မိုက်ကယ် အောင်သွင်

  • BBC ဆောင်းပါး = https://www.bbc.com/burmese/in-depth-58252694?fbclid=IwY2xjawNbaQdleHRuA2FlbQIxMQABHp0ymF96je60ohbq1UX543GGQ_kVrldCI9Ne3fyjowLvFPtiYyCmwWZL2IPL_aem_pcNbdRr9vpkEGD3Q8XH6dA


မိုက်ကယ်အောင်သွင်ဟာ သူနဲ့ ခေတ်ပြိုင် မြန်မာ ခေတ်ဟောင်းသမိုင်း ပညာရှင် ဗစ်တာလစ်ဘာမန်း၊ ဦးတိုးလှ စသူတွေထက် မိုက်ကယ်အောင်သွင်က ထူးဆန်းတဲ့ သမိုင်းစောဒကတွေ တက်ခဲ့ပါတယ်။ ဒါကြောင့် ပုဂံပျက်တာ မွန်ဂို တိုက်လို့မဟုတ်ဘဲ လယ်မြေတွေ သာသနာပိုင်မြေ ဖြစ်ကုန်တဲ့အတွက်ကြောင့်ဆိုပြီး သူရေးခဲ့သလို သထုံကို အနော်ရထာသိမ်းတာကိုလည်း သူက ပယ်ချ ပါတယ်။ နောက် ပုဂံသမိုင်းက ရှမ်းညီနောင်သုံးယောက်ဆိုတာကိုလည်း ၁၉ ရာစုမှ တီထွင်ချက်အဖြစ် အောင်သွင်က ယူဆပါတယ်။ သူ့ရဲ့ အထူးဆန်းဆုံး အမြင်ကတော့ မြန်မာပြည် လွတ်လပ်ရေးဟာ ၁၉၄၈ က တကယ်ရတာမဟုတ်ဘဲ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှ တကယ်လွတ်လပ်ခဲ့တာ ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ ဒီလိုအမြင်တွေကြောင့် သူ့ကို ဗမာလူမျိုးကြီးဝါဒဘက်၊ စစ်တပ်ဘက် ယိမ်းတယ်ဆိုပြီး စွပ်စွဲခံရတာ ဖြစ်ပါတယ်။

နောက် မိုက်ကယ်အောင်သွင်ဟာ ဆာအာသာဖယ်ယာနဲ့ ဒေါက်တာလုစ်လို ကိုလိုနီအုပ်ချုပ်ရေးသမားတွေနဲ့ ပညာတတ်တွေရဲ့ အရေးအသားတွေကို ကိုလိုနီဘက်လိုက်တယ်၊ လူမျိုးရေးအမြင်ပါတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ချေပခဲ့ပါတယ်။


Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ