ပျူခေတ်နှင့် ပုဂံခေတ် ယဥ်ကျေးမှု


ပုဂံရဲ့ယဉ်ကျေးမှု၊ ပန်းဆယ်မျိုး၊ ထေရဝါဒဗုဒ္ဓဘာသာဟာ ယခင်က ဦးလူဖေဝင်း၊ ဦးမြ၊ ဦးနိုင်ပန်းလှ၊ ဦးစံဝင်း စတဲ့ဆရာများ ပြောခဲ့ကြသလို သထုံကရတယ်ဆိုတာ ဘာအထောက်အထားမှ မရှိသလို မှန်ကန်ခြင်းလဲ မရှိပါဘူး။ ပုဂံရဲ့ ယဉ်ကျေးမှု၊ ဗိသုကာ၊ ပန်းဆယ်မျိုး၊ ထေရဝါဒဗုဒ္ဓသာသနာတို့ဟာ သရေခေတ္တရာမှ ပုဂံသို့ တိုက်ရိုက်ပြောင်းရွှေ့ လာခြင်းသာဖြစ်ကြောင်း အထောက်အထားများက ပြညွှန်းနေပါတယ်။

ပုဂံက ငကျွဲနားဋောင်းစေတီဟာ ပျူခေတ် လက်ရာစေတီတစ်ဆူဖြစ်ပြီး အရင်ခန့်မှန်းကြတဲ့ အေဒီကိုးရာစုထက် စောနိုင်ကြောင်း အခြေမှ အုတ်များဆွေးမြေ့နေမှုကိုကြည့်ပြီး ကျွန်တော်မှန်းဆခဲ့ပါတယ်။

အထက်ပါ ကျွန်တော့်ပြောဆိုမှုမှန်ကန်ကြောင်း အထောက်အထားကတော့ သရေခေတ္တရာမြို့ဟောင်းတွင်းမှ ရှေးသုက တူးဖေါ်ရရှိတဲ့ ငကျွဲနဋောင်းပုံစံတူ မြေမီးဖုတ်အိုးပဲဖြစ်ပါတယ်။ သိရီခေတ္တရာရဲ့ ယဉ်ကျေးမှုနှင့် ဗိသုကာ ပန်းဆယ်မျိုးတို့ ပုဂံသို့ တိုက်ရိုက်ပြောင်းရွှေ့လာတဲ့ အထောက်အထားတွေထဲက အကောင်းဆုံးတစ်ခုပါ။

ထိုငကျွဲနဋောင်းပုံစံတူ မြေမီးဖုတ်အိုးကို ရှေးသုမှ အေဒီလေးရာစုမှ ကိုးရာစုအတွင်းလို့ မှတ်ချက်ပြုထားတာကြောင့် ပုဂံငကျွဲနဋောင်းဟာ အေဒီကိုးရာစုထက် စောနိုင်ဆိုတာ ပိုသေခြာစေပါတယ်။ 

ပုဂံငကျွဲနဋောင်းရဲ့ ကနဦးပုံစံတူကို သိရီခေတ္တရာရဲ့ မြေကြီးထဲကရတာပါ။ သထုံရဲ့မြေကြီးထဲက ရတာ မဟုတ်ပါဘူး။ တကောင်း သိရီခေတ္တရာ ပုဂံ ဆိုတဲ့ အဆက်အစပ်ဟာ မှန်ကန်ကြောင်း တကယ်ရှိခဲ့တဲ့ အထောက်အထားတွေက ပြောပြနေမှာ ဖြစ်ပါတယ်။

*လက်ဝဲဘက်ပုံဟာ သိရီခေတ္တရာမြို့ဟောင်းမှ ရရှိသော ပုဂံငကျွဲနဋောင်းပုံစံတူ မြေမီးဖုတ်အိုး ဖြစ်ပါတယ်။

(ကိုသာဝ)


  • မူရင်းလင့် = https://www.facebook.com/photo/?fbid=10204778630890606&set=a.2745483681269

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ