မနူဟာမင်း သည် ပုဂံသို့ ခိုလှုံခဲ့ခြင်းလော၊ ပုဂံရောက် စစ်သုံ့ပန်းလော
ဘုန်းတင့်ကျော်
၁၈ ရာစုရေး ဦးကုလား မဟာရာဇဝင်ကြီး၊ ၁၉ ရာစုရေး မှန်နန်းမဟာရာဇဝင်တော်ကြီး၊ ၁၈ ရာစု အမည်မသိ ဆရာရေး မွန်ရာဇဝင်၊ ၂၀ ရာစုရေး သထုံရာဇဝင်နဲ့ ၂၁ ရာစုရေး မွန် - မြန်မာရာဇဝင်စာဆိုတာတွေမှာ သထုံ မနူဟာမင်း ဟာ ပုဂံ အနော်ရထာမင်းကို စစ်ရှုံးပြီး ပုဂံသို့ သုံ့ပန်းအဖြစ် ပါသွားခဲ့ကြောင်း ကရုဏာသက်စဖွယ် ရေးခဲ့ကြပါတယ်။
အဲဒီလို ရေးခဲ့တဲ့ ရာဇဝင်စာရေးတဲ့သူတွေ အနေနဲ့ ပုဂံနဲ့ သထုံစစ်ပွဲအဖြစ် အနော်ရထာမင်းနဲ့ မနူဟာမင်းတို့ကြား စစ်ကြီးဖြစ်ခဲ့ပါတယ်၊ သထုံမင်းမနူဟာဟာ ပုဂံမင်း အနော်ရထာကို စစ်ရှုံးခဲ့လို့ သုံ့ပန်းအဖြစ် ပုဂံသို့ ဖမ်းဆီး ခေါ်ဆောင်သွားခံရပါတယ်ဆိုတာကို အဲဒီ နောက်ပေါ်နောက်ရေး ရာဇဝင်ဆရာတွေ ဘယ်လိုလုပ်ပြီးများ သိခဲ့ကြသလဲ၊ သူတို့ ရေးတိုင်းရော မှန်ရဲ့လား။ ခေတ်ပြိုင် အထောက်အထားစာ မပြပဲ ရာဇဝင်ဆရာတွေ ရေးတိုင်း ဘာကြောင့် ယုံရမှာလဲလို့ သမိုင်းပညာက စဉ်းစားပြီး မေးခွန်းထုတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီရာဇဝင်စာတွေကို ရေးခဲ့တဲ့ ရာဇဝင်ဆရာတွေ အားလုံးဟာ ပုဂံခေတ်မှာ မွေးဖွားလူဖြစ်တဲ့၊ ပုဂံခေတ် အဖြစ်အပျက်တွေကို ကိုယ်တွေ့ သိမီခဲ့တဲ့၊ ပုဂံခေတ်ကနေ ၁၈ရာစု - ၁၉ရာစု - ၂၀ရာစု - ၂၁ရာစု ရာဇဝင်စာတွေ ရေးသားချိန်အထိ မကွယ်လွန်သေးပဲ ဖိုးသက်ရှည်ကြီးတွေအဖြစ် အသက်ရှည် နေထိုင်လာကြပြီး ရေးခဲ့တဲ့သူတွေ တဦးမှမဟုတ်ကြပဲ ပုဂံမင်း အနော်ရထာခေတ်ကနေ အနည်းဆုံး နှစ် ၇၀၀ - ၈၀၀ကျော် နောက်ကျပြီးမှ မွေးဖွားလူဖြစ်လာခဲ့တဲ့ ပုဂံခေတ်၊ ပင်းယခေတ် ၊ အင်းဝခေတ် အလွန် ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်နဲ့ နှစ်တစ်ထောင်အကွာ ကိုလိုနီခေတ်၊ လွတ်လပ်ရေး ရပြီးခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ်၊ နအဖ ခေတ် နောက်ပေါ် နောက်ရေးစာရေးဆရာတွေသာ ဖြစ်ကြတာကြောင့်ပါ။
ပုဂံခေတ်မှာ မမွေးခဲ့ လူမဖြစ်ခဲ့လို့ ပုဂံခေတ်ကို မသိမမီခဲ့တဲ့သူတွေက ပုဂံခေတ်က အနော်ရထာ၊ မနူဟာ အကြောင်းအရာ အဖြစ်အပျက်တွေကို စာပြန်ရေးချင်ရင် ပုဂံခေတ် ကျောက်စာတွေ၊ ပုဂံခေတ်ရေး မှတ်တမ်းစာတွေဆိုတဲ့ ပုဂံခေတ်ဆိုင်ရာ ခေတ်ပြိုင်မှတ်တမ်း အထောက်အထားတွေကို ဖတ်ရှုရပါမှ ပုဂံခေတ်က သမိုင်းဝင် အဖြစ်အပျက် အကြောင်းအရာတွေကို သိရှိ နိုင်ပြီး သမိုင်းအမှန်ကို ရေးသားပြုစုနိုင်မှာ ဖြစ်ပါတယ်။
ခေတ်ပြိုင် မှတ်တမ်းစာဆိုတာက ခေတ်တခေတ်မှာ မွေးဖွားကြီးပြင်း လူဖြစ်ခဲ့တဲ့သူတွေက သူတို့ဘဝ သူ့တို့ခေတ်မှာ ကိုယ်တွေ့ ဖြစ်ခဲ့ကြုံခဲ့တာတွေကို ပေ ပုရပိုက် ကျောက်ပြား ရွှေပြား ငွေပြား ကြေးပြား သားရေပြား အဝတ်စ စသည် တို့ အပေါ် မှာ ရေးမှတ် ထားခဲ့တဲ့ သူတို့ ကိုယ်တွေ့ ခေတ်ပြိုင် မှတ်တမ်းစာ တွေ ဖြစ်ပါတယ်။
ခေတ်တခေတ်ရဲ့ အမှန်သမိုင်း သို့မဟုတ် အမှန်ရာဇဝင် သို့မဟုတ် အမှန်မှတ်တမ်းစာ တခုခုကို နောက်ခေတ်လူတွေက ပြုစု ရေးသားချင်ပါတယ်ဆိုရင် အထက်က တင်ပြခဲ့ သလို ကိုယ်ရေးချင်တဲ့ သက်ဆိုင်ရာ ခေတ်ရဲ့ ခေတ်ပြိုင် မှတ်တမ်းစာ အထောက်အထားတွေကို လေ့လာတွေ့ရှိ ဖတ်ရှုရမှ အမှန် သမိုင်းတွေကို သိရှိနိုင်ပြီး ပြုစုရေးသားနိုင်တာပါ။
သက်ဆိုင်ရာ ခေတ်က ကြွင်းကျန် ခဲ့တဲ့ ကျောက်စာ ပေစာ ပုရပိုက်စာ သတ္တုပြားစာ စသဖြင့် ခေတ်ပြိုင် စာအထောက်အထားတွေကို စာဖတ်သူတွေ၊ သမိုင်းပညာရှင်တွေ စစ်ဆေး ဖတ် ရှုကြည့်နိုင်အောင် ကျမ်းကိုး မပေး ကျမ်းကိုး မပြနိုင်ပဲ ရေးထားတဲ့ နောက်ရေးစာမျိုးတွေဆိုရင် သမိုင်းပညာက မယုံကြည် လက်မခံပါဘူး။
သက်ဆိုင်ရာ ခေတ်ရဲ့ ခေတ်ပြိုင် အထောက်အထားမပြနိုင်တဲ့ နောက်ရေးရာဇဝင်စာပဲ ခေါ် ခေါ် နောက်ရေးသမိုင်းစာပဲ ခေါ် ခေါ် သမိုင်းသုတေသနစာလို့ပဲ အမည်တပ်တပ် ရာဇဝင်ဆရာပဲ ရေးရေး သမိုင်းပညာရှင် ဆိုသူမျိုးကပဲ ရေးရေး အဲဒီလို ခေတ်ပြိုင် အထောက်အထား မ ရှိ မပြနိုင်ပဲ ရေးထားတဲ့ နောက်ရေးစာမျိုး မှန်သမျှကို သမိုင်းပညာစံ ချိန် စံညွှန်း မဝင် တာကြောင့် သမိုင်းပညာက အဲဒီလို စာမျိုးမှန်သမျှကို ရေးသူရဲ့ စိတ်ကူးယဉ် ပုံပြင် သို့မဟုတ် လူမျိုးရေး နိုင်ငံရေး ဝါဒဖြန့် လုပ်ဇာတ်လို့ပဲ သတ်မှတ်ပြီး အယုံအကြည် မရှိ လက်မခံ အတည်မပြုပါဘူး။
ခေတ်တခေတ် လွန်ပြီးမှ ကိုယ်တွေ့ မဟုတ်ပဲရေးတဲ့ စာကို အမှန်သမိုင်းပါလို့ သမိုင်းပညာက မငြင်းပယ်နိုင် ပဲ ယုံကြည် လက်ခံ အတည်ပြုစေချင်ရင် ရေးသူ ဟာ ရာဇဝင်ဆရာပဲ ဖြစ်ဖြစ် ဝါသနာရှင်ပဲ ဖြစ်ဖြစ် သမိုင်းပညာရှင်ပဲ ဖြစ်ဖြစ် သူရေးတဲ့ သက်ဆိုင်ရာခေတ်ရဲ့ ခေတ်ပြိုင်ကျောက်စာတွေ ခေတ်ပြိုင်မှတ်တမ်း ပေစာ၊သားရေပြားစာ၊ သတ္တုပြားစာ၊ စက္ကူစာတွေ၊ ခေတ်ပြိုင် ယဉ်ကျေးမှု ပစ္စည်း အထောက်အထားတွေကို မငြင်းနိုင်အောင် သံသယ ပွားစရာ မ ရှိအောင် မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ ကျမ်းကိုးပြဘို့ ရေးသူဘက်က တာဝန် လုံးဝရှိပါတယ်။
မိမိ ရေးသားပြုစုတဲ့ ရှေး သမိုင်း - ရှေးရာဇဝင်ကို အမှန်သမိုင်းလို့ ယုံကြည် လက်ခံ စေချင်ရင် နောက်ခေတ်မှ ရေးသားပြုစုသူဟာ မှန်ကန် ခိုင်မာတဲ့ ခေတ်ပြိုင်စာအထောက်အထားများ ပေးကို ပေးရပါလိမ့်မယ်။ ဒါကတော့ သူများ အညာ အဖြီး မခံတဲ့၊ ညာလို့ ဖြီးလို့မရအောင် စစ်ဆေး တဲ့ ကမ္ဘာသုံး တက္ကသိုလ်များသုံး သမိုင်းပညာရဲ့ တောင်းဆိုချက် စံနှုန်းပါ။
ပုဂံ အနော်ရထာမင်းကြီးက သထုံ မနူဟာမင်းကို ကျူးကျော် စစ်ပြု ပြီး စစ်ရှုံးသုံ့ပန်းအဖြစ် ဖမ်းခေါ် သွားခဲ့ တာလား၊ သထုံကို ကျူးကျော် တိုက်ခိုက်လာတဲ့ ခရမ် ကရွမ် ကြွမ်ခေါ် ဂျွမ်း ခေါ် ကမ်ပူချ ( သက္ကဋ အသံထွက် ၊ မြန်မာတို့ ပါဠိနွယ် အသံထွက် ကမ္ဗောဇ ) ခမာမင်းအား မနူဟာမင်း စစ်ရှုံးပြီး သထုံကနေ စစ်ပြေး ဒုက္ခသည် အဖြစ် ပုဂံ မင်းနေပြည်တော်ကြီးသို့ သွားရောက် ခိုလှုံ ခဲ့ရ တာလား။
( ၁ ) ဘီစီ ၂ရာစု ကနေ အေဒီ ၁၁ရာစု ( အေဒီ - ၁၀၆၀ခုနှစ် ) အထိ
ရှေးတရုတ် နန်းတော် မှတ်တမ်း အသီးသီး တို့ဟာ ပျူ နိုင်ငံ ဗြဟ္မာနိုင်ငံ မြန်မာနိုင်ငံလို့ အမည် ၃မျိုးရှိကြောင်း သူတို့ ဖော်ပြ မှတ်တမ်းတင် တဲ့ ၊ ရှေးအိန္ဒိယသားတွေနဲ့ ရှေးဘင်္ဂလားသားတွေက ဗြဟ္မာ လူအျိုး ဗြဟ္မာနိုင်ငံလို့ သိ ှိ ခေါ် ဆို မှတ်တမ်းတင် တဲ့ ၊ သခေတ္တရာ ခင်ဘကုန်းဌာပနာ တိုက်ထွက် ငွေဗောဓိကြုတ်စာပါ ပုဗရမိပြည်တော် ပျူဗြဟ္မာ ပြည်တော် လို့ အထောက်အထားရှိတဲ့ ပျူဗြဟ္မာ နိုင်ငံ ပျူ မြန်မာ နိုင်ငံဟာ - မြောက်ဘက်မှာ ယူနန်နဲ့ နယ်စပ်၊ တောင် ဘက်မှာ ပင်လယ်နဲ့ နယ်စပ်လို့ ဘီစီ ၂ ရာစုကနေ အေဒီ ၁၁ ရာစု တရုတ်နန်းတော်တွေဟာ စပိုင်တွေ၊ သံတမန်တွေ နဲ့ ခေတ်အဆက်ဆက် စုံစမ်း ထောက်လှမ်း သိရှိ မှတ်တမ်းတင် ဖော်ပြထားခဲ့ကြပါတယ်။
ရှေးတရုတ်တို့က ပျူ နိုင်ငံလည်းခေါ် ဗြဟ္မာနိုင်ငံလည်းခေါ် မြန်မာနိုင်ငံလည်းခေါ် တဲ့ နိုင်ငံ ရဲ့ တောင်ဘက်ဟာ ပင်လယ်နဲ့ နယ်နိမိတ် ဖြစ်ကြောင်း ဖော်ပြချက် အရ ဘီစီ ၂ ရာစု - အေဒီ ၁၁ရာစု ပျူခေါ် မြန်မာ နိုင်ငံရဲ့ တောင်ဘက် နဲ့ ပင်လယိကြီး အကြားမှာ ရာမည မွန်နိုင်ငံလည်းမရှိ၊ အခြား မည်သည့် နိုင်ငံ မှလည်း မရှိကြောင်း၊ တောင်ဘက် ပင်လယ် ကမ်းစပ်အထိ ပျူဗြဟ္မာ နိုင်ငံခေါ် ဗြဟ္မာဒေ့ရ် ဗြဟ္မာဒေသ နိုင်ငံကြီးသာ ဖြစ်ကြောင်း ထင် ရှားပေါ်ပေါက်နေပါတယ်။
ဒီအချက်က ဘာကို ဖော်ပြနေသလဲဆိုတော့ ဗြဟ္မာခေါ် မြန်မာခေါ် ပျူနိုင်ငံ တောင်ပိုင်းပင်လယ် ကမ်းရိုးတန်းမှာ မုတ္တမပျူမြို့ကြီး အပါအဝင် ပျူမြို့ တွေ သာရှိကြောင်း၊ အဲဒီ ကမ်းရိုးတန်း ပျူမြို့တွေက မင်းတွေ ဟာ ပျူ ဗြဟ္မာ အင်ပါယာ ရဲ့ ပျူ ဗြဟ္မာ ဧကရာဇ် မင်းကြီး တွေရဲ့ သြဇာခံ ပျူဗြဟ္မာမြို့တွေနဲ့ ပျူဗြဟ္မာ မြို့စားမင်း တွေသာဖြစ်ကြောင်း၊ ပျူဗြဟ္မာ ခေါ် မြန်မာပြူ ဧကရာဇ် မင်းကြီး အနော်ရထာလက်ထက်မှာ ပဲခူးမင်း ၊ သထုံမင်း ၊ မုတ္တမမင်းတို့ ွဟာ ဧကရာဇ် မင်းကြီး အနော်ရထာ ရဲ့ သြဇာခံ မြန်မာပြူ မြို့စားမင်းတွေ သာဖြစ်ကြောင်း၊ အေဒီ ၁၃ရာစု နှောင်း အထိ တောင်ပိုင်းကမ်းရိုးတန်းဒေသကြီးမှာ မရှိ သေးတဲ့ မွန်နိုင်ငံရဲ့ မွန် ဧကရာဇ်မင်းဆိုတာ မပေါ်ပေါက်သေးကြောင်း၊ နောက်ရေးရာဇဝင် ဆရာတွေ အထောက်အထားမပြစတမ်း စိတ်ကူးယဉ် လိုရာဆွဲ ချဲ့ကား ရေးကြသလို အနော်ရထာ မတိုင်ခင် မွန်နိုင်ငံ နဲ့ အနော်ရထာခေတ်ပြိုင် မွန်နိုင်ငံ ဆိုတာ တွေ မရှိကြောင်း၊ အနော်ရထာ မတိုင်ခင်နဲ့ အနော်ရထာ ခေတ် မွန်နိုင်ငံလို့ ရေးသားခဲ့ကြတဲ့ နောက်ရေး ရာဇဝင်စာတွေ အားလုံးမှားယွင်းနေကြောင်း သမိုင်း အဓိပ္ပါယ် ထွက် လျက်ရှိပါတယ်။
အဲဒီအပြင် ဗြဟ္မာခေါ် ပျူ နိုင်ငံ တောင်ပိုင်းဟာ ပင်လယ်နဲ့ နယ်နိမိတ်၊ မုတ္တမ ပျူ မြို့ကြီးဆိုတဲ့ ရှေးတရုတ် နန်းတော်မှတ်တမ်း အထောက်အထားများအရ ပျူ ရာဇဝင်၁၈စောင် တွဲ ခေါ် ပျူ ၁၈ပြည်ထောင် ရာဇဝင် ကျမ်းမှာ ဖော်ပြထားတဲ့ ရှေးခေတ် မြန်မာနိုင်ငံနယ်နဲ့ ရှေးတရုတ် မင်းတွေ မပိုင်သေးတဲ့ရှေးခေတ် ယူနန်နယ် အတွင်းက ပျူအုပ်စုကြီးများအနက် တောင်ပိုင်း ပျူအုပ်စုကြီးတွေ ဖြစ်တဲ့ တိန်မယ်ပျူအုပ်စု မြို့တော် ပဲခူး ၊ ပေါက္ခရဝတီ ပျူမြို့ ( တွံတေးမြို့နယ်)၊ အတိသဉ္စနာဂရ ပျူမြို့ ( ရွှေတိဂုံ စေတီ မတည်ခင် ကတည်းက သိင်္ဂုတ္တရ ကုန်း တော် အခြေ )၊ တိန်မယ် ပျူ အုပ်စု မြို့တော် ပဲခူး၊ ကလောက်ဂေးပျူအုပ်စု မြို့တော် သထုံ ၊ တနင်္သာရီပျူအုပ်စု မြို့တော် ထားဝယ် ၊ သာဂရ လို့ မှတ်တမ်းတင် ဖော်ပြချက်တွေဟာ အမှန်တရား တွေ ဖြစ်ကြောင်းလည်း ပေါ်ပေါက် နေပြန်ပါတယ်။
ပျူရာဇဝင် ၁၈ စောင်တွဲ မှာ အနော်ရထာမင်းကြီး မတိုင်ခင်ရော၊ အနော်ရထာ မင်းကြီးလက်ထက်အထိရော ရှေးခေတ် မြန်မာနိုင်ငံ တောင်ပိုင်း ကအ်းရိုးတန်းဒေသကြီးမှာ မွန်နိုင်ငံမ ရှိသေးပဲ တောင်ပိုင်း မြန်မာပျူ အုပ်စုကြီးတွေဖြစ်တဲ့ တိန်မယ် ( ထီးမင်းပျူ )ပျူအုပ်စု - မြို့တော် ပဲခူး၊ ကလောက်ဂေး ပျူအုပ်စု - မြို့တော် သထုံ၊ တနင်္သာရီ ပျူ အုပ်စု မြို့တော် - ထားဝယ်နဲ့ သာဂရ ဆိုတဲ့ တောင်ပိုင်းကမ်းးရိုးတန်း မြန်မာပျူု အုပ်စု မြို့ရွာ တွေသာ ရှိကြောင်း ဖော်ပြချက်တွေ မှန်ကန်ကြောင်း တရုတ် မှတ်တမ်း အထောက်အထားတွေ အရ ကောင်းစွာထင်ရှား ပေါ် ပေါက်နေ ပါတယ်။
အဲဒီ့အပြင် သရေခေတ္တရာမြို့ဟောင်းတွေ့ အတိတျာမင်း ကျောက်အရိုးအိုးစာပါ မှတ်တမ်းကျောက်စာ အရလည်း သရေခေတ္တရာ နိုင်ငံ တောငိပိုင်း ကမ်းရိုးတန်း ပါဒ ၊ ဒလ ၊ လှည်းကူး၊ ပဲခူး၊ ဘုရား( ကြီး)၊ ကဝ၊ ကဝေါ ( ဝေါ ) တိုက်ကဠား၊ ယက္ခ တိုင်း ၊ ထာဝယ် သာဂရ တွေ ကနေ တကွာပ မြိုနဲ့ ပသျူးကျွန်းဆွယ် အထိ သရေခေတ္တရာ နိုင်ငံ ပိုင်နက် ဒေသကြီး ဖြစ်ကြောင်း ထင်ရှား ပေါ်ပေါက် နေ ပြန် ပါတယ်။
အဲဒီအပြင် တောင်ပိုင်း ကမ်းရိုးတန်းဒေသကြီး တလျှောက် က မြို့ဟောင်းတွေမှ ာ ယခုထိ တွေ့ရသမျှ ပုဂံမင်း အနော်ရထာ မတိုင်ခင် ပိုစောတဲ့ ကာလ ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ပစ္စည်း အထောက်အထားတွေက ပျူ ဗြဟ္မာခေါ် ပျူ မြန်မာ ခေါ် ပျူ ယဉ်ကျေးမှု ပစ္စည်းများ ဖြစ်ကြတဲ့ ပျူခေတ် ဗုဒ္ဓရုပ်ပွားတော်များ၊ ပျူ အုတ်ခွက်ဘုရားများ၊ ပျူအက္ခရာစဉ့်စာတွေ နဲ့ ပျူခေတ် စဉ့် ဖို ဟောင်းများ ၊ ပျူ အက္ခရာ အုတ်ခဲစာများ ၊ ယင်း ပျူအက္ခရာပါအုတိခဲများ နဲ့ တာ် ဆောက် ခဲ့ကြတဲ့ ေ ရှးစေတီ ဟောင်းများ၊ ရှေးစေတီ ဟောင်း များသို့ သွားရန် ရှေးအုတ်လှေကားဟောင်းများ ၊ ရှေး အဆောကိအဦဟောင်းများ နဲ့ ေ ှးမြို့ရိုးဟောင်းများ ၊ ပျူဆေးတံများ၊ ပျူ အရိုးအိုးများ ၊ ပျူ သချို င်္င်း ဟောင်းများ ၊ ပျူပုတီးစေ့များနဲ့ ပျူဒင်္ဂါးများ ကိုသာ တွေ့မြင် ရပြီး အနော်ရထာမင်း မတိုင်ခင် မွန်ယဉ်ကျေးမှု ပစ္စည်း ဘာဆို ဘာတခုမှ မတွေ့မြင် ရခြင်းကလည်း ဒီ တောင်ပိုင်းကမ်းရိုးတန်း ကြီးပေါ် က အနော်ရထာ မင်းကြီး မတိုငိခင် မြို့ဟောင်းတွေ လူနေဒေသ ဟောင်းတွေဟာ ပျူ မြို့ပြဟောင်းတွေ ပျူ ရွာဟောင်းတွေ ဖြစ်ကြောင်း ထပ်မံ သက်သေခံ ပေါ် ပေါက် နေပါတယ်။
ခေတ်ပြိုင် အထောက်အထားမဲ့ ရေးထားတဲ့ ရာဇဝင်စာ တွေ မှာ လိုရာဆွဲ ဇာတ်လမ်းဆင် ရေးထားကြသလိုမျိုး အဲဒီ ကာလ ပျူ မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းကြီး တလျှောက်မှာ ရာမည မွန်နိုင်ငံ မရှိခဲ့ကြောင်း၊ သထုံ မွန် ဧကရာဇ် မင်းဆိုတာ မ ရှိခဲ့ကြောင်း၊ အနော်ရထာမင်းကြီး သြဇာခံ ပဲခူး ပျူ၊ သထုံပျူ ၊ မုတ္တမပျူ မြို့စားမင်းတွေသာ ရှိခဲ့ကြောင်း၊ မွန်နိုင်ငံ မ ရှိတာကို ရှိပါတယ်လို့ ရေးကြတဲ့ မြန်မာနိုင်ငံ နောက်ရေးရာဇဝင် ဆရာတွေ ( ၁၈ ရာစု ကနေ ၂၁ရာစု ရေးတဲ့ နောက်ရေး ရာဇဝင် တွေ ၊ သမိုင်းအမည်ခံ နောက်ရေး စာတွေ၊ သမိုင်း သုတေသန အမည်ခံ ဆရာလုစ် ရဲ့ ဗမာသမိုင်းလုပ်ဇာတ်စာ မွန်သမိုင်း လုပ်ဇာတ်စာ နဲ့ အခြား တိုင်းရင်းသားလူမျိုးစုများ သမိုင်းလုပိဇာတ်စာတွေ ) အားလုံး မှားယွင်းနေကြောင်း ခေတ်ပြိုင်တရုတ်မှတ်တမ်းများ၊ အတိတျာ မင်းကျောက်အရိုးအိုးစာ နဲ့ ကမ်းရိုးတန်း ဒေသရှေး မြို့ဟောင်း များ နဲ့ ရှေးသချို င်္ င်းဟောင်းများတွေ့ ပျူအက္ခရာအုတ်ခဲစာတွေ ပျူအက္ခရာ စဉ့်စာတွေ အပါအဝင် ပျူ ယဉ်ကျေးမှု ပစ္စည်း အထောက်အထား မျိုးစုံတို့ အရ ကောင်းစွာ ထင်ရှား ပေါ် ပေါက်နေပါတယ်။
နောက်ရေး ဦးပညာရဲ့ သထုံ ရာဇဝင် နဲ့ နောက်ရေး အခြား မွန်ရာဇဝင်တွေကို ကိုင်စွဲပြီး မနူဟာကိုမွန်မျိုး မွန်မင်းလို့ ငြင်းခုန် ချင်တဲ့သူတွေ ရှိခဲ့ရင် ငြင်းခုန်သမှု မပြုခင် သထုံ ရာဇဝင်ကို ပဲ သေချာပြန်ဖတ် ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။
သထုံ ရာဇဝင်မှာ မနူဟာမင်းကြီးဟာ ရသေ့ညီနောင် ၂ပါးရဲ့ မွေးစားသားဖြစ်တဲ့ ပထမ သထုံ မြို့တည် နန်းတည်မင်းဖြစ်တဲ့ ဒွတ္တဘာဂ ဒွတ္တဘောင်ကနေ အနွယ်စဉ်မပျက် ဆင်းသက်လာတဲ့ မင်းလို့ ဆိုထားတယ် မဟုတ်ပါလား။
အဲ ဒီ သထုံ ရာဇဝင် ကို ကုန်းဘောင် ခေတ် ဘိုးတော် ဦးဝိုင်းလက်ထက် ကော့ဂွန်းဂူ ဘုရားဌာပနာတိုက်ထွက် မွန်ဘာသာရေးပေစာထုပ်ကနေ မြန်မာ ဘာသာသို့ မွန်စာတတ် ပညာရှိကနေ ဘာသာပြန် ပေးတာကို သူကျမ်းကိုးတာလို့ ဦးပညာက ကျမ်းဦးမှာ ဆိုထားပါတယ်။
ပထမ သထုံ မြို့တည် နန်းတည် သထုံ မင်းကြီးဟာ ဒွတ္တဘောင်မင်း ဆိုတာ ပအိုဝ်အမျိုးသား ဆရာ တစ်ဦးကလည်း ထောက်ခံ ရေးထားပါတယ်။ သူ့ ရဲ့ စာအုပ်မှာ မဟာဒွတ္တဘောင်လို့ မဟာပါတပ်ပြီး ရေးထားပါတယ်။
သထုံရာဇဝင်ပါ ပထမ သထုံ မြို့တည် နန်းတည်မင်းဟာ သထုံ ဒွတ္တဘောင်မင်းလို့ ဖော်ပြချက်ဟာ ပျူ ရာဇဝင် ၁၈ စောင်တွဲ ပါ သထုံ ပျူအုပ်စု ဟာ ကလောက်ဂေးပျူအုပ်စု မြို့တော် သထုံ ဆိုတာနဲ့ ကိုက်ညီနေပါတယ် ။ ဒါက ရာဇဝင် ၂ ခုရဲ့ စကားပါ ။ ခေတ်ပြိုင် အထောက်အထားတွေ အဖြစ် လက်ရှိ မြင်တွေ့ နေရတာကတော့ ပုသိမ်၊ ငပုတော၊ ကျုံပျော် ၊ မြောင်းမြ ၊ အင်္ဂပူ၊ သံလျင် - ကျောက်တန်း - ပါဒ၊ ဒေးဒရဲ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ပေါက္ခရဝတီ (တွံတေး)၊ ဒလ ( တွံတေး ၊) ၊ ရန်ကုန် ( အတိသဉ္စ နာဂရ ) ၊ မြောက်ဒဂုံ တိုးကြောင်ကလေး၊ မှော်ဘီ ၊ လှည်းကူး၊ ပံခူး၊ အင်းတကော် ၊ ကဝ၊ ဝေါ ၊ ကျိုက်ထို ၊ ဘီးလင်း၊ သထုံ ၊ ပေါင် ၊ စမ္ပာ နဂိုရ်၊ မုတ္တမ ၊ မော်လမြိုင် ၊ မော်လမြိုင် မြို့ တောင်ဘက်စွန် မုပွန် ရပ်ကွက် မြို့ဟောင်း၊ ဘီလူးကျွန်း ချောင်းဆုံ မြို့နယ် ၊ မုဒုံ ၊ သံဖြူဇရပ် နယ် ဝါခရူ မြို့ဟောင်း၊ ကျိုက္ခမီနယ် ၊ ထားဝယ် သာဂရ ၊ တနင်္သာရီ တွေမှာ ပုဂံ မင်းကြီး အနော်ရထာ မတိုင်ခင် မွန် ယဉ်ကျေးမှု ပစ္စည်း အထောက်အထားတွေ ဘာမှ မတွေ့ ရပဲ ပျူ ခေါ် ပျူ မြန်မာတို့ရဲ့ ပျူ အက္ခရာ စဉ့်စာတွေနဲ့ ပျူ စဉ့်ဖိုဟောင်းတွေ ၊ ပျူအက္ခရာ အုတ်ခဲစာတွေ၊ ပျူ အက္ခရာ အုတ်ခဲ စာ အုတ်တွေနဲ့ တည်ထားခဲ့တဲ့ ရှေးစေတီ ဟောင်းတွေ နဲ့ ရှေး ဘုရားစောင်းတန်း အုတ်လှေကားတွေ နဲ့ ရှေးအုတ်မြို့ရိုးတွေ ၊ ပျူ ခေတ် ဗုဒ္ဓ ရုပ်ပွားတော်တွေ ၊ ပျူအုတ်ခွက် ဘုရားတွေ၊ ပျူ ပုတီးစေ့တွေ ၊ ပျူဆေးတံတွေ၊ ပျူ ဒင်္ဂါးတွေ ၊ ပျူ အရိုးအိုးတွေ နဲ့ ပျူ သချီု င်္င်း ဟောင်းတွေပဲ တွေ့မြင်နေရပါတယ်။
သထုံ ဒွတ္တဘာဂ ဒွတ္တဘောင်မင်းဆက် ဆိုတာ ပျူမင်းဆက်လား ၊ မွန် ဗညားမင်းဆက်လား ဆိုတာ ငြင်းချက် မထုတ်ခင် ဥာဏ်လေး နည်းနည်းသုံးပြီး ပြန်ချင့်ချိန် စဉ်းစားကြည့်ကြပါ။ စဉ်းစားဥာဏ်မြင့်တဲ့ လေးစား အပ်တဲ့ စာဖတ်ပရိသတ် တွေ ရှေ့မှာ အမှန်ကို ဝန် မခံရဲ တာကြောင့် သိက္ခာ မဲ့စွာ ငါ့ စကားနွားရ ငြင်းကြမှာလား။ သိက္ခာရှိရှိ မှန်ကန်တဲ့ ခေတ်ပြိုင်အထောက်အထားတွေနဲ့ အမှန်သမိုင်းကို ပြောကြ မှာလား။
( ၂ ) သမိုင်းပါမောက္ခ G.H.Lce ဟာ " Old Burma Early Pagan " ပထမတွဲ မှာ " ဒွာရာဝတီ တောင်ပိုင်းမှာ တည်ရှိတဲ့ ရာမည နိုင်ငံကို အေဒီ ၉၅၀ ဝန်းကျင်ခန့်မှာ ခမာအင်ပါယာ ခမာမင်း ရာဇနြ္ဒိ ဝရ်မန်မင်းက တိုက်ခိုက် အောင်နိုင်သိမ်းယူ ခဲ့ကြောင်း၊ အဲဒီ ခမာမင်းဟာ ရာမညနိုင်ငံကို အောင်နိုင်သိမ်းပိုက်ခဲ့တဲ့ အောင်ပွဲ အကြောင်းကို သက္ကဋ ဘာသာနဲ့ ကျောက်စာရေးထိုးခဲ့ကြောင်း၊ အဲဒီ ကျောက်စာဟာ ထိုင်းနိုင်ငံ အမျိုးသား ပြတိုက်မှာ ရှိကြောင်း အတိအလင်း ရေးသားဖော်ပြထားပါတယ်။
ဆရာလုစ် ဖော်ပြတဲ့ ခမာမင်းကျောက်စာ အထောက်အထားအရ အနော်ရထာမင်း မတိုင်ခင် အနော်ရထာ့ ခမည်းတော် ကွမ်းဆော် မင်းကြီးမတိုင်ခင် ရာမည မွန်နိုင်ငံဆိုတာဟာ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ မရှိခဲ့ပဲ နောင်အခါမှာ ထိုင်းနိုင်ငံ ဖြစ်လာမယ့် ဒွာရာဝတီ တိုင်းကြီးထဲမှာ သာ တည်ရှိခဲ့တာဖြစိကြောင်း၊ မြန်မာနိုင်ငံထဲက အနော်ရထာမင်း မတိုင်ခင် မွန် ယဉ်ကျေးမှု အထောက်အထား ဘာတခုမျှ မတွေ့ရပဲ ပျူ ယဉ်ကျေးမှု အထောက်အထား မျိုးစုံကိုပဲ တွေ့မြင်နေရတဲ့ တောင်ပိုင်းကမ်းရိုးတန်းနဲ့ သထုံကို ရာမည မွန်မြို့ မွန်နိုင်ငံလို့ ရေး ကြပြောကြတဲ့ မြန်မာ ရာဇဝင် မွန်ရာဇဝင် တွေ အားလုံး မှာယွင်းနေကြောင်း၊ အေဒီ ၉၅၀ ဝန်းကျင်ကတည်းက ခမာဧကရာဇ်မင်းကနေ တိုက်ခိုက်သိမ်းယူခံလိုက်ရတာကြောင့် ဒွာရာဝတီ တောင်ပိုင်း ရှိ မွန် ရာမည နိုင်ငံ လုံးဝ ပျက်သုဉ်းသွားခဲ့ပြီး ခမာ အင်ပါယာ လက်အောက် ကျရောက် သွားခဲ့ပြီ ဖြစ်ကြောင်း အလွန် ထင်ရှားပေါ် ပေါက် နေပါတယ်။
(၃ ) ထန်မှတ်တမ်းသစ်ကြီးမှာ ဒွာရာဝတီ တိုင်းဟာ ပျူနိုင်ငံရဲ့ သြဇာခံ ၁၈နယ်ထဲက တစ်နယ် ဖြစ်ကြောင်းဖော်ပြထားပါတယ်။
ဒီ အထောက်အထားအရ ဒွာရာဝတီတိုင်း ဟာ ပျူနိုင်ငံရဲ့ သစ္စာခံ သြဇာခံ ဖြစ်ကြောင်း ထင် ရှားပေါ် ပေါက် လျက်ရှိခြင်း နဲ့အတူ ဒွာရာဝတီ တိုင်းကြီး အဝင်ဖြစ်တဲ့ ဒွာရာဝတီ တိုင်းတောင်ပိုင်းက ရာမည မွန် နိုင်ငံ နဲ့ ဒွါရာဝတီ အလယ်ပိုင်းက လဝနိုင်ငံ၊ ဒွါရာဝတီ မြောကိပိုင်းက ဟရိဘုဉ္စနိုင်ငံ တွေဟာ ဗြဟ္မာခေါ် ပျူနိုင်ငံခေါ် ပုဂံနိုင်ငံံကြီးရဲ့ သြဇာခံ နိုင်ငံတွေ ဖြစ်ကြောင်း တပါတည်း ပေါ် ပေါက် လာပါတယ်။ ဒါကြောင့်လည်း ရာမည မွန်နိုင်ငံ က ဗုဒ္ဓဘာသာဝင် မွန်တွေ ၊ လဝပူရ နိုင်ငံ က ဗုဒ္ဓ ဘာသာဝင် လဝ တွေ ၊ ဟရိ ဘုဉ္စက ဗုဒ္ဓဘာသာဝင် ပြည်သူ ပြည်သားတွေ ဟာ ဟင်ဒူ အယူမှာ အလွန်ပြင်းထန်ပြီး ဗုဒ္ဓဘာသာကို ခွင့်မပြုပိတ်ပင်တဲ့ ခမာဧကရာဇ် မင်းတေ ွ ကို သူတို့ စစ်ရှုံး တဲ့ အချိန်မှာ ဟင်ဒူ ခမာမင်း ဟင်ဒူ ခမာ အင်ပါယာ လက်အောက်မှာ စစ်ရှုံး လက်အောက်ခံ အဖြစ် နေထိုင်ကြလိုဟန် မရှိပဲ သူတို့ ဇာတိ ရပ်ရွာတွေကို စွန့်ခွာပြီး ဒွါရာဝတီ တိုင်းရဲ့ ခေါင်းဆောင် ဗုဒ္ဓဘာသာ ဗြဟ္မာခေါ် ပျူခေါ် ပုဂံ နိုင်ငံ တွင်းသို့ ခမာ စစ်ပြေး ဒုက္ခသည်များအဖြစ် တစုပြီးတစု တဖွဲဖွဲ ရွှေ့ပြောင်း ခိုလှုံ လာကြ တာ ဖြစ်ကြောင်း သိသာ ထင်ရှားနေပါတယ်။
(၄ )ထိုင်းနိုင်ငံ ရှေးဟောင်းသုတေသနဌာန ပညာရှင် အဖြစ် ခန့်အပ် တာဝန် ပေးခံရတဲ့ ပြင်သစ် ပညာရှင် စေးဒီးက လည်း ရာမညမွန် နိုင်ငံ ယဉ် ကျေးမှု Civilization စတင်ပေါ် ပေါက် လာတာဟာ အထောက်အထားများအရ အေဒီ ၈ ရာစု မှသာ ဖြစ်ကြောင်း၊ ယင်းရာစုထက် မစောကြောင်း လူသိရှင်ကြား ရေးသားပြောဆိုခဲ့ပါတယ်။ အဲ့ဒီ အပြင် ရာမညနိုင်ငံဟာ ဒွာ ရာဝတီတိုင်းကြီး တခုလုံး ( ယခုခေတ် ထိုင်းနိုင်ငံ အရွယ်အစား) လို့ ပြောဘို့ ရာ တွေ့ရှိရတဲ့ အနည်းငယ်မျှသော အထောက်အထား ( နယ်နိမိတ် ဖော်ပြချက်မပါ ရှိသော ကျောက်စာ ၂ချပ်မျှ ) ဖြင့် သူ့အနေနဲ့ တော့ မပြောဝံ့ပါကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
( ၅ ) ရှေး တရုတ် တွေက ဗြဟ္မာနိုင်ငံ ပုဂံနိုင်ငံ လို့လည်း သိ ရှိခေါ် ဆို မှတ်တမ်းတင် ခဲ့တဲ့ ပျူနိုင်ငံမှာ အင်အားတောင့်တင်းပြီး ထင်ရှားကျော်ကြားတဲ့ ပျူမြို့ကြီး ၃၂ မြို့ ရှိကြောင်း၊ သင်္ကသ ( တကောင်း )၊ ဇေယျဝတီ ( တောင်ငူ နယ် )၊ တမ်ပ (ပုဂံ ) မြို့ ကြီးနဲ့ မုတ္တမမြို့ ကြီးတွေဟာ အဲဒီ ပျူမြို့ကြီး ၃၂ မြို့ထဲမှာ ပါရှိကြောင်း အေဒီ ၇ရာစု - အေဒီ ၁၀ရာစု ထန် မင်းဆက် မှတ်တမ်းသစ်ကြီး ထဲမှာ ဖော်ပြပါ ရှိ သော်လည်း မြန်မာနိုင်ငံ နောက်ရေး ရာဇဝင်ဆရာတွေ အမွှမ်းတင် ဖော်ပြကြလေ့ရှိတဲ့ သုဓမ္မာဝတီ သုဓုံမ် သထုံမြို့ဆိုတာကတော့ အဲဒီ ခေတ်ပြိုင် ထန်မှတ်တမ်းသစ်ကြီး က ဖော်ပြထားတဲ့ ပျူနိုင်ငံက အင်အားတောင့်တင်းပြီး ထင်ရှားကျော်ကြားတဲ့ မြို့ကြီး ၃၂မြို့ စာရင်းမှာ လုံးဝ မပါရှိပါဘူး။ ဒီ အချက်က သထုံ ဟာ အင်အားကြီးမြို့ကြီးတွေထဲမှာ မပါဝင်တဲ့ သာမန်မြို့ တမြို့လို့ သိသာ ပေါ် ပေါက် နေပါတယ်။
( ၆ ) ပဲခူးမြို့ ကိုးသိန်းကိုးသန်း ဘုရားသမိုင်းမှာ သထုံကို ကျူးကျော် ရန်စစ်ပြုလာတဲ့ ဂျွမ်း ခေါ် ကြွမ် တို့ ကြည်းတပ် ရေတပ် စစ်အင်အားကြီးမားတာကြောင့် မနူဟာ မင်းဟာ သထုံကို ခမာ လက်မကျအောင် မခုခံ နိုင်တော့ပဲ မိသားစုကို ခေါ် ဆောင်ကာ သထုံကနေ ဆုတ်ခွာပြီး ပဲခူးသို့ ရောက်လာခဲ့ကြောင်း ၊ ဥသာ ပဲခူးမြို့အထိ ခမာကြည်းတပ် ရေတပ်တွေ ချီ လာရန်ပြု စ အခါမှာ ပဲခူးမြို့ကို ခမာ စစ်တပ်ကြီးက ပိတ်ဝိုင်းမမိခင်မှာ ပဲခူးကနေ ရှောင် ထွက်သွားခဲ့ကြောင်း ၊ အဲဒီနောက် ပုဂံ မြန်မာပြူမင်းအနော်ရထာကနေ တိန်မယ် ပျူ ပဲခူးမင်း ခေါ် ဗောင်းတော်ရှည်မင်း ဘက်ကနေ စစ်ကူပေးလာပြီး ဥသာ ပဲခူးမြို့ကို ဝိုင်းဝန်း ထားတဲ့ ဂျွမ်းခမာ စစ်တပ်ကို နှိမ်နင်းတိုက်ခိုက် အောင်မြင်ကြောင်း ဖော်ပြ ပါရှိပါတယ်။ မနူဟာမင်းဟာ ပဲခူးကနေ ဘယ်သို့ စစ်ရှောင် ပြေးသွားကြောင်းတော့ မဖော်ပြထားပါဘူး။
ပဲခူးမြို့ ကိုးသိန်း ကိုးသန်း ဘုရားသမိုင်းမှာ မနူဟာမင်းဟာ သထုံကို စွန့်ပစ် ထွက်ပြေးလာတဲ့၊ ခမာစစ်ကို စစ်ရေးမလှ ရှုံးနိမ့်ခဲ့တဲ့ ခမာ စစ်ပြေးမင်း လို့ဖော်ပြချက် ကတော့ အခြား မွန်ရာဇဝင် မြန်မာ ရာဇဝင် တွေက မနူဟာမင်းကို ပုဂံ စစ်ရှုံးမင်းလို့ ဖော်ပြချက် တွေ နဲ့ လုံးဝ ဆန့်ကျင်လျက် ရှိပါတယ်။
ပဲခူးကိုးသိန်း ကိုးသန်းဘုရားသမိုင်းမှာ မနူဟာကို ခမာစစ်ရှုံးမင်း စစ်ပြေးမင်းလို့ ဖော်ပြထားတာ မှန်ကန်ကြောင်းကို မြန်မာမင်းကြီးများရဲ့ အမိန့်တော်ပြန်တမ်း စစ်တမ်းစု ပေါင်းချူပ် တစ်စောင်မှာပါတဲ့ လှေသင်းစု တစု အကြောင်း ဖော်ပြချက်က ထောက်ခံနေပါတယ်။
အဲဒီ အမိန့်တော် ပြန်တမ်း စစ်တမ်း စာစုမှာ - " မနူဟာမင်းဟာ သမီးတော်ဆက်သပြီး ပုဂံသို့ ခိုလှုံ လာကြောင်း၊ ထိုမင်းနဲ့ တကွ အတူပါ မိဖုရား မင်းသား မင်းသမီး အမတ် စစ်သည် ဗိုလ်ပါအားလုံးကို ရွှေစည်းခုံ ဘုရားမှာ ရေစက်သွန်းချ၍ ဘုရားကျွန်အဖြစ် အနော်ရထာမင်းကြီးက လှူဒါန်းခဲ့ကြောင်း၊ မနူဟာမင်းနဲ့ အတူပါလာတဲ့ လှေတော်ကြီး ၄စင်းနဲ့ လှေသားတွေကို ရေတပ် လှေသင်းစုတစု အဖြစ် အနော်ရထာမင်းကြီးက ဖွဲ့ပေးခဲ့ကြောင်း ပါရှိ တာကို ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ မြန်မာမင်းများ အမိန့်တော်ပြန်တမ်း ( The Royal Orders Of Burma ) ပထမတွဲ စာမျက်နှာ - ၂၉၂ မှာ ပုံနှိပ် ဖော်ပြ ထားပါတယ်။
( ၇ ) မနူဟာမင်းဟာ ပုဂံသို့ သမီးတော် ဆက်သ ခိုလှုံခဲ့ကြောင်း အထက်ပါ စာကို ထောက်ခံ လျက်ရှိတဲ့ အလားတူ စစ်တမ်း အထောက်အထား နောက်ထပ် တစ်ခုကို သက္ကရာဇ် ၉၇၈ ခုနှစ် အနောက်ဘက်လွန်မင်းကြီး ( ....) လက်ထက် စစ်တမ်းတစ်စောင်မှာ ထပ်မံ တွေ့ရှိရပြန်ပါတယ်။
အဲဒီမင်းကြီးလက်ထက် မင်းမှုထမ်း အစုအငန်းတွေကို စံနစ်တကျ ရှိအောင် ပြန်လည် စိစစ် စစ်ဆေးခဲ့ရာမှာ ရေတပ် လှေသင်းတစ်သင်းရဲ့ ကျမ်းကျိန် အစစ်ခံချက်မှာ - " ကျွန်တော် မျိုးတို့သည် မနူဟာမင်း လှေတော်ကြီး ၄ စင်းနဲ့ ပုဂံသို့ သမီးတော်ဆက်သ ခိုလှုံ ရောက်ရှိစဉ်အခါက ၊ ..... ၊ မနူဟာမင်းနဲ့ အတူ ပါလာတဲ့ လှေတော်ကြီး ၄စင်းနဲ့ လှေသားတွေကို အနော်ရထာမင်းကြီးက လှေသင်းစု တစ်စု အဖြစ် ဖွဲ့စည်း ပေးခဲ့တဲ့
လှေသင်းအရိုးအစဉ်အဆက် အတိုင်း ဆင်းသက်လာတဲ့ လှေသင်းစု ဖြစ်ပါကြောင်း " အစစ်ခံ ထွက်ဆို ချက် ဖြစ်ပါတယ်။
( ၈ ) ပုဂံခေတ် မနူဟာ မင်းကြီး ကိုယ်တိုင် စိုက်ထိုးခဲ့တဲ့ မနူဟာဘုရားကျောက်စာမှာ " ခရွမ်ပါ စည်ကြီ " လို့ ရေးထိုးစာ မှန်ခဲ့ရင် ၊ ကျောက်စာ ဖတ်ရှု တာမှန်ခဲ့ရင် သူရဲ့ မင်းသုံး စည်တော်ကြီးဟာ ခရွမ် ( =ကရွမ် = ပုဂံခေတ် မြန်မာ ကျောက်စာတွေမှာ ကြွမ် လို့ရေးထိုးတဲ့ ) ဂျွမ်း ခေါ် ခမာတွေဆီ ပါသွားကြောင်း ရေးထိုး ဖော်ပြချက်အရ မနူဟာမင်းဟာ သထုံကို ကျူးကျော် တိုက်ခိုက် လာတဲ့ ခမာစစ်တပ် ကို စစ်ရှုံးခဲ့ တာကြောင့် သထုံမြို့ သထုံနန်းနဲ့ သထုံ မင်းသုံးစည်တော်ကို ခမာတွေ စစ်နိုင်သိမ်းပိုက်ရရှိသွားခဲ့ ကြောင်း၊ ပုဂံ ဧကရာဇ်မင်း အနော်ထာဟာ ပဲခူးတိုက်ပွဲကြီးအပြီး မှာ သထုံကို သိမ်းပိုက်ထားတဲ့ ခမာစစ်တပ်ကို တန်ပြန် ထိုးစစ် ဆင်နွှဲ တိုက်ခိုက် ချေမှုန်းပြီး ခမာလက်ထဲက မြန်မာ နိုင်ငံ ပိုင်နက် သထုံမြို့ကို လက်ရ ပြန် သိမ်းယူတာ ဖြစ်ကြောင်း သမိုင်းအချက် သမိုင်းအဓိပ္ပါ ယ် ထင်ရှားပေါ် ပေါက် နေပါတယ်။
( စကားချပ် ။ ။ ခရွမ်ပါ စည်ကြီးလို့ ဖတ်တာနဲ့ ပတ်သက်လို့ အယူအဆမတူပဲ အခြားဆရာ တစ်ဦးက နဝရတ် စည် ကြီးလို့ ကွဲလွဲ ဖတ်တာရယ် ၊ နောက် ဆရာ တစ်ဦးက ဖတ်မရ ကျောက်စာ စာသား မှုန်ဝါးနေတယ်လို့ ပြောတာရယ်တွေလည်း ရှိတာကြောင့် မနူဟာမင်းကျောက်စာတိုင် ပေါ် မှာ ပြန်လည် စစ်ဆေး ဖတ်ရှု ရမယ့် အဖြစ်ရောက်နေပါတယ်။ )
မနူဟာ ကျောက်စာကို ထည့်မပြောသေးရင်တောင်မှ အထက်ဖော်ပြပါ ပဲခူးမြို့ ကိုးသိန်းကိုးသန်း ဘုရားသမိုင်းစာ နဲ့ အမိန့်တော်ပြန်တမ်း စစ်တမ်းစာ အထောက်အထားတွေနဲ့တင် သထုံမြို့စားမင်း မနူဟာဟာ သထုံ - ခမာ စစ်ပွဲမှာ စစ်ရေး မလှ ရှုံးနိမ့်ပြီး သထုံကို စွန့်ပစ်ထားခဲ့ ကာ ပုဂံ မင်းနေပြည်တော်ကြီးသို့ လှေတော်ကြီး ၄စင်းနဲ့ စစ်ပြေးဒုက္ခသည် အဖြစ် ခိုလှုံ ခဲ့ကြောင်း၊ ပုဂံ မင်းနေပြည်တော်က ပုဂံစစ်ကူ တပ်တော်တွေ မရောက်ခင်မှာ သထုံမြို့ ရန်သု့ လက် မကျသွားအောင် မဆုတ်တမ်း ခံစစ်ကို မြို့ အလုံပိတ်ပြီး ရွတ်ရွတ်ချွန်ချွန် ဦးစီး ကွပ်ကဲ ခုခံ တိုက်ခိုက် နိုင်စွမ်း မရှိခဲ့တာ၊ မြို့စား တာဝန် မကျေ ခဲ့ တာ၊ အခြေအနေအရ မဆုတ် မဖြစ်လို့ ပဲခူးသို့ ဆုတ်ခွါ ခဲ့ ရရင်တောင်မှ ပဲခူးမှာ ပူးပေါင်းပြီး ပဲခူးတပ်တွေနဲ့ အတူ သထုံ တပ်တွေ ဆက်လက်ပြီး ခမာတပ်တွေကို တိုက်ပွဲ ဝင်ရမှာ မဝင်ခဲ့တာတွေ အတွက် ဧကရာဇ်မင်း အနော်ရထာ အမျက်တော်ရှပြီး ကြီးလေးတဲ့ အပြစ်ဒဏ် မခတ်အောင် ၊ အပြစ်ဒဏ် လျှော့ပေါ့ သက်သာအောင် သမီးတော် ဆက်သခဲ့တာ ဖြစ်ကြောင်း၊ အနော်ရထာ မင်းကြီးက တာဝန်မကျေပွန်တဲ့ သထုံမြို့စားမင်း မနူဟာကို အပြစ်ဒဏ် ကြီးလေးစွာ မပေးခဲ့ ပေမဲ့ သထုံ စစ်ပွဲမှာ တာဝန် မကျေခဲ့တဲ့ ၊ သထုံမြို့ကို ရန်သူ့လက် မကျအောင် ရွတ်ရွတ် ချွံ ချွံ မတိုက်နိုင်ခဲ့တဲ့ ်မနူဟာမင်းကို သထုံ မြို့စားမင်း အဖြစ် ပြန်လည် ခန့်အပ်ခြင်းမပြု နေရာ မပေးတော့ပဲ မြို့စားမင်းအဖြစ်ကနေ ရာထူးနဲ့ တာဝန်ကို ရုပ်သိမ်းပြီး ပုဂံမင်းနေပြည်တော်က စစ်ကူ တပ်တွေ ရောက်လာချိန်အထိ သထုံမြို့ ရန်သူ့လက် မကျအောင် သထုံ ခံစစ်ကို ဦးဆောင် ဦးရွက်ပြုပြီး မဆုတ်တမ်းခံစစ်ကို တိုက်ခိုက် နိုင်စွမ်း မရှိခဲ့တဲ့ မနူဟာမင်းကို သူ့ရဲ့ မိဖုရား သားသမီး မိသားစု ၊ သူနဲ့ အတူပါလာတဲ့ နောက်လိုက်နောက်ပါ အမတ် ဗိုလ်ပါ စစ်သားတွေနဲ့ တကွ နောင် စစ်မှုထမ်း စရာ မလို စစ်တိုက်စရာ မလိုတဲ့ ဘုရားကျွန်များအဖြစ် အုပ်စုလိုက် လှူ ဒါန်း တာဝန် သစ်ပေးခဲ့ကြောင်း အချက်ကတော့ နောက်ရေး ရာဇဝင် ဆရာတွေ ရော၊ တရုတ် ရှေးဟောင်းစာဖတ်တတ်ပြီး ရှေးဟောင်းတရုတ်ကျမ်းတွေကို ဖတ်ပြီး ဗမာ့သမိုင်းကို ရေးပါတယ်ဆိုဲ့တဲ့ ဆရာလုစ်ရော မသိမမြင်ပဲ လျှမ်းကျန် ခဲ့တဲ့ သမိုင်းအဓိပ္ပါယ်ပြ သမိုင်းဝင် အချက်များ ဖြစ်ကြောင်း ကောင်းစွာ ထင်ရှား ပေါ် ပေါက် နေပါတယ်။
ကိုယ်မမွေးသေးတဲ့ လွန်ခဲ့တဲ့ နှစ် ၅ရာ နှစ်တထောင်က အဖြစ်အပျက် သမိုင်းတွေကို ခေတ်ပြိုင်ကျောက်စာတွေ ၊ ခေတ်ပြိုင်မှတ်တမ်းတွေ နဲ့ အညီမပြောပဲ ဆန့်ကျင် ကွဲလွဲ မှားယွင်းစွာ ရေးရဲ ပြောရဲ ကြတဲ့ အာဂရာဇဝင် ပုံပြင်သမားတွေ မြန်မာနိုင်ငံ မှာ အ တော်များပါတယ်။ ဒီလိုလူစားမျိုးတွေဟာ သမိုင်းပညာ အကြောင်း မလေ့လာ ဘူးသူတွေ ကြားမှာတော့ ရပ်ကွက်ထဲက လက်ဘက် ရည်ဝိုင်း တွေမှာ ကလေးတွေ လူငယ်တွေခေါင်းထဲ မှာ သမိုင်းမဟုတ်တဲ့ ပုံပြင် တွေကို ငယ်ဘဝကနေ သေရာပါ စွဲလန်းနေအောင် လုပ်ကြံ ပြောတတ်တဲ့ ရာဇဝင်ပုံပြင် ဂုလုကြီး တွေ ပေါ့။ အဲဒီ လို ပုံပြင် ပြောရတာ ဝါသနာ ပါသူတွေ အထဲမှ ာ အင်္ဂလန် ကလာတဲ့ သမိုင်းပါမောက္ခ မျက်နှာဖြူ ဘိုးဘိုးကြီး လုစ် ပါ ပါဝင် နေတာ မြင် ရတာ တော့ အံ့သြဖွယ်ရာဖြစ်ရပါတယ်။
မေတ္တာရည်လျက်
ဘုန်းတင့်ကျော်
ကျမ်းကိုး။ ။
၁။ The Royal Orders Of Burma , editted by Than Tun , M.A., B.L., Phd.( London ) , Professor of History , Mandalay University . နှာ ၂၉၂ - မနူဟာ ပုဂံသို့ သမီးတော် ဆက်သ ခိုလှုံခဲ့သညိ့ အကြောင်း..... ။
၂။လူတွေရဲ့ အကျိုးကို ရှေးရှုပြီး ရေးတဲ့ မြန်မာသမိုင်း၊ ၂၀၀၃ စာစု ဒေါက်တာသန်းထွန်း ၊ မုတ္တမ ပျူ နယ် ၊ နှာ - ၄၉၊ ၅၀ ၊ စာမျက်ှာ ၅၀ မှာ မောတီပို = မုတ္တမ ကို ပဒမလို့ စာစီ မှားထားပါတယ်။
၃။ ပဲကူးနယ် ဘုရား ၅၈ဆူ သမိုင်း ၊ ဦးသက်တင် ၊ ကထိက ၊ သမိုင်းဌာန၊ အမျိုးသားကောလိပ်၊ ရန်ကုန်
၄။ ပျူခေတ်မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး ၊ ရည်စိန်၊ ဦး၊ နိုင်ငံသမိုင်းသုတေသန စာစောင် ၄ ။ ယဉ်ကျေးမှု ဝန်ကြီး ဌာန၊ နိုင်ငံသမိုင်းသုတေသန ဦးစီးဌာန။ ( ပျူနိုင်ငံ၏ အရပ်၄မျက်နှာ နယ်နိမိတ်များနှင့် ပျူနိုင်ငံတောင်ဘက် သည် ပင်လယ် နှင့် နယ်နိမိတ် ဖြစ်ကြောင်း ထန်မင်းဆက် သမိုင်းဟောင်း၊ ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်း၊ ထန်မင်းဆက် သမိုင်းသစ် ဟူသော တရုတ်မှတ်တမ်း ကြီး ၃စောင်တွင် မှတ်တမ်းတင်ထားခြင်းကို ဖော်ပြထားသည်၊ နှာ ၁၊ ၂၊ ၃ ) ။
၅။ ရှေးခေတ် တရုတ်တို့ သိရှိခဲ့သော ပျူနိုင်ငံ အမည်များ၊ ရည်စိန် ၊ ဦး ၊ ဥာဏ်လင်းဓမ္မ စာပဒေသာ၊၊
၆။ သရေခေတ္တရာ မြို့ဟောင်းအတွင်း ဘုရားထောင် ဘုရားဝင်းတွေ့ အတိတျာမင်းကျောက်အရိုးအိုး၊ မြန်မာသမိုင်းသုတေသန စာစောင် ၊
အမှတ် ၁၁ ၊ ဇွန်လ ၊ ၂၀၀၃
၇။ Old Burma Early Pagan , Volume 1 by G.H.Luce
၈။ သာသနာ အစ သထုံက ၊ (ပအို အမျိုးသားး ) ကျောင်းဆရာ ( အငြိမ်းစား
Crd// ဆရာဘုန်းတင့်ကျော်
Comments
Post a Comment