အနော်ရထာ မှတ်စု (၁)

  1. အနော်ရထာနှင့် စကြာဝတေးမင်း (စဝ်မိန်းထီး) 
=============================

စင်္ကြာဝတေးမင်းအဖြစ်တင်စားခံခဲ့ရတဲ့ အနော်ရထာမင်းကြီး

စဝ်မိန်းထီး

ခရစ်နှစ် ၈၄၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်မှာ ပျဥ်ပြားမင်းဟာ စတုတ္ထပုဂံကို တည်ထောင်ခဲ့တယ်။ ပျဥ်ပြားမင်းတည်ထောင်ခဲ့တဲ့ ပုဂံမြို့တော်ဟာ သူ့ရဲ့ မြစ်တော်စပ်တဲ့ အနော်ရထာမင်းကြီးလက်ထက်အရောက်မှာ ကြီးမားတဲ့ အင်ပါယာအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်။ အနော်ရထာဟာ စတုတ္ထပုဂံမြို့တည်နန်းတည် ပျဥ်ပြားမင်းရဲ့ မြစ်တော်ပါပဲ။

အနော်ရထာမင်းဟာ ပုဂံရဲ့ပိုင်နက်တမ္ပဒီပတိုင်းကို ဗဟိုပြုပြီး နိုင်ငံထူထောင်နိုင်ခဲ့တယ်။ တမ္ပဒီပတိုင်းအတွင်းသာ သြဇာရှိနေတဲ့ ပုဂံဟာ တောင်ဘက်မှာ ထားဝယ်၊ မြောက်ဘက် ရွှေလီမြစ်ဝှမ်း တရုတ်နိုင်ငံအနောက်တောင်ဘက်ဒေသတစ်ချို့ ၊ အနောက်ဘက်မှာ ရခိုင်မြောက်ပိုင်း၊ အရှေ့ဘက်မှာ ခမာအင်ပါယာအစပ်အထိ အာဏာဖြန့်ကျက်နိုင်ခဲ့ပါတယ်။ ခမာအင်ပါယာအစပ်ဟာ ဘယ်နေရာလဲဆိုတာရယ်၊ သုဝဏ္ဏဘူမိပြည်ဟာ လက်ရှိဘယ်နိုင်ငံထဲမှာ ရှိသလဲဆိုတာရယ်တော့ လေ့လာကြည့်ပါ။ ပြီးတော့ အနော်ရထာမင်းဟာ အေဒီ (၁၁) ရာစုမှာ ထေရဝါဒဗုဒ္ဓဘာသာကို အသက်ဆက်ပေးနိုင်ခဲ့တဲ့ တစ်ပါးတည်းသော မင်းဖြစ်တယ်။ ထ်ိုခေတ်အခါက ကမ္ဘာအကြီးဆုံးရေတပ်ကြီးပိုင်ဆိုင်ထားတဲ့ တမိလ်တို့ရဲ့ ချ်ိုလာအင်ပါယာနဲ့ သီရ်ိလင်္ကာနိုင်ငံတို့ရဲ့ စစ်ပွဲထဲမှာပါ ဝင်ပါခဲ့ပြီး အနိုင်ရရှိခဲ့တယ်။ သီရိလင်္ကာနိုင်ငံအထိ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးဆိုင်ရာ အကူအညီတွေပေးနိုင်ခဲ့တယ်။ အေဒီ (၁၁) ရာစု ကမ္ဘာမှာ ပုဂံဟာ ထေရဝါဒဗုဒ္ဓဘာသာရဲ့ဗဟိုချက်မ ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ 

မိုးခေါင်ရေရှားလှတဲ့ အညာဒေသမှာ စိုက်ပျိုးသီးနှံဖြစ်ထွန်းနိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့တယ်။ ဆည်​၊ မြောင်း၊ ကန်၊ ချောင်းတွေ တူးဖော်ပေးခဲ့တယ်။ အနယ်နယ်အရပ်ရပ်က ပညာရှင်တွေအပါအဝင် လူမျိုးဘာသာမခွဲခြားပဲ နိုင်ငံအကျိုးဆောင်ရွက်နိုင်တဲ့ သူရဲကောင်းတွေကို ချီးမြောက်ခဲ့တဲ့အတွက် အားလုံးရဲ့ အင်တိုက်အားတိုက်ကြိုးပမ်းမှုကို ရရှိခဲ့တယ်။ ပြူမင်းထီး မင်းကြီးလက်ထက်နောင်ပိုင်းကစပြီး ပတ်သတ်မှုကင်းကွာသွားခဲ့တဲ့အပြင် အင်အားကြီးတဲ့ သျှမ်းပြည်ထောင်များကိုပါ စည်းရုံးနိုင်ခဲ့တယ်။ 

(အမတော် စောမွန်လှအကြောင်းနဲ့ အနော်ရထာဘက်က တာဝန်မဲ့ခဲ့တဲ့အကြောင်းတွေကို သမိုင်းမဟုတ်တဲ့ အခြားနယ်ပယ်ကနေ ဆက်ရေးပါမယ်။ ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ညှ်ိနှိုင်းနေရတာတွေရှိနေလို့ စာရေးသူရဲ့ official acc မှာ ကြာနေတာ နားလည်ပေးစေလိုပါတယ်) ပုဂံနေပြည်တော်မှာ တည်ထားခဲ့တဲ့ စေတီတွေထဲ အကြီးမားဆုံးစေတီကြီးဖြစ်တဲ့ ရွှေဆံတော်စေတီကြီးကို စတင်တည်ထားခဲ့တယ်။ ထိုစေတီကြီးက အစပြုပြီး ပုဂံခေတ်တစ်လျှောက် အရွယ်ကြီးမားခမ်းနားလှတဲ့ သာသနိကအဆောက်အအုံကြီးတွေ အပြိုင်အဆိုင်တည်ဆောက်ဖြစ်လာခဲ့တာဖြစ်တယ်။

အနော်ရထာ ဟာ နတ်ရွာစံအပြီးနောက်နှစ် ၁၀၀ ခန့်အကြာခရစ်နှစ် ၁၂၀၇ ခုနှစ်မှာ အနော်ရထာမင်းဟာ စင်္ကြာဝတေးမင်းအဖြစ် ကျောက်ထက်အက္ခရာတင်ပြီး ဂုဏ်ပြုခြင်းခံနေရပါပြီ။ ထိုကျောက်စာဟာ အနော်ရထာမင်းကြီးရဲ့ကောင်းမှု လောကနန္ဒာစွယ်တော်ဘုရားရင်ပြင်တော်အထက်မှာ မူလထ်ိုးကျောက်စာတစ်ခုအဖြစ် သမိုင်းအထောက်အထားခိုင်မာစွာ တည်ရှိနေတာကို လူမျိုးဘာသာမရွေး သွားရောက်လေ့လာနိုင်ပါတယ်။

ဒါဟာ သမိုင်းအထောက်နဲ့တကွ ပြောပြနိုင်တဲ့ မဟာရာဇသီရိအနိရုဒ္ဓဒေဝဘွဲ့ခံ အနော်ရထာမင်းကြီးရဲ့ ကောင်းတဲ့အချက်အလတ်တွေပါပဲ။ ဆိုးတာတွေလည်း ရှိပါတယ်။ အနော်ရထာဟာ လူသားတစ်ယောက်ပဲမလား။ ဘုရား၊ ရဟန္တာမဟုတ်တဲ့အတွက် အလုံးစုံကောင်းပါတယ်။ မှန်ပါတယ်ဆိုပြီး မှိုင်းသွင်းနေဖို့တော့မလိုပါဘူး။ 

ရုပ်ရှင်တွေထဲမှာ အနော်ရထာဆိုရင် ဘုရားလိုလို၊ ရဟန္တာလိုလိုအိုက်တင်နဲ့ မျက်နှာတည်ကြီးနဲ့ အမြဲတမ်းမှန်နေသယောင်သရုပ်ဖော်နေကြတာက သဘာဝမကျသလို ပုထုဇဉ်လူသား အနော်ရထာမင်းကြီးရဲ့ လွတ်လပ်တဲ့ သရုပ်မှန်ကိုပါ ဖုံးကွယ်ထားသလိုဖြစ်စေပါတယ်။ ဒါ့ကြောင့်လည်း ခေတ်လူတွေက အနော်ရထာဆိုတာရင် ရုပ်တည်ကြီးနဲ့ ရဟန္တာစတိုင်နရားပေါက်နေတဲ့ အဖိုးကြီးလို့ပဲ မြင်ပြီး သူရဲကောင်းဆိုတဲ့ အသွင်အပြင်ကို မမြငိနိုင်ကြတော့တာဖြစ်တယ်။ အနော်ရထာဟာ အင်ပါယာထူထောင်တဲ့ သူရဲကောင်း၊ စစ်ဘုရင်၊ သာသနာပြုဧကရာဇ်ကြီးတစ်ပါးပါ။ သာသနာပြုဘုန်းကြီးတစ်ပါး မဟုတ်ပါဘူး။ 

Photo credit 

#စဝ်မိန်းထီး

#အသင်္ခယာအသင်း

  • မူရင်းလင့် = https://www.facebook.com/permalink.php?story_fbid=pfbid02B9dy5d2d75DtYfZhbVJ4TMJ7QrYQieXZ5VvkpJ9ifNwxvS1C2V5ASV9WqtxhenMGl&id=61555577140827

=================================


Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ