ပုဂံမတိုင်ခင်က မြန်မာ့သာသနာ (၁)

  1.  ပုဂံမြို့ဟောင်းက ကျောက်မျက်မှော်စေတီကို အီတလီနိုင်ငံ၊ တိုရီနိုတက္ကသိုလ်မှ ဓါတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်ပညာရှင် Dr.Fantino က သိပ္ပံနည်းကျ သုတေသနပြု ဓါတ်ခွဲစမ်းသပ်ပြီး အစောဆုံး AD. 9-11 ဟု တွက်ချက်ပေးပါသည်။ အဆိုပါစေတီသည် ၂ ထပ်စေတီဖြစ်ပါသည်။ အတွင်းမှစေတီသည် ရှေးကျပြီး အပြင်မှငုံကာ တည်သည့်စေတီဟာ နောက်ကျပါတယ်။ ဆိုလိုသည်မှာအတွင်းစေတီသည် AD.9 ဖြစ်ပြီး အပြင်မှထပ်မံငုံထားသည့်စေတီသည် AD. 11 ဖြစ်သည်။ ထို့ကြောင့် အနော်ရထာဘုရင်မင်းမြတ်(AD.11)မတိုင်ခင် နှစ်ပေါင်း ၂၀၀ ခန့်ကတည်းက ပုဂံမြေပေါ်တွင် ထေရဝါဒသာသနာထွန်းကားနေပြီဖြစ်ကြောင်းကို ခိုင်ခိုင်လုံလုံ ကျွန်တော်တို့သိရပါပြီ။ (မူရင်း = Click here)
  2. ဗိုလ်တစ်ထောင်စေတီတော်ကို ပျူဗမာတို့ တည်ခဲ့ကြောင်း ဌာပနာများက ပြဆိုနေသည်။ (မူရင်း = Click here)
  3. တရုတ်မှတ်တမ်းများအရ စိတ်နှလုံးနူးညံ့လှသော ပျူလူမျိုးတို့သည် သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြပါသည်။ ပါဏာတိပါတကံ မကင်းသော ပိုးထည်များကိုပင် မဝတ်ဆင်ကြပါဘူး။ လက်ပံမှိုမှရသော ချည်ထည်များကို ဝတ်ဆင်ခဲ့ကြပါသည်။
  4. ပျူကချေသည်တို့သီဆိုသော သီချင်းများမှာလည်း ဆွတ်ပျံ့လွမ်းမောစရာ ကောင်းလှပါတယ်။ ဗုဒ္ဓရဲ့ တရားဓမ္မကို ဖော်ညွှန်းသော ဓမ္မတေးသံများကိုလည်း သီဆိုကြပါတယ်။ သီချင်းကလေးများကတော့ ဗုဒ္ဓ၏တံဆိပ်တော် အင်ကြင်းပန်းတစ်ခက် ပျံပါလေဌက်ကလေးချိုးဖြူ ဈာန်၏ငြိမ်းအေးခြင်း ဥဒေါင်းမင်း စသည့် သီချင်းများ ဖြစ်ပါတယ်။ 

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ