Posts

Showing posts from July, 2025

ဘိန္နက မြို့ဟောင်း

Image
ဆရာကြီးဦးဝင်းမောင်  ​ပျော်ဘွယ်မြို့၏ အ​ရှေ့ ၊ ရှမ်းရိုးမ ​တောင်​ခြေရင်းတွင် " ဘိန္နက ပျူမြို့​ " ဟု ​ဒေသခံများ​ပြော​ဆိုနေ​ကြ​သော​ ရှေး​ခေတ်က မြို့​ဟောင်းကြီးတမြို့၊ ရှိ​နေခဲ့သည်ကို 1981 ခုနှစ်ကတည်းကပင် ဆရာကြီး ဦး​မောင်​မောင်တင် နှင့် တပည့်များအဖွဲ့ က ​တွေရှိ၊​ ဖော်ထုတ်၊ တင်ပြထားခဲ့ ကြဖူးပါသည်။ ဟန်လင်း၊ ဗိဿနိုးနှင့် သ​ရေ​ခတ္တေရာ ပျူမြို့ကြီး (၃) မြို့ တွင် ​တွေ့ ရှိရတတ်​သော ပျူ​ခေတ် ထွန်းကားဖူးခဲ့ကြောင်း သက်​သေများဖြစ်ကြသည့် - - - = လက်စင်းရာပါ​သော အုတ်ချပ်ကြီးများ = ​ကျောက်​ရောင်စုံ ပုတီး​စေ့ အမျိုးမျိုး = ဆင်၊ ကျား၊ ခြင်​သေ့၊ ငှက်၊ လူရုပ်၊ ငါး စ​သော အ​ပေါက်ပါသည့် အရုပ်ပုတီးများ = ပျူ​ခေတ် အမှတ်အသားပါ ​ငွေဒင်းဂါးများ = ပျူ​ခေတ်လက်ရာ ​ရွှေတည်ပစ္စည်းများ = ပျူ​ခေတ်ဟု မှန်းဆကြည့်နှိုင်​သော ဗိသုကာပညာရပ်ဆိုင်ရာ အုတ်ရိုးပန္နက်ရာများကိုလည်း ​တွေ့ရှိ​ဖော်ထုတ်ခဲ့ကြသည်။  သို့​သော် ဤ​နေရာကား ပျူမြို့ကြီး၏ အုတ်ရိုး​နေရာဖြစ်သည်ဟု အတိအကျ ​ကောက်ချက်ချနှိုင်​သော အုတ်ရိုးလက်ကျန် ပန္နက်ရာများကိုမူကား စိတ်​ကျေနပ်ဖွယ် မ​တွေ့ရှိကြရ​သေး​ပေ။ အဓိကအချက်တခုမှာ  ဗိန္နကရှေးမြို့ရာ​ဟောင်းကြီးကို ​ဖေ...

ပျူခေတ်နှင့် ပုဂံခေတ် ဘာသာရေးနှင့် ယဥ်ကျေးမှု ဆက်စပ်မှု

ငကျွဲနားဋောင်းစေတီ  နှင့်  သရေခေတ္တရာမြို့ဟောင်းတွင်းမှ ရှေးသုက တူးဖေါ်ရရှိတဲ့ ငကျွဲနားဋောင်းပုံစံတူ မြေမီးဖုတ်အိုးပဲ ဖြစ်ပါတယ် ။ သိရီခေတ္တရာရဲ့ ယဉ်ကျေးမှုနှင့် ဗိသုကာ ပန်းဆယ်မျိုးတို့ ပုဂံသို့ တိုက်ရိုက်ပြောင်းရွှေ့လာတဲ့ အထောက်အထားတွေထဲက အကောင်းဆုံးတစ်ခုပါ။ (ကိုသာဝ၏ ဆောင်းပါးကို "ပျူခေတ်နှင့် ပုဂံခေတ် ယဥ်ကျေးမှု" ခေါင်းစဥ်ဖြင့် မှတ်စုထုတ်ထား၏။ ပုဂံခေတ်ဗုဒ္ဓသာသနာ့သမိုင်း - ခေါင်းစဥ်အောက်တွင် ရှာရန်)

ပျူခေတ်နှင့် ပုဂံခေတ် ယဥ်ကျေးမှု

Image
ပုဂံရဲ့ယဉ်ကျေးမှု၊ ပန်းဆယ်မျိုး၊ ထေရဝါဒဗုဒ္ဓဘာသာဟာ ယခင်က ဦးလူဖေဝင်း၊ ဦးမြ၊ ဦးနိုင်ပန်းလှ၊ ဦးစံဝင်း စတဲ့ဆရာများ ပြောခဲ့ကြသလို သထုံကရတယ်ဆိုတာ ဘာအထောက်အထားမှ မရှိသလို မှန်ကန်ခြင်းလဲ မရှိပါဘူး။ ပုဂံရဲ့ ယဉ်ကျေးမှု၊ ဗိသုကာ၊ ပန်းဆယ်မျိုး၊ ထေရဝါဒဗုဒ္ဓသာသနာတို့ဟာ သရေခေတ္တရာမှ ပုဂံသို့ တိုက်ရိုက်ပြောင်းရွှေ့ လာခြင်းသာဖြစ်ကြောင်း အထောက်အထားများက ပြညွှန်းနေပါတယ်။ ပုဂံက ငကျွဲနားဋောင်းစေတီ ဟာ ပျူခေတ် လက်ရာစေတီတစ်ဆူဖြစ်ပြီး အရင်ခန့်မှန်းကြတဲ့ အေဒီကိုးရာစုထက် စောနိုင်ကြောင်း အခြေမှ အုတ်များဆွေးမြေ့နေမှုကိုကြည့်ပြီး ကျွန်တော်မှန်းဆခဲ့ပါတယ်။ အထက်ပါ ကျွန်တော့်ပြောဆိုမှုမှန်ကန်ကြောင်း အထောက်အထားကတော့ သရေခေတ္တရာမြို့ဟောင်းတွင်းမှ ရှေးသုက တူးဖေါ်ရရှိတဲ့ ငကျွဲနဋောင်းပုံစံတူ မြေမီးဖုတ်အိုးပဲဖြစ်ပါတယ် ။ သိရီခေတ္တရာရဲ့ ယဉ်ကျေးမှုနှင့် ဗိသုကာ ပန်းဆယ်မျိုးတို့ ပုဂံသို့ တိုက်ရိုက်ပြောင်းရွှေ့လာတဲ့ အထောက်အထားတွေထဲက အကောင်းဆုံးတစ်ခုပါ။ ထိုငကျွဲနဋောင်းပုံစံတူ မြေမီးဖုတ်အိုးကို ရှေးသုမှ အေဒီလေးရာစုမှ ကိုးရာစုအတွင်းလို့ မှတ်ချက်ပြုထားတာကြောင့် ပုဂံငကျွဲနဋောင်းဟာ အေဒီကိုးရာစုထက် စောနိုင်ဆိုတာ ပိုသေခြာစေပါတယ်။  ပုဂံင...
Image
Facebook account: Maung Maung Than မူရင်းလင့် = https://www.facebook.com/umaungmaung.than.54/posts/pfbid0sjHDdQTZTMfmgYd5JJQc1fApBE63qSmWYwoJiquHUyVn1QnrwXYhfGyJ4TMVQXycl

ထားဝယ် နယ်က ကျောက်စာ (၈၂၃ နှစ်ထိုး) အင်းဝေခေတ်

Image
  ကျောက်စာတွင် ပါဝင်သော စာလုံးများကို ဖတ်၍ ရသလောက်ဆိုလျှင်- ၁ ။ သကရာစ် ၈၂၃ ခု တေ ၂ ။ တ် ၈ ရာက် နေ့နှိုက် ဒ- ၃ ။ ကြီသည် မျာကြီ မိရွေဝါ ၄ ။ တယောက် စ မျာငယ် - ၅ ။ လေ တစ်ယောက် ဤသူ ၆။ နတ်ရွာ လာပါအံ ဟူရုယ် ၇။ ဝ် ပ္လု တေ - ၈။လှ ူ သည့်ကျန်း ဟူ၍ ရေးထိုးထားပါသည်။ ကျောက်စာ ကို ထားဝယ် မြို့ နဲ့ ၁၈ မိုင် လောက် ကွာတဲ့ " မိန်းမချောရွာ " ( မီးဇော ) ရွာက ရရှိသည်ဟု သိရပါသည်။ (၁)။ ကျောက်စာ၏ လက်ရေးလက်သား နဲ့စာလုံးပေါင်းတွေ ကို လေ့လာ ကြည့် ရခြင်း အားဖြင့် အင်း၀ ခေတ် မူလထိုး ကျောက်စာဖြစ်သည်။ (၂)။ ကျမ်း အလှူပြုသော အကြောင်းဟု ခန့်မှန်းရပါသည်။ (၃)။ မိန်းမ ၂ယောက်နဲ့လူ က လှူ ခြင်း (မျာ = မယာ) * သမိုင်းသက်သေတည်ပါစေမှ ကောက်ချက်- - ပထမ အင်း၀ ကို တည်ချိန်သည် မြန်မာ သက္ကရာဇ် ၇၂၆ ပျက်ချိန်သည် မြန်မာ သက္ကရာဇ် ၈၈၈ ဖြစ်ရာ ထိုကျောက်စာပါ သက္ကရာဇ်နှင့် အင်းဝခေတ်နှင့် ခေတ်ပြိုင် ရေးထိုးထားပုံနှင့် ပုဂံခေတ်ကတည်းက သလင်ကြေ အထိသက်ရောက်ခဲ့သော မြန်မာတို့၏ နန်းတွင်း သြဇာသည် ထိုအကာလတိုင် ထိုဒေသတွင် တည်မြဲနေသည်ကို သိရှိရသည်။ - အင်းဝခေတ်ရဲ့စာအရေးအသား ကိုလေ့လာနိုင်ပြီး ထိုကျောက်စာ ရေးထိုး ချိန်က မြန်မာစာ၏ တိုးတက်ပြောင်းလဲနေပု...

ပုဂံခေတ် သာသနာ့သမိုင်း (ကိုးကားရန် စာအုပ်များ)

ခေတ်အဆက်ဆက် မြန်မာ့ပန်းချီများ၊ မင်းဘူးဦးအောင်ကြိုင်။ ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ

အရည်းကြီးဂိုဏ်း / အရည်းကြီး / ပေါင်းလောင်း အရှင်မဟာကဿပ

Image
  ရန်နောင်စိုး / Yannaung Soe (FB) ပုဂံခေတ်ဦးမှာရှိခဲ့ဖူးတယ်ဆိုတဲ့ အရည်းကြီးဂိုဏ်းတွေအကြောင်း ရုပ်ရှင် ပြဇာတ်နဲ့ တချို့ရာဇဝင်တွေမှာ ဖော်ပြထားကြတာကို ကြည့်ရှုမှတ်သားရဖူးပါတယ်။ တချို့မှတ်တမ်းမှတ်ရာတွေမှာလည်း  အရည်းကြီးတွေရဲ့ မကောင်းတဲ့အပြုမူတွေကြောင်း အတိအလင်း ရေးသားဖော်ပြထားထားကြတာဆိုတော့ အရည်ကြီးတွေဟာ တာတေလံအကျင့်ဆိုးရှိတဲ့ ရှင်သိုးတကာ့ခေါင်ကြီးတွေအဖြစ် နှောင်းလူအများစုက လက်ခံထားခဲ့ကြတာနေမှာပါ။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ အရည်းကြီးတွေအကြောင်း ခေတ်ပြိုင်ကျောက်စာအထောက်ထားတွေကို နှံ့နှံ့စပ်စပ်လေ့လာပြီး သုတေသနပြုထားထာရှိပါတယ်။  ဆရာကြီးရဲ့စာတမ်းမှာ အရည်းကြီးဂိုဏ်းတွေဟာ တချို့ရာဇဝင်မှာဖော်ပြထားသလို ပုဂံခေတ်ဦးမှာပေါ်ပေါက်ခဲ့တာမဟုတ်ဘဲ အေဒီ 1200 ဝန်းကျင်ကနေ 1500 အကြားအထိပေါ်ပေါက်ခဲ့ကြောင်း၊  အရည်းကြီးတွေဟာ ရဟန်းသံဃာတော်နဲ့ မစပ်အပ်ရာတွေ ပြုလုပ်လေ့ရှိကြောင်း အထောက်ထားတချို့ တွေ့ရပေမယ့် အများထင်ထားသလောက် မဆိုးရွားဘူးဆိုတဲ့အကြောင်း၊  အထူးသဖြင့် ပန်းဦးလွှတ်ခြင်းနဲ့ စပ်ဆိုင်တဲ့ အထောက်ထားကို ခေတ်ပြိုင်ကျောက်စာများမှာမတွေ့ရကြောင်း  နဲ့ အဲဒီခေတ်အဲဒီအခါက လူတွေကို အကျ...

အနော်ရထာ သာသနာ ဘယ်မှာပြုတာလဲ

Image
 #Ko Tun Thike အုတ်ခွက်ဘုရားနဲ့ ကျောက်စာများအရ အနော်ရထာမင်းကြီးဟာ သက္ကတဘာသာ၊ ပါဠိဘာသာ၊ တလိုင်း (ဝါ) ရှေးဟောင်းမွန်ဘာသာ၊   ပျူခေါ် ရှေ့ဟောင်းမြန်မာဘာသာ ၊  ပုဂံခေတ် မြန်မာဘာသာ မြန်မာစာ တို့ကို မြန်မာအက္ခရာနဲ့  အသုံးပြုရေးထိုးခဲ့တယ် ဆိုတာတွေ့ကြရမှာပဲ ဖြစ်ပါတယ်။ သက္ကတဘာသာ၊ မာဂဓဘာသာတို့ဟာ ဗုဒ္ဓမပွင့်ခင်ကတည်းက အသုံးပြုနေကြတဲ့ ဘာသာပဲဖြစ်ပါတယ်။ မာဂဓဘာသာကိုပဲ ဗုဒ္ဓဟောကြားသည့်အတွက် ပါဠိဘာသာဟုခေါ်ပါသည်။ ပါဠိ သက္ကတတို့ကို နှုတ်ကပြောရင် စကားဖြစ်ပြီး၊ ကျောက်ထက်၊ ပေထက်၊ အုတ်ခွက်ဘုရားထက်တို့မှာ တင်တဲ့အခါ စာပေပေါ့။ ဒါကြောင့် ပုဂံခေတ်က စာပေနဲ့ ကိုးကွယ်မှုဆိုင်ရာ ဘာသာတရား ယဉ်ကျေးမှုများ နှင့် ဗိသုကာ၊ စဉ့်အတတ်ပညာ၊ သတ္တုကျိုချက် သွန်းလောင်းခြင်း အတတ်ပညာ အစရှိသည်တို့ ထွန်းကားလျက်ရှိပြီးဖြစ်သည်။ အေဒီ ၇ ရာစုမှာ တရုတ် ခရီးသွားဘုန်းတော်ကြီးများက သူတို့ရဲ့ ခရီသွားမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါကို တရုတ်ဘာသာဗေဒ ပညာရှင် E. H. Paker က ယခုလို ပြန်ဆိုထားပါတယ် -  "The people cut their hair at seven years of age, and enter a monasty. If at tha age of twenty they have not grasped the doctrine, the...

အရည်းကြီးနှင့် ပုဂံသာသနာ

Image
  ကျော်သွင် (Modernist) ဆောင်းပါး https://www.facebook.com/kyaw.thwin/posts/pfbid02XR4h27KuYZ2PWuFfzb7DrpWKcG2NSgxEpWuFxTbaVuhKBdVjvp3eoSi3Mmk1Ko6al **ရှင်အရဟံနှင့် အနော်ရထာမင်း တွေ့ဆုံခန်း၊                                                                အရည်းကြီးများနဲ့ ပန်းဦးလွှတ်ခြင်း ဆိုသော လုပ်ဇာတ်ဒဏ္ဍာရီ** --ကျွန်တော့်အမြင်မှာ သမိုင်းနဲ့ ဒဏ္ဍာရီ ပေါင်းစပ်ပြီးတော့ ရာဇဝင်ဆိုတာ ဖြစ်လာတယ်လို့ ထင်မိပါတယ်။ ဒါပြင် ရာဇဝင်ဟောင်းတွေကို ဖြတ် ညှပ် ကပ် ပေါင်းစပ်ပြီး ရာဇဝင်အသစ်တွေလည်း ဖြစ်လာတတ်ပါတယ်။  အရည်းကြီးတွေနဲ့ ပန်းဦးလွှတ်ဓလေ့တွေ၊ အနော်ရထာမင်းနဲ့ ရှင်အရဟံ တွေဆုံခန်းတွေ ဆိုတဲ့ ရာဇဝင်ထည်းကအော်ပရာဆန်ဆန် ဖြစ်ရပ်ကို ကြည့်ပါ။ ရှင်အရဟံနဲ့ အနော်ရထာမင်း တို့ဟာ သမိုင်းတင် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အင်း ဦးကုလား ရာဇဝင်မှာ စပြီး ပါဝင်လာခဲ့တဲ့ ယင်း ပုဂ္ဂိုလ်နှစ်ဦးရဲ့ တွေ့ဆုံပုံ အရည်းကြီးနဲ့ ပန်းဦးလွှတ် စတဲ့ ရာဇဝင်ဖြစ်ရပ်ကတော့ဖြင့် ဇာတ်ညွှ...

ပျူနှင့် ဗမာ လူမျိုး တူ၊ မတူ (ဘုန်းတင့်ကျော်)

Image
  ပျူ နှင့် ဗမာ လူမျိုးမတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင် ခံခဲ့ရခြင်းလော (၁) .................................................................................................. မူရင်းဆောင်းပါး = Facebook (2014-11-27) https://www.facebook.com/photo/?fbid=766170506785837&set=a.751110368291851 ပျူအကြောင်း ပျူသမိုင်းဟု ဆိုလျှင် ပြည်တွင်းရော ပြည်ပကပါ စိတ်ဝင်စားကြပါသည်။  "ပျူ ဟူသည် မည်သည့်လူမျိုးစုနည်း။ ပျူတို့တွင် ပျူဟူသော အမည်အပြင် အခြားမည်သည့်အမည်များ ရှိပါသနည်း။ ပျူဟူသောအမည်က မူလအမည် (original name) လော။ ပျူကိုပင် ခေါ်ဝေါ်သော အခြားအမည်က မူလအမည်လော။” (ပျူမြန်မာအထောက်အထားများ) ရှေးဗမာရာဇဝင်မှတ်တမ်းများက ပျူသည်အမည်ပွား၊ ဗြဟ္မာ (အသံထွက်-ဗရမ္မာ) သည် မူလအမည်ဟု မှတ်တမ်းတင်ဖော်ပြထားကြသည်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ ကိုလိုနီကျွန်နိုင်ငံအဖြစ် မကျူးကျော် မသိမ်းပိုက်ခင်ကတည်းက ဖြစ်ပါသည်။  *ဟန်လင်းရာဇဝင်၊ သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင်၊ ဇမ္ဗူ့ကွန်ချာကျမ်း၊ စေတိယကထာ ခေါ် ရာဇဝင်ချုပ်ကျမ်း* အစရှိသည့် ထင်ရှားသော ရှေး ဗမာ့ရာဇဝင်ကျမ်းများသည်  “ဗမာ ခေါ် မရမ္မာ” လူမျိုးတို့၏ ရှေးသမိုင်း...