သရေခေတ္တရာ မှတ်စု
- ကျုံး
---------------------------------
၁/ သရေခေတ္တရာ ကျုံး
သရေခေတ္တရာမြို့ကြီးရဲ့ ရေကျုံးစနစ်ကို လွန်ခဲ့တဲ့နှစ်မကြာမီကမှ သရေခေတ္တရာဌာနစု သုတေသနအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မြို့တစ်ပါတ် ၈မိုင်၅ဖာလုံအရှည်ရှိတဲ့ ဒီကျုံးဟာ ဇလားပုံစံ အတွင်းကို တဖြေးဖြေး ကျဉ်းသွားပြီး အုတ်ကိုလည်း ၆လွှားလောက်တစ်ကြိမ် နောက်ကို ၃လက်မဆုတ်ပြီး စီထားပါတယ်။ ပြီးတဲ့အခါ ရေနေနိုင်အောင် အုတ်တွေနဲ့ပဲ ကြမ်းခင်းထားတဲ့စနစ်နဲ့ ပြုလုပ်ထားပါတယ်။ တစ်ပါတ်လုံးသာ ပြန်ဖော်ရေသွင်းနိုင်လျင် အရှေ့တောင်အာရှမှာ အံ့သြစရာအကောင်းဆုံး မြို့ကြီးတစ်ခုအဖြစ် ကမ္ဘာက သိရှိလာကြပါလိမ့်မယ်။ ပျူတွေမြို့ပြတည်ဆောက်မှုမှာ ဘယ်လောက်တော်ကြောင်း သက်သေအထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။ အုတ်နဲ့လုပ်ထားတဲ့ကျုံးဟာ လက်ရှိမြေပြင်ကနေ မြေအောက် ပေ၃၀ အနက်မှာ တည်ရှိပြီး မြို့ပြတည်ဆောက်မှုစနစ်မှာ အတော်ထူးချွန်ခဲ့ကြသူများ ဖြစ်ကြပါတယ်။
Kyaw Myo Win FB (2025)
--------------------
Comments
Post a Comment