါယာရဲ့ မြို့တော် ပဲခူးမြို့အလယ်မှာ ချိတ်ထားခဲ့တဲ့ သမိုင်းဝင် ခေါင်းလောင်းဗျာ။ ဒီလိုအောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ သူ့နည်းသူ့ဟန်နဲ့ ပဒေသရာဇ် ခေတ်က #စတုတ္ထမဏ္ဍိုင် ကို တည်ဆောက် သွားခဲ့တဲ့ အမျှော်အမြင်ကို အကြိမ်ကြိမ် ချီးကျူးလေးစားမိတယ်။ ခေါင်းလောင်းစာကို ကိုယ်တိုင် ဖတ်ကြည့်ကြပါဗျာ။ ဒီခေ...

မြန်မာအက္ခရာ

Image
လင်းဇော်ကျော် (FB: Lin Zaw Kyaw) အစောဆုံးတွေ့ရှိရတဲ့ အထောက်ထားတွေအရ မြန်မာကိုယ်ပိုင် အက္ခရာအဖြစ် ပုဂံခေတ်လို့ပဲ သတ်မှတ်ကြပါတယ်။ ပုဂံခေတ်တောင်မှ အနော်ရထာလက်ထက်မှပါ။ အခု နောက်ဆုံး တွေ့ရှိတဲ့ မြစ်သားကျောက်စာဟာ ရာဇကုမာရ်ကျောက်စာထက် ၆၈ နှစ်လောက် စောဖွယ်ရှိတယ်ဆိုတော့ အနော်ရထာလက်ထက်လို့ ယူဆရမှာပါ။  လုစ် ကတော့ မြန်မာတွေဟာ အက္ခရာနဲ့စာကို မွန်တွေဆီက AD - 9 ရာစုမှ ယူတယ်လို့ ရာဇဝင်အထောက်အထား၊ မြေပြင်သက်သေ အထောက်အထားမပါဘဲ သမိုင်းဘောင်မဝင်တဲ့ စိတ်ကူးယဉ် အယူအဆကို အခိုင်အမာ ဆိုပါတယ်။ ဒါမှလည်း လုစ် ဟာ သူ့ရဲ့ " မြန်မာအစ ကျောက်ဆည်က " လုပ်ဇာတ် ကို ကာကွယ်နိုင်မှာပါ။ မြန်မာအစ ကျောက်ဆည်က စာတမ်းကို မြန်မာနဲ့ခေတ်ပြိုင် တရုတ်တောင် လက်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်တွေဟာ ပျူခေတ် သရေခေတ္တရာ မြန်မာနိုင်ငံတော်ကြီးကို အသေအချာ သိရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ လုစ် ပြောတဲ့ မွန်အက္ခရာ မွန်စာဆိုတာ အခုရေးနေတဲ့ မြန်မာအက္ခရာ မြန်မာစာကို ဆိုလိုတာပါ။ ဒါကိုကြည့်တာနဲ့တင် လုစ် ဟာ သမိုင်းဆရာအမည်ခံပြီး မြန်မာ့သမိုင်းကို ပုံဖျက်ပစ်တာဖြစ်ကြောင်း ထင်ရှားပါတယ်။ စောစောကပြောတဲ့ မြစ်သားကျောက်စာ ဟာ လတ်တလော တွေ့ရှိမှုအရ ပုဂံခေတ်ကျေ...

တွေ့ဆုံရန် ပညာရှင်များ

ဒေါက်တာတိုးလှ ဦးနီတွက်  ကိုပြည့်ဖြိုးကျော် (ရန်ကုန်တက္ကသိုလ်)

ပုဂံခေတ် ဗုဒ္ဓသာသနာ့သမိုင်း ကျမ်းကိုးစာရင်း

 ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းကြီး (တောင်ပေါက်ဆရာတော်) - စာအုပ်စင်တွင် ရှိသည်

သရေခေတ္တရာ မှတ်စု

 ကျုံး --------------------------------- ၁/ သရေခေတ္တရာ ကျုံး သရေခေတ္တရာမြို့ကြီးရဲ့ ရေကျုံးစနစ်ကို လွန်ခဲ့တဲ့နှစ်မကြာမီကမှ သရေခေတ္တရာဌာနစု သုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မြို့တစ်ပါတ် ၈မိုင်၅ဖာလုံအရှည်ရှိတဲ့ ဒီကျုံးဟာ ဇလားပုံစံ အတွင်းကို တ‌ဖြေးဖြေး ကျဉ်းသွားပြီး အုတ်ကိုလည်း ၆လွှားလောက်တစ်ကြိမ် နောက်ကို ၃လက်မဆုတ်ပြီး စီထားပါတယ်။ ပြီးတဲ့အခါ ရေနေနိုင်အောင် အုတ်တွေနဲ့ပဲ ကြမ်းခင်းထားတဲ့စနစ်နဲ့ ပြုလုပ်ထားပါတယ်။ တစ်ပါတ်လုံးသာ ပြန်ဖော်ရေသွင်းနိုင်လျင် အရှေ့တောင်အာရှမှာ အံ့သြစရာအကောင်းဆုံး မြို့ကြီးတစ်ခုအဖြစ် ကမ္ဘာက သိရှိလာကြပါလိမ့်မယ်။ ပျူတွေမြို့ပြတည်ဆောက်မှုမှာ ဘယ်လောက်တော်ကြောင်း သက်သေအထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။ အုတ်နဲ့လုပ်ထားတဲ့ကျုံးဟာ လက်ရှိမြေပြင်ကနေ မြေအောက် ပေ၃၀ အနက်မှာ တည်ရှိပြီး  မြို့ပြတည်ဆောက်မှုစနစ်မှာ အတော်ထူးချွန်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ Kyaw Myo Win FB (2025) --------------------