ပျူ နဲ့ မြန်မာ

  • မြန်မာရာဇဝင်တွေက "မြန်မာအစ တကောင်းက" "ပျူစစ်လျှင် မြန်မာ" လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကိုလိုနီခေတ်သမိုင်းသစ်က ဆိုတဲ့ "မြန်မာအစ ကျောက်ဆည်က" သီအိုရီအရ မြန်မာနဲ့ပျူ မတူဘူးဆိုပြီး အငြင်းအခုံ ဖြစ်လေ့ရှိတယ်။ မြန်မာနဲ့ ပျူ တူ၊ မတူ အကြောင်းပြချက်တွေ ထုတ်ပြချင်ပါတယ်။ အကုန်ဖတ်ပြီးရင်တော့ ကိုယ်တိုင် ဆုံးဖြတ်နိုင်မယ် ထင်ပါတယ်။ စာဖတ်တဲ့အခါ အကတိ ကင်းဖို့တော့ လိုပါလိမ့်မယ်။

ပျူ နှင့် မြန်မာ မတူ 

  1. မြစေတီကျောက်စာမှာ မြန်မာစာ နဲ့ အမျိုးအမည်မသိစာ (ဒါကိုပဲ ပျူစာလို့ နာမည်မှည့်လိုက်တယ်) ဆိုပြီး နှစ်ခု ဖြစ်နေတယ်။ လူမျိုးတစ်မျိုးတည်းဆိုရင် ကျောက်စာတစ်ခုထဲမှာ စာနှစ်မျိုး မဖြစ်သင့်ဘူး။ (ပျူက ရှေးဟောင်းမြန်မာစာ၊ မြန်မာစာက အသစ် ဖြစ်တယ်။ အင်ဒိုနီးရှားနဲ့ ဘဟာဆ၊ ဗီယက်နမ်နိုင်ငံ၊​ ကချင်၊ မြိုတွေမှာ အင်္ဂလိပ်အက္ခရာနဲ့ ရေးတာ ရှိသလို မြန်အက္ခရာ ရေးတာ ရှိတယ်)
  2. လုစ်ရဲ့ "မြန်မာအစ ကျောက်ဆည်က" သီအိုရီ (မန်ရှုကျမ်းက စာပိုဒ်အချို့ကို အဓိကကိုးကားပြီး မြန်မာရာဇဝင်ကျမ်းတွေမှာ ဖော်ပြထားတာတွေနဲ့ ပေါင်းစပ်ပြီး ရောသမ မွှေထားတယ်။)
  3. ပျူတွေက ဒင်္ဂါးသုံးတယ်။ မြန်မာတွေက ဒင်္ဂါးမသုံးဘူး။ (ဒီအကြောင်းပြချက်က ရခိုင်တွေ မကြာခဏ ရေးကြတာ။ ဒါဆို မေးပါမယ်။ မင်းတုန်းမင်းခေတ်က ဒင်္ဂါးသုံးတယ်၊ ခုခေတ်မှာ ဒင်္ဂါးပြား မသုံးတော့ဘဲ စက္ကူပိုက်ဆံပဲ သုံးကြတော့တယ်။ ဒါဆို ကုန်းဘောင်ခေတ်က မြန်မာနဲ့ ဒီနေ့ခေတ်မြန်မာ မတူတော့ဘူးလား။)
  4. တောင်ငူခေတ်( ညောင်ရမ်းခတ်) မင်းရဲကျော်ထင်မင်း အမိန့်တော်မှာ ပျူ၊ ရခိုင်၊ မြန်မာ ဆိုပြီး ၁၀၁ ပါးလူမျိုးကို ရေတွက်ပြထားတယ်။ (ကွန်ဖန်းလုပ်ရန်)

ပျူ နှင့် မြန်မာ တူ
  1. မြန်မာရာဇဝင်ကျမ်းတွေက "ပျူစစ်လျှင် မြန်မာ" လို့ ဆိုကြတယ်။ "မြန်မာအစ တကောင်းက" ဆိုပြီး တကောင်းက သတိုးဘွဲ့ခံ ပျူမင်းတွေဟာ မြန်မာတွေရဲ့ ဘိုးဘေးတွေ ဖြစ်တယ်လို့ ဆိုတယ်။ သတိုးသား၊​ သတိုးသမီးဆိုတာ သာကီဝင် သတိုးတွေရဲ့ အမျိုးအနွယ်လို့ ပြောတာ။
  2. ပျူတွေဟာ တိဘက်မြန်မာအနွယ်ဖြစ်သလို မြန်မာတွေဟာလည်း တိဘက်မြန်မာအနွယ်တွေဖြစ်ကြောင်း ပညာရှင်တွေက ဆိုကြတယ်။ 
  3. လုစ်ရဲ့ "မြန်မာအစ ကျောက်ဆည်က" သီဝရီအရဆိုရင် မြန်မာနဲ့ ပျူဟာ လူမျိုးမတူကြဘူး။ မြန်မာတွေဟာ ၉ ရာစုလောက်ရောက်မှသာ ယူနန်နယ်ကနေ မြင်းတွေစီးပြီး မြန်မာ့မြေပေါ်ကို ဆင်းလာခဲ့ကြတာ ဖြစ်တယ်။ ဒါဆိုရင် ကျူးကျော်သူ မြန်မာတွေနဲ့ အိမ်ရှင် ပျူတွေ ထိပ်တိုက်တွေ့ပြီး နယ်မြေလု စစ်ပွဲကြီးတွေ အကြီးအကျယ် ဖြစ်ခဲ့မှာပဲ။​ ဒီလိုဖြစ်စဥ်မျိုး သမိုင်းအထောက်အထားမရှိဘူး။
  4. အကယ်၍ မြန်မာတွေသာ တရုတ်ပြည် ယူနန်နယ်ဘက်က ဆင်းလာပြီး မြန်မာတစ်ပြည်လုံး တိုက်ခိုက်အောင်မြင်ခဲ့ရင် သူတို့ရဲ့ အောင်ပွဲတွေကို သေချာပေါက် မှတ်တမ်းတင်ခဲ့ကြမှာပဲ။
  5. ဗိသုကာပညာ အတူတူ (ပန်းဆယ်မျိုး)
  6. မြန်မာအက္ခရာ
  7. ထေရဝါဒဗုဒ္ဓသာသနာတူ (ခင်ဘကုန်းက တွေ့ရှိခဲ့တဲ့ ရွှေပလွှာချက်တွေကို ကြည့်ပါ။ သရေခေတ္တရာ မင်းနေပြည်တော်ကို ကိုယ်တိုင်လာပြီး မှတ်တမ်းတင်ထားကြတဲ့ တရုတ်တွေရဲ့ မှတ်တမ်းတွေကို 
  8. နန်းတော်တည်ဆောက်ပုံတွေ တူတယ်။
  9. ပျူတွေဟာ တစ်နိုင်ငံလုံးမှာ ဖြန့်ကျက်နေထိုင်ကြတယ်။ တကောင်းပျူ၊ ဟံလင်းပျူ၊ ဗိဿနိုးပျူ၊ သရေခေတ္တရာပျူ၊ ပင်လယ်ပျူ၊ တိမ်မယ်ပျူ (ပဲခူး)၊ သထုံပျူ၊ ထားဝယ်ပျူ၊​ တနင်္သာရီပျူ စသည်ဖြင့် တစ်နိုင်ငံလုံးမှာ ဖြန့်ကျက်နေထိုင်ကြတယ်။ ပျူတွေရဲ့ နိုင်ငံအကျယ်အဝန်း
  10. တရုတ်မှတ်တမ်းစတဲ့ ခေတ်ပြိုင်သမိုင်းမှတ်တမ်းအရလည်း ပျူနဲ့ မြန်မာ အတူတူပဲဆိုတာ ထင်ရှားတယ်။
  11. ရခိုင်မှတ်တမ်းတွေက အနော်ရထာ၊ ကျန်စစ်သား၊ အလောင်းစည်သူတွေကို ပျူမင်းလို့ မှတ်တမ်းတင်တယ်။
  12. ကရင်တွေက မြန်မာတွေကို "ပရူ" (ပြူ) လို့ ခုချိန်အထိ ခေါ်ဆဲဖြစ်တယ်။
  13. ကုန်းဘောင်ခေတ်ကို တည်ထောင်တဲ့ အလောင်းမင်းတရားကြီးက သူ့ကိုယ်သူ ပျူမင်းလို့ ဆိုတယ်။
  14. ကရင်တွေက မြန်မာတွေကို ခုချိန်အထိ ပျူလို့ ခေါ်ကြတုန်းပဲ။ ကရင်တွေက မြန်မာလူမျိုးကို "ပရော" လို့ ခေါ်တယ်။ ပရောဆိုတာ ပရူကနေ လာတာ။​ အမှန်တကယ်က ပျူဆိုတဲ့စကားလုံးကို ပြူ လို့ ရရစ်နဲ့ ရေးရမှာ။ ဖတ်တဲ့အခါ ပရူလို့ လျှာလိပ်သံနဲ့ ဖတ်ရမှာပါ။ အင်္ဂလိပ်တွေက ပြည်က Prome လို့ ရေးတာ မူလအသစ်ထွက်နဲ့ ပိုပြီး နီးစပ်တယ်။ မြန်မာတွေက ရကို ယသံနဲ့ ဖတ်လေ့ရှိတယ်။ ရတနာကို ယတနာ လို့ ဖတ်တယ်။ ရတနာကို ရခိုင်တွေ ဖတ်ခိုင်းရင် ရကောက်ကို လျှာလိပ်သံနဲ့ ဖတ်လိမ့်မယ်။ အဲ့ဒါ အသံထွက် အမှန်ပဲ။
  15. "မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ" (မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း - ၁၉၂၄)

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ