အောက်မြန်မာနိုင်ငံတွေ့ ပျူအရိုးအိုး များနဲ့ သမိုင်းပုံရိပ်မှန် (နိုင်ဝင်း)
အပိုင်း (၁)
-------------
အခုဆိုရင် တောင်ပိုင်းကမ်းရိုးတန်းဒေသအပါအဝင် မြန်မာနိုင်ငံအာက်ပိုင်းကနေ ထွက်ပေါ်လာတဲ့ပျူအရိုးအိုးတွေကို တခြားသမိုင်းသုတေသနအထောက်အထားများနဲ့ ဆက်စပ်စုပေါင်းပြီး ခေတ်ဟောင်းအောက်မြန်မာနိုင်ငံရဲ့ သမိုင်းပုံလွှာကို မှန်ကန်စွာ ပုံဖေါ်ကြည့်လို့ရတဲ့ အနေအထားကို ကောင်းစွာရောက်ရှိနေပြီဖြစ်ပါတယ်။
ဒီလိုပုံဖေါ်ကြည့်ဖို့အတွက် ပျူအရိုးအိုးများ တွေ့ရှိရာနေရာတွေကို ဦးစွာပထမ ထုတ်ဖေါ်တင်ပြပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပျူအရိုးအိုးတွေ တွေ့ရှိရာနေရာများကို အောက်ပါအတိုင်း တင်ပြလိုက်ပါတယ်။
၁။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပေါက္ခရဝတီမြို့ဟောင်းရာအတွင်းမှ နန်းတော်ကုန်းနေရာ
၂။ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ စိန်ဘုရားဘုန်းကြီးကျောင်းဝန်း
၃။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်
၄။ မွန်ပြည်နယ်ဒေသကြီး၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိဘုရားကြီးကျောင်းတိုက်ပရိဝုဏ်
၅။ မွန်ပြည်နယ်ဒေသကြီး၊ သထုံမြို့နယ်၊ မရမ်းကုန်းစံပြကျေးရွာ၊ မရမ်းကုန်းကျောင်းကြီးပရိဝုဏ်
၆။ ကရင်ပြည်နယ်ဒေသကြီး၊ လှိုင်းဘွဲ့မြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ
၇။ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ သာဂရမြို့ဟောင်းရာ
၈။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊
အခုတင်ပြထားတဲ့ ပျူအရိုးအိုးများတွေ့ရှိရာနေရာများနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ဒေသ အသီးသီးဟာ ရှေးအခါက ပျူတွေနေထိုင်ခဲ့တဲ့ နေရာများဖြစ်တယ်ဆိုတဲ့အချက်ဟာ အလွန်ထင်ရှားလှပါတယ်။ ဘာလို့လဲဆိုတော့ ပျူတွေဟာ အဲဒီနေရာတွေမှာနေခဲ့၊ သေခဲ့ကြလို့သာ သူတို့ရဲ့အရိုးအိုးတွေကို အခုလိုမျိုးတူးဖေါ်တွေ့ရှိရတာ ဖြစ်လို့ပါပဲ။
အခုဖေါ်ပြထားတဲ့ ပျူအရိုးအိုးတွေ တွေ့ရှိရာနေရာများကြောင့် အလွန်အရေးကြီးတဲ့ မေးစရာ မေးခွန်းနှစ်ခုပေါ်ထွက်လာပါတယ်။ အဲဒါကတော့ -
- "ပျူတွေဟာ တောင်ပိုင်းကမ်းရိုးတန်းဒေသ အပါအဝင် အောက်မြန်မာနိုင်ငံမှာ ဟိုတစ်စု၊ ဒီတစ်စုတစ်ကွဲတစ်ပြားစီနေထိုင်ခဲ့ကြတာလား"
- ဒါမှမဟုတ် "ပျူတွေဟာ တောင်ပိုင်းကမ်းရိုးတန်းဒေသအပါအဝင် အောက်မြန်မာနိုင်ငံမှာ ပျံ့နှံ့နေထိုင်ခဲ့ကြတာလား" ဆိုတဲ့မေးခွန်းနှစ်ခုပဲဖြစ်ပါတယ်။
ဒီမေးခွန်းနှစ်ခုရဲ့ အဖြေအသီးသီးကို အပြည့်အဝနဲ့ အကောင်းမွန်ဆုံး ဖြေကြားပေးထားတဲ့ သမိုင်းသုတေသနအထောက်အထား တစ်မျိုးကတော့ တခြားမဟုတ်ပါဘူး။ "ခေတ်ပြိုင် တရုတ်မှတ်တမ်းများ" (Contempopary Chinese records) ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ "ခေတ်ပြိုင် တရုတ်မှတ်တမ်းများ" လို့ ပြောလိုက်တာကို မနှစ်မြို့ လက်မခံလိုတဲ့ "သုတေသီတစ်ချို့" ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုသုတေသီမျိုးတွေအတွက် "ခေတ်ပြိုင် တရုတ်မှတ်တမ်းများ" နဲ့ပတ်သက်လို့ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မွန်တိုင်းရင်းသားသုတေသီပညာရှင် ဆရာကြီးဒေါက်တာနိုင်ပန်းလှက ဘယ်လို သဘောထားမှတ်ချက်ပေးခဲ့သလဲ။ ပြီးတော့ ခေတ်ပြိုင်တရုတ်မှတ်တမ်းတွေကို ဆရာကြီး ဒေါက်တာနိုင်ပန်းလှအနေနဲ့ ဘယ်လိုအသုံးပြုထားသလဲဆိုတာကို တင်ပြလိုပါတယ်။
ဘာလို့လဲဆိုတော့ "ခေတ်ပြိုင် တရုတ်မှတ်တမ်းများ" ကို ဆရာကြီးဒေါက်တာသန်းထွန်းက တလေးတစားအသုံးပြုခဲ့တယ်ဆိုတာကို သိသူများပေမဲ့ ဒီတရုတ်မှတ်တမ်းတွေနဲ့ပတ်သက်လို့ ဆရာကြီးဒေါက်တာနိုင်ပန်းလှအနေနဲ့ ဘယ်လိုသဘောထားရှိပြီး ဘယ်လိုသုံးထားသလဲဆိုတာကို သိသူ မရှိသလောက်နည်းနေတယ်ဆိုတာကိုလေ့လာတွေ့ရှိရလို့ပဲ ဖြစ်ပါတယ်။
Ph.D ဘွဲ့ယူဖို့ တင်သွင်းတဲ့ ဆရာကြီးနိုင်ပန်းလှရဲ့ Lectures နဲ့ Articles (ဟောပြောပို့ချချက်များနဲ့ ဆောင်းပါးများ) ပေါင်းချုပ်စာတမ်းထဲမှာ ပါတဲ့ THE GOOD-WILL RETURN OF THE PYU MUSICIANS ဆိုပြီးခေါင်းစီးတပ်ထားတဲ့ Lecture ကို ကျနော်တို့ ဦးဆုံးလေ့လာကြည့်ကြရအောင်။
ဒီ Lecture ကို (24.8.1990) ရက်နေ့မှာ ဂျပန်က မြန်မာလေ့လာရေးအဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ (the Meeting of the Burma Studies Group of Japan) မှာ ဆရာကြီးနိုင်ပန်းလှက ဟောပြောပို့ချခဲ့တာပဲ ဖြစ်ပါတယ်။ (ဒီ Lecture ပါတဲ့စာတမ်းရဲ့ အတွင်းမျက်နှာဖုံး စာမျက်နှာရယ်၊ ဒီ Lecture ရဲ့ ပထမဆုံးစာမျက်နှာရယ်၊ ပြီးတော့ စာမျက်နှာ 4 နဲ့ 5 ရယ်တို့ကို ကျနော်ဓာတ်ပုံရိုက်ပြီး ဖေါ်ပြထားပါတယ်)
ကွန်ပျူတာစီထားတဲ့ ဒီ Lecture ရဲ့ စာမျက်နှာ 4 နဲ့ 5 မှာ ခေတ်ပြိုင်တရုတ်မှတ်တမ်းတွေနဲ့ ပတ်သက်လို့ ဆရာကြီးနိုင်ပန်းလှပြောထားတာကတော့ -
Regarding Pyu history and their culture, we have to rely on Chinese accounts such as Old Tang History, New Tang History, Manshu, pilgrims I-Ching 671-695A.D., Hsuan-chang 629-645.A.D. and the Chinese geographer Chi (a) tan 785-805 A.D ဆိုပြီးဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ ပို့ချထားတဲ့ ဆရာကြီးနိုင်ပန်းလှရဲ့ Lecture ထဲက အထက်ပါ ကောက်နုတ်ချက်ကို မြန်မာဘာသာသို့ ပြန်ဆိုရင် -
ပျူသမိုင်းနှင့် ပျူတို့၏ ယဉ်ကျေးမှုအကြောင်းနှင့် ပတ်သက်လာလျှင် ကျွန်ုပ်တို့သည် ထန်မင်းဆက်သမိုင်းဟောင်း၊ ထန်မင်းဆက်သမိုင်းသစ်၊ မန်ရှုကျမ်း၊ (တရုတ်) ဘုရားဖူးများဖြစ်ကြသော (ဘုန်းတော်ကြီး) ယိကျင်း၊ (ဘုန်းတော်ကြီး) ဟွမ်ကျန်နှင့် တရုတ်ပထဝီပညာရှင် ကျိ (ယာ) တန် (တို့၏ မှတ်တမ်းများ) ကဲ့သို့သော တရုတ်မှတ်တမ်းများကို မှီငြမ်း (ကိုးကားဖေါ်ပြ) ရမည်ဆိုတဲ့အဓိပ္ပါယ်ကို ရပါတယ်။
အခုလို မြန်မာပြန်ထားတဲ့ ကောက်နုတ်ချက်ကို ကြည့်လိုက်တာနဲ့ ပျူအကြောင်းကို ဖေါ်ထုတ်ရင် တရုတ်မှတ်တမ်းတွေကို သုံးကိုသုံးရမယ်ဆိုတဲ့ ဆရာကြီးနိုင်ပန်းလှရဲ့ သဘောထားကို အထင်အရှား တွေ့နိုင်ပါတယ်။ (ဆရာကြီးနိုင်ပန်းလှဟာ သူပြောထားတဲ့အတိုင်း တရုတ်မှတ်တမ်းတွေကို အကိုးအကားပြုပြီး ပျူအကြောင်းထုတ်ဖေါ်တင်ပြထားတာကို ကျနော်ရဲ့ post မှာ ဓာတ်ပုံရိုက်ဖေါ်ပြထားတဲ့စာမျက်နှာ 5 ကို ဆက်ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်)
အခုဆက်ပြီး ဆရာကြီးဒေါက်တာနိုင်ပန်းလှရဲ့ SUMMARY OF A NEW HISTORICAL PERSPECTIVE OF OLD BURMA ဆိုတဲ့ Lecture ကို လေ့လာကြည့်ရအောင်။ (ဒီဟောပြောပို့ချချက်ကလည်း ဂျပန်က ထိပ်သီးတက္ကသိုလ်တခုဖြစ်တဲ့ "တိုကျိုတက္ကသိုလ်" မှာ ပို့ချထားတာ ဖြစ်ပါတယ်။ ဘယ်အချိန်ဘယ်သင်တန်းမှာ ပို့ချခဲ့တယ်ဆိုတာကို ကျနော့်ရဲ့ post ထဲမှာ ဓာတ်ပုံရိုက်ကူးဖေါ်ပြထားတဲ့ Lecture စာအုပ်ရဲ့ မျက်နှာဖုံးမှာ လေ့လာကြည့်နိုင်ပါတယ်)
ဒီ Lecture ထဲမှာလည်း ဆရာကြီးဒေါက်တာနိုင်ပန်းလှ ပြောထားတာကတော့ -
Regarding Pyu history, you must rely on Chinese authentic accounts such as Old Tan History, New Tan History, Manshu, records written by pilgrims I-Ching 671-695 AD, Husan-Chang 629-645 AD and the Chinese geographer China(Chia)-tan 785 805 AD.
ဆိုပြီးဖြစ်ပါတယ်။ အထက်ပါကောက်နုတ်ချက်ကိုမြန်မာဘာသာပြန်ရင် -
ပျူသမိုင်းနှင့် ပတ်သက်လျှင် ထန်မင်းဆက်သမိုင်းဟောင်း၊ ထန်မင်းဆက်သမိုင်းသစ်၊ မန်ရှု၊ (တရုတ်) ဘုရားဖူးများဖြစ်ကြသော ယိကျင်း (၆၇၁-၆၉၅အေဒီ)၊ ဟွမ်ချန် (၆၂၉-၆၄၅အေဒီ)၊တရုတ်ပထဝီပညာရှင် (ကျိယာတန်) တို့ ရေးသားထားသော မှတ်တမ်းများကဲ့သို့ မှန်ကန်စစ်မှန်သည့် တရုတ်မှတ်တမ်းများကို ခင်ဗျားတို့ မှီငြမ်း (ကိုးကားဖေါ်ပြ) မှုပြုကိုပြုရပါရမည်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
ဒီကောက်နုတ်ချက်ကို ကြည့်ရင်လည်း ပျူသမိုင်းကို ဖေါ်ထုတ်ရာမှာ တရုတ်မှတ်တမ်းတွေကို မလွဲမသွေ သုံးရမယ်ဆိုတဲ့ ဆရာကြီးဒေါက်တာနိုင်ပန်းလှရဲ့သဘောထားကို ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း ထပ်မံတွေ့မြင် နိုင်ပါတယ်။
ဆရာကြီးဒေါက်တာနိုင်ပန်းလှ အနေနဲ့ ပျူသမိုင်းဖေါ်ထုတ်ရာမှာ တရုတ်မှတ်တမ်းတွေကို အသုံးပြုရမယ်ဆိုတာကို ဘာကြောင့်ထပ်ကာထပ်ကာ အလေးအနက် ပြောနေရတာလဲ?
အဖြေကရှင်းပါတယ်။ ရှေးဟောင်းသုတေသနအထောက်အထား၊ ကျောက်စာအထောက်အထားနဲ့ ခေတ်ပြိုင်မှတ်တမ်း အထောက်အထားဆိုပြီး သမိုင်းသုတေသန အထောက်အထား သုံးမျိုးရှိတဲ့အနက် တရုတ်မှတ်တမ်းတွေက ခေတ်ပြိုင်မှတ်တမ်း အထောက်အထားထဲမှာ အကျူံးဝင် ပါရှိနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလိုသမိုင်းသုတေသန အထောက်အထား တစ်မျိုးဖြစ်တဲ့ ခေတ်ပြိုင်တရုတ်မှတ်တမ်းများကို မသုံးဘူး၊ ပယ်မယ်ဆိုရင် သမိုင်းသုတေသနထုံးနည်းကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ကျူးလွန်ရာ ရောက်ပါတယ်။ ဒီလိုချိုးဖေါက်မှုဟာ သမိုင်းပညာရပ်ကို ကြီးစွာသော စော်ကားမှုတစ်ခုလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော်အနေနဲ့ အလေးအနက် သတိပေးလိုတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘူး၊ တရုတ်မှတ်တမ်းတွေကို ပျူသမိုင်းဖေါ်ထုတ်ရာမှာတင် မကဘူး၊ တခြားအရှေ့တောင်အာရှနိုင်ငံတွေရဲ့ ခေတ်ဟောင်းသမိုင်းကို ဖေါ်ထုတ်ရာမှာလည်း နိုင်ငံတကာပညာရှင်တွေအနေနဲ့ တလေးတစား အသုံးပြုကြတယ်ဆိုတဲ့ အချက်ပါပဲ။ ဘာကြောင့် ဒီလိုသုံးရသလဲဆိုတော့ တရုတ်မှတ်တမ်းများဟာ အလွန်အဖိုးတန်တဲ့သမိုင်းသုတေသန အထောက်အထားများ ဖြစ်ကြလို့ပါပဲ။
ဒီအချက်ကို ကျကျနန နားလည်ချင်ရင် ခေတ်ဟောင်းအရှေ့တောင်အာရှသမိုင်းကို သေချာပြန်လေ့လာကြည့်ဖို့လိုတယ်။ ဒီလိုလေ့လာကြည့်ရင် ခေတ်ပြိုင်တရုတ်မှတ်တမ်းတွေကို ဘယ်လောက်တောင် အသုံးပြုထားသလဲဆိုတာ မျက်မြင်ကိုယ်တွေ့ တွေ့ရပါလိမ့်မယ်။
ဥပမာအားဖြင့် ပြောရရင် အင်ဒိုချိုင်းနား ကျွန်းဆွယ်မှာ အေဒီ ၁ ရာစုကနေ အေဒီ ၅၅၀ ကာလအတွင်း ဘုန်းမီးနေလ တောက်ပခဲ့တဲ့ ဖူနန်အင်ပါယာကြီး (Funan empire) ပဲ။ ဖူနန်အင်ပါယာအကြောင်းကို ခေတ်ပြိုင်တရုတ် မှတ်တမ်းတွေကနေ ဖေါ်ထုတ်ထားတာပါ။ ဒီလိုပဲ မျက်မှောက်ခေတ် ယိုးဒယားနိုင်ငံနေရာမှာ အေဒီ ၆-၇ ရာစုတဝိုက်လောက်က ထွန်းကားခဲ့တဲ့ ဒွါရာဝတီနိုင်ငံဆိုတာလည်း ခေတ်ပြိုင်တရုတ်မှတ်တမ်းတွေကနေ အစပြု ဖေါ်ထုတ်ထားတာပဲ ဖြစ်တယ်။
ဒါကြောင့် ခေတ်ပြိုင်တရုတ်မှတ်တမ်းတွေကို လက်မခံလိုတဲ့၊ အသုံးမပြုချင်တဲ့ ပုဂ္ဂိုလ်များ အထူးသတိပြုပါ။ ဒီတရုတ်မှတ်တမ်းတွေကို မသုံးပဲ ပယ်လိုက်ရင် ခေတ်ဟောင်း အရှေ့တောင်အာရှသမိုင်းစာမျက်နှာပေါ်ကနေ ဖူနန်အင်ပါယာရော ဒွါရာဝတီနိုင်ငံရော လျောကျပျောက်ကွယ်သွားပါလိမ့်မယ်။
ကဲ ... ဒီလောက်ဆိုရင် ခေတ်ဟောင်းအောက်မြန်မာနိုင်ငံသမိုင်းကို ဖေါ်ထုတ်ရာမှာ ပြီးတော့ ပျူယဉ်ကျေးမှုသမိုင်းကို ဖေါ်ထုတ်ရာမှာ ဘာကြောင့် ခေတ်ပြိုင်တရုတ်မှတ်တမ်းများကို သုံးရသလဲဆိုတာ နားလည်လောက်ပြီလို့ ကျနော်မျှော်လင့်တယ်။
အခု ခေတ်ပြိုင်တရုတ်မှတ်တမ်းများကို အသုံးပြုပြီး ခေတ်ဟောင်းအောက်မြန်မာနိုင်ငံမှာ ပျူတွေ ပျံ့နှံ့နေထိုင်ခဲ့ခြင်းရှိ, မရှိဆိုတဲ့အချက်ကို ကျနော်တို့ ဆက်ပြီး စစ်ဆေးကြည့်ကြရအောင်။
အကယ်၍ ခေတ်ဟောင်းအောက်မြန်မာနိုင်ငံဒေသကြီးဟာ ပျူနိုင်ငံထဲပါတဲ့ နယ်မြေဒေသကြီးဆိုရင် ဒီဒေသကြီးမှာ ပျူတွေပျံ့နှံ့ နေထိုင်ခဲ့တယ်ဆိုတဲ့ အချက်ဟာ ငြင်းမရအောင် ခိုင်မာတဲ့ သမိုင်းဖြစ်ရပ်မှန်တစ်ခုအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။ ဒါကြောင့် အလွန်အရေးကြီးတဲ့ မေးစရာမေးခွန်းက -
"ပျူနိုင်ငံရဲ့ နယ်နိမိတ်အကျယ်အဝန်းဟာ ဘယ်လောက်ထိ ကျယ်ပြန့်ပါသလဲ" ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။
ဒီမေးခွန်းရဲ့အဖြေကို တရုတ်မှတ်တမ်းတွေကို အကိုးအကားပြုပြီး ဆရာကြီးဒေါက်တာနိုင်ပန်းလှ ဖြေကြားထားတာ ရှိပါတယ်။ အပေါ်မှာ ဖေါ်ပြထားတဲ့ SUMMARY OF A NEW PERSPECTIVE OF OLD BURMA (Myanmar) ဆိုတဲ့ Lecture ထဲမှာ ဖြေကြားထားပါတယ်။ ကွန်ပျူတာစီထားတဲ့ အဲဒီ Lecture ရဲ့ စာမျက်နှာ 10 မှာဆရာကြီးဒေါက်တာနိုင်ပန်းလှ ဖြေထားတဲ့အဖြေကတော့ -
The area of Sriksetra was 3000 li from east to west; 5000 li from north to south; on the east it adjoined Kambuja and on the southeast was Monland of DVARAVATI in old Siam; on the west was a big mountain range and on the north was Nanchao and on the south there was the sea ...
ဆိုပြီးဖြစ်ပါတယ်။ ဒီကောက်နုတ်ချက်ကို မြန်မာဘာသာပြန်ဆိုရင် -
သရေခေတ္တရာ (နိုင်ငံ) ၏ အကျယ်အဝန်းသည် အရှေ့မှအနောက်သို့ လီ ၃၀၀၀ နှင့် မြောက်မှတောင်သို့ လီ ၅၀၀၀ ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ကမ်ဘုဇ (မျက်မှောက်ခေတ် ကမ္ဘောဒီးယား) နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ အရှေ့တောင်ဘက်တွင် ဒွါရာဝတီ မွန်နိုင်ငံ ရှိသည်။ အနောက်ဘက်တွင် တောင်တန်းကြီးတစ်ခုရှိသည်။ မြောက်ဘက်တွင် နန်စောနိုင်ငံ (မျက်မှောက်ခေတ် ယူနန်ပြည်နယ်တွင်း) ရှိသည်။ တောင်ဘက်တွင်ပင်လယ်ရှိသည် ... ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
တောင်ဘက်မှာ ပင်လယ်နဲ့ ထိစပ်နေတဲ့ သရေခေတ္တရာခေါ် ပျူနိုင်ငံရဲ့ နယ်နိမိတ် အကျယ်အဝန်းနဲ့ ပတ်သက်ပြီးဆရာကြီးနိုင်ပန်းလှရဲ့ အထက်ပါ ဖေါ်ပြချက်ဟာ ယေဘုယျသာ ဖြစ်ပါတယ်။ ဘယ်တရုတ်မှတ်တမ်းကို အကိုးအကားပြုပြီး ပျူနိုင်ငံ အကျယ်အဝန်းကို တင်ပြထားသလဲဆိုတာကို ဆရာကြီးဒေါက်တာနိုင်ပန်းလှအနေနဲ့ အတိအကျဖေါ်ပြထားခြင်း မရှိပါဘူး။ ဒါကြောင့်ပျူနိုင်ငံအကျယ်အဝန်းကို အခိုင်အမာ အတိအကျ ဖေါ်ပြထားတဲ့ခေတ်ပြိုင် တရုတ်မှတ်တမ်း သုံးစောင်အကြောင်းကို ကျနော့်အနေနဲ့ ထပ်မံဖြည့်စွက် တင်ပြလိုပါတယ်။ ဒီမှတ်တမ်းသုံးစောင်ကတော့ -
- အေဒီ ၉၄၆ ခုနှစ်မတိုင်မီရေးသားပြုစုပြီး
တဲ့``ထန်မင်းဆက်သမိုင်းဟောင်း(Old
Tan History)´´
- အေဒီ ၉၆၁ ခုနှစ်တွင်ရေးသားပြုစုပြီးတဲ့
``ထန်မင်းဆက်အုပ်ချုပ်ပုံစာတမ်း(The
Institutes Of The Tan Dynasty)´´
- အေဒီ 1060 ပြည့်နှစ်တွင်ရေးသားပြုစုပြီး
တဲ့``ထန်မင်းဆက်သမိုင်းသစ်(New
Tan History)´´
တို့ပဲဖြစ်ပါတယ်(ဒီတရုတ်မှတ်တမ်းသုံးစောင်
မှာဖေါ်ပြထားတဲ့ပျူနိုင်ငံရဲ့အကျယ်အဝန်း
နယ်နိမိတ်ကိုအပြည့်အစုံသိလိုသူများဖတ်ဖို့
အတွက်နိုင်ငံသမိုင်းသုတေသနစာစောင် ၄
မှာပါရှိတဲ့ဆရာကြီးဦးရည်စိန်ရဲ့``ပျူခေတ်
်မြန်မာနိုင်ငံ၏နိုင်ငံခြားဆက်ဆံရေး´´ဆိုတဲ့
သုတေသနဆောင်းပါးရဲ့စာမျက်နှာ၁, ၂ နဲ့ ၃ တို့ကိုဓာတ်ပုံရိုက်ကူးတင်ပြထားပါတယ်)
ထန်မင်းဆက်သမိုင်းဟောင်းမှာပျူနိုင်ငံ
နယ်နိမိတ်အကျယ်အဝန်းနဲ့ပတ်သက်ပြီးဖေါ်
ပြထားတာက -
ပျူနိုင်ငံသည် ယုန်ချန် အုပ်ချုပ်ရေးနယ်
ဟောင်း တောင်ဘက်မှလီပေါင်း၂၀၀၀
ကျော်တွင်တည်ရှိ၏။(ထန်မင်းဆက်၏)
မြို့တော်နှင့်လီပေါင်း ၁၄၀၀၀ ကွာဝေး
သည်။ယင်းနိုင်ငံ၏အကျယ်အဝန်းသည်
အရှေ့မှအနောက်အထိလီပေါင်း၃၀၀၀
ရှိ၍တောင်ဘက်မှမြောက်ဘက်အထိ
လီပေါင်း၃၅၀၀ရှိသည်။အရှေ့ဘက်
တွင် ကျဲ(န်)လာ့နိုင်ငံနှင့်အိမ်နီးချင်းဖြစ်
၏။အနောက်ဘက်တွင်အရှေ့အိန္ဒိယနှင့်
နယ်မြေဆက်စပ်သည်။တောင်ဘက်တွင်
ပင်လယ်ရှိ၍မြောက်ဘက်တွင် နန်စော
နိုင်ငံ စောလော့မြို့ ၏နယ်မြေသို့ပေါက်
ရောက်သည်။အရှေ့မြောက်ဘက်တွင်
ယန်ကျူမိ-အယ် နှင့်လီပေါင်း၆၈၀၀ကွာ
ဝေးသည်။
ဆိုပြီးဖြစ်ပါတယ်
အထက်ပါကောက်နုတ်ချက်ထဲမှာအပြည့်
အစုံဖေါ်ပြထားတဲ့ပျူနိုင်ငံနယ်နိမိတ်ကိုအနှစ်
ချုပ်ကြည့်ရင်အခုလိုမျိုးတွေ့နိုင်ပါတယ်
ပျူနိုင်ငံရဲ့အရှေ့ဘက်မှာကျဲ(န်)လာ့(ဝါ)
ခမာနိုင်ငံ(မျက်မှောက်ခေတ်ကမ္ဘောဒီးယား
နိုင်ငံ)အနောက်ဘက်မှာအရှေ့အိန္ဒိယ
မြောက်ဘက်မှာနန်စောနိုင်ငံနဲ့တောင်ဘက်
မှာပင်လယ်တို့အသီးသီးတည်ရှိနေပါတယ်
ထန်မင်းဆက်အုပ်ချုပ်ပုံမှတ်တမ်းထဲမှာ
ပျူနိုင်ငံရဲ့နယ်နိမိတ်နဲ့ပတ်သက်ပြီးဖေါ်ပြထားတာကို
အနှစ်ချုပ်ဖေါ်ပြရရင်-
``ပျူနိုင်ငံရဲ့အနောက်ဘက်မှာအရှေ့အိန္ဒိယ
အရှေ့ဘက်မှာကျဲ(န်)လာ့မြောက်ဘက်မှာ
နန်စောတောင်ဘက်မှာပင်လယ်ရှိသည်´´
ဆိုပြီးဖြစ်ပါတယ်
ထန်မင်းဆက်သစ်မှတ်တမ်းမှာဖေါ်ပြထားတဲ့
ပျူနိုင်ငံနယ်နိမိတ်အကြောင်းကိုအတိုချုပ်ဖေါ်ပြရရင်-
``အနောက်ဘက်မှာအရှေ့အိန္ဒိယ အရှေ့
ဘက်မှာကျဲ(နန်)လာ့အနောက်တောင်ဘက်
မှာတော်ဟော်လော်မြောက်ဘက်မှာနန်စော
နဲ့တောင်ဘက်မှာပင်လယ်ရှိသည်´´
ဆိုပြီးဖြစ်ပါတယ်
ခြုံကြည့်လိုက်ရင်တရုတ်မှတ်တမ်းသုံး
စောင်လုံးကပျူနိုင်ငံရဲ့တောင်ဘက်မှာ
ပင်လယ်သာလျှင်ရှိကြောင်းတညီတညွတ်
တည်းဖေါ်ပြထားတာကိုအထင်အရှားတွေ့
နိုင်ပါတယ်ပျူနိုင်ငံရဲ့ပတ်လည်မှာတည်ရှိနေတဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့တည်နေပုံပထဝီအနေ
အထားကိုပါထည့်သွင်းတွက်ဆကြည့်ရင်ပျူနိုင်
ငံရဲ့တောင်ဘက်ကပင်လယ်ဆိုတာတခြား
တော့မဟုတ်ပါဘူးမုတ္တမပင်လယ်ကွေ့ အပါအဝင်ကပ္ပလီပင်လယ်ပြင်ကြီးသာလျှင် ဖြစ်တယ်ဆိုတာအထူးရှင်းပြစရာမလိုအောင်
ထင်ရှားလှပါတယ်
ဒီပင်လယ်ပြင်ကြီးနဲ့ဆက်စပ်တည်ရှိနေတဲ့
ပျူနိုင်ငံရဲ့တောင်ဘက်ခြမ်းဒေသကလည်း
တခြားတော့မဟုတ်ပါဘူးတောင်ပိုင်းကမ်းရိုးတန်းဒေသအပါအဝင်အောက်မြန်မာနိုင်ငံဒေသ
ကြီးသာလျှင်ဖြစ်တယ်ဆိုတာငြင်းမရ
အောင်ထင်ရှားလှပါတယ်ဒါကြောင့်အောက်
မြန်မာနိုင်ငံဒေသကြီးဟာပျူနိုင်ငံထဲမှာပါဝင်
တဲ့ပျူဒေသကြီးဆိုတာခေတ်ပြိုင်တရုတ်မှတ်
တမ်းသုံးစောင်အရအခိုင်အမာအထင်အရှား
ထွက်ပေါ်လာပါပြီ
ဒါကြောင့်ဆရာကြီးဒေါက်တာသန်းထွန်း
လည်းသူရဲ့``မြန်မာထွေထွေရာရာသမိုင်း´´
ဆိုတဲ့စာအုပ်စာမျက်နှာ ၇ မှာတရုတ်မှတ်
တမ်းတွေကိုအကိုးအကားပြုပြီးမှတ်ချက်ပေးထားတာက-
အရင်ကပျူဆိုရင်ဧရာဝတီမြစ်ဝှမ်း
အလယ်ပိုင်းမှာနေမယ်ထင်(ခဲ့)တယ်
အခုသိရတာက...(ပျူဒေသဟာ)တောင်
ဘက်မုတ္တမ(ပင်လယ်ကွေ့)ထိကျယ်ပြန့်
ပါတယ်...
ဆိုပြီးဖြစ်ပါတယ်
အခုဆိုရင်အပေါ်မှာမေးထားတဲ့မေးခွန်း
နှစ်ခုကိုဖြေကြားလို့ရပါပြီအဖြေကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်
``ပျူတွေဟာတောင်ပိုင်းကမ်းရိုးတန်းအပါအဝင်
မြန်မာနိုင်ငံအောက်ပိုင်းဒေသတလျောက်
မှာဟိုတစ်စုဒီတစ်စုတကွဲတပြားစီနေထိုင်
ခြင်းမျိုးလုံးလုံး မဟုတ်ပဲပြန့်နှံ့နေထိုင်ခဲ့ကြ
တာသာဖြစ်တယ်ဒါကြောင့်ပျူအရိုးအိုးတွေကို
အောက်မြန်မာနိုင်ငံမှာရောတောင်ပိုင်း
ကမ်းရိုးတန်းဒေသမှာပါပျံ့နှံ့တွေ့မြင်ရခြင်း
ဖြစ်ပါတယ်´´
အခုဆိုရင်ပျူအရိုးအိုးတွေအရရောခေတ်
ပြိုင်တရုတ်မှတ်တမ်းသုံးစောင်အရရောမြန်
မာနိုင်ငံအောက်ပိုင်းနဲ့တောင်ပိုင်းဒေသဟာ
အေဒီပထမထောင်စုနှစ်ကုန်ဆုံး``လွန်မြောက်
ချိန်အထိ´´ပျူနိုင်ငံထဲပါဝင်ဖွဲ့စည်းထားတဲ့ပျူဒေသကြီးဆိုတာကိုကျနော်တို့အခိုင်အမာသိရပါပြီ
အမှန်ကတော့အောက်မြန်မာနိုင်ငံဟာပျူ
ဒေသကြီးတစ်ခုဖြစ်ခဲ့ဘူးပြီးပျူတွေပျံ့နှံ့နေထိုင်
်ခဲ့တယ်ဆိုတာကိုကျနော်ဖေါ်ထုတ်တင်ပြနေဆဲ
ဖြစ်တဲ့``ပျူအုတ်ခဲစာတွေ´´ကလည်းအခိုင်အမာသက်သေခံနေပါတယ်
ပြီးတော့တခြားသုတေသီပညာရှင်တွေဖေါ်
ထုတ်ထားတဲ့အောက်မြန်မာနိုင်ငံတွေ့ပျူစဉ့်စာတွေ
ပျူခေတ်ဗုဒ္ဓရုပ်ပွားတော်တွေပျူပုတီး
စေ့တွေပျူဒင်္ဂ ါးတွေပျူလက်ရေးစင်းအုတ်တွေ
ကွမ်းဆိပ်ပျူကျောက်စာနဲ့မရမ်းကုန်းပျူ
ကျောက်ပြားစာတွေကလည်းအောက်မြန်
မာနိုင်ငံကိုပျူဒေသကြီးဖြစ်ကြောင်းခိုင်မာစွာ
သက်သေပြုလျက်ရှိနေပါတယ်
( ဆက်လက်ဖေါ်ပြပါမည်)
မူရင်းလင့် = Click here
-----------------------------------
Comments
Post a Comment