Posts

Showing posts from March, 2025

ကရင်စာပေ (စကောကရင်) ဖြစ်ပေါ်လာပုံ

ရှေးအခါက ကရင်လူမျိုးတို့တွင် စကောကရင်တို့၏ ခလီဘိုးစာပေနှင့် ပိုးကရင်တို့၏ လိပ်ဆန်း စာပေ အစရှိသည့် စာရေးနည်းစနစ်များ ရှိခဲ့သည်ဟု အဆိုပြုချက်ရှိသည်။ သို့သော် ထိုစာရေးနည်း စနစ်များ သုတေသီတို့ ရှာမတွေ့သေးချေ။ ၁၈ ရာစုမကုန်မီက ဂျိုင်းကျောင်းဆရာတော် ဖူ့တာမိုက်သည် ဖလုံလိုက်ထူ့လီစာပေဖြင့် ကျမ်းဂန်စာပေများ ရေးသားပြုစုထားပြီး ဖြစ်သော်လည်း ထိုစာပေသည် ကရင်များပျံ့နှံ့နေထိုင်ရာနေရာတိုင်သို့ ရောက်ခဲ့ပုံမရ (သို့မဟုတ်) လူထုကြားသို့ မရောက်ခဲ့ ဟု ယူဆရမလိုဖြစ်သည်။ ရှိမှန်း မသိခဲ့သဖြင့် အိပ်ခ်ျ အိုင် မာရှယ်က သူ၏ မြန်မာနိုင်ငံ၏ ကရင်လူမျိုးများစာအုပ်နှင့် မြန်မာနိုင်ငံ၏ ကရင်မှာ စာအုပ်တို့တွင် လည်းကောင်း၊ ဒီ ဒီ အမ် စမစ်တန်က မြန်မာနိုင်ငံ၏ သစ္စာရှိကရင်များ စာအုပ်တွင်လည်းကောင် အေ အာရ် မက်မဟွန်းက ရွှေကျွန်းဆွယ်ကရင်များ စာအုပ်တွင်လည်းကောင်း ၁၈၃၀ ၁ မတိုင်မီက ကရင်တို့တွင် စာရေးနည်းစနစ် မရှိခဲ့ကြောင်း အသီးသီးရေးသားခဲ့ခြင်း ဖြစ်ပေမည်။ ဖလုံလိုက်ထူ့လီ စာပေရှိမှန်း မသိခဲ့သဖြင့် ဒေါက်တာ ဂျိုနသိန်ဝိတ်ဒ်က စကောကရင်စာပေကို တီထွင်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဒေါက်တာဂျိုနသန်ဝိတ်ဒ် (Rev. Jonathan Wade)နှင့် ဇနီးသည် ဒေးဘိုရာတို့သ...

မနူဟာမင်း သည် ပုဂံသို့ ခိုလှုံခဲ့ခြင်းလော၊ ပုဂံရောက် စစ်သုံ့ပန်းလော

ဘုန်းတင့်ကျော် ၁၈ ရာစုရေး  ဦးကုလား မဟာရာဇဝင်ကြီး၊  ၁၉  ရာစုရေး  မှန်နန်းမဟာရာဇဝင်တော်ကြီး၊   ၁၈ ရာစု အမည်မသိ ဆရာရေး  မွန်ရာဇဝင်၊ ၂၀ ရာစုရေး  သထုံရာဇဝင်နဲ့  ၂၁ ရာစုရေး  မွန် - မြန်မာရာဇဝင်စာဆိုတာတွေမှာ  သထုံ မနူဟာမင်း ဟာ ပုဂံ အနော်ရထာမင်းကို စစ်ရှုံးပြီး ပုဂံသို့ သုံ့ပန်းအဖြစ် ပါသွားခဲ့ကြောင်း ကရုဏာသက်စဖွယ်  ရေးခဲ့ကြပါတယ်။        အဲဒီလို  ရေးခဲ့တဲ့ ရာဇဝင်စာရေးတဲ့သူတွေ အနေနဲ့ ပုဂံနဲ့  သထုံစစ်ပွဲအဖြစ် အနော်ရထာမင်းနဲ့ မနူဟာမင်းတို့ကြား စစ်ကြီးဖြစ်ခဲ့ပါတယ်၊ သထုံမင်းမနူဟာဟာ ပုဂံမင်း အနော်ရထာကို စစ်ရှုံးခဲ့လို့ သုံ့ပန်းအဖြစ်  ပုဂံသို့  ဖမ်းဆီး  ခေါ်ဆောင်သွားခံရပါတယ်ဆိုတာကို အဲဒီ နောက်ပေါ်နောက်ရေး ရာဇဝင်ဆရာတွေ ဘယ်လိုလုပ်ပြီးများ  သိခဲ့ကြသလဲ၊ သူတို့ ရေးတိုင်းရော မှန်ရဲ့လား။ ခေတ်ပြိုင် အထောက်အထားစာ မပြပဲ  ရာဇဝင်ဆရာတွေ  ရေးတိုင်း ဘာကြောင့် ယုံရမှာလဲလို့ သမိုင်းပညာက စဉ်းစားပြီး မေးခွန်းထုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီရာဇဝင်စာတွေကို  ရေးခဲ့တဲ့ ရာဇဝင်ဆရာတွေ အားလုံးဟာ ပုဂံခေတ်...

မြန်မာနိုင်ငံသာသနာ့သမိုင်း ၊​ ပုဂံခေတ်

ကျမ်းစာနဲ့ ပတ်သက်ရင် = Ven Chan, ဆရာတော် ဦးကိတ္တိ (ထိုင်းနိုင်ငံ) ဒေါက်တာတိုးလှ နီတွက် Burman, His life and Notion ပုခက်အတွင်းမှသည် ဂူတွင်းဆီသို့ (ပြင်သစ်မှာ မြန်မာစာ သင်ပေးတဲ့သူ)

ဗိုလ်တစ်ထောင်ဘုရား ကို ဘယ်သူတည်လဲ

Image
ရာဇဝင်က ပြောတာကို အကုန်လက်မခံနိုင်လို့ သမိုင်းပညာ ပေါ်ပေါက်လာတာပါ။ ရာဇဝင်ဆိုတာ ရှေးမှတ်တမ်း (chronicle) တွေကို အစဉ်အဆက် လက်ဆင့်ကမ်းကူးယူ လာရာမှာ စိတ်မချရတဲ့အတွက် သမိုင်းပညာက သုတေသနနဲ့ ခေတ်ပြိုင်အထောက်အထားကို အသုံးပြုပြီး အမှန်သမိုင်းကို ဖေါ်ထုတ်ရပါတယ်။ ရာဇဝင်ခေါ် အစဉ်လာ ဘုရားသမိုင်းက ပြောတာကို အရင်ဖေါ်ပြရရင် ၁။ ဗိုလ်တစ်ထောင် ဘုရားသမိုင်းနဲ့ ပတ်သက်လို့ ရွှေတိဂုံဘုရားသမိုင်းနဲ့ ဆက်စပ်ပါတယ်။ (၁ -က) ရွှေတိဂုံဘုရားသမိုင်းမှာ ဥက္ကလာပမင်းကြီးက ဆံတော်တွေကို ဗိုလ်ချေတစ်ထောင်နဲ့ ကြိုတဲ့ နေရာမှာ ကုန်သည်ညီနောင်နှစ်ဦး ရရှိလာတဲ့ ဆံတော် ရှစ်ဆူအနက် တစ်ဆူကို ဌာပနာပြီး ဆံတော်ကြိုစေတီတည် လို့ ဗိုလ်တစ်ထောင် ဘုရားလို့ ခေါ်ကြောင်း မှတ်တမ်းပြုထားပါတယ်။ ခေတ်အားဖြင့် ဗုဒ္ဓနှင့်ခေတ်ပြိုင်ဖြစ်လို့ ဘီစီ ၆ရာစုပါ။ (၁-ခ) အသောကမင်းကြီး တတိယသင်္ဂါယနာ တင်ပြီးလို့ ကိုးတိုင်း ကိုးဌာနကို သာသနာပြုလွှတ်တော့ သုဝဏ္ဏဘူမိတိုင်း သထုံကို ရဟန္တာ နှစ်ပါးရောက်တယ်။ ဓာတ်တော် ၃၂ဆူနဲ့ ဆံတော် ၁၆ဆူ ယင်းခေတ် သထုံမင်းကြီးရတယ်။ သထုံမင်းကြီးက ဓာတ်တော် ဆံတော် အချို့ကို ဌာပနာဘုရားတည်ပြီး ပိုတဲ့ ဓာတော် ဆံတော်တွေကို အမတ် စစ်သူကြီးတွေကို ဝေငှရာ စစ...

ဟန်လင်း မြို့ဟောင်း တစေ့တစောင်း

Image
ဟန်လင်းမြို့ဟောင်းသည် ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း မြောက်လတ္တီကျု (၂၂)ဒီဂရီ (၂၈)မိနစ်နှင့် အရှေ့လောင်ဂျီကျု (၉၅)ဒီဂရီ (၄၉)မိနစ် အကြားတွင် တည်ရှိပါသည်။ ရွှေဘိုမြို့၏ အရှေ့တောင်ဘက် (၁၀)မိုင်နှင့် (၅)ဖာလုံခန့် အကွာတွင် တည်ရှိပြီး မန္တလေးမှ မြစ်ကြီးနားသို့သွားသော မီးရထားလမ်းပေါ်ရှိ မုဆိုးချုံ ဘူတာရွာမှ အရှေ့ဘက် (၅)မိုင်ခွဲခန့် ကွာဝေး၍ ကျောက်လမ်းဖြင့် ဆက်သွယ်ထားသည်။ မန္တလေး-ရွှေဘို မော်တော်ကားလမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှ အရှေ့ဘက် (၁၁)မိုင်၊ ဝက်လက်မြို့နှင့် ဆိုပါက ဝက်လက်မြို့မှ အရှေ့မြောက်ဘက် (၆)မိုင် အကွာတွင် တည်ရှိပါသည်။ ဟန်လင်းမြို့ဟောင်းသည် ယနေ့ခေတ် ဟန်လင်းကြီးရွာ၏ မြောက်ဘက် (၂)ဖာလုံခန့် အကွာတွင် တည်ရှိသည် ။ ဟန်လင်းမြို့ဟောင်း၏ မြို့ရိုးမှာ စတုဂံပုံစံဖြစ်၍ တောင်မြောက် အလျားပေ (၉၆၀၀) နှင့် အရှေ့အနောက် အနံပေ (၅၈၀၀) ခန့် ရှိပါသည်။ အရှေ့ဘက်တွင် မြို့ရိုးနှစ်ထပ်ဖြစ်ပြီး အပြင်မြို့ရိုးနှင့် အတွင်းမြို့ရိုးသည် မြောက်စွန်တွင် ပေ ၄၀၀ ကွာ၍ တောင်စွန်တွင် ပေ ၅၀၀ ကွာသည်။ အတွင်းမြို့ရိုး၏ ပတ်လည်မှာ (၅.၄၂)မိုင်ရှိပြီး မြို့အကျယ်အဝန်းမှာ စတုရန်း (၁.၈)မိုင် ရှိသည်။ မြို့ရိုးဗြက်မှာ (၁၆)ပေခန့်ရှိပြ...

ပျူပုတီး

မြန်မာ့ယဉ်ကျေးမှုသမိုင်းတွင် အဆင့်မြင့်မားလှသည့် ပျူပုတီးယဉ်ကျေးမှုခေတ်သည် ဖော်ထုတ်၍ မဆုံးနိုင်အောင် ကျယ်ပြန့်လှပါတယ်။ ပျူဓလေ့ကို ဖော်ထုတ်ရန် အကြာင်းအရာကွင်းဆက်များက များပြားစွာရှိပါတယ်။ သမိုင်းပညာရှင်တို့ ဆက်စပ်တွေးခေါ်ဖော်ထုတ်ခဲ့သော သုံးသက်ချက်များကလည်း များစွာအကျိုးသက်ရောက်မှု ရှိခဲ့ကြပါတယ်။ တူးဖော်တွေ့ရှိခဲ့သော ပျူဓလေ့အထောက်အထားများ အမှုမဲ့ အမှတ်မဲ့တွေ့ရတတ်သော ပျူဓလေ့အထောက်အထားများ မှတ်တမ်းမှတ်ရာများတွင် တွေ့ရတတ်သော ပျူဓလေ့အထောက်အထားများစသည်တို့သည် ပျူခေတ်ယဉ်ကျေးမှုဓလေ့တို့ကို တစ်စထက်တစ်စ ပိုမိုပြီး ပီပြင်လာခဲ့ပါတယ်။ အထူးသဖြင့် ပျူခေတ်သုံး ရှေးဟောင်းပစ္စည်းများက ပျူဓလေ့ကို ဖော်ထုတ်ရာတွင် အကောင်းဆုံးသော အထောက်အထားများ ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်မှာ ပြည်တွင်းပြည်ပတွင် တွေ့ရှိရသော ပျူခေတ်သုံး ရှေးဟောင်းပစ္စည်းများတွင် ပျူပုတီးစေ့လေးများသည် အရေအတွက်အများဆုံးနှင့် အဆင့်ဒီဇိုင်းအများဆုံး ဖြစ်သည်ကို တွေ့ရပါတယ်။ စင်စစ် ပျူယဉ်ကျေးမှုခေတ်ရဲ့ ဝတ်စားဆင်ယင်မှုကိုလည်းကောင်း ပျူလက်မှုပညာရှင်တို့ရဲ့ အနုပညာလက်ရာမြောက်လှတဲ့ အနုလက်ရာတို့ကိုလည်းကောင်း နှစ်သက်တတ်တဲ့ ပျူလူမျိုးတို့ရဲ့စိတ်ကူးစိတ်သန်းကိုလည်း...

ဗုဒ္ဓဂါယာ ပျူကျောက်စာ / ပျူတစ်သိန်းမင်း

Image
  ပုံစာ - ဗုဒ္ဓဂယာ မြန်မာ ကျောက်စာ။ "ပျူ  ၁ သိန်းမင်း" ……………………………………… ၁/ ဖုရာသ္ခိင်သာသနာ ၃၁၈ လွန်လိယ်ပြီသော အခါနှိုက် စံပုတိပ်ကျွှန်ကိုဝ် အစိုဝ်( _ )ရသောသိ ၂/ ရိဓမ္မသောက မည်သော မင်းကြီ စေတီ ယှတ်သောင်း ၄ ထောင် အရပ်နှိုက်  ၃/ ဆွတ်ဖုန်ပိယ်ရာ ပါယာသ ဤထန်ကုဝ်အခါ လိယ်ဖြင့် ပျက် ၄/ ရုယ် ပြင်သော သ္ခိင် ပင်သကူကြီတယောက် ထိုဝ် ပြိယ်တချက် ပျ ၅/ က် ခယ်ရကာ သတိုးမင်း ပြု ၏ ထိုဝ်ပြိတချက် ပျက်ခယ တုံ ၆/ ရကာ ဆင်ဖြု သ္ခိင် တျှာမင်ကြီ မိမိကိုဝ်စာဆိရာ သိရိဓမ္မ ၇/ ရာဇကုန ကိုဝ် စိယ် တ် မူလတ်သောအခါနှိုက် ပါလ ၈/ တ် သော တပေအ်သာ သိရိကဿပသည် လုပ်အံ့သည့် ဥစ္စာဟိလျက်  ၉/ မလုပ်ရတတ်ရကာ (_ _ _) သ္ခိင်ထေရ်ကိုဝ် ဆွံခံပိယ်ရကာ ပု ၁၀/ တသိန်မင် ဟု၏ လုပ်စိယ်က ပုသခင်ငဲကိုဝ်မြတ်ကြီး (_ _)ကိုဝ်  ၁၁/ အခွင့်ပြုရကာ သကရစ် ၄၅၇ ခု ပြသိုဝ်လ္ဆန်း ၁၀ ရက် ၆ နိယ် ပြုတုံ၏ ၁၂/ သကရစ် ၄၆၀ တန်ဆောင်မှုန်လ္ဆန် ၈ ရက် တနှင်ကနွေနိယ် ( _ ) စသော ၁၃/ တခွန် ကုကာ တခွန်မျာတိုဝ်ကိုဝ်လေ ပုစဝ်၏ သင်ပုတ်(တင် ဆီမီ) ၁၄/ တောင်တိုဝ် အကြိမ်မျာစွာလျင် ပုစဝ်၏ သာသမိဟုမှတ်ရုယ် သုငဲ ၂ ေ ၁၅/ ယာက် ရှုယ်ပန်ငှယ်ပန်ခွက်ပုစိုဝ် ဆွယ်သော (ပတသ)သာလေ ပု ၁၆/ ...

ပျူနှင့် ပုဂံ ဆက်စပ်မှု

Image
 ပုဂံမြို့ဟောင်းက ကျောက်မျက်မှော်စေတီ ကို အီတလီနိုင်ငံ၊ တိုရီနိုတက္ကသိုလ်မှ ဓါတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်ပညာရှင် Dr.Fantino က သိပ္ပံနည်းကျ သုတေသနပြု ဓါတ်ခွဲစမ်းသပ်ပြီး အစောဆုံး AD. 9-11 ဟု တွက်ချက်ပေးပါသည်။ အဆိုပါစေတီသည်  ၂ ထပ်စေတီ ဖြစ်ပါသည်။ အတွင်းမှစေတီသည် ရှေးကျပြီး အပြင်မှ ငုံကာတည်သည့်စေတီဟာ နောက်ကျပါတယ်။ ဆိုလိုသည်မှာ အတွင်းစေတီသည် AD.9 ဖြစ်ပြီး အပြင်မှ ထပ်မံငုံထားသည့်စေတီသည် AD. 11 ဖြစ်သည်။ ထို့ကြောင့် အနော်ရထာဘုရင်မင်းမြတ် (AD.11) မတိုင်ခင် နှစ်ပေါင်း ၂၀၀ ခန့်ကတည်းက ပုဂံမြေပေါ်တွင် ထေရဝါဒသာသနာထွန်းကားနေပြီဖြစ်ကြောင်းကို ခိုင်ခိုင်လုံလုံ ကျွန်တော်တို့သိရပါပြီ။ အနော်ရထာဘုရင်မင်းမြတ်လက်ထက်ရောက်မှ အထက်မြန်မာပြည်တွင် ထေရဝါဒသာသနာစတင်ထွန်းကားလာသည်၊ စတင်သိရှိလာပြီ၊ စတင်ကိုးကွယ်လာသည်ဆိုပြီး ခိုင်လုံအထောက်အထားမပြပဲရေးခဲ့တဲ့ ဂျင်းဆရာကြီးများရေးတဲ့ခေတ်မမှီသောသမိုင်းကို ပြင်သင့်နေပါပြီ။ ကျွန်တော်အရင်က တင်ခဲ့ဘူးတဲ့ပို့စ်ပါဗျ။  မူရင်းလင့် ကြည့်ရန် = Click here

ဟန်လင်း

ပညာရှင်ကြီးများက ဟန်လင်းပျူမြို့သည် သရေခေတ္တရာပျူမြို့ ပျက်ပြီးနောက်မှ ထွက်ပြေးလာကြသူများက တည်ထောင်သောမြို့ ဖြစ်သည်ဟု ပြောထားသောကြောင့် ဟန်လင်းတွင် ရှေးကျဖွယ်ရှိသော ပစ္စည်များ တူးဖော်တွေ့ရှိရသော်လည်း သရေခေတ္တရာထက်စောသည်ဟု မပြောရဲခဲ့ကြပေ။ ရှေးယခင်ကတည်းကပင် ဟန်လင်းညောင်ကိုးပင်ကျောင်းဆရာတော် "ဘိုးနာဂ" စုဆောင်းထားခဲ့သော  မြေပေါ်တွေ့ အထောက်အထားများကို ညောင်ကိုးပင်ပြတိုက် ၌ ပြသထားခဲ့ပြီး ရှိနေသည့်အပြင် မြန်မာ့မှတ်တမ်းတခုဖြစ်သော ဟန်လင်းမြို့သမိုင်းလင်္ကာ ၌လည်း ဟန်လင်းသည် အလွန်ရှေးကျသော ကာလကပင် တည်ရှိနေပြီဖြစ်ကြောင်း ဖော်ပြရေးသားထားခဲ့သည်။ ဆရာကြီးဦးမောင်မောင်တင်နှင့် တပည့်များ၏ ဟန်လင်းသို့ အကြိမ်ကြိမ် ကွင်းဆင်းလေ့လာမှု့များအရလည်း ဟန်လင်းဒေသကြီးတဝိုက်တွင် တောင်ဘက်အရပ်ဖြစ်သော ဟန်လင်းအင်းအစပ်တွင် ကျောက်ခေတ် ယဉ်ကျေးမှု့၊ ထို့မြောက်ဘက်တွင် ကြေးခေတ် နှင့် သံခေတ် ယဉ်ကျေးမှု့၊ ဟန်လင်းမြို့ရိုးအတွင်းတွင် ပျူခေတ်နှင့် ပုဂံခေတ်ယဉ်ကျေးမှု့များ ဆက်ခါဆက်ခါ ထွန်းကားခဲ့ကြောင်း ကွင်းဆင်းလေ့လာဖော်ထုတ်နှိုင်ခဲ့သည်။ ဟန်လင်းပျူမြို့တော်ကြီး၏ အရပ်-၈-မျက်နှာ၌ ရှိခဲ့ကြသော အရံပျူခံတပ်မြို့ -၈-မြို့နှင့်တကွ ...