Posts

Showing posts from February, 2025

ပုဂံခေတ် သာသနာ့သမိုင်းမှတ်စု

 ဓမ္မရာဇကဘုရားကျောက်စာ၌ နရပတိစည်သူမင်းက သူ့လက်ထက် နိုင်ငံနယ်နိမိတ် အကျယ်အဝန်းကို ရေးထိုးခဲ့သည်။ တောင်ဘက်နယ်နိမိတ်မှာ "လန္ဒက" ဖြစ်ကြောင်း ပါသည်။​ အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီပြည်နယ်အတွင်း၌ Wawo Landaka ဟု အရပ်ဒေသ ဖြစ်ပုံရသည်။ နရပတိစည်သူမင်းသည် သီရိဝိဇယ (ယနေ့ခေတ် အင်ဒိုနီးရှား) မင်း၏ သားတော်အား ရဟန်းခံပေးခဲ့သည်ဟု ရာဇဝင်မှတ်တမ်း ရှိလေသည်။ နဂါးရုံဘုရား၊ အလိုတော်ပြည့်၊ စားပွဲတင်စေတီ နံရံဆေးပန်းချီ သုတ္တန်များစွာတွေ့ (ဦးအာသဘနှင့် ဆွေးနွေးရန်) ။ ပုဂံခေတ် လူ့အဖွဲ့အစည်းက ဇာတ်တော်နဲ့ ပတ်သက်တဲ့ ပညာရေးဆိုတာထက် သုတ္တန်တွေကို အခြေခံတဲ့ ပညာရေး ဖြစ်ကြောင်း။ အင်းဝ ပင်းယခေတ်မှာ ရသစာပေဘက် ပိုရိုင်သွားမယ်။ ဥပမာ ... ဆယ်ကြီးဆယ်ဖွဲ့၊ ပျို့၊ အလင်္ကာစသည်

ပုဂံမတိုင်ခင်က မြန်မာ့သာသနာ (၁)

 ပုဂံမြို့ဟောင်းက ကျောက်မျက်မှော်စေတီ ကို အီတလီနိုင်ငံ၊ တိုရီနိုတက္ကသိုလ်မှ ဓါတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်ပညာရှင် Dr.Fantino က သိပ္ပံနည်းကျ သုတေသနပြု ဓါတ်ခွဲစမ်းသပ်ပြီး အစောဆုံး AD. 9-11 ဟု တွက်ချက်ပေးပါသည်။ အဆိုပါစေတီသည် ၂ ထပ်စေတီဖြစ်ပါသည်။ အတွင်းမှစေတီသည် ရှေးကျပြီး အပြင်မှငုံကာ တည်သည့်စေတီဟာ နောက်ကျပါတယ်။ ဆိုလိုသည်မှာအတွင်းစေတီသည် AD.9 ဖြစ်ပြီး အပြင်မှထပ်မံငုံထားသည့်စေတီသည် AD. 11 ဖြစ်သည်။ ထို့ကြောင့် အနော်ရထာဘုရင်မင်းမြတ်(AD.11)မတိုင်ခင် နှစ်ပေါင်း ၂၀၀ ခန့်ကတည်းက ပုဂံမြေပေါ်တွင် ထေရဝါဒသာသနာထွန်းကားနေပြီဖြစ်ကြောင်းကို ခိုင်ခိုင်လုံလုံ ကျွန်တော်တို့သိရပါပြီ။ (မူရင်း = Click here ) ဗိုလ်တစ်ထောင်စေတီတော်ကို ပျူဗမာတို့ တည်ခဲ့ကြောင်း ဌာပနာများက ပြဆိုနေသည်။ (မူရင်း = Click here ) တရုတ်မှတ်တမ်းများအရ စိတ်နှလုံးနူးညံ့လှသော ပျူလူမျိုးတို့သည် သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြပါသည်။ ပါဏာတိပါတကံ မကင်းသော ပိုးထည်များကိုပင် မဝတ်ဆင်ကြပါဘူး။ လက်ပံမှိုမှရသော ချည်ထည်များကို ဝတ်ဆင်ခဲ့ကြပါသည်။ ပျူကချေသည်တို့သီဆိုသော သီချင်းများမှာလည်း ဆွတ်ပျံ့လွမ်းမောစရာ ကောင်းလှပါတယ်။ ဗုဒ္ဓရဲ့ တရားဓမ္မကို ဖော်ည...

မြန်မာနှင့် သီရိလင်္ကာ သာသနာဆက်ဆံရေး

(၁၂) ရာစုက သီဟိုဠ်ကို ရောက်သွားတဲ့ မွန်ရဟန်းတော် ဆပ္ပဋမထေရ်နဲ့ ပတ်သက်တဲ့ မှတ်တမ်း သီဟိုဠ်မှာ မရှိပါ။ မြန်မာတွေ မှတ်တမ်းတင်ထားလို့သာ သူတို့ သိတာပါ။ ကလျာဏီမှာ သိမ်ဝင်ဖို့ (၁၄) ရာစုက မွန်ဘုရင် ဓမ္မစေတီမင်း လွှတ်လိုက်တဲ့ ရဟန်းတော်များအကြောင်းလည်း သီဟိုဠ်မှတ်တမ်းတွေမှာ မရှိပါ။ မြန်မာတွေ ပြောလို့သာ ဒီအကြောင်းကို သီဟိုဠ်က ကိုယ်တော်တွေ ဂုဏ်ယူစွာနဲ့ ပြောနေကြရခြင်း ဖြစ်ပါတယ်။ (၁၁) ရာစုက သီဟိုဠ် ဝိဇယဗာဟုမင်းရဲ့ ပင့်ဖိတ်ချက်အရ အနော်ရထာမင်း အစီအစဉ်နဲ့ မြန်မာရဟန်းတော်တွေ သီဟိုဠ်ကို ရောက်လာပါတယ်။ သီဟိုဠ် ရဟန်းတော်တွေကို ဥပသမ္ပဒကံဆောင် (ရဟန်းပြု) ပေးခဲ့ကြပါတယ်။ ပိဋကတ်သုံးပုံကိုလည်း သင်ကြားပို့ချပေးခဲ့ပါတယ်။ ဒီအကြောင်းကို သီဟိုဠ်သမိုင်းကျမ်းဖြစ်တဲ့ စူဠဝံသမှာ အတိအလင်း ဖော်ပြထားပါတယ်။ ကျောက်စာ အထောက်အထားလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီလောက် ခိုင်မာတဲ့ အထောက်အထားများကို တချို့ သီဟိုဠ်ပညာရှင်တွေက မခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းချက် ထုတ်ချင်ကြပါသေးတယ်။ ပညာရေးစနစ်ရဲ့ အားနည်းချက်ကြောင့် မြန်မာရဟန်းတော်လောကမှာတောင်  ဒီအကြောင်းအရာတွေကို သိသူ၊ သတိထားမိသူ နည်းပါတယ်။ အထက်က သမိုင်းအချက်အလက် (၃) ခုကို ထောက်ဆ...

ပုဂံခေတ် ပါဠိစာပေသမိုင်း

 ရွှေဂူကြီးဘုရား ကျောက်စာ မှာ ပါဠိဂါထာ (၁၀၀) ရေးထိုးထားတယ်။ အလောင်းစည်သူမင်းက ဘုရားလောင်းဆုပန်ထားတဲ့အကြောင်း မှတ်တမ်းတင်ထား

အောက်မြန်မာနိုင်ငံတွေ့ ပျူအရိုးအိုး များနဲ့ သမိုင်းပုံရိပ်မှန် (နိုင်ဝင်း)

  အပိုင်း (၁) ------------- အခုဆိုရင် တောင်ပိုင်းကမ်းရိုးတန်းဒေသအပါအဝင် မြန်မာနိုင်ငံအာက်ပိုင်းကနေ ထွက်ပေါ်လာတဲ့ပျူအရိုးအိုးတွေကို တခြားသမိုင်းသုတေသနအထောက်အထားများနဲ့ ဆက်စပ်စုပေါင်းပြီး ခေတ်ဟောင်းအောက်မြန်မာနိုင်ငံရဲ့ သမိုင်းပုံလွှာကို မှန်ကန်စွာ ပုံဖေါ်ကြည့်လို့ရတဲ့ အနေအထားကို ကောင်းစွာရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုပုံဖေါ်ကြည့်ဖို့အတွက်   ပျူအရိုးအိုးများ တွေ့ရှိရာနေရာတွေကို ဦးစွာပထမ ထုတ်ဖေါ်တင်ပြပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပျူအရိုးအိုးတွေ တွေ့ရှိရာနေရာများကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။ ၁။ ရန်ကုန်တိုင်းဒေသကြီး၊​ တွံတေးမြို့နယ်ရှိ ပေါက္ခရဝတီမြို့ဟောင်းရာအတွင်းမှ နန်းတော်ကုန်းနေရာ ၂။ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊​ စိန်ဘုရားဘုန်းကြီးကျောင်းဝန်း ၃။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ၄။ မွန်ပြည်နယ်ဒေသကြီး၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိဘုရားကြီးကျောင်းတိုက်ပရိဝုဏ် ၅။ မွန်ပြည်နယ်ဒေသကြီး၊ သထုံမြို့နယ်၊ မရမ်းကုန်းစံပြကျေးရွာ၊ မရမ်းကုန်းကျောင်းကြီးပရိဝုဏ် ၆။ ကရင်ပြည်နယ်ဒေသကြီး၊ လှိုင်းဘွဲ့မြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ ၇။ တနင်္သာရီတိုင...