ပညာရှင်ကြီးများက ဟန်လင်းပျူမြို့သည် သရေခေတ္တရာပျူမြို့ ပျက်ပြီးနောက်မှ ထွက်ပြေးလာကြသူများက တည်ထောင်သောမြို့ ဖြစ်သည်ဟု ပြောထားသောကြောင့် ဟန်လင်းတွင် ရှေးကျဖွယ်ရှိသော ပစ္စည်များ တူးဖော်တွေ့ရှိရသော်လည်း သရေခေတ္တရာထက်စောသည်ဟု မပြောရဲခဲ့ကြပေ။ ရှေးယခင်ကတည်းကပင် ဟန်လင်းညောင်ကိုးပင်ကျောင်းဆရာတော် "ဘိုးနာဂ" စုဆောင်းထားခဲ့သော မြေပေါ်တွေ့ အထောက်အထားများကို ညောင်ကိုးပင်ပြတိုက် ၌ ပြသထားခဲ့ပြီး ရှိနေသည့်အပြင် မြန်မာ့မှတ်တမ်းတခုဖြစ်သော ဟန်လင်းမြို့သမိုင်းလင်္ကာ ၌လည်း ဟန်လင်းသည် အလွန်ရှေးကျသော ကာလကပင် တည်ရှိနေပြီဖြစ်ကြောင်း ဖော်ပြရေးသားထားခဲ့သည်။ ဆရာကြီးဦးမောင်မောင်တင်နှင့် တပည့်များ၏ ဟန်လင်းသို့ အကြိမ်ကြိမ် ကွင်းဆင်းလေ့လာမှု့များအရလည်း ဟန်လင်းဒေသကြီးတဝိုက်တွင် တောင်ဘက်အရပ်ဖြစ်သော ဟန်လင်းအင်းအစပ်တွင် ကျောက်ခေတ် ယဉ်ကျေးမှု့၊ ထို့မြောက်ဘက်တွင် ကြေးခေတ် နှင့် သံခေတ် ယဉ်ကျေးမှု့၊ ဟန်လင်းမြို့ရိုးအတွင်းတွင် ပျူခေတ်နှင့် ပုဂံခေတ်ယဉ်ကျေးမှု့များ ဆက်ခါဆက်ခါ ထွန်းကားခဲ့ကြောင်း ကွင်းဆင်းလေ့လာဖော်ထုတ်နှိုင်ခဲ့သည်။ ဟန်လင်းပျူမြို့တော်ကြီး၏ အရပ်-၈-မျက်နှာ၌ ရှိခဲ့ကြသော အရံပျူခံတပ်မြို့ -၈-မြို့နှင့်တကွ ...
Comments
Post a Comment