Posts

Showing posts from August, 2025

မြန်မာ (၇) မျိုး

Image
 

တရုတ် - မြန်မာ စစ်ပွဲများ

 ကောင်းတာလုပ်လျင် အ​ကောင်းမြင်​ပေးပါမည် — ​အ​ကြောင်းတရားများရှိ၍ အကျိုးဆက် ဖြစ်ရသည်  —  တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံ​တွေဖြစ်ကြပြီး ​​ရှေးပ​ဝေသဏီထဲက အကူးအလူးအဆက်အဆံ​တွေရှိခဲ့ကြတာဖြစ်ပါတယ်။ ​​ရှေးဟောင်းသမိုင်း သု​တေသီ မှတ်တမ်းမှတ်ရာ​တွေအရ Paleolithic Era ​ခေါ် ​ကျောက်​ခေတ်ဦး ကာလ ၊ လွန်ခဲ့တဲ့ နှစ်​ပေါင်း ၁၀,၀၀၀ ​လောက်ကတည်းက တရုတ်နိုင်ငံ ဖြစ်လာမယ့် ယူနန် ​ဒေသနဲ့ မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသ ​တွေဟာ ဆက်သွယ်ဆက်ဆံခဲ့ကြပါတယ်။ သာဓကက ​ဒေသနှစ်ခုစလုံးမှာ ​တူး​ဖော်တွေ့ရှိကြရတဲ့ ​ကျောက်လက်နက်​တွေ၊ ​ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ လူသုံးပစ္စည်း​တွေ ပါ။ ​​ကြေး​ခေတ် Bronze Age ( ဘီစီ ၁၅၀၀ – ဘီစီ ၅၀၀) ကို​ရောက်​တော့ မြန်မာနိုင်ငံအထက်ပိုင်းက ပျူ မျိုးနွယ်​တွေနဲ့ ယူနန် ​ဒေသကြီးအတွင်းက Dian ယဥ်​ကျေးမှု ( ကျင့် နိုင်ငံ ဖြစ်မည်ဟုယူဆရ / တရုတ်တို့က မြန်မာနိုင်ငံကို Mian Dian မြန်ကျင့် ဟု ​​ခေါ်​ဝေါ်သုံးနှုန်း) မြို့ပြနိုင်ငံ​တွေအကြား ကူးလူးဆက်ဆံကြ​ကြောင်း ​ဒေသကြီး ၂ ခုစလုံးမှာ​တွေ့ရတဲ့ ​ကြေးနဲ့ ပြုလုပ်ထားတဲ့ လှံအသွား​တွေ၊ ​ကြေး စည်ပိုင်း​တွေ က ညွှန်ပြ​နေခဲ့ပါတယ်။ ပျူ မျိုးနွယ်စု​တွေရဲ့ မြ...

အနော်ရထာအရင်က မြန်မာစာ

Image
ဗုဒ္ဓဂယာ မဟာဗောဓိစေတီတွေ့  မြန်မာ(ဗမာ)ဘာသာထိုး ကမ္ဗည်းစာများပါ  သက္ကရာဇ်များကို ဆုံးဖြတ်ခြင်း ကျော်သွင် (modernist) (လုံးဝ ကူးယူခွင့် မပြုပါ) အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အတွင်းက ဗုဒ္ဓပွင့်တော်မူရာ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မှာ မြန်မာဘာသာထိုး ကမ္ဗည်းမှတ်တမ်းနှစ်ခုကို တဆယ့်ကိုးရာစု အစောပိုင်းတွင် တွေ့ရှိခဲ့ရပါတယ်။ ဒီကမ္ဗည်းစာတွေကို ပုဂံပြည်က စေလွှတ်တဲ့ သာသနာပြုသုံးဖွဲ့က မှတ်တမ်းတင် ချန်ထားခဲ့တာ ဖြစ်ပါတယ် ။ (Aung Thwin , pp 186-7)  ပထမဆုံး သာသနာပြုအဖွဲ့က ကြေးသတ္ထုနဲ့ ပြုလုပ်ပူဇော်ထားတဲ့ ထီးတော်အရွက်မှာ မှတ်တမ်း ရေးထိုးထားခဲ့ပါတယ်။ ဒီ ကြေးပြားထီးရွက်ကို အခုခေတ် မြေပြင်ရဲ့အောက် ရှစ်ပေအနက်က တူးဖော် ရရှိခဲ့တာပါ။ ဒီကြေးပြားထီးရွက်မှာ ရှေးမြန်မာဘာသာ Old Burmese နဲ့ စာကြောင်းတကြောင်း ပါတယ်။ ဒီထီးရွက်ကြေးပြားစာ တရွက်ထည်းမှာပဲ ရှေးမြန်မာဘာသာ Old Burmese စာတန်းအောက်မှာ ထင်ရှားတဲ့ အိန္ဒိိယ ရှေးသုပညာရှင် ကျောက်စာပညာရှင် ဆာအလက်ဇန္ဒား ကန်နင်ဂန်၏ အဆုံးအဖြတ်အရ အလယ်ခေတ်သုံး နာဂရီ လို့ သတ်မှတ်တဲ့ အက္ခရာနဲ့ ထိုးထားတဲ့ စာကြောင်းနှစ်ကြောင်း ပါသေးတယ်။  ရှေးမြန်မာဘာသာထိုးက တကြောင်း၊ အလယ်ခေတ် ...

ပျူ နဲ့ မြန်မာ

မြန်မာရာဇဝင်တွေက "မြန်မာအစ တကောင်းက" "ပျူစစ်လျှင် မြန်မာ" လို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကိုလိုနီခေတ်သမိုင်းသစ်က ဆိုတဲ့ "မြန်မာအစ ကျောက်ဆည်က" သီအိုရီအရ မြန်မာနဲ့ပျူ မတူဘူးဆိုပြီး အငြင်းအခုံ ဖြစ်လေ့ရှိတယ်။ မြန်မာနဲ့ ပျူ တူ၊ မတူ အကြောင်းပြချက်တွေ ထုတ်ပြချင်ပါတယ်။ အကုန်ဖတ်ပြီးရင်တော့ ကိုယ်တိုင် ဆုံးဖြတ်နိုင်မယ် ထင်ပါတယ်။ စာဖတ်တဲ့အခါ အကတိ ကင်းဖို့တော့ လိုပါလိမ့်မယ်။ ပျူ နှင့် မြန်မာ မတူ  မြစေတီကျောက်စာမှာ မြန်မာစာ နဲ့ အမျိုးအမည်မသိစာ (ဒါကိုပဲ ပျူစာလို့ နာမည်မှည့်လိုက်တယ်) ဆိုပြီး နှစ်ခု ဖြစ်နေတယ်။ လူမျိုးတစ်မျိုးတည်းဆိုရင် ကျောက်စာတစ်ခုထဲမှာ စာနှစ်မျိုး မဖြစ်သင့်ဘူး။ (ပျူက ရှေးဟောင်းမြန်မာစာ၊ မြန်မာစာက အသစ် ဖြစ်တယ်။ အင်ဒိုနီးရှားနဲ့ ဘဟာဆ၊ ဗီယက်နမ်နိုင်ငံ၊​ ကချင်၊ မြိုတွေမှာ အင်္ဂလိပ်အက္ခရာနဲ့ ရေးတာ ရှိသလို မြန်အက္ခရာ ရေးတာ ရှိတယ်) လုစ်ရဲ့ "မြန်မာအစ ကျောက်ဆည်က" သီအိုရီ (မန်ရှုကျမ်းက စာပိုဒ်အချို့ကို အဓိကကိုးကားပြီး မြန်မာရာဇဝင်ကျမ်းတွေမှာ ဖော်ပြထားတာတွေနဲ့ ပေါင်းစပ်ပြီး ရောသမ မွှေထားတယ်။) ပျူတွေက ဒင်္ဂါးသုံးတယ်။ မြန်မာတွေက ဒင်္ဂါးမသုံးဘူး။ (ဒီအကြောင်းပြချ...

မွန် / တလိုင်း

ဆာဂျေအေမောင်ကြီး၏ထင်ရှားသော ဆောင်ရွက်ချက်တစ်ခုမှာ ၁၉၃၀ ပြည့်နှစ် ၊ ယာယီဘုရင်ခံအဖြစ် တာဝန်ယူနေစဉ်အတွင်း "တလိုင်း" ဟု ခေါ်ဝေါ်သုံးစွဲနေခြင်းအစား "မွန်" ဟု တရားဝင်ပြောင်းလဲခေါ်ဝေါ်သုံးစွဲရန် ပြည်ထဲရေးဌာန၏ ၂၉-၇-၁၉၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄၇/ဒီ-၃၁) ဖြင့် အစိုးရဌာနဆိုင်ရာများသို့ ညွှန်ကြားအမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (မြန်မာ့စွယ်စုံကျမ်း)